Kool Korean

Kool Korean

Share

Your Korean Study Partner

03/09/2024

Autumn again!

Autumn in Korea 🍁🍁

တောင်ကိုရီးယား​ရဲ့ဆောင်းဦးရာသီဟာ အလွန်လှပပြီး သာယာပါတယ်။ နွေရာသီလို ပူအိုက်စွတ်စိုမှု မရှိသလို ဆောင်းရာသီလိုလည်း အရမ်းကြီးမအေးပါဘူး။ နေရောင်ခြည် နွေးနွေးလေးသာရပြီး တစ်ခါတခါ တိုက်ခတ်လာတဲ့လေပြေလေညှင်းကြောင့် အေးမြပြီးလန်းဆန်းတဲ့ရာသီဥတုကို ခံစားရစေပါတယ်။ ဂင်ခိုရွက်ဝါဝါတွေ၊ နီနီရဲရဲမေပယ်ရွက်ကြွေတွေနဲ့ပြည့်နေတဲ့ လမ်းတွေဟာ ပန်းချီကားတစ်ချပ်သဖွယ် ဆွဲဆောင်လျက်ရှိပါတယ်။ ဒါကြောင့် တောင်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင် ဆောင်းဦးရာသီဟာ လည်ပတ်ဖို့အကောင်းဆုံးအချိန်ကာလ ဖြစ်ပါတယ်။ စက်တင်ဘာလကနေပြီး နိုဝင်ဘာလလယ်လောက်ထိဟာ မေပယ်ရွက်နီရဲရဲတွေနဲ့ လှပနေတဲ့ တောင်ကိုရီးယားရဲ့ ဆောင်းဦးရာသီဖြစ်ပါတယ်။ လတ်ဆတ်အေးမြတဲ့ ရာသီဥတုရဲ့အထိအတွေ့ ပန်းချီကားတစ်ချပ်သဖွယ်လှပတဲ့ ပတ်ဝန်းကျင်ရဲ့ပသာဒမှာ တောင်ကိုရီးယားရဲ့ဆောင်းဦးရာသီအလှကို ခံစားဖူးသူတိုင်း ထိုအငွေ့အသက်ကို အမြဲ အမှတ်ရလွမ်းဆွတ်နေစေမှာပါ။

K​ool Korean
Your Korean Study Partner

08/03/2024

Grammar tips!

에 & 에서

သဒ္ဒါ ၂ ခုလုံးက "မှာ" လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမဲ့ သုံးရတဲ့နေရာချင်း မတူပါဘူး။

● 에서 (နေရာ) --> location with action

▪︎နေရာပြပုဒ်အနေနဲ့သုံးပါတယ်။
(Action တခုဖြစ်ပျက်သွားတဲ့နေရာကို ဖော်ပြရာတွင် အသုံးပြုပါတယ်)

[도서관에서 공부합니다.
စာကြည့်တိုက်မှာ စာလေ့လာပါတယ်။
(စာလေ့လာခြင်း action ကို ပြုလုပ်တဲ့နေရာကို ဖော်ပြသည်)]

● 에 (နေရာ / အချိန်) --> just location / time

▪︎အချိန်ပြပုဒ်အနေနဲ့သုံးပါတယ်။

[9시에 학교 에 갑니다.
၉ နာရီမှာ ကျောင်းသွားတယ်။
(ကျောင်းသွားတဲ့အချိန်ကို ဖော်ပြသည်)]

▪︎နေရာပြပုဒ်အနေနဲ့ကတော့ တည်နေရာသက်သက်(with no action but just location)ကိုပဲ ဖော်ပြလိုတဲ့အခါ အသုံးပြုပါတယ်။

[친구가 미국에 있습니다.
သူငယ်ချင်းက အမေရိကမှာ နေပါတယ်။
(သူငယ်ချင်းရှိနေတဲ့ တည်နေရာသက်သက်ကို ဖော်ပြသည်)]...................................................................................
Kool Korean Page မှ Grammar tips များကို အလျင်းသင့်ရင်သင့်သလို ဖော်ပြပေးမှာမို့ စောင့်ကြည့်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။
Online Korean Class တက်ရောက်လိုပါက Kool Korean Page "Message Box" မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။ 🙂🙂

ကောင်းသောနေ့လေး ဖြစ်ပါစေ။

Kool Korean
Your Korean Study Partner

29/02/2024

Daily Grammar

31) “부터~까지” (ကနေ~အထိ)

“부터~까지” ကို အချိန်အတိုင်းအတာ၊ နေရာအကွာအဝေးတို့ကို ‌ညွှန်ပြဖို့အတွက် Time Noun, Place Noun တွေနဲ့ တွဲသုံးပါတယ်။
ဥပမာ_
아홉 시부터 한 시까지 공부합니다.
(၉နာရီကနေ ၁နာရီအထိ စာလေ့လာပါတယ်။)
여기부터 저기까지 뛰어갑시다.
(ဒီ(နေရာ)ကနေ ဟို(နေရာ)ထိ ပြေးသွားရအောင်။)
월요일부터 금요일까지는 바쁩니다.
(တင်္နလာ‌နေ့ကနေ သောကြာနေ့အထိ အလုပ်များပါတယ်။)
………………………………………

Yonsei Korean Level 1 မှ Grammar များကို နေ့စဉ် ရှင်းလင်းချက်များနှင့်အတူ ဖော်ပြပေးသွားမှာမို့ စောင့်ကြည့်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ 🤗🤗

Online Korean Class တက်ရောက်လိုပါက Kool Korean Page "Message Box" မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။ 🙂🙂

ကောင်းသောနေ့လေး ဖြစ်ပါစေ။

Kool Korean
Your Korean Study Partner

26/02/2024

Daily Grammar

29) “ㅡ오세요/세요” (_____ပါ။)

“ㅡ오세요/세요” Polite form [Informal] ကို Verb နဲ့ တွဲသုံးပါတယ်။ မိမိရဲ့ လေသံအဖိအ‌ဖော့ပေါ်မူတည်ပြီး၊ စာကြောင်းရဲ့ ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို ပေါ်လွင်စေပါတယ်။

• ဗျည်း (Consonant) နဲ့ အဆုံးသတ်ရင် “으세요” ကို သုံးပြီး၊
• သရ (Vowel) နဲ့ အဆုံးသတ်ရင် “세요” ကို သုံးရပါတယ်။

ဥပမာ_

저와 같이 가세요.
(ကျွန်မနဲ့ အတူ သွားကြရအောင်။)

저와 같이 가세요?
(ကျွန်မနဲ့ အတူ သွားမှာပါလားရှင်?)

저와 같이 가세요.
(ကျွန်မနဲ့ အတူ သွားပါမယ်။)
………………………………………

Yonsei Korean Level 1 မှ Grammar များကို နေ့စဉ် ရှင်းလင်းချက်များနှင့်အတူ ဖော်ပြပေးသွားမှာမို့ စောင့်ကြည့်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ 🤗🤗

Online Korean Class တက်ရောက်လိုပါက Kool Korean Page "Message Box" မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။ 🙂🙂

ကောင်းသောနေ့လေး ဖြစ်ပါစေ။

Kool Korean
Your Korean Study Partner

23/02/2024

Daily Grammar

26) “까지” (အထိ)
“까지” ဆိုတဲ့ စကားဆက်ကို Noun နဲ့ တွဲသုံးပြီး၊ အချိန်/ နေရာတို့ရဲ့ အဆုံးမှတ်ကို ဖော်ပြတဲ့အခါ သုံးပါတယ်။

ဥပမာ_

학교까지 걸어갑니다.
(ကျောင်းအထိ လမ်းလျှောက်သွားပါတယ်။)

1시에서 1시까지 점심시간입니다.
(၁၂နာရီကနေ ၁နာရီအထိက နေ့လည်စာစားချိန် ဖြစ်ပါတယ်။)

몇 시까지 갑니까?
(ဘယ်အချိန်ထိ နောက်ဆုံးထားပြီး သွားမှာပါလဲ?)
………………………………………

Yonsei Korean Level 1 မှ Grammar များကို နေ့စဉ် ရှင်းလင်းချက်များနှင့်အတူ ဖော်ပြပေးသွားမှာမို့ စောင့်ကြည့်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ 🤗🤗

Online Korean Class တက်ရောက်လိုပါက Kool Korean Page "Message Box" မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။ 🙂🙂

ကောင်းသောနေ့လေး ဖြစ်ပါစေ။

Kool Korean
Your Korean Study Partner

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00
Saturday 10:00 - 16:00