Idea One - Digital Marketing
စီးပွားရေးလုပ်ငန်းရှင်တိုင်းအတွက် One Stop Service ပေးတဲ့ Digital Marketing Agency
01/09/2023
"page အလိမ်မခံရစေဖို့"
ပြောရင်းဆိုရင်းနဲ့ပဲ Facebook ပေါ်မှာ Pageတွေ Hack ခံရတဲ့ဖြစ်ရပ်တွေ ပြန်ပြီးတစ်စခန်းထလာပြန်ပါပြီ။ ဒါကြောင့်မို့ Idea Oneရဲ့ ချစ်မိတ်ဆွေတို့ စိတ်ပူပန်သောကတွေ ကင်းဝေးအောင် ဒီကိစ္စအကြောင်း နည်းနည်းလောက် ရှင်းပြပေးသွားပါ့မယ်ခင်ဗျ။
Page Hack ခံရတယ်လို့ အလွယ်ပြောကြပေမယ့် တကယ်က Hack ပြီး ယူသွားတာမဟုတ်ပါဘူး။ Hack တယ်ဆိုတာက Facebook ရဲ့ လုံခြုံရေးစနစ်တွေကို ဖောက်ထွင်းပြီး ယူသွားတာမျိုးပါ။ ဒါပေမယ့် Facebook ကလည်း လုံခြုံရေးစနစ်တွေအတွက် ဒေါ်လာငွေသန်းပေါင်းများစွာ အကုန်ကျခံပြီး လုပ်ထားတာကြောင့် Hack ပြီး ယူဖို့ဆိုတာ ခက်ခဲပါတယ်။
အခုဖြစ်နေတဲ့ဖြစ်ရပ်တွေကတော့ အသုံးပြုသူ Page ပိုင်ရှင်ကိုယ်တိုင်က ကိုယ့်ရဲ့ Acc Password ကို ပေးမိသွားအောင် အမျိုးမျိုး လိမ်လည်လှည့်ဖျားပြီး ယူတာမျိုးဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ ကိုယ်ပေးလိုက်မှ ရသွားတာမျိုးဖြစ်ပါတယ်။
နည်းပညာနယ်ပယ်မှာတော့ ဒီလိုလုပ်တာကို Phishing လုပ်တယ်လို့ ခေါ်ပါတယ်။ ယုံကြည်ရတဲ့ နာမည်ကြီး Company တစ်ခုလို ဟန်ဆောင်ပြီး ကိုယ့်ရဲ့ User Mail တွေ Password တွေ လိမ်လည်ရယူတာမျိုးပါ။
အရင်ကတွေ့ခဲ့ရတဲ့ " ဘယ်Company ရဲ့ ဘယ်နှယောက်မြောက် user မို့၊ ဘယ်နှနှစ်ပြည့်အထိန်းအမှတ်မို့ မဲဖောက်ပေးတာ မဲပေါက်ပါတယ်၊ ဆုမဲကို ရယူဖို့ ဒီ Link ကနေ ဝင်ပါ" ဆိုတာမျိုးနဲ့ ဆင်တူပါတယ်။
ဒါပေမယ့် အခုဖြစ်တဲ့ဖြစ်ရပ်တွေကတော့ ကိုယ့်ရဲ့ Page ဒါမှမဟုတ် Account က Facebook ရဲ့ Community Standard နဲ့ မညီညွတ်လို့ Page ဖျက်ခံရနိုင်တယ်၊ Account ပိတ်ခံရနိုင်တယ်၊ ဒါကြောင့်မို့ ဒီ Link ကနေ ဝင်ပြီး အယူခံဝင်ပါ၊ Appeal လုပ်ပါဆိုပြီး Link ပို့ပေးလာတာဖြစ်ပါတယ်။
Link ကို ပို့ပုံပို့နည်းကတော့ အမျိုးမျိုးရှိပါတယ်။ Facebook ပေါ်မှာပဲ ကိုယ့် Page ကို Mention လုပ်တာမျိုး ရှိသလို ကိုယ့်ရဲ့ Messenger Chat box နဲ့ Email ထဲထိ လာပို့တာမျိုး ရှိပါတယ်။ ဒီလို Link တွေထဲ ဝင်လိုက်ရင်တော့ Facebook Log-In စာမျက်နှာနဲ့ ဆင်တူအောင် ဖန်တီးထားတဲ့ Page တစ်ခုရောက်သွားပါလိမ့်မယ်။ ဒီ Page ဟာ အတုဖြစ်တဲ့အတွက် ဒီနေရာမှာ ကိုယ့်ရဲ့ Email တွေ Password တွေ ဖြည့်မိရင်တော့ ကိုယ့်ရဲ့ Information တွေအကုန်လုံးကို မသမာသူတွေဘက်ကနေ ရသွားပါပြီ။
ဒါပေမယ့် account ဖွင့်ထားတဲ့ Email တို့ Phone Number တို့က ကိုယ့်ဆီမှာပဲ ရှိသေးလို့ ကိုယ်က ဝင်လို့ရနေဦးမှာပါ။ နောက်တစ်ဆင့်မှာတော့ ကိုယ်ထည့်ပေးလိုက်တဲ့ Information တွေကို အသုံးပြုပြီး လိမ်တဲ့သူတွေက ကိုယ့် account ထဲ ဝင်ပါလိမ့်မယ်၊ ပြီးရင် ကိုယ့်ကို Page ရဲ့ Admin Role ကနေ ဖြုတ်ချပြီး Page ကို ယူသွားတာ၊ ဒါမှမဟုတ် ကိုယ့် account ရဲ့ User Email တွေ Phone Number တွေနဲ့ Password တွေ အကုန်လုံးကို သူတို့ရဲ့ Email နဲ့ Password တွေ ပြောင်းသွားတာမျိုးတွေ ဆက်လုပ်ပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ ကိုယ့်အကောင့်ကို ကိုယ်လုံးဝ ပြန်ဝင်လို့ မရတော့ပါဘူး။
လူတိုင်းကတော့ ကိုယ့်ရဲ့ Facebook Acc နဲ့ Page တွေကို တန်ဖိုးထားတာမို့ ပိတ်ခံရနိုင်တယ်၊ အယူခံဝင်ပါလို့ Mail ပို့လာရင် ချက်ချင်းတုန့်ပြန်မိတတ်ကြပါတယ်။ ပြီးတော့ ဒီလို Phishing နည်းတွေမှာလည်း Log In Page အတုမှာ Password ဖြည့်ပေးလိုက်တာကလွဲရင် ကျန်တဲ့ Admin Role ပြောင်းတာတွေ၊ Email နဲ့ Phone Number ပြောင်းလိုက်တာတွေကလည်း Facebook က ခွင့်ပြုထားတဲ့ မူဘောင်တွေ၊ လုပ်နည်းတွေထဲကပဲ လက်တစ်လုံးခြားလုပ်သွားတာမို့ ပြန်ရအောင်လုပ်ဖို့ ခက်ပါတယ်။
ဒါကြောင့်မို့ "မီးဘေးရှောင် မလောင်ခင်တား"ဆိုသလိုပဲ ကိုယ့်ဘက်ကနေ အလိမ်မခံရအောင် ကြိုပြီးကာကွယ်ထားနိုင်ဖို့ကိုပဲ ဦးတည်ထားရမှာဖြစ်ပါတယ်။ အဓိက သတိပြုရမယ့်အချက်တွေကတော့
- ကိုယ့် Page က Facebook ရဲ့ Standard Policy နဲ့ မကိုက်ညီရင် ကိုယ့်ရဲ့ Facebook Notification ထဲမှာပဲ စာပို့ပါတယ်။ ကျန်တဲ့ Page ကို Mention ခေါ်တာ၊ Messenger ကို လာပို့တာမျိုး လုံးဝမလုပ်ပါဘူး။
- https://www.facebook.com/login ကသာ Facebook ရဲ့ တရားဝင် Log-In ဖြစ်ပါတယ်။ (ဖုန်းနဲ့ ဝင်တာဆိုရင်တော့ www. နေရာမှာ m. ဆိုပြီး ပြောင်းပေါ်နေပါလိမ့်မယ်။) ဒါကြောင့်မို့ ကိုယ့်အနေနဲ့ Browser ကနေတစ်ဆင့် Log-In ဝင်တိုင်း တရားဝင် page ဟုတ်မဟုတ် စစ်ဆေးကြည့်ဖို့ လိုပါလိမ့်မယ်။
- ကိုယ့် account နဲ့ page တွေ ပါသွားရင်တော့ Facebook ကို report တင်တာမျိုး လုပ်လို့ရပါတယ်။ အကယ်၍ ကိုယ့်အကောင့်က မှတ်ပုံတင်နဲ့ ID တင်ထားပြီးသားဆိုရင် Report တင်ရတာ ပိုအဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့်လည်း ပြန်ရမယ်ဆိုတဲ့ အာမခံချက်တော့ အပြည့်အဝ မရှိပါဘူး။
အာမခံချက်ရှိတဲ့ Solution တစ်ခုကတော့ Idea One ပါပဲ။ Idea One မှာတော့ မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် page ကို Security Measure အပြည့်၊ Feature အပြည့်နဲ့ တည်ဆောက်ပေးသလို page Admin Service လည်း ရှိပါတယ်။
ဝန်ဆောင်မှုတစ်ခုချင်းစီကိုလည်း အပ်နှံနိုင်သလို ကိုယ့်ရဲ့ လုပ်ငန်းအမျိုးအစားလိုက် သင့်တော်ပြီး စနစ်ကျတဲ့ marketing strategy တွေကို အခမဲ့တိုင်ပင်ဆွေးနွေးပေးပြီး လိုက်ဖက်တဲ့ marketing package တွေကိုလည်း ဖန်တီးတည်ဆောက်ပေးပါတယ်ခင်ဗျ။
အသေးစိတ်သိရှိလိုရင်ဖြစ်စေ ဝန်ဆောင်မှုကို လာရောက် အပ်နှံလိုရင်ဖြစ်စေ page ရဲ့ chat box နဲ့ ၀၉၇၅၄၂၁၈၃၈၆ ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Khay Mar Thi Street
Yangon
11031