Ance Client

Ance Client

Share

အမျိူးသမီးတွေဝက်ခြံပြသနာကြောင့်စိတ်ညစ်နေလား

03/04/2023

ဟိုမုန်းဝက်ခြံ

သိချင်တဲ့ အထဲမှာ ဟိုမုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုတာ အတွေ့များပါတယ်။ ယောက်ျားလေးရော မိန်းခလေးတွေရော လူပျိုအပျိုဖြစ်လာရင် ဟိုမုန်းဝက်ခြံဆိုတာတွေ ဖြစ်လာတတ်ပါတယ်။

တချို့မိန်းခလေးတွေကြားထဲမှာ ပြောရတာ အကျင့်လိုတောင်ဖြစ်နေကြတာပဲ “ငါက ဟိုမုန်းဝက်ခြံတဲ့” ဆိုပြီးပြောကြတာ။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသမီးတွေရဲ့ ၅၀% လောက်က ဟိုမုန်းဝက်ခြံဖြစ်ကြတယ်။

ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေကတော့
၁-အမျိုးသားဟိုမုန်းလို့ပြောတဲ့ testosterone များတာ
၂-သားဥအိမ်မှာအရည်အိတ်ရှိတာ
၃-ရာသီသွေးဆင်းတဲ့ အချိန်
၄-သွေးဆုံးတဲ့ အချိန်
အစရှိတဲ့ အချိန်တွေမှာ အဖြစ်များတာတွေ့ရတယ်။

ဟိုမုန်းဝက်ခြံက များသောအားဖြင့်
၁-မျက်နှာအဆီမတရားပြန်ခြင်း
၂-ဝက်ခြံတွေက ပါးတွေမှာ မျက်နှာမှာပဲ မဟုတ်၊ အခြား ရင်ဘတ်ကျောလက်မောင်းများမှာပေါက်ခြင်း
၃-ဆံပင်စပ်တွေ၊ ပါးရိုးတွေ မှာ ပေါက်ခြင်း
အစရှိတဲ့ လက္ခဏာတွေရှိတတ်တယ်။

ကုသနည်းလမ်းအမှန်များ ကုသခြင်းများပြုလုပ်နေသော်လည်း ကောင်းသလိုဖြစ်လိုက် ပြန်ဖြစ်လိုက်ဖြစ်နေတတ်သည်။

နောက်တခု ဟိုမုန်းဝက်ခြံ ဖြစ်တဲ့ အမျိုးသမီးများရဲ့ လက်သုံးစကားတခုရှိတယ်။ အဲ့ဒါ ဘာလဲဆိုတော့
“မင်မင်ရေ သမီးအပျိုဝင်ထဲကလေ ဝက်ခြံက သမီးမျက်နှာပေါ်က မဆင်းဘူး။ တသက်လုံးကို ဖြစ်နေတာပဲ”

ကြုံဖူးရင် လက်မလေးထောင်ပြီး မန့်ခဲ့အုန်းနော် 🥰
ဘယ်လိုလုပ်ရင်ပျောက်လဲဆိုတာလဲ မန့်ခဲ့ကြအုန်းနော် 🥰

#ဝက်ခြံ
#ဟော်မုန်းဝက်ခြံ
#သားဥအိမ်အရည်အိတ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon