Know To Grow
Giving a helping hand to those who is in need.
04/03/2023
You can't control your life but you can control your reaction towards life
လူတွေအတွက်
မနက်ဖြန်ဆိုတာ မမျှော်လင့်နိုင်တဲ့
အရာတစ်ခုဖြစ်သလို
နောက်တစ်နာရီ၊ နောက်တစ်မိနှစ်၊
နောက်တစ်စက္ကန့်မှာ ကိုယ်က
ဘာမှမလုပ်ခဲ့ရင်တောင်မှ
မမျှော်လင့်ထားတဲ့ အရာတစ်ခုနဲ့
ကြုံလာရတတ်ပါတယ်။
ထိုအရာဟာ
ကောင်းတာဖြစ်နိုင်သလို
ဆိုးတာလဲ ဖြစ်နိုင်ပါတယ်။
ဘယ်သူမှ ကောင်းတဲ့ အရာတွေနဲ့ပဲ
ကြုံရပြီးတော့ ဘယ်သူမှ ဆိုးတဲ့
အရာတွေနဲ့ပဲ ကြုံရမှာ မဟုတ်ပါဘူး။
ထိုမကောင်းတဲ့ ဖြစ်ရပ်တစ်ခုကြောင့်
အကောင်းကနေ အဆိုးဖြစ်သွားနိုင်
သလို....
ထိုကောင်းတဲ့ ဖြစ်ရပ်တစ်ခုကြောင့်လဲ
အဆိုးကနေ အကောင်းဖြစ်သွားနိုင်
ပါတယ်။
ဒါပေမဲ့... ဒါကြီးဟာ အမြဲတမ်း
မှန်ပါ့မလား...
တစ်ချို့က
မကောင်းတဲ့ ဖြစ်ရပ်တစ်ခုနဲ့
ကြုံခဲ့ရ ရင်တောင်မှ
အကောင်းကနေ အဆိုး
မပြောင်းသွားပါဘူး။
လူ့လောကမှာ မကောင်းတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံလာရရင် လူတိုင်း စိတ်ဓါတ်ကျ လိမ့်မှာပဲ။
ထိုမကောင်းတဲ့ ဖြစ်ရပ်တွေသည် ကိုယ်က
'မဖြစ်ပါနဲ့' လို့ တားလို့မရတဲ့အပြင် ဆက်ပြီးဖြစ်မြဲ ဖြစ်နေအုန်းမှာပဲ။ ဒါကြောင့်ကိုယ်သည်
ကိုယ်ဘ၀အတွက် ဖြစ်ပျက်နေတဲ့အရာတွေကို
ထိမ်းချုပ်လို့ မရပါဘူး။
ကိုယ်က ထိုအရာတွေ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ထိန်းချုပ်လို့မရရင်တောင် 'ငါဘယ်လမ်းကြောင်းကို ရွေးပြီးဘယ်လိုဆက်လုပ်မလဲ' ဆိုတာကိုတော့ ထိမ်းချုပ်လို့ရပါတယ်။
ဥပမာ အားဖြင့်
သင်ဟာ သင်ရဲ့ ကောင်းလေးသော်လည်ကောင်း၊ ကောင်းမလေးသော်လည်ကောင်း သင်နဲ့ ပြတ်သွားတယ်ပဲထား
ထို case မှာ သည် 'မပြတ်ချင်ဘူး' လို့ ပြောနေရင်တောင် တစ်ခုခုကြောင့် ပြတ်သွားခဲ့ရင် ထိုတစ်ခုခု ကို သင်ထိမ်းချုပ်လို့မရပါဘူး။
ဒါဆို သင့်မှာ ဆက်ပြီးလုပ်ဖို့ နည်းလမ်း နှစ်ခုရှိပါတယ်။
၁. GYM ကို သွားမလား
၂. အိမ်မှာပဲ နေပြီး စိတ်ပြတ်လို စားချင်တာပဲ ထိုင်စားနေမလား
ထိုနှစ်ခုသည် ကိုယ်ရဲ့ ရွေးချယ်ရာလမ်းကြောင်းဖြစ်တဲ့ အတွက် သင် ထိန်းချုပ်လိုရပါတယ်။
GYM သွားမယ်လို့ ဆုံးဖြတ်လိုက်ရင် သင် အတွက် ကောင်းတဲ့လမ်းကြောင်းတစ်ခုရောက်သွားတဲ့အတွက် မကောင်းတဲ့ဖြစ်ရပ်ကြောင့်လဲ အကောင်းကနေ အဆိုးပြောင်းဖို့ဆိုတာ ဝေးသွားပါလိမ့်မယ်။
အိမ်မှာပဲနေပြီ အပြင်းကြီးနေမယ်ဆိုရင် တော့လဲ.... ကြာလာတဲ့အမျှ လူပြင်းဖြစ်သွားတာကြောင့် မကောင်းတဲ့ ဖြစ်ရပ်ကြောင့် အကောင်းကနေ အဆိုးပြောင်းသွားပါတယ်။
( ဒါပေမဲ့ လူ့ဘ၀မှ အသက်ရှင်နေတစ်ရွေ့ သင်ပြောင်းလဲ ဖို့အချိန်ရှိတယ်ဆိုတာတော့ မှတ်ထားပါ )
ဒါကြောင့်....
ကိုယ်ကတစ်ခုခုဖြစ်လို့
စိတ်ဓါတ်ကျနေရင်
ထို မှောင်မိုက်တဲ့ နေရာမှာ
အကြားကြီးမနေပဲနဲ့ ကိုယ့်ဘ၀ကို
ကိုယ် ပြန်တည်ဆောက်နိုင် စွမ်း
ရှိရင် သင်သည် ဘယ်လောက်ပဲ
အုတ်ခဲ တွေနဲ့ ပြစ်ခံရပါစေ
ဆက်ပြီ ရပ်တည်နေအုန်းမှာပါ
24/02/2023
ကိုယ်က စိတ်ဓါတ်ကျ နေတဲ့အချိန်တွေဆို
အရင်က တွန်းအား ပေးခဲ့တဲ့လူတစ်ယောက်
ရှိခဲ့ဘူးတယ်လို့ ခံစားရတယ်။ ဘယ်လောက်
ပဲ ဘ၀ကြီးက ဆိုးရွားနေပါစေ ကိုယ့်ဘေးမှာ
လူတစ်ယောက် အချိန်တိုင်း၊ နေရာတိုင်းမှာ ရှိနေတယ်လို့ ခံစားရဘူးတယ်။ ထို့အတွက်
ကြောင့် တစ်ခုခု ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ရင်တောင်
ထိုသူကြောင့် မကောင်းတဲ့ကြားထဲက အကောင်းကိုရအောင် ရှာနိုင်ဘူးတယ်။
ထိုသူက ဘယ်သူလဲလို့မေးရင် 'ကိုယ်' ပါပဲ။
ဘယ်သူတွေ ဘယ်လောက်ပဲ ပြောပြော ဆိုဆို
ဆဲဆဲ ကိုယ့်ဘေးမှာ 'ကိုယ်'ရှိနေတဲ့ အတွက်
ကိုယ့်လမ်းကို ကိုယ် ဆက်လျှောက်နိုင်တယ်။
ဒါပေမဲ့.... ကိုယ်က တစ်ခြားလူတွေရဲ့ ပါးစပ်
ထိပ်ဖျားကြောင့် ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခုကို စွန့်လွှတ်လိုက်ရရင် 'ကိုယ်'ကို စွန့်လွှတ်လိုက်ရတာနဲ့ တူတူပါပဲ။
ဘာလို့လဲဆိုတော့... တစ်ချို့လူတွေက အိမ်မက်ကို အရမ်းချစ် မြတ်နိုး တဲ့အတွက်
ကြောင့် အစွမ်းကုန် ကြိုးစားချင်စိတ်ရှိတယ်။
ဒါကြောင့် ကိုယ်က ကိုယ်နှစ်သက်တဲ့ အရာလေးကို လုပ်နေရတဲ့အတွက် ကိုယ့်'ကိုယ်'ကို ပျော်တဲ့အပြင် ချစ်လဲချစ်ခင်တယ်။
ထိုအရာတစ်ခုကို စွန့်လွှတ်လိုက်ရတဲ့ အချိန်မှာ.... ကိုယ်ဘေးမှာ တစ်ခြားလူတွေရှိနေရင်တောင် 'ကိုယ်' မရှိတော့တဲ့ အတွက်ကြောင့်... စိတ်ညစ်နေရတတ်တယ်။
ဒီလို လောကကြီးမှာ....
အမှန်ကန်ဆုံး အချစ်ဆိုတာ
ကိုယ့်'ကိုယ်'ကို ချစ်ဖို့ပါပဲ။
ကိုယ့်'ကိုယ်'မှ မချစ်ချင်ရင်....
တစ်ခြားလူကို ချစ်ဖို့ဆိုတာ တော်တော်
ခဲယဥ်းပါတယ်။
ဒါကြောင့်......
Don't let them take your soul
and
Don't let them take control
Self love is the realist love you'll ever
get in this brutal world
20/02/2023
School doesn't teach you about Life
____________________________________
အခု ဒီစာကို ဖတ်နေတဲ့ ထဲမှာ
ကျောင်းမှာ သင်သမျှ စာတွေ
သည်ကိုယ့်အတွက်နဲ့ မဆိုင်ဘူး
လို့ ထင်တဲ့လူတွေ ရှိကောင်းရှိ
ကြပါလိမ့်မယ်။
ကျောင်းတွေရဲ့ အဓိက Target က
To create the next Generation of Labourဖြစ်ပါတယ်။
Labour ဆိုတာက အရှင်းဆုံးပြောရရင်
အလုပ်သမား ပါပဲ။ အလုပ်သမားဆိုတာ
ကလဲ အမျိုးမျိုးရှိပါတယ်။ ဘယ်လောက်ပဲ
၀င်ငွေကောင်းသည်ဖြစ်စေ နည်းသည်ဖြစ်စေ
ကိုယ့်ရဲ့ အပေါ်မှာ ကိုယ့်ကို တစ်ခြားသူက 'ဒီမှာ ဒီလိုလုပ် ဒီလောက်ပေးမယ်' (work it like I talk it) ဆိုတဲ့ ပုံစံဆို သင်ဟာ Labour ပါပဲ။
ထိုကြောင့် ကျောင်းတွေရဲ အဓိက ဖြစ်စေချင်တဲ့ အရာတစ်ခုကတော့ 'အမှတ်' ကောင်းကောင်းရဖို့ ပါပဲ။ အမှတ် ကောင်းမှ governmentက ချပေးတဲ့ အလုပ်ကောင်းတစ်ခုကို ရမှာဖြစ်တယ်။ ထိုနည်းအတိုင်း ကျောင်းက Labour အနေနဲ့ ပြန်အသုံးချရတဲ့ Subject တွေကိုပဲ အမှတ်ကောင်းကောင်းရဖို့ အာရုံအပြည့်ထားခိုင်းပြီး တစ်ခြား တကယ်လူ့ဘ၀မှာလိုအပ်တဲ့ skillတွေဖြစ်တဲ့ money handling(ပိုက်ဆံကိုင်တွယ်ခြင်း), mental health(စိတ်ကျန်းမားရေ), social skill(လူမှုဆက်ဆံရေး), meditation(တရားထိုင်ခြင်း), diet(အစားအသောက်), physical fitness(ကိုယ်ခန္ဓာ ကြမ္မာရေး) တွေ တကယ်တန်း ပိုပြီးအရေးကြီးတဲ့ဟာတွေကို မေ့ထားလိုက်ပါတော့တယ်။
ကျောင်းတွေက Labour ဖြစ်လာဖို့ပဲ လုပ်ပေးနိုင်တာ ဆိုတာ နားလည်ပေမဲ့ တကယ်လို့ ကျောင်းတွေကသာ ကျွန်တော် အပေါ်မှာ ပြောသွားတဲ့ တကယ်လူ့ဘ၀မှာ အရေးကြီးတယ်ဆိုတဲ့ skillတွေကို သေသေချာချာလေး အမြစ်ကအစ ပြုစုပျိုးထောင်သွားပေးခဲ့မယ်ဆို လူတွေ ပိုပြီး
ပျော်ပျော်ပါးပါး ခိုင်ခိုင်ခံ့ခံ့ နေနိုင်မှာပါ။
စိတ်မကောင်းစွာနဲ့ပဲ.... ကျောင်းသားတွေ တော်တော်များများ su***de လုပ်ကြတာလဲ မနည်းပါဘူး။ တကယ်လို့တာ Mental Health or Physical Health နဲ့ ပတ်သက်ပြီး ကျောင်းတွေသာ သေသေချာချာ သင်ပေးခဲ့ရင် ကျောင်းသားတွေ သိန်းပေါင်းများစွာကို ကယ်တင်နိုင်ခဲ့မှာပါ....
ထိုနည်းအတိုင်း အလုပ်ခွင်ထဲရောက်ရင် လူတွေနဲ့ဘယ်လိုပြောဆို ဆက်ဆံရမလဲ ဆိုတာကို မသိထားတော့ Social skill နဲ့ပတ်သက်ပြီး မကျွမ်းကျင်တဲ့အတွက် အားငယ်ရပါတယ်...
That's why, school doesn't teach you about life and how to control it to become a valuable person. It teaches you to become the next Generation of Labour.
11/02/2023
Lil'z once said_
"ကိုယ်စခဲ့တဲ့အရာ ကိုယ်ရူးသွပ်တဲ့ အရာတစ်ခု
အတွက် တောက်ရှောက် ဆက်လိုက်
လမ်းတစ်၀က်မှာ ဖြတ်ပြီးတော့ သံသာရမဖြစ်နဲ့
အဲ့ဒါဆိုမင်း နှစ်ခါနာတယ်
ကိုယ်ဒါကြီးကို ယုံကြည်လို့ဆိုရင် ဆုံးခန်းတိုင်
အောင်လိုက် လိုက်
ကိုယ်လုပ်သမျှ အလုပ်တွေ အကုန်လုံးကို
ပျော်နေဖို့က အဓိကပဲ မပျော်ရင် အလကာပဲ"
Click here to claim your Sponsored Listing.
Category
Website
Address
Yangon