Future Light Mm

Future Light Mm

Share

Myanmar Youth Forces

10/01/2020

မင်္ဂလာ နံနက်ခင်း လေးပါ
ကျနော် ဒီနေ့ sharing လုပ်ပေးမှာ ကတော့
Fire wall အကြောင်း ဖြစ်ပါတယ်

Firewall အကြောင်း
==============

Firewall ဆိုတာက ကျွန်တော် တို့တွေရဲ့ Computer တွေဟာ တစ်လုံးနှင့် တစ်လုံး အပြန်အလှန် Network ချိတ်ဆက်ထားပြီး မိမိတို့ရဲ့အရေးကြီးတဲ့ Data များကို Network ပေါ်ကနေ တစ်ဆင့် လက်ခံတဲ့ နေရာမှာ Attacker, Hacker နှင့် Intruder တို့ရဲ့ ဝင်ရောက် နှောက်ရှက်မှုကြောင့် မိမိတို့ရဲ့ အရေးကြီးတဲ့ Data တွေ မဆုံးရှုံးသွားအောင် ခိုးယူမှု မခံရအောင် ကာကွယ်ပေးတဲ့ နေရာမှာ အသုံးပြုရတာကို Firewall လို့ခေါ်ပါတယ်။

Firewall မှာ Hardware Firewall နှင့် Software Firewall ဆိုပြီး (၂)မျိုး ရှိပါတယ်။ Firewall ကို ကျွန်တော်တို့ တစ်တွေ ဘယ်လိုနေရာမျိုးမှာ အသုံးပြုသင့်သလဲ ဆိုရင် မိမိရဲ့ Internal Network ဖြစ်တဲ့ Private Network သည် External Network ဖြစ်တဲ့ Public Network နဲ့ချိတ်ဆက် တော့မယ်ဆိုရင် မိမိရဲ့ Private Network နှင့် Public Network နှစ်ခုရဲ့ကြားတွင် Firewall ကို အသုံးပြု သင့်ပါတယ်။ Firewall အလုပ်လုပ်တဲ့ ပုံစံကတော့ Allow နှင့် Dissallow ဆိုတဲ့ ပုံစံ(၂)မျိုး ထဲနဲ့ပဲ အလုပ်လုပ် ပါတယ်။

Firewall အမျိုးအစားများ
-----------------------------
Firewall ရဲ့ အမျိုးအစားကို (၄)မျိုး ခွဲခြားထားပါတယ်။
1. Packet Filter Firewall
2. Circuit Filter Firewall
3. Application Filter Firewall
4. State-Full Filter Firewall တို့ ဖြစ်ပါတယ်။

Firewall အမျိုးအစားတွေ ကွဲပြားသွားရတဲ့ အကြောင်းရင်းကတော့ OSI Seven Layer အလိုက် အလုပ်လုပ်တဲ့ ပုံစံပေါ် မူတည်ပြီးတော့ Firewall အမျိုးအစားတွေ ကွဲပြားသွားရခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ Firewall အမျိုးအစား(၄)မျိုး အလုပ်လုပ်တဲ့ ပုံစံကို ပြောပြပေးပါမယ်။

Packet Filter Firewall
----------------------------
Packet Filter Firewall အလုပ်လုပ်တဲ့ ပုံစံကတော့ IP Packet တွေရဲ့ Source Address နဲ့ Destination Address တွေကို စစ်ဆေးတယ်။ Firewall စစ်ဆေးတဲ့ ပုံစံက မိမိရဲ့ ACL (Access Control List) ပေါ် မူတည်ပြီး စစ်ဆေးပါတယ်။ Source Address နဲ့ Destination Address သည် မိမိရဲ့ Rule နဲ့ ကိုက်ညီမှု ရှိတယ်ဆိုရင် Allow လုပ်ခွင့်ပေးပြီး မိမိရဲ့ Rule နဲ့ ကိုက်ညီမှု မရှိရင်တော့ Disallow လုပ်ပစ် လိုက်ပါတယ်။ Packet Filter Firewall သည် OSI Seven Layer ထဲက Network Layer မှာ အလုပ်လုပ်ပါတယ်။

Circuit Filter Firewall
----------------------------
Circuit Filter Firewall အလုပ်လုပ်တဲ့ ပုံစံကတော့ Packet တွေကို စစ်ဆေးပါတယ်။ စစ်ဆေးတဲ့ နေရာမှာ မိမိရဲ့ ACL (Access Control List) ပေါ် မူတည်ပြီး စစ်ဆေးပါတယ်။ မိမိ ရဲ့ Rule နဲ့ ကိုက်ညီမှု ရှိတဲ့ Packet ကို Allow လုပ်ခွင့် ပေးပြီး မိမိရဲ့ Rule နဲ့ ကိုက်ညီမှုမရှိတဲ့ Packet ကိုတော့ Disallow လုပ်ပစ် လိုက်ပါတယ်။ Circuit Filter Firewall သည် OSI Seven Layer ထဲက Transport Layer မှာ အလုပ်လုပ် ပါတယ်။

Application Filter Firewall
---------------------------------
Application Filter Firewall အလုပ်လုပ်တဲ့ ပုံစံကတော့ Application Service တွေကို စစ်ဆေးပါတယ်။ စစ်ဆေးတဲ့ နေရာမှာ မိမိရဲ့ ACL ပေါ် မူတည်ပြီး စစ်ဆေးပေးပါတယ်။ မိမိ Rule နဲ့ ကိုက်ညီမှုရှိတဲ့ Application Service တွေကို Allow လုပ်ခွင့်ပေးပြီး မိမိရဲ့ Rule နဲ့ ကိုက်ညီမှု မရှိတဲ့ Application Service တွေကိုတော့ Disallow လုပ်ပစ်လိုက်ပါတယ်။ Application Filter Firewall သည် OSI Sever Layer ထဲက Application Layer မှာ အလုပ်လုပ် ပါတယ်။

State-Full Filter Firewall
-------------------------------
State-Full Filter Firewall ဆိုတာကတော့ Packet Filter Firewall, Circuit Filter Firewall နှင့် Application Filter Firewall (၃)ခုကို ပေါင်းစပ်ထားတဲ့ Firewall ကြီး တစ်ခုဖြစ်ပါတယ်။ ၎င်း State -Full Filter Firewall သည် မိမိရဲ့ ACL ပေါ် မူတည်ပြီး Allow လုပ်ခွင့်ပေးထားတဲ့ Application Service, Pocket နှင့် Source Address, Destination Address တို့ကို Allow လုပ်ခွင့်ပေးပြီး မိမိရဲ့ Rule နဲ့မကိုက်ညီတဲ့ အရာတွေ အားလုံးကိုတော့ Disallow လုပ်ပစ် လိုက်ပါတယ်။

Firewall ဆိုတာ ဘာလဲလို့ နားလည်သွားပြီး Firewall တွေ အမျိုးအစား ဘယ်နှစ်မျိုး ရှိတယ်ဆိုတာလဲ သိပြီဖြစ်ပါတယ်။ Firewall တွေဘယ်လို အလုပ်လုပ်တယ် ဆိုတာလဲ သိသွားပြီ ဖြစ်လို့ Firewall အကြောင်းကို ဒီမှာရပ်နား ခွင့်ပြုပါ။

Light Mm

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon