Welcome - Home Essentials
အချိန်ကုန်လူပင်ပန်းသက်သာစေသည့်မီးဖိုချောင်သုံးပစ္စည်းများကိုဖြန့်ချီပေးနေပါတယ်။
08/12/2023
ကိုယ့်မီးဖိုချောင်မှာ လက်နှီးစုတ်တစ်ခုတည်းကို ဘက်စုံသုံးနေတယ်ဆိုရင် ဒီစာလေးကို ဖတ်ဖြစ်အောင်ဖတ်နော် 🙌
📢 မီးဖိုချောင်ထဲမှာ နေ့စဥ်ထိတွေ့နေရတဲ့ ဒီအရာလေးကို ပေါ့တန်တန် တွေးမထားပါနဲ့ အိမ်ရှင်မတို့။
🙋 အိမ်ရှင်မတိုင်းရဲ့ မီးဖိုချောင်ထဲမှာ ဟင်းတွေချက်ပြုတ်ပြီးရင် သန့်ရှင်းရေးလုပ်ဖို့ဆိုပြီး လက်နှီးစုတ်လေးတစ်ခု အမြဲလိုလို ဆောင်ထားကြတာကို သတိထားမိကြမှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံက အိမ်ထောင်ရှင်မ အမျိုးသမီးတိုင်းမှာ တွေ့ရတတ်ပါတယ်။
💁🏻♀️ အားလုံးသိတဲ့အတိုင်း မီးဖိုချောင်ဆိုတာ အိမ်တစ်အိမ်လုံးမှာ ညစ်ပတ်အလွယ်ဆုံး နေရာတစ်နေရာဖြစ်ပြီး အမြဲဂရုတစိုက် သန့်ရှင်းပေးဖို့ လိုအပ်နေတဲ့ ရပ်ဝန်းငယ်တစ်ခုလည်း ဖြစ်ပါတယ်။ အသား၊ငါးတွေ ချက်ပြုတ်ပြင်ဆင်တာကနေစပြီး ပန်းကန်ဆေးတဲ့အထိ ဒီနေရာမှာပဲ အချိန်ပြည့်လုပ်ဆောင်နေရတော့ မမြင်ရတဲ့ ဘက်တီးရီးယားပိုးမွှားများစွာက မီးဖိုချောင်ရဲ့ နေရာတိုင်းမှာ ပေါက်ဖွားနေတတ်ပါတယ်။
🐛 ဒါ့ကြောင့် မီးဖိုချောင်ထဲက ရေစိုနေတဲ့စင်တွေ၊ ပန်းကန်တွေကို ရေသုတ်တဲ့အခါတို့၊ အိုးတွေကို မီးဖိုပေါ်ကနေ ချတဲ့အခါတို့၊ စားပွဲတွေကို သုတ်ချတဲ့အခါတို့မှာ အသုံးပြုလေ့ရှိတဲ့ စိုထိုင်းနေတဲ့ လက်နှီးစုတ်လေးမှာ မိသားစုကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ရောဂါပိုးမွှားတွေ အများကြီး ကပ်ငြိနေနိုင်ပါတယ်။
🤦 အိမ်ရှင်မ အများစုကလည်း မီးဖိုချောင် သန့်ရှင်းရေးအတွက် အသုံးချခံနေရတဲ့ ဒီလက်နှီးစုတ်လေးကိုပဲ သန့်ရှင်းရေး ပြန်လုပ်ပေးဖို့ မေ့လျော့နေကြတာ များပါတယ်။ ပိုးမွှားပေါင်းစုံ ကပ်ငြိနေတဲ့ လက်နှီးစုတ်လေးကို ကိုင်ပြီး လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် မဆေးရင်တော့ ဘယ်လောက်ပဲ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကို ချက်ပြုတ်ထားတယ်လို့ ပြောပါစေ ရောဂါပိုးမွှားတွေ ပါဝင်နေတဲ့ ဟင်းပွဲတွေကို ဖန်တီးနေမိဦးမှာပါပဲ။
🚫 ဒါ့အပြင် မီးဖိုချောင်သုံး လက်နှီးစုတ်လေးကို အချိန်ကြာကြာ အသုံးပြုပြီးမှ လျှော်တာဟာ မိသားစုကျန်းမာရေးအတွက် ဒီလိုမျိုး အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။
📌 ဗိုက်အောင့် ဗိုက်နာတာ
📌 အစာ အဆိပ်သင့်တာ
📌 ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
📌 အူရောင်ငန်းဖျားဖြစ်တာ
📌 နေမကောင်းဖြစ်တာ စတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
🤷 ဒီတော့ ဒီလိုမျိုး ရောဂါဝေဒနာဆိုးတွေကို မခံစားရအောင် လက်နှီးစုတ်လေးကို ဘယ်လိုအသုံးပြုရမလဲ။
✅ အစားအသောက်တွေနဲ့ လက်နှီးစုတ်ကို ခပ်ဝေးဝေးမှာ ထားပါ။
✅ ဖြစ်နိုင်ရင် လက်နှီးစုတ်တွေကို တစ်ရက်တစ်ခါ လျှော်ပေးပါ။ ဒါပေမဲ့ ( 3 ) ရက်ထက်တော့ ပိုမသုံးမိပါစေနဲ့။
✅ လက်နှီးစုတ်ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးပြီးမှ အစားအသောက်တွေကို ချက်ပြုတ်ပြင်ဆင်ပါ။
✅ သူ့အကန့်နဲ့သူ လက်နှီးစုတ်တွေကို ခွဲသုံးပါ။ ( ဥပမာ− မီးဖိုချောင်သုံး၊ အိမ်သန့်ရှင်းရေးသုံး…..)
✅ လက်နှီးစုတ်တွေကို ( 3 ) လတစ်ကြိမ် အသစ်လဲပေးပါ။
🖐️ ဒီအချက်တွေအတိုင်း လက်နှီးစုတ်လေးကို စနစ်တကျ အသုံးပြုမယ်ဆိုရင်တော့ ကျန်းမာရေး ဘေးအန္တရာယ်တွေ ဖြစ်မလာအောင် မိသားစုအတွက် ကြိုတင်ကာကွယ်ထားပြီးသား ဖြစ်မှာပါ။
🥰 သေးငယ်တယ်လို့ ထင်ရတဲ့ အရာလေးတွေက ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတတ်တာကြောင့် မပေါ့မဆပဲ ခုတည်းက အလေ့အကျင့်ကောင်းတွေကို ပြောင်းလဲပျိုးထောင်ထားဖို့ တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။
Click here to claim your Sponsored Listing.
ယုံကြည်စိတ်ချရဆုံး ... Welcome - Home Esentials
ကျွန်တော်တို့ရဲ့ Welcome Home Essential ကတော့
အရည်သွေးပြည့်မီပြီးခေတ်မီတဲ့ အိမ်သုံးပစ္စည်းတွေကို
ဝယ်ယူသူတွေဆီ အိမ်အရောက်ငွေချေစနစ်နဲ့ရောင်းချပေးနေပြီး
ခေတ်မီ၊ သန့်ရှင်းသပ်ရပ်တဲ့ လူနေမှုဘဝတွေဆီကို အရောက်လှမ်းနိုင်ဖို့ ကူညီပေးနေတာပဲ ဖြစ်ပါတယ်။
Category
Contact the business
Address
No. 403, Tower A, The Leaf Residence, Hlaing Township
Yangon