ShweNote

ShweNote

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ShweNote, Education, No. 36(C), Sabel Myaing Chan Street, Yankin Township, Yangon.

17/05/2026

အခုခေတ်မှာ လူတိုင်းနီးပါး ‌‌ဒေါသတွေကြီးပြီး ကိုယ့်ရဲ့ခံစားချက်တွေကို မထိန်းလာနိုင်ရတဲ့ အကြောင်းအရင်းကဘာဖြစ်မလဲ?

📌 မေလ (၂၁) ရက်မတိုင်ခင်အထိ ရွှေနုတ် တစ်သက်စာ ဝယ်မယ်ဆိုရင် စပ်တူရှယ်ပြီး ဝယ်လို့ရမှာ အခုပဲ ShweNote page Messenger (သိုမဟုတ်) 📞 ဖုန်း - 09 940084444 ကို ဆက်သွယ်ဝယ်ယူလိုက်ပါခင်ဗျာ။


#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

17/05/2026

ရွှေနုတ် App ထဲက အခမဲ့စာအုပ်ဖြစ်တဲ့ "Atomic Habit" ကို နားထောင်ပြီးပြီဆိုရင် အသေးအဖွဲ့ အလေ့အကျင့်လေးတွေက ကိုယ့်ရဲ့ဘဝကို ဘယ်လိုပြောင်းလဲပေးနိုင်မလဲဆိုတာ စာဖတ်ချစ်သူ သိသွားလောက်ပြီထင်ပါတယ်။ မဖတ်ရသေးရင် အခုပဲသွားဖတ်ကြည့်ပါ။

ဒါပေမဲ့ ဒီစာအုပ်ဖတ်ပြီး အလေ့အကျင့်ကောင်းရုံနဲ့တင် မလုံလောက်သေးပါဘူး။ အဲ့ဒီအလေ့အကျင့်တွေကို အသုံးချပြီး ကိုယ် ဖြစ်ချင်တဲ့ ဘဝရလဒ်တွေ တကယ်ထွက်လာဖို့ဆိုရင် နောက်ထပ် အဆင့်မြင့်တဲ့ Skill တွေ ထပ်လိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာက အခြေအနေမျိုးစုံကြောင့် "Atomic Habit" ဖတ်ပြီး အလေ့အကျင့်ကောင်းတွေ စလုပ်ကြည့်ပေမဲ့ ရှေ့မတိုးနိုင်တဲ့ အခက်အခဲတွေ ရှိတတ်ပါတယ်။ ဥပမာ -
အလုပ်လုပ်တဲ့အခါ အာရုံမစူးစိုက်နိုင်ဘဲ ဖုန်းပဲကြည့်နေမိလို့ အချိန်ကုန်သွားတာ။
အလုပ်တွေ အများကြီးလုပ်နေပေမဲ့ တကယ်တမ်း ခရီးမရောက်ဘဲ လူပဲပင်ပန်းနေတာ။
အောင်မြင်ချင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းတွန်းအားပေးရင်း စိတ်ပင်ပန်းနွမ်းနယ် (Burnout) လာတာ။

ဒီလိုပြဿနာတွေက စာဖတ်ချစ်သူတွေ ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်ဖို့ နောက်ပြန်ဆွဲထားသလို ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် Atomic Habit ကို ဖတ်ပြီးသူတိုင်းအတွက် ကိုယ့်ဘဝကို တစ်ဆင့်တိုးတက်သွားစေမယ့် Premium စာအုပ် (၃) အုပ် ကို ထပ်မံညွှန်းဆိုပေးချင်ပါတယ်။
Deep Work: အာရုံစူးစိုက်မှု အလွန်နည်းပါးတဲ့ ဒီခေတ်ထဲမှာ တစ်ချက်မှ အာရုံမပျံ့ဘဲ အလုပ်ကို ထိထိရောက်ရောက် လုပ်နိုင်မယ့် စွမ်းရည်ကို သင်ပေးမှာဖြစ်ပါတယ်။ (အလုပ်ပြီးမြောက်မှုနှုန်းကို ၃ ဆလောက် မြှင့်တင်ပေးမယ့်စာအုပ်ပါ)။
Feel-Good Productivity: အလုပ်တွေကို စိတ်ဖိစီးမှုနဲ့ မဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်ရမလဲဆိုတဲ့ နည်းလမ်းကောင်းတွေကို လေ့လာရမှာပါ။
The Power of Habit: Atomic Habit ထက် ပိုပြီး သိပ္ပံနည်းကျကျနဲ့ ကျွန်တော်တို့ ဦးနှောက်ထဲက အလေ့အကျင့်တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို နက်နက်နဲနဲ သိသွားစေမှာ ဖြစ်ပါတယ်။
ဒီ Premium စာအုပ် (၃) အုပ်ဟာ Atomic Habit က ပေးလိုက်တဲ့ "အခြေခံ" ကို "ရလဒ်" အဖြစ် ပြောင်းလဲပေးမယ့် အကောင်းဆုံးလက်နက်တွေပါ။ ဒီအသိပညာတွေကို ရယူဖို့ဆိုရင်တော့ စာဖတ်ချစ်သူ ရဲ့ ShweNote သက်တမ်းကို Premium အဖြစ် အဆင့်မြှင့်တင်ဖို့ လိုအပ်ပါတယ်။

📌 သတင်းကောင်းအနေနဲ့ကတော့ အခုမှ ရွှေနုတ် သက်တမ်းဝယ်မယ့် User အသစ်တွေ အတွက် “Special Offer" ရှိပါတယ်။ ဘယ်လို Special Offer တွေပေးထားလဲဆိုတာ သိဖို့အတွက် အခုပဲ ShweNote page Messenger (သို့်မဟုတ်) 📞 ဖုန်း - 09 940084444 ကို ဆက်သွယ်ပြီး ကိုယ့်ရဲ့ စာဖတ်ခြင်းခရီးစဉ်ကို အရှိန်အဟုန်နဲ့ ပြန်စလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

16/05/2026

အသက် (၂၀) ကျော်ပြီ အခုထိ လမ်းပျောက်နေတုန်းပဲဆိုရင် ဒီ Video ကိုကြည့်ပါ။

လူငယ်တွေ စိတ်ဓာတ်ကျနေရခြင်းရဲ့ အဓိက အကြောင်းအရင်းက ဘာလဲ?

📌 သတင်းကောင်းအနေနဲ့ကတော့ အခုမှ ရွှေနုတ် သက်တမ်းဝယ်မယ့် User အသစ်တွေအတွက် “Special Offer" ရှိပါတယ်။ ဘယ်လို Special Offer တွေပေးထားလဲဆိုတာ သိဖို့အတွက် အခုပဲ ShweNote page Messenger (သို့မဟုတ်) 📞 ဖုန်း - 09 940084444 ကို ဆက်သွယ်ဝယ်ယူလိုက်ပါ။

#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

16/05/2026

အခုနောက်ပိုင်း Social Media ပေါ်မှာ တစ်ခုခုဆို တက်ပြောမယ်၊ ဆဲဆိုမယ်၊ ကိုယ်သဘောမကျတာနဲ့ အကျိုးအကြောင်း မဆင်ခြင်နိုင်တော့ဘဲ ရေးချင်သလို ရေးကြတာတွေကို ခပ်စိပ်စိပ် မြင်လာရပါတယ်။ ဒါဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းထက် ပိုမိုနက်ရှိုင်းတဲ့ "စိတ်ပိုင်းဆိုင်ရာ လွှဲပြောင်းမှု" (Psychological Displacement) တွေ ဖြစ်နေတတ်ပါတယ်။

◼️ လက်တွေ့ဘဝမှာ အလုပ်အဆင်မပြေတာ၊ ငွေရေးကြေးရေး ကျပ်တည်းတာ ဒါမှမဟုတ် ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ရှိနေတဲ့အခါ လူတွေဟာ အဲ့ဒီ "ဒေါသ" နဲ့ "မကျေနပ်မှု" တွေကို တစ်နေရာရာမှာ ထုတ်ဖော်ဖို့ ကြိုးစားပါတယ်။ Social Media ဟာ ဘယ်သူမှန်း မသိဘဲ (သို့မဟုတ်) အကျိုးဆက်ကို ချက်ချင်းမခံစားရဘဲ ဒေါသကို ပုံချလို့ရတဲ့ အလွယ်ဆုံး "အာသာဖြေရာ" နေရာတစ်ခု ဖြစ်သွားတာပါ။

◼️ လူတွေက အပြင်မှာဆိုရင် လူမှုကျင့်ဝတ်တွေ၊ အကျိုးဆက်တွေကို ကြောက်လို့ ဆင်ခြင်ကြပေမယ့် စခရင်နောက်ကွယ်မှာတော့ ပိုပြီး ရဲတင်းလာကြပါတယ်။ အကျိုးအကြောင်း ဆင်ခြင်တုံတရား (Reasoning) ထက် ခံစားချက် (Emotion) က ရှေ့ပြေးသွားတဲ့အတွက် တစ်ဖက်လူရဲ့ နာကျင်မှုကို မငဲ့တော့ဘဲ ပြောချင်သလို ပြောလိုက်ရတဲ့ "ခဏတာ စိတ်ကျေနပ်မှု" နောက်ကို လိုက်သွားကြတာပါ။

◼️ လက်တွေ့ဘဝမှာ ဘာမှမတတ်နိုင်သလို ခံစားနေရသူတွေအတွက် Social Media ပေါ်မှာ တစ်စုံတစ်ယောက်ကို ဝေဖန်လိုက်ရခြင်း၊ ဆဲဆိုလိုက်ရခြင်းက "ငါ တစ်ခုခုတော့ လုပ်နိုင်သေးတယ်၊ ငါ့မှာ အာဏာရှိသေးတယ်" ဆိုတဲ့ မှားယွင်းတဲ့ ခံစားချက်ကို ပေးပါတယ်။ ဒါဟာ ကိုယ့်ဘဝရဲ့ အားနည်းချက်ကို ဖုံးကွယ်ဖို့ သူတစ်ပါးကို တိုက်ခိုက်ပြီး အာသာဖြေတဲ့ နည်းလမ်းတစ်ခုပါပဲ။

📌 ဒီအဆိပ်သင့်တဲ့ သံသရာကနေ ဘယ်လိုရုန်းထွက်မလဲ?
သူများကို တိုက်ခိုက်ပြီး အာသာဖြေတာက သင့်ပြဿနာကို မဖြေရှင်းပေးနိုင်သလို သင့်စိတ်ကိုလည်း ပိုပြီး အဆိပ်သင့်စေပါတယ်။ အဲ့ဒါကြောင့် ဒီလိုမဖြစ်အောင်

◼️ တစ်ခုခုကို Comment မရေးခင် ဒါမှမဟုတ် Post မတင်ခင် "ငါ အခုဒေါသထွက်နေတာ ဒီကိစ္စကြောင့်လား၊ ဒါမှမဟုတ် တခြားအဆင်မပြေမှုတွေကြောင့် ဒီမှာ လာပုံချနေတာလား" ဆိုတာကို ဆန်းစစ်ပါ။

◼️ စိတ်လှုပ်ရှားနေတဲ့အချိန်မှာ ဖုန်းကို ချထားလိုက်ပါ။ ၁၅ မိနစ်လောက် အချိန်ယူပြီးမှ ပြန်စဥ်းစားရင် သင့်ရဲ့ ဆင်ခြင်တုံတရားက ပြန်လည် အလုပ်လုပ်လာပါလိမ့်မယ်။

◼️ သင့်ဘဝရဲ့ အဆင်မပြေမှုတွေကို အမှန်တကယ် ဖြေရှင်းပေးနိုင်မယ့် အလုပ်တွေကို အာရုံစိုက်ပါ။ သူများကို တိုက်ခိုက်နေလို့ သင့်ဘဝက ပြောင်းလဲမသွားပါဘူး။

သူများအကြောင်းကို ထိုင်ပြောနေရတဲ့ အချိန်တွေဟာ သင့်ဘဝတိုးတက်ဖို့ အသုံးချရမယ့် အချိန်တွေကို ဖြုန်းတီးပစ်နေတာပါ။ သင့်ရဲ့ စွမ်းအင်တွေကို အဆိပ်အတောက်တွေထဲမှာ အသုံးမချဘဲ သင့်ကိုယ်သင် တည်ဆောက်တဲ့နေရာမှာ အသုံးချပါ။ ShweNote App မှာ သင့်ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း (Emotional Intelligence) မြှင့်တင်ပေးမယ့် စာအုပ်တွေ၊ ဘဝရဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေကို အနှစ်ချုပ် နားထောင်နိုင်ပါတယ်။ အဆိုးမြင်စရိုက်တွေနဲ့ အချိန်ဖြုန်းမယ့်အစား အသိပညာတွေနဲ့ သင့်ဘဝကို အဆင့်မြှင့်တင်ဖို့ ဒီနေ့ပဲ ShweNote မှာ စာအုပ်ကောင်းတွေ ဖတ်ကြည့်ပါ။ Premium မဖြစ်သေးခင်မှာလည်း “အခမဲ့” စာအုပ်တွေ အများကြီးရှိတာမို့ အရင်ဆုံး စမ်းသပ်ဖတ်ရှုနိုင်ပါတယ်။

📌 သင့်ရဲ့ စိတ်နေစိတ်ထားက သင့်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်တာဖြစ်လို့ မေလ (၂၁) ရက်နေ့ မတိုင်ခင်အထိ ရွှေနုတ်မှာ သက်တမ်းဝယ်ယူမယ်ဆိုရင် ကြိုက်တာနားဆင်လို့ရမယ့် Bundle Package ရှိနေပါတယ်။ ဒီ Package ထဲမှာ အနှစ်ချုပ်ရော အသံစာအုပ်ရှည်တွေပါဖတ်လို့ရမှာဖြစ်လို့ အခုပဲ ShweNote ရဲ့ page Messenger (သို့မဟုတ်) 📞 ဖုန်း - 09 940084444 မှာ ဆက်သွယ်ဝယ်ယူလိုက်ပါခင်ဗျာ။

#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 36(C), Sabel Myaing Chan Street, Yankin Township
Yangon
1111