Aqua
ရေအောက်အပင်ကန်များနှင့်သက်ဆိုင်သည?
29/09/2023
🧪အပင်ကန်၏ အပင်များအတွက် Fertilizer များအကြောင်း အပိုင်း (၂)🧪
Microelements
အလွယ်ပြောရရင်း သေးငယ်တဲ့ elements ( ဒြပ်စင်)များပါဝင်ပြီး သီးသန့်လုပ်ဆောင်မှုများအတွက် ပမာဏအနည်းငယ်သာအပင်ကန်တွင် အသုံးပြုရပါသည်။ ၎င်းတို့ထဲမှ ပါဝင်သော elements( ဒြပ်စင်)များကို အောက်တွင်ဖော်ပြပေးထားပါသည်၊
ထိုဖော်ပြချက်များသည် မိမိလေ့လာတွေ့ရှိချက်များနှင့်
အင်တာနတ်စာမျက်နှာများမှအချက်အလက်များ မှီငြမ်းပြုစုထားပါသည်။
အကြောင်းအရာများအား ပုံများတွင် Caption အလိုက်ရေးသားပေးထားပါသည်။
🔰 '' မိမိသိရှိချက်များနှင့် လေ့လာတွေ့ရှိချက်များအား မျှဝေခြင်းဖြင့် အကျိုးပြုပါသည် '' 🔰
photo©Crd (internet)
21/09/2023
🦠Algae ပြသာနာဖြေရှင်းရန်အကောင်းဆုံး Chemical treatment 🦠
Algae ပြသာနာများအတွက် ကျန်တော်သိသလောက် chemical ဆေး (၃)မျိုးဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ နောက်ပိုင်းအချိန်ရလျင် အင်တာနက်မှပြန်ရှာပြီး တင်ပေးပါမည်။
Chemical ဆေး (၃)မျိုးကတော့ အောက်ပါ အမည်များဖြစ်ပါသည်။
APT Fix
2Hr Aquarist APT Fix
Dr TANK Algae Control ZYM
Dr. Tank 5 Algae Remover and Prevention Tablet နှင့်
Seachem Flourish Excel (Algae Control) တို့ဖြစ်ပါတယ်။
အခြားမသိတဲ့ ဆေးအမျိုးအစားများ ရှိလျှင်လည်း ပြောပေးနိင်ပါသည်။
(မည့်သည့် Brand များမှ sponsor မယူထားသလို့ မည့်သည်ဆေးအမျိုးအစားများကိုလည်း ကိုယ်တိုင်ရောင်းချခြင်းမရှိသောကြောင့် ဤ post ကြောင့် အထက်ပါ Brand များအပေါ် မကောင်းသက်ရောက်မှုရှိပါက post အားဖျက်ပေးပါမည်.
21/09/2023
Aquascaping layout design ideas
မြင်သမျှအရာလေးတွေကို ကန်ဘောင်ထဲ ထည့်ကြည့်ရအောင်
Photo©crd
25/07/2022
💦Aquarium အတွက် မှန်ကန်တဲ့ Filter ကို ရွေးချယ်ခြင်း💦
ကျန်တော်တို့မြန်မာစကားပုံတစ်ခုအတိုင်း “လွယ်မယောင်နဲ့ ခက် ” ဆိုသလို Filter ()များရွေးချယ်ရာမှာလည်းလွယ်မယောင်နှင့်ခက်တက်ပါသည်။ ကျန်တော်တို့အပင်ကန်နှင့်ငါးကန်များအတွက် မှန်ကန်သော filter ကိုရွေးချယ်ခြင်းသည် တစ်ခါတစ်ရံတွင် ခက်ခဲနိုင်သည်။ ဘာကြောင့်လဲဆိုတော့ ကန်တစ်ခုစတင်မလုပ်ခင် အချက်များစွာကို စစ်ဆေးရပါမယ်။ မိမိလုပ်မည့်ကန်အရွယ်အစားပေါ်မူတည်ပြီး မိမိကန်အတွက် အကောင်းဆုံး filter အမျိုးအစားနှင့် ပတ်သက်၍ လုံလောက်သော အသိပညာရှိသင့်သည်။
ကန်ထိန်းသိမ်းခြင်းနှင့် ကန်အသစ်ကို ကျန်တော်တို့ ဝယ်ယူပြီးနောက် ကန်ရေသန့်ရှင်းရေးအတွက် ပထမဦးစားပေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Filter သည် Aquarium water ၏ကြည်လင်ပြတ်သားမှုကို ထိန်းသိမ်းပေးသော အရာဖြစ်သည်။ ရေကြည်လင်မှုကို ထိန်းသိမ်းထားစဉ်တွင် ရေသည်ဇကာထဲသို့ စီးဆင်းစေပြီး ရေညှိပေါက်နိုင်ခြေကို လျော့နည်းစေသည်။ Filter အများစုသည် ဘက်တီးရီးယားများ ပေါက်ဖွားမှု၏ ကောင်းသောနေရာဖြစ်သည်။
ထိုဖော်ပြချက်များသည် မိမိလေ့လာတွေ့ရှိချက်များနှင့်အင်တာနတ်စာမျက်နှာများမှအချက်အလက်များ မှီငြမ်းပြုစုထားပါသည်။
ပုံတစ်ပုံချင်းစီတိုင်းတွင် အကြောင်းအရာများ ပါဝင်ပါသည်။
Photo - Internet
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11041