Village For Technicians

Village For Technicians

Share

နည်းပညာကိုလေ့လာလိုက်စားသည့်လူငယ်မ?

22/03/2022

WEB DESIGN & FRONT-END DESIGN COURSE❕❕
----------------------------------------------
Web Designer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုချင်သူများကို အချိန်တိုတိုအတွင်း အခြေခံကစပြီး Junior Web Designer တစ်ယောက်ဖြစ်လာနိုင်ဖို့အတွက် လက်တွေ့ Project များ ရေးနိုင်တဲ့အထိ တတ်မြောက်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။💯

ဒီသင်တန်းမှာ Photoshop ကိုအသုံးပြုပြီးတော့ Web Design Template တွေကို ကိုယ်တိုင်လက်‌တွေ့ဖန်တီးနိုင်အောင်သင်ကြား‌ပေးမယ့်အပြင် ကိုယ်ဖန်တီးထားတဲ့ Web Template တွေကို HTML, CSS, JavaScript, Bootstrap အသုံးပြုပြီးတော့ Website ရေးသားဖန်တီးခြင်းကို အခြေခံမှ စပြီး လက်တွေ့ Project များရေးသားနိုင်သည့်အထိ သင်ကြားပေးမှာဖြစ်ပါတယ်။

Web Design & Front-End Design Class တွင် သင်ကြားမည့် အကြောင်းအရာများ -
🔹HTML5
🔹CSS3
🔹Theory of Web Design
🔹Color Theory
🔹Typography
🔹 Photoshop for Web Design
🔹PSD to Coding
🔹JavaScript
🔹JQuery
🔹Grid System
🔹Bootstrap
🔹Google Fonts Embedding
🔹page Embedding on Website
🔹Google Map Embedding on Website
🔹Git and GitHub တို့ကိုသင်ကြားပေးမှာ ဖြစ်ပါတယ်။

Website တစ်ခုလုံးကို Hand Code ရေးနိုင်တဲ့အထိ သင်ကြားရမည့်အပြင်၊ ကိုယ်တိုင်ဖန်တီးထားတဲ့ Website ကို Github ပေါ် ဘယ်လိုတင်ပြီး GitHub Page အနေနဲ့ဘယ်လိုလုပ်လဲပါသင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းကြေး - 20000 ကျပ်
သင်တန်းကာလ - 6 weeks

ဘယ်လို သင်ကြားပေးမှာလဲ
သင်တန်းသားများအားလုံး Facebook Private Group ထဲမှာ သင်ကြားရမှာ ဖြစ်ပြီး သင်ခန်းစာ Video များကို Upload တင်ထားပြီးဖြစ်တာကြောင့် အချိန်မရွေး ကိုယ်အားတဲ့အချိန်တိုင်း ဝင်ရောက်လေ့လာ သင်ယူနိုင်မှာပါ။

✅HTML/ CSS နဲ့ပေါင်းပြီး Static Project တစ်ခု
✅JavaScript ကိုအသုံးပြုပြီး Mini Project တစ်ခု
✅Bootstrap ကိုအသုံးပြုပြီး Responsive Website နှစ်ခုရေးရပါမယ်။

Project based စနစ် နဲ့ သင်ကြားပေးတာမလို့ ပုံမှန်လိုက်လုပ်တဲ့သူများ အတွက်တတ်မြောက်ဖို့ အာမခံပါတယ်။

သင်တန်းတက်ရောက်လိုပါက အောက်က Send Message ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

21/11/2021

Basic Color Theory and Photoshop (ပညာဒါန)
100% Free online course
----------------------------------------
ကျွန်တော်တို့ VFT အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် Page active မဖြစ်ခဲ့တာကြာပါပြီဗျ။

ဒီနေ့မှာတော့ Village for technicians ကနေ Basic Color Theory and Photoshop (ပညာဒါန) online class ကို စလက်ခံပေးသွားပါမယ်ခင်ဗျ။

💢 ဒီ course မှာဆို Basic Color Theory နဲ့ Photoshop ကိုအသုံးပြုပြီး Web Template များကို ဘယ်လိုဖန်တီးရလဲဆိုတာကို အခြေခံကစပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။
💢 Photoshop ကိုအသုံးပြုပြီး Basic Lighting Adjustment and Color Adjustment ကိုလည်း ထည့်သွင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။
💢 Designer တစ်‌ယောက် အတွက်လိုအပ်သည့် resources များကိုလည်း sharing ပြုလုပ်ပေးသွားပါမည်။

ဘာတွေသင်ကြားပေးမှာလဲ ??

Course Details
--------------
✔ Basic Color Theory
✔ What is Wireframe?
✔ Software Installation
✔ Photoshop Basic Tools and How to use them
✔ Website Layout (Grid System)
✔ Creating Website Templates
✔ Photo Editing (Lighting and Color Adjustment)

သင်တန်းစမယ့်နေ့ - 22/11/2021
သင်တန်းကြာချိန် - (၅) ရက်

သင်ကြားမည့်ပုံစံ - Fb private group ထဲတွင် သင်ခန်းစာ videos များတင်ထားမည်ဖြစ်ပြီး အချိန်မရွေး၀င်ရောက်လေ့လာ သင်ယူနိုင်မှာဖြစ်ပါတယ်။

သင်တန်းသားများအနေနဲ့ နားမလည်တာ သိချင်တာများကိုလည်း Page Messenger သို့အချိန်မရွေးမေးမြန်နိုင်ပါတယ်ဗျ။။

သင်တန်းကိုဘယ်လို Join ရမလဲ ??
သင်တန်းကို Join ချင်တယ်ဆိုရင် -
- ဒီ page လေးကိုအရင် Like လုပ်ထားရပါမယ်။
- ပြီးရင် ဒီ Post ကို Like and Share လုပ်ပြီး Share ထားတဲ့ Screenshot လေးကို Page ရဲ့ Chat Box မှာလာပြပေးရုံပဲ။

14/01/2021

ဒီနေ့မှာတော့ ကျွန်တော်တို့ နည်းပညာရွာသူရွာသားတွေ အတွက် browser မှာသွင်းထားသင့်သည့် အသုံး၀င်တဲ့ Extensions 5 ခုအကြောင်းကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။

1. Fireshot (Screen Capture)

Fireshot လေးကတော့ Screenshot ရိုက်ပေးတဲ့ extension တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်သူ့မှာ သာမန် screenshot ရိုက်သလို visible part ပဲရိုက်လို့ရတာမျိုးမဟုတ်ပဲ web page တစ်ခုလုံးကို screenshot ရိုက်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ ရိုက်ချင်တဲ့ web page ဘယ်လောက်ရှည်ရှည် full page screenshot ရိုက်နိုင်ပါတယ်။ ရလာတဲ့ results ကိုလည်း ကျွန်တော်တို့ ကြိုက်တဲ့ format အနေနဲ့ output ထုတ်လို့ရပါတယ်။

https://chrome.google.com/webstore/detail/take-webpage-screenshots/mcbpblocgmgfnpjjppndjkmgjaogfceg?hl=en-US

2. ColorZilla

ဒုတိယ တစ်ခု ဖြစ်တဲ့ ColorZilla လေးကတော့ Color ကို pick လုပ်ပေးတဲ့ extension လေးဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ Website တစ်ခုကို ၀င်ကြည့်လိုက်လို့ ကြိုက်နှစ်သက်တဲ့ color တွေ တွေ့ရင် အဲဒီ color ရဲ့ color code တွေကို အလွယ်တကူ ပြပေးမှာဖြစ်ပါတယ်။

https://chrome.google.com/webstore/detail/colorzilla/bhlhnicpbhignbdhedgjhgdocnmhomnp?hl=en

3. Whatfont

Whatfont ဆိုတဲ့ extension လေးကတော့ အပေါ်က ColorZilla လိုမျိုးပါပဲ။ သူကတော့ website တစ်ခုကို ၀င်ကြည့်လိုက်လို့ကြိုက်နှစ်သက်တဲ့ Font ကို တွေ့ရင် ဘာ Font အမျိုးအစားသုံးထားလဲဆိုတာ ပြပေးတဲ့ extension လေးပဲဖြစ်ပါတယ်။

https://chrome.google.com/webstore/detail/whatfont/jabopobgcpjmedljpbcaablpmlmfcogm/related

4. Wappalyzer

Website တစ်ခုမှာ ဘယ်လိုနည်းပညာတွေအသုံးပြုထားလည်းဆိုတာသိချင်ရင် ဒီ extension လေးကိုသွင်းထားသင့်ပါတယ်။

https://chrome.google.com/webstore/detail/wappalyzer/gppongmhjkpfnbhagpmjfkannfbllamg

5. Adblock

Adblock ဟာဆိုရင် ကွန်ပြူတာအသုံးပြုနေတဲ့သူတိုင်း ထည့်ထားသင့်တဲ့ extension လေးဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရံဖန်ရံခါ website တွေ ဝင်ရင် ကြော်ငြာတွေ တက်တက်လာတာကို ကြုံဘူးကြမယ် ထင်ပါတယ်။ ဒီကောင်လေးကို ထည့်ထားမယ်ဆိုရင် သူ့နာမည်အတိုင်း ကြော်ငြာ အများစု ကို block ပေးသွားမှာပဲ ဖြစ်ပါတယ်။

https://chrome.google.com/webstore/detail/adblock-%E2%80%94-best-ad-blocker/gighmmpiobklfepjocnamgkkbiglidom

11/12/2020

အခုတစ်ခါမှာတော့ ကျွန်တော်တို့ နည်းပညာရွာသူရွာသားတွေ GitHub ဆိုတာဘာလဲ ဆက်လေ့လာရအောင်။ 😀😀

Git ဟာ command line နဲ့ သုံးရတာဖြစ်တဲ့အတွက် အကယ်၍ ဒီဟာက်ု မကျွမ်းကျင်သေးတဲ့သူတစ်ယောက်က သုံးမယ် ဆိုအနည်းငယ် အခက်အခဲ ကြုံနိုင်ပါတယ်။ လူဆိုတဲ့အမျိုးဟာ နည်းနည်းလေးခက်ရင်တောင် မကြိုက်တဲ့ သတ္တဝါ ဖြစ်တဲ့အညီ ပိုမိုလွယ်ကူအောင် အမြဲတီထွင်ကြံဆနေကြပါတယ်။ အဲလိုနဲ့ command line နေရာမှာ GUI နဲ့ သုံးလို့ရအောင် ကြိုးပမ်းလာကြပါတယ်။

အဲလိုနဲ့ cloud-based Git repository hosting service ဆိုပြီး ပေါ်ပေါ်လာခဲ့ပါတယ်။ အဲဒီ service က ဘယ်လိုအလုပ်လုပ်လဲ ဆိုရင် မိမိတို့ရဲ့ Master Project file ကို သူတို့ရဲ့ server မှာ သိမ်းထားပေးပါတယ်။ cloud-based ဖြစ်တဲ့ အတွက် developer တွေဟာ code တွေကို sharing လုပ်လို့ရပါတယ်။ မိမိ ကိုယ်ပိုင် project တွေကို လည်း cloud ပေါ်မှာ save ထားလို့ရပါမယ်။ အဲလို service တွေထဲ free သုံးလို့ ရတဲ့ plan တွေ ရှိသလို အခကြေးငွေ ပေးကမ်းပြီး သုံးရတာလဲရှိပါတယ်။

အဲ့လို service ပေးတဲ့ company တွေထဲမှာ GitHub က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တစ်ခြား repositories hosting platform တွေလည်းရှိပါသေးတယ်။ ( eg - Bitbucket, Gitlab )

GitHub လို cloud-based Git repository hosting service တွေရဲ့ အဓိက တာဝန်ကတော့ Developer တွေကို လွယ်ကူသက်သာ စေဖို့ နဲ့ Cloud ပေါ်မှာ File တွေသိမ်းလို့ ရအောင်ပါ။

GitHub က Git ကို အခြေခံပြီး တီထွင်ထားတဲ့ service ဖြစ်တဲ့အတွက် Distributed Version Control System လို့ အကြမ်းမျဉ်းပြောလို့ရပါတယ်။ ဒါပေမဲ့ အများစုကတော့ CVC(Collaborative Version Control) လို့ခေါ်လေ့ရှိကြတယ်။ အကယ်၍ သင် GitHub ပေါ်တင်ထားတဲ့ project ဟာ private ဖြစ်နေမယ် ဆိုရင် အဲဒီ project ပိုင်ရှင် က ခွင့်ပြုထားတဲ့သူတာ ဝင်ရောက်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ public ဖြစ်နေမယ် ဆိုရင် သင် project ကို လူတိုင်းက ကြိုက်တဲ့နေရာကနေ ကြိုက်သလို download ဆွဲပြီး ပြုပြင် ပြင်ဆင်နိုင်မှာဘဲ ဖြစ်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11111