HAK Japanese Language Center

HAK Japanese Language Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HAK Japanese Language Center, Education, Yangon.

07/01/2023

ဂျပန်စာကို စံနစ်တကျ လေ့လာချင်တဲ့ ကလေးတွေကို တစ်ယောက်ချင်းစီ သီးသန့် သင်ပေးဖြစ်တယ်။✍️✍️✍️

ကလေးတစ်ဦးချင်းစီရဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး သင်ပေးတဲ့ သင်ရိုးစာအုပ်ကလည်း အမျိုးမျိုးသုံးပြီးသင်ဖြစ်ပါတယ်။
ဖြေရမဲ့ စာမေးပွဲတွေဆိုတာလည်း ပုံစံက အမျိုးမျိုးကိုး။
JLPT., .NAT Test ကစလို့ IGCSE japanese အထိ စုံလင်လှတယ်။
📖📔📕📘

ဒီ(January)လပိုင်းထဲမှာတော့ အချိန်တချို့ ရလာတယ်။
One by one မဟုတ်ပဲ လူနည်းစု ဝိုင်းပုံစံလေး သင်ပေးမယ်စိတ်ကူးတယ်။
၁၀ ယောက်မကျော်ပဲပေါ့။
🧑‍🤝‍🧑👭👬

သင်ရိုးကတော့ အားလုံးတူညီအောင်
(1) Minna no nihongo.
(2)Nihongo Challenge Kanji.
ရယ်ကိုသုံးမယ်။
(3)သင်ရိုးပြီးရင် မေးခွန်းဟောင်းပြန်ကျင့်ပေးမှာကတော့ မပါမဖြစ်ပေါ့။
🌟🌟🌟

ဘယ်နေရာ ဘယ်ဒေသကကျောင်းသူကျောင်းသားမဆို သင်ယူနိုင်အောင် Zoom ကနေ online ပဲ သင်ပါမယ်။
⚡⚡⚡

အချိန် / သင်တန်းကြေး / ကာလကြာမြင့်ချိန်/ ဆက်သွယ်ရမည့် နည်းလမ်း စသည်တို့ကို
ထပ်ပြီး ပြောပြပေးပါအုန်းမယ်။
🧑‍🏫🧑‍🏫🧑‍🏫

N-5 / N-4 တန်းတွေ အရင်စဖြစ်မယ်။
N-3 တန်းနဲ့
Marugoto စာအုပ်နဲ့ သင်ပေးရတဲ့. JFT စာမေးပွဲအတွက်အတန်းတွေလည်း ထပ်ပြီးလာပါမယ်။
😊😊😊

Photos from HAK Japanese Language Center's post 14/01/2021

အသုံးများလွန်းလို့
ဂျပန်စာ စတင်သင်ယူဘူးသူတွေအားလုံး
သိကို သိကြတဲ့ စာအုပ်။

ပြဌာန်းစာအုပ်သဖွယ်
ကျယ်ကျယ်ပြန့်ပြန့်
အသုံးပြု သင်ကြားပေးနေတဲ့စာအုပ်။

"အားလုံးရဲ့ ဂျပန်ဘာသာ"
လို့ အမည်ရတဲ့
"Minna no Nihongo"

3A Corporation က ပြုစုထုတ်ဝေပါတယ်။

စီးရီးလိုက်ထုတ်ဝေထားပါတယ်။

ဒုတိယအကြိမ်ထုတ် စာအုပ်များကို ပိုမိုခေတ်မှီအောင် စီစဉ်ထားတာတွေ့ရပါတယ်။

စဦးအစ မှနေ သင်ယူရမဲ့ သင်တန်းသားတွေ ကတော့
အခြေခံအဆင့် စာအုပ်နံပါတ် ၁ ကနေ စကြရပါမယ်။
Minna no Nihongo Shokyu 1.
လို့ခေါ်ပါတယ်။

ပြီးရင် ချက်ချင်းပဲ
အခြေခံအဆင့်
စာအုပ်နံပါတ် ၂
ကိုသင်ယူသင့်ပါတယ်။
Minna no Nihongo Shokyu 2.
လို့ခေါ်ပါတယ်။

***
အဲဒီ ၂ အုပ်စလုံး
သင်ယူပြီးမှသာ
ဂျပန်ဘာသာစကားရဲ့
အခြေခံအကျဆုံး
ဝါကျဖွဲ့စည်းပုံတွေနဲ့
သဒ္ဒါ တွေ ပြည့်စုံမှာဖြစ်လို့ပါပဲ။
***

ဂျပန်သံရုံးစာမေးပွဲလို့
‌ခေါ်တဲ့
Japanese Language Proficiency Test
(JLPT)
စာမေးပွဲတွေ ‌ဖြေဘို့ စိတ်ကူးထားသူတွေအတွက်
သင့်တော်တဲ့ သင်ရိုးစာအုပ်တွေဖြစ်ပါတယ်။

ဒီ Minna no Nihongo
အခြေခံစာအုပ် ၁။
သင်ယူပြီးရင် ---
JLPT ဖြေဆိုဘို့
ဖြေပုံဖြေနည်း ကို
အဆင်ပြေပြေ ထပ်မံ လေ့လာနိုင်ပြီး
အနိမ့်ဆုံး အဆင့်ဖြစ်တဲ့
JLPT N5 စာမေးပွဲကို
သာသာယာယာလေးနဲ့
ဖြေဆိုအောင်မြင်နိုင်ပါတယ်။

Minna no Nihongo
စာအုပ်နံပါတ် ၂ ကို
သင်ယူပြီးရင် ---
JLPT N4 အဆင့်
စာမေးပွဲ ဖြေဆိုဘို့
အေးအေးဆေးဆေး
ဆက်လက် လေ့ကျင့်လိုက်ပြီး
သက်တောင့်သက်သာနဲ့
ဝင်ရောက်ဖြေဆိုအောင်မြင်သွားမှာ ဖြစ်ပါတယ်။

အကြံပြုချင်တာကတော့
စာအုပ် ၂ အုပ်လုံး သင်ပြီးမှသာ အခြေခံ အဆင့် ပြည့်စုံမယ်ဆိုတာပါပဲ။

ဂျပန် သံရုံးစာမေးပွဲကိုလည်း
N5 အဆင့်နဲ့ ရပ်မထားပဲ
N4 ကိုပါ အောင်မြင်ပြီးမြောက်မှ
အခြေခံအဆင့်ပြည့်စုံမယ်ဆိုတာပါပဲ။

Minna no Nihongo
စာအုပ်တွေမှာ
စာရေးသားတတ်စေဘို့
နမူနာ ဝါကျတွေ စုံစုံလင်လင်
ပြထားပေးပြီး
လေ့ကျင့်ဘို့ လေ့ကျင့် ခန်းတွေကိုလည်း များများစားစား ထည့်သွင်းလေ့ကျင့်စေပါတယ်။

ဖတ်ရှုတတ်စေဘို့ရယ်၊
နားထောင်ပြီးနားလည်စေဘို့ရယ်၊
အခန်းတိုင်းမှာ
ဖတ်စာကဏ္ဍ၊
နားထောင်စွမ်းရည်ကဏ္ဍ၊
တို့ကို
ထည့်သွင်းပေးထားပါတယ်။

ပြောဆိုတတ်စေဘို့
စကားပြောကဏ္ဍ ကိုလည်း
အခန်းတိုင်းမှာ
ထည့်ပေးထားပါတယ်။

စာအုပ် တစ်အုပ်ထဲနဲ့
အရေး အဖတ် အပြော
အကြား စွမ်းရည်လေးမျိုးစလုံး ပြည့်စုံစေတာတွေ့ရပါတယ်။

ကဲ

စကြတော့မလား?

အားလုံးပဲ

ကျန်းမာ

ပျော်ရွှင်ကြပါစေ။

❤️❤️❤️

Photos from HAK Japanese Language Center's post 11/01/2021

နှစ်သက္မိတဲ့ ဂျပန်ဘာသာ သင်ရိုး စာအုပ်လေးရှိပါတယ်။
📖📖📖

ဂျပန်ဖေါင်ဒေးရှင်းကနေ ပြုစုထုတ်ဝေထားတာပါ။

စီရီး လိုက်ထုတ်ဝေထားပါတယ်။

လက်တွေ့ဘဝနေထိုင်လှုပ်ရှားမှုတွေကိုအခြေခံပြီးပြုစုထားတာတွေ့ရပါတယ်။

နေ့စဉ်ပြောဆိုပုံ ကြုံတွေ့ရပုံတွေကို အသားပေးထားလို့ ချက်ချင်းလက်ငင်း တည့်တည့်ကြီး အသုံးချလို့ရတာက အဓိက နှစ်သက္မိတဲ့အချက်ပါ။
❤️❤️❤️

ဘာသာစကားသင်ယူသူတိုင်းကြုံတွေ့ကြရတဲ့
သင်တဲ့စာက စာသံပေသံသပ်သပ် ၊ လက်တွေ့ကြုံဆုံပြောဆိုရတာက သပ်သပ်ဆိုတဲ့ ကွဲပြားခြားနားမှုကို မဖြစ်စေအောင် အားထုတ်စီစဉ်ထားတာတွေ့ရပါတယ်။
👏👏👏

သင်ယူသူတိုင်းကို ပျင်းရိငြီးငွေ့မသွားအောင် ရုပ်ပုံရုပ်စုံ ဝေဝေဆာဆာထည့်သွင်းပေးထားတာတွေ့ရပါတယ်။
🥰🥰🥰

"ဒီစကားလုံးကဘာအဓိပ္ပါယ်လေးပါလိမ့်"
ဆိုပြီး စိတ်ကူးနဲ့ မှန်းဆပုံဖေါ်ပြီး စာကျက်ရတဲ့ဒုက္ခကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့လိုက်ပါတော့။

တကယ့်ကို ရုပ်ပြစာအုပ်လေးဖတ်နေရသလိုလန်းလှပါတယ်။
🤩🤩🤩

ဂျပန်ပြည်ကိုသွားဘို့ ဆုံးဖြတ်ထားပြီး‌သူတွေအတွက်ရော👍
အနာဂါတ်တစ်ချိန်မှာအသုံးဝင်စေဘို့ကြိုတင်လေ့လာချင်သူတွေအတွက်ပါ👍
အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။

အသက်အရွယ်အားဖြင့်အလယ်တန်းဝန်းကျင် (၄တန်း-၅တန်း-၆တန်း) အရွယ်လောက်ကစလို့
လူကြီး၊လူလတ်၊လူရွယ်မရွေး ကောင်းကောင်း သင်ပေးလို့ရတဲ့ စာအုပ်ကောင်းဖြစ်ပါတယ်။
🧑‍🤝‍🧑👭👬👫

ငယ်စဉ်အရွယ်မှာအစပြုပြီး သင်ယူထားခြင်းကလည်း ကောင်းမွန်တဲ့၊ အမျှော်အမြင်ရှိတဲ့ ကြိုတင်ပြင်ဆင်မှုမျိုးဖြစ်ပါတယ်။
🌟🌟🌟

စာအုပ်နာမည်က
"မာရုဂိုတို" (Marugoto)
(まるごと)
ဖြစ်ပါတယ်။
"အားလုံး၊ အလုံးစုံ"
လို့ အဓိပ္ပါယ်ရပါတယ်။
🌟🌟🌟

ဂျပန်ဘာသာနဲ့ လုံးဝထိတွေ့မှုမရှိတဲ့သူများလည်း စတင်သင်ယူသင့်တဲ့ စာအုပ်လေးပါ။
✍️✍️✍️

စဦးလေ့လာသူအတွက်တော့
(Starter A1) စာအုပ်--(နှစ်အုပ်တွဲ) ကို အသုံးပြုရပါတယ်။

အချိန်သိပ်မရ‌တော့လို့
မြန်မြန်စတိုင် နဲ့ သင်ပေးလို့ရသလို
အေးအေးဆေးဆေး အုတ်မြစ်ခိုင်ခိုင်ချထားချင်သူတွေလဲ ဖြေးဖြေးစတိုင်နဲ့သင်ပေးလို့ရတဲ့ စီးရီးလေးတွေဖြစ်ပါတယ်။
🌞🌞🌞🌜🌜🌜

သွက်သွက်လျှောက်တော့
မြန်မြန်ရောက် သလို

ဖြေးဖြေးသွားရင်
ဝေးဝေးရောက်တယ် ဆိုတာလဲ မှန်တာပါပဲ

အားလုံး

ကျန်းမာ

ချမ်းသာကြပါစေ။

❤️❤️❤️❤️❤️

Photos from HAK Japanese Language Center's post 05/01/2021

(江本 勝, Emoto Masaru, July 22, 1943 – October 17, 2014)

‌ဒေါက်တာ အီမိုတို မာစရု--ဂျပန်စီးပွါးရေးသမားတစ်ယောက်ပါ။
သိပ္ပံစမ်းသပ်မှုတွေကိုလည်း ဝါသနာထုံသူပေါ့။

သူက နေရာအမျိုးမျိုးက ‌ရေတွေကို ပုလင်းလေးတွေနဲ့ လိုက်စုတယ်။
ပြီးတော့ အုပ်စုလေးတွေခွဲလိုက်တယ်။

တစ်အုပ်စုကို ကျေးဇူးတင်စကားပြောပေးတယ်။
တစ်အုပ်စုကို ရိုင်းစိုင်းတဲ့ စကားတွေပြောပေးတယ်။

အဲဒီ ရေနှစ်မျိုးကို အေးခဲလိုက်ပြီး မိုက်ခရိုစကုတ်အောက်မှာကြည့်လိုက်တော့
ကျေးဇူးတင်စကားကောင်း ပြောခံရတဲ့ ရေက လှပတဲ့ ပုံဆောင်ခဲလေးတွေရရှိပြီး
ဆိုးရွားတဲ့စကား ပြောခံရတဲ့ ‌ရေက မလှမပနဲ့ ပျက်စီးနေတဲ့ ပုံဆောင်ခဲတွေဖြစ်လာတယ်။

အသက်မဲ့တဲ့ ရေတောင် စကားကြောင့် ပြောင်းလဲမှုကွာခြားရတယ်နော်။

ဒိထက်မကသေးပါဘူး။
ဆန်စေ့လေးတွေကို ပုလင်းထဲထည့်ပြီး အုပ်စုတွေခွဲပြန်တယ်။

တစ်စုကို အမြဲ ကောင်းမွန်တဲ့ စကားနဲ့နှုတ်ဆက်တယ်။
တစ်စုကို အသုံးမကျကြောင်း ညံ့ဖျင်းကြောင်းအမြဲ‌ပြောပေးတယ်။
တစ်စုကို ဘာမှမပြောဘူး ဂရုလဲမစိုက်ဘူး ပြစ်ထားလိုက်တယ်။
အချိန်တန်တော့ ........
ကောင်းမွန်စွာ ပြောဆိုဆက်ဆံခံရတဲ့ ဆန်စေ့ပုလင်းက အကောင်းလေးအတိုင်းရှိနေတယ်။
လျစ်လျူရှုခံရတဲ့ ဆန်စေ့ပုလင်းက သိပ်မကောင်းတော့ဘူး။
အဆဲချည်းခံနေရတဲ့ ပုလင်းထဲကဆန်စေ့တွေက ပုတ်သိုးသွားတာကိုတောင်တွေ့ရတယ်။

သက်မဲ့ ဆန်စေ့တောင် “ဝစီ” ရဲ့ဒဏ် တော်တော်ခံလိုက်ရတာပဲ။

ကျွန်တော်တို့ရော?
အချင်းချင်း စကားကို ဘယ်လိုများ ပြောဆိုနေမိကြပါလိမ့်?

ရေဓါတ် အများစုနဲ့ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ရဲ့ ဆဲလ် လေးတွေ တစ်လုံးတစ်လုံးချင်းစီကရော ?
ဘယ်လိုများ တုန့်ပြန်နေကြပါလိမ့်?

ဒေါက်တာ အီမိုတို ကို ကျေးဇူးတင်မိတော့တယ်။

いもとさん。。。。。どうもありがとうございました。

(စိတ်ဝင်စားရင် you tube မှာ dr.emoto water experiment ဆိုပြီးရှာကြည့်လို့ရပါတယ်)

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11181

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00