The bookshop by Ranni
🦩💛
09/09/2023
Edit-ခုမဟုတ်သေးပါဘူးရှင့် 2023နှစ်အကုန်လောက်မှပါရှင် မင်က ခုအော်ဒါကောက်ထားသမျှစာအုပ်တွေကို အော်ဒါတင်ထားတဲ့ငယ်လေးတွေအကုန်လုံးဆီ ပို့ပေးပြီးမှပိတ်မှာမို့ မရမှာစိတ်မပူပါနဲ့နော်🤍😭
စိတ်မကောင်းစွာနဲ့ အသိပေးပါရစေရှင်....မင်မင်bookshopလေးစဖွင့်ခဲ့တာ 2023 February 8 ရက်နေ့ကပါ...1နှစ်မပြည့်သေးတဲ့အချိန်အတောအတွင်းမှာ customer တွေလည်းအများကြီးရခဲ့ပါတယ် စိတ်ပင်ပန်းစရာတွေ ပျော်စရာတွေလည်းအများကြီးကိုရှိခဲ့ပါတယ်ရှင်...စာအုပ်တွေကိုမြင်နေရရင်ကိုစိတ်ချမ်းသာနေတတ်တဲ့မင်မင်မှာ တစ်နေ့တစ်နေ့စာအုပ်ပုံတွေကြားထဲ ခေါင်းစိုက်ပြီးအလုပ်လုပ်ခဲ့ရတာလည်း စိတ်ချမ်းမြေ့စရာပါပဲ feedback ကောင်းကောင်းအများကြီးရခဲ့ပါတယ် အဆင်ပြေတယ်ဆိုတဲ့အသံလေးကြားရရင်ပျော်နေခဲ့တာပါ
မင်မင်က နောက်1နှစ်လောက်အတွင်းမှာ os ထွက်ရတော့မှာမို့ လက်ကျန်စာအုပ်တွေဖျက်တာနဲ့ဆို အချိန်ကိုက်လောက်ပဲဖြစ်မှာပါ မင်မင်က အပြင်အလုပ်လေးတစ်ဖက်နဲ့ အက်မင်အငယ်လေးကလည်းသိပ်မအားလပ်တာကြောင့် ခုလိုဆုံးဖြတ်ခဲ့ရတာပါရှင်....အော်ဒါကောက်ထားတဲ့စာအုပ်တွေအကုန်ပို့ပြီး ပို့စရာရှိတာတွေအကုန်ပို့ပြီး ပြန်အမ်းစရာတွေလည်းပြန်အမ်းပြီးတဲ့အခါ မင်မင့် bookshop လေးကို အပြီးတိုင်ပိတ်သိမ်းပြီး ပထမဦးစွာဖွင့်ထားခဲ့တဲ့ "G to A with Ranni" ဆိုတဲ့နာမည်လေးနဲ့ပဲ စာအုပ်လေးတွေကို GA ပေးရင် မြတ်နိုးသူတွေလက်ထဲထည့်ဖို့ကိုပဲပြန်လည်လုပ်ဆောင်သွားပါမယ်ရှင်...🤍
1နှစ်မပြည့်သေးတဲ့အတောအတွင်း အဘက်ဘက်က ကူညီပံ့ပိုး supporting လုပ်ပေးခဲ့တဲ့ 5200 လုံးသော follower တွေ customer တွေအားလုံးကိုကျေးဇူးအများကြီးတင်ရပါတယ်ရှင်...နောက်ပြီး အဆင်မပြေဖြစ်ခဲ့တဲ့ customer တွေအားလုံးကိုလည်းတောင်းပန်လိုက်ပါတယ်ရှင်...
Founder Ranni
Admin-ranni
Admin-Eric မှ လေးစားစွာဖြင့်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon