Nyeinchan Pyae

Nyeinchan Pyae

Share

I suppose that how successful I'm depends on how I've done supporting other people.

15/04/2026

🙂

Photos from Nyeinchan Pyae's post 21/02/2026

စိတ်အကြည်ဓာတ်ခံရှိနေတုန်း အရွက်ကြွေတဲ့ အပင်ငုတ်တိုတွေ အညာမှာကြည့်ရတာတောင် မျက်ဝန်းထဲတစ်မျိုးလှနေတာ တကယ်လည်း
လှတယ်ခေါ်ထိုက်တယ် အမှန်အတိုင်းဆို ဒီခရီးက. Fashion ဆန်လို့စိတ်သိပ်မလုံဘူး freelancer မို့ အချိန်ခဏရတုန်း အခြေအနေကြည့်ပြီးစီစဉ်ရတဲ့ခရီးဖြစ်တာကြောင့်လည်းပါတယ် ညဘက်ခရီးကိူ အိပ်ရင်း express ပေါ် ကုန်ဆုံးရတာ ပိုသဘာဝ
ကျတယ်ထင်တယ် နေ့ဘက်တစ်ရက်တည်း တစ်ယောက်တည်းဘတ်ဂျတ်ခရီးဆိုတော့ လိုအပ်ချက်အနည်းငယ်လည်းရှိတယ်
သူငယ်ချင်းက အရေးကြီးကိစ္စနဲ့တိုက်ဆိုင်လို့
လိုက်ချင်ပေမယ့်မလိုက်ရတာပါ ဂရုစိုက်နော်တဲ့
မှာရှာတယ် ဘာမဆိုတတ်နိုင်တာ အကောင်းဆုံးလုပ်ဆောင်တယ် ဘယ်သူ့မှတားလည်းမတား
နှင်လည်းမနှင်ဘူး I'm always OK ပဲ
ဒါ ကျမလက်သုံးစကားပဲ

Express ပေါ်ရောက်တော့ ဘေးခုံက
တစ်ယောက် ကျမထက်နောက်ကျမှ ရောက်လာပြီး Excuse me! ဆိုလို့ ဘေးခဏဖယ်ပေးလိုက်တယ် ယဉ်ကျေးမှုနားလည်သားပဲလို့ စိတ်ထဲ
တွေးလိုက်တယ်
Chinese(ဖြစ်ဖို့များ):So..Is Yangon to Began ,right!
I didn't check my passport'
(သူ့အသံကြီးက လျှာလိပ်သံကြီးနဲ့🤨)
Me:Hmm.normally each one has to show their own national registration cards.If so...you can talk to them'
ပြန်ဖြေလိုက်တော့ ခေါင်းတစ်ချက် ဆတ်ခနဲ
ညိတ်ပြတယ်သန်းခေါင်ရောက်တော့ တစ်ရေးအနိုး ဘယ်နေရာမှန်းသေချာ ကြည့်နေတုန်း တခြား Chinese တစ်ယောက်ကသူ့အကူအညီလိုတယ်
ထင်ပြီး ရှူဆေးရှူလက်စကို ကျမဆီကမ်းပေးဖို့
လုပ်နေလို့
'It's OK thanks' လို့ပြောတော့ ပြုံးပြရှာတယ်
အဲဒီတစ်ယောက်ရုပ်တော့ကြည့်ကောင်းသား
(အကြမ်းဖျဉ်း အကဲခတ်ခြင်းနဲ့ မဆိုစလောက်
ဖွန်ဗီဇကြောင့် ခဏဖြစ်မိတဲ့ သုံးသပ်ချက်ပါ🤨) အကူအညီပေးချင်လောက်အောင် ဒီကလည်း
ရူပါလန်းလန်း စတိုင်လန်းလန်းနဲ့😏
(တီရှပ်ခပ်ကြီးကြီး ဂျင်းဘောင်းဘီအရှည်
ဒဲ့မပွတပွကို ကတ္တီပါသားလည်ရှည်ဘွတ်ဖိနပ်(ရေးတတ်သလိုရေးတယ်)နဲ့လေ😜) ပြောချင်တာ
သကောင့်သားက အခြေခံကူညီချင်စိတ်
ရှိတယ်ဆိုတာကိုပါ😜
ကားကွင်းရောက်တော့လည်း သူ့ခမျာ သံယောဇဉ်လက်ကျန် ဆက်ရန် အနည်းငယ် ရှိလာသေးတယ်
Chinese no.2:
'Hey! Where're you going'?
Me:'I'm thinking what I should do.I won't spend one night here why I have no enough time.And I need to wait for someone who can share for hiring tuk tuk. Because I should save my money'
Chinese no.2:Hmm!
ကျမက တရစပ် ပြန်ပြောလိုက်တော့ သူ
ဒါပဲ ပြန်ပြောနိုင်တယ်
Me:So..where're you going'?
Chinese no.2:'New Bagan'
သူ ပြန်ဖြေနေတုန်း taxi သမားက ကျမကိုပါ
လွန်စွာမှခမ်းနာတဲ့ E skillတွေနဲ့ တစ်လုံးနှစ်လုံး
မှုတ်ပြီးမှ ကပြားရုပ်ထွက်နေတဲ့ ဗမာမပီတပီတဲ့
ကျမကို အမရော ဘယ်သွားမှာလဲတဲ့ မေးရှာတယ်
အထက်ပါအတိုင်း ဖြေလိုက်တော့မှ သူတို့နဲ့အတူ ကျွန်တော့်ကားနဲ့ လိုက်ခဲ့ပေါ့ ညောင်ဦးဈေးအထိ ရောကိမှ tuk tuk ဆီပို့ပေးမယ်တဲ့ budget ဘာမှန်းမသိရင် အဆင်မပြေမှာစိုးတယ် ပြောတော့မှ
ညောင်ဦးဈေးအထိ (10000) ပဲပေးဖို့ပြောပြီး အတင်းလိုက်ဖို့ခေါ်တယ် ဟိုနှစ်ယောက်လည်း ရေးကြီးသုတ်ပျာ လိုက်သွားရှာတယ်.ရိုက်စား
လုပ်ချင်စိတ်ရှိကြောင်း ရိပ်မိလို့အံံဩမိတယ် မြန်မာချင်းဆို ဆရာအထာဖမ်းပြီး foreigner ဆို ရိုက်စားလုပ်မယ် ဒီအထာတွေရိုးနေတာ
ရှက်ဖို့လည်းကောင်းတယ် ရန်ကုန်သူက
မလည်ပေမယ့် ငနုံငအတော့ မဟုတ်ဘူးနော် ခဏနေတော့ ဆိုင်ကယ်သမားနဲ့တိုင်ပင်ပြီး
အချိန်ရသလောက် လည်ပတ်ဖို့ဆုံးဖြတ်လိုက်တယ်😌
မရောက်ဖြစ်ခင်ကတည်းက စာအုပ်ထဲမှာ
ဖတ်ခဲ့ရတဲ့ဆရာကြီးတွေရေးထားခဲ့တဲ့သမိုင်းကြောင်းပုံရိပ်တွေ ကျန်စစ်သားမင်းနဲ့ မထီးတူမ သမ္ဘူလအကြောင်းပဲ ဖတ်ရတာများတော့ 'အပယ်ရတနာ'နဲ့ရော ရသဇာတ်လမ်းမရှိဘူးလားလို့တွေးမိတယ် 'မဏိစန္ဒာ'အကြောင်းကိုတော့ သီချင်းထဲမှာပဲကြားဖူးတာမို့ ချစ်တတ်လွန်း အချစ်တွေ
ပေါလွန်းတဲ့ 'ကျန်စစ်မင်း'ကြီးပါလားလို့ ခနဲ့တဲ့တဲ့တွေးမိတယ်
မှတ်ချက်:ယောကျ်ားကောင်း မိန်းမတစ်ထောင်
ဆိုတာ စကားပုံဖြစ်ရုံမျှသာဖြစ်ပါသည်😏
အနော်ရထာမင်းက သာသနာကိုလည်း
ပိုင်စိုးချင်ဇောနဲ့ မနုဟာမင်းကို အကျဉ်းချတာ အချည်းနှီးဖြစ်ကြောင်း တွေးမိသွားတယ် တစ်နည်းအားဖြင့်လက်ရုံးရည်အရ နိုင်ပေမယ့် နှလုံးရည်မှာတော့ မနူဟာမင်းကို မနိုင်ကြောင်း
မှတ်သားဖူးတယ် တစ်ဖက်ပြည်နယ်က
သူလျှိုမ,လေးနဲ့ တစ်ဖက်ပြည်က စစ်ရေးကျွမ်းသူ ချစ်ကျွမ်းဝင်ခဲ့ကြပေမယ့် နိုင်ငံအတွက်ဆို အချစ်ရော အသက်ကိုပါမငဲ့ဘဲ ထမ်းရွက်တတ်တဲ့
သူလျှိုမ,လေးအကြောင်း စစ်သည်လေးနဲ့ရခဲ့တဲ့ရင်သွေးက သီလရှင်ဝတ်တဲ့အခါကျမှ သမီးဖြစ်သူအကြင်နာကို သူလျှိုဘဝနဲ့မရဘဲ သာသနာ့နယ်ဝင်မှ ရနိုင်မယ့်အကြောင်းမှတ်သားစရာတွေကို
ဆရာမင်းသိင်္ခရဲ့ 'မြင်းကပါအကျဉ်းသား'မှာ ရေးသားထားတယ်.
ပုဂံရဲ့ယဉ်ကျေးမှုထိန်းသိမ်းပုံ ဓလေ့ ထွက်ကုန် အသက်အရွယ်ကွာတဲ့ ကောင်မလေးနဲ့ကောင်လေးတို့ရဲ့ အချစ်ထက်မကတဲ့သံယောဇဉ်ခိုင်မာပုံကို ဆရာမပုညခင်ရဲ့ 'လက်ကျန်လရောင်'မှာလည်း ဖတ်ရတယ်(ဖတ်တာကြာလို့ မေ့တာများပြီ) အရွက်သုပ်တွေစားကြည့်ချင်စိတ်ဖြစ်မိတာတော့ အမှနိပဲ အညာပုန်းရည်ကြီးကတော့ စာနဲ့ဖွဲ့မပြနိုင်အောင်ကောင်းတဲ့ ရန်ကုန်ကproduct နဲ့အတော့်ကိုကွာတဲ့ တကယ့် signature တစ်ခုပါပဲ ထမင်းဝိုင်းမှာ
အရံဟင်းပုန်းရည်ကြီး ထပ်တောင်းတဲ့အခါ တစ်ဖက်ဝိုင်းကဦးဇင်းတွေ မထိတထိ
လှောင်ပြောင်တာခံရပုံ ဓာတ်ပုံရိုက်ပေးတာတော်တဲ့ကလေးတွေကို ဂိုက်အဖြစ်ဘုရားမှာ
လက်မခံချင်ပုံတွေ ပြန်လည်ကြားသိရလို့ တလွဲတွေအဖြစ် အံ့ဩမိတယ်.😌
အရမ်းထိတ်လနိ့ဖွယ်ကောင်းတဲ့ 'မင်းနန်သူ'ကျိန်စာအကြောင်းလည်း စာတိုလေးမှာဖတ်ဖူးတယ်
ပုဂံအကြောင်းဦးစားပေး ကောင်းကြောင်းပြောလို့ မဟာရန်ကုန်ရွှေမြို့တော်ကြီးကိုလည်း
အချစ်မပျက်သေးပါဘူး.
ကျန်စစ်သားမင်း အချစ်တွေ ပေါသလိုပဲပေါ့😏
#သမိုင်းပုံရိပ်ချစ်မြတ်နိုးသူ

29/01/2026

'လင်ထိပ်ထားစံ' ဆိုတာ ယောင်ယောင်မျှသာ ကြားဖူးပြီး ဆိုလိုရင်း နက်နက်ရှိုင်းရှိုင်း
မသိသေးတော့ တိကျအောင် အဘိဓာန်မှာ
ရှာရမလား (သို့) AI မှာ check ရမလားပေါ့🤔
ဒီရက် ခွေးလေးတွေရဲ့စိတ်မကောင်းတဲ့သတင်းကြောင့် စိတ်အပန်းဖြေသဖွယ်ပေါ့😬
ကိုလည်း role မြှင့်ပေးတာ
သို့သော်ငြား.....
စံစရာ လင်ရယ်က မရှိသေး😁
မိဘပြည်သူများရှင်!!!!!!
😛
@ဝေါဟာရရှာဖွေခြင်း

23/01/2026

I'll never regret the thing I did which weren't burden to the other.And one more thing,take the example of having no food I like in menu when I order I won't choose anything instead of it.On the other hand,I'm not gonna eat I want again why I had no chance at that moment. I need to concetrate on the thing
l like and I'm doing in the current situation I won't have backward steps in my future.Even though I'm emotional, I should control and check my tamper as my entire life leads me
to be as I mentioned above.Until I can build my mind ,I'm always winner in everything.
😌

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon