SLOWA

SLOWA

Share

Slow , Quiet, Meaningful crafted with care and souls.

19/05/2026

ကိုယ်ရှင်သန်နေရတဲ့ နေ့ရက်တွေမှာ
အရာရာကို "စုံထောက်" လုပ်နေဖို့ မလိုပါဘူး။
လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ
“သူ ဘယ်လောက်အထိ လွှတ်ချနိုင်သလဲ"
ဆိုတာပေါ်မှာပဲ မူတည်နေတာ..
ဘယ်သူက ကိုယ့်ကွယ်ရာမှာ ဘာပြောသလဲ
ဘယ်သူက ကိုယ့်ကို ဟန်ဆောင်နေသလဲ...
ဒါတွေကို သိအောင်လုပ်တာဟာ
ကိုယ့်နှလုံးသားထဲကို အဆိပ်ရည်တွေ
ကိုယ်တိုင်လောင်းထည့်နေသလိုပါပဲ…
တချို့အမှန်တရားတွေက
ကိုယ့်ကို မတိုးတက်စေတဲ့အပြင်
စိတ်ဓာတ်ပဲ ကျစေတာပါ…
အဲဒီလိုအရာတွေကို သိနေရင်တောင်
"မသိချင်ယောင်ဆောင်" ပြီး
အေးအေးဆေးဆေး ဖြတ်သန်းလိုက်တာဟာ
ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး
ကာကွယ်လိုက်တာပါပဲ။
မသိလို့ ပြုံးနေတာ မဟုတ်ပါဘူး
အကုန်သိနေပေမယ့်
ကိုယ့်ရဲ့ အေးချမ်းမှုကို
အပျက်စီးမခံချင်လို့ မသိချင်ယောင်ဆောင်ပြီး
ပြုံးနေတာပါ…
အဲဒီအပြုံးကမှ တကယ့်ကို အနှစ်သာရရှိတာပါ..
"လူတွေက မသိဘူးလို့ ထင်ပြီး လှည့်စားနေတာကို
အေးအေးဆေးဆေး ပြုံးပြီးကြည့်နေနိုင်တဲ့နေ့ဟာ...
သင် စိတ်ပိုင်းဆိုင်ရာအရ
အဆင့်အတန်းတစ်ခုကို ရောက်သွားတဲ့နေ့ပါပဲ။" 🕊️crd

03/05/2026

နွေရာသီ ကုန်ဆုံးတော့မဲ့ အချိန်ကာလ လေးမှာ
အရောင်တွေက ပိုပြီး နူးညံ့လာသလို
စိတ်ခံစားချက်တွေလည်း ပိုပြီး နက်ရှိုင်းလာတယ်…
SLOWA Ecoprint ရဲ့ အရောင်တစ်ရောင်ချင်းစီမှာ
သဘာဝရဲ့အသက်ရှူသံနဲ့အတူ
မပြောဖြစ်ခဲ့တဲ့ အမှတ်တရတွေ ထိန်းသိမ်းထားတယ်
နွေရာသီရဲ့အဆုံးမှာသာ
တိတ်တိတ်လေး ပွင့်လင်းလာတဲ့ သစ်ရွက်လေးရဲ့
အလှတရားတွေကို
သင့်ရဲ့နေ့ရက်ထဲသို့ ယူဆောင်လိုက်ပါ…
SLOWA ကို ဂုဏ်ယူစွာဖြင့် ဝတ်ဆင်ပါ...

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Kabaraye Pagoda Road
Yangon