MyCrypto
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MyCrypto, Digital creator, Yangon.
ဟေ့လူတို့... မနေ့က BTC ဈေးထိုးကျသွားတဲ့ နောက်ကွယ်က တကယ့်အကြောင်းရင်းကြီး ပေါ်ထွက်လာပြီနော် 🚨
BlackRock နဲ့ ပတ်သက်နေတဲ့ ဝေလငါးကြီးတစ်ကောင်က ဒေါ်လာ ၁.၃ ဘီလီယံ ဖိုးရှိတဲ့ Bitcoin ETF တွေကို မနေ့က ကောက်ခါငင်ကာ ထုတ်ရောင်းလိုက်တာဗျ။
ဒါပေမဲ့ သူတို့က လူအများမြင်ရတဲ့ Exchange တွေပေါ်မှာ ပေါ်တင်ကြီး ရောင်းချခဲ့တာမဟုတ်ဘဲ **“dark pool”** လို့ခေါ်တဲ့ အဖွဲ့အစည်းကြီးတွေနဲ့ သူဌေးကြီးတွေ သုံးလေ့ရှိတဲ့ လျှို့ဝှက်အရောင်းအဝယ်နေရာကနေ ခိုးရောင်းသွားတာ။ ဒါမှ လက်လီသမားတွေ (Retail Traders) လှမ်းမမြင်ရမှာမို့လို့လေ။
အဲဒီလိုလည်း ရောင်းလိုက်ရော Bitcoin ဈေးက $78,000 ကနေ $76,700 ကို ၁၅ မိနစ်တည်းနဲ့ ချက်ချင်းကြီး ထိုးကျသွားပြီး 1.5% လောက် အရည်ပျော်သွားတယ်။
အဲဒီလို ရုတ်တရက် အကျကြီးကျသွားတော့ လူတွေလည်း လန့်ပြီး လိုက်ရောင်းကြတာပေါ့။ ဒါနဲ့ပဲ Daily Support ကိုပါ ဖောက်ထွက်ပြီး $75,400 အထိပါ ထပ်ကျသွားတော့တာပဲ။
> မနေ့ည တစ်ညတည်းတင် Crypto Market ရဲ့ တန်ဖိုး ၃% နီးပါးလောက် ဆုံးရှုံးသွားခဲ့ရတယ်ဗျာ။
> ဒီလောက်အထိ အကွက်ကြမ်းမယ်လို့ On-chain Analyst အတော်များများတောင် မထင်ထားကြဘူး။
* Galaxy Digital က Alex Thorn ကတော့ ဒါဟာ သူမြင်ဖူးသမျှထဲမှာ “အကြမ်းတမ်းဆုံး အဆိုးဝါးဆုံး dark pool အဝယ်အရောင်းကြီး” ပဲလို့ ဆိုပါတယ်။
* Bloomberg ရဲ့ ETF analyst ဖြစ်တဲ့ Eric Balchunas ကလည်း အဲဒီအရောင်းအော်ဒါဟာ BlackRock ရဲ့ IBIT မှာ အဲဒီနေ့က ဒုတိယအများဆုံး အရောင်းအော်ဒါထက် ၂၂ ဆတောင် ပိုကြီးနေတယ်လို့ အတည်ပြုပေးခဲ့ပါတယ်။
ကြည့်ရတာ ဒါဟာ သာမန်ကစားသမားတွေရဲ့ လက်ချက်တော့ လုံးဝမဟုတ်ဘူး။
အဖွဲ့အစည်းကြီးတစ်ခုခု ဒါမှမဟုတ် အထဲက လူကြီးတချို့ ငွေလိုလို့ ဝေလငါးကြီး level နဲ့ အကြီးအကျယ် ထုတ်ရောင်းလိုက်တဲ့ သဘောပဲ။
ဒီလို အမည်မသိ ဝေလငါးကြီးရဲ့ ခိုးရောင်းမှုကြောင့် Wall Street က Bitcoin ETF တွေပါ အကုန် အနီရောင်ပြပြီး သွေးအိုင်ထဲ နစ်သွားခဲ့ရတယ်လေ။
* မနေ့က Bitcoin ETF တွေကနေ စုစုပေါင်း စီးထွက်သွားတဲ့ ငွေပမာဏက: **-$333.6 million** တောင်ရှိတယ်။
* အဲဒီထဲမှာမှ BlackRock ရဲ့ IBIT တစ်ခုတည်းတင် **-$192.4 million** အထိ အနုတ်ပြသွားခဲ့တာ။
⚠️ ဒါဆိုရင် Traditional Finance ထဲက ငါးမန်းကြီးတွေ စျေးကွက်ထဲကနေ ပိုက်ဆံတွေ ပြန်ထုတ်နေတာ ၈ ရက် ဆက်တိုက် ရှိသွားပြီပေါ့။
အခု လောလောဆယ် အားလုံး တွေးတောနေကြတဲ့ မေးခွန်းကြီးကတော့...
ဒါဟာ သာမန် အမြတ်ထုတ်ရုံသက်သက်ပဲလား...
ဒါမှမဟုတ် အဖွဲ့အစည်းကြီးတွေက ပိုပြီးကြီးမားတဲ့ အပြောင်းအလဲတစ်ခုခုအတွက် တိတ်တဆိတ် ပြင်ဆင်နေကြတာလား... ဆိုတာပါပဲ။
⚠️ယူအေအီးက OPEC ကနေ ထွက်လိုက်တာဟာ ကမ္ဘာ့ရေနံလောကရဲ့ ဇာတ်ခုံတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်မယ့် ကိစ္စပဲ။ဈေးကွက်ထဲမှာ ဖြစ်နေတာတွေက သတင်းတစ်ပုဒ်တည်းကြောင့် မဟုတ်ဘဲ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ အဖြစ်အပျက်တွေကြောင့်ပါ။
အမေရိကန်က အီရန်ကို ဖိအားပေးနေပြီးရေနံတင်ပို့တာတွေ၊ ငွေပေးချေတာတွေနဲ့ သိုလှောင်မှုကိုပါ လိုက်ပိတ်နေတာ။အီရန်ဆီက ဈေးပေါတဲ့ရေနံကို အားကိုးနေရတဲ့ တရုတ်အတွက် အခက်တွေ့စေတယ်။Hormuz ရေလက်ကြားအပြည့်အဝ ပြန်မဖွင့်သေးတော့ ရေနံဈေးက ဆက်တက်နေတုန်းပဲ။
အဓိက အချက်ကUAE OPEC/OPEC+ ကနေ ထွက်သွားတာက အကြီးမားဆုံး အပြောင်းအလဲပဲ။
ရေတိုမှာတော့ အမေရိကန်က အီရန်နဲ့ တရုတ်ကို ဖိအားပေးဖို့အတွက် ရေနံဈေးကြီးတာကို ခဏသည်းခံနိုင်ပေမယ့်၊ ရေရှည်မှာတော့ ကုန်ဈေးနှုန်းတက်တာကြောင့် ဈေးကြီးတာကိုလက်မခံနိုင်ဘူး။
1. ထုတ်လုပ်မှု ကန့်သတ်ချက်တွေ မရှိတော့ဘူး။
2. ရေနံအလျှံပယ်ထုတ်နိုင်မယ့်အခြေအနေတွေ ပြေလည်သွားတာနဲ့ UAE က ရေနံကို အမြန်ဆုံး အလုံးအရင်းနဲ့ ထုတ်ပေးနိုင်တယ်။
3. @ရေနံဈေးကို ထိန်းချုပ်နိုင်တဲ့ OPEC ရဲ့ စွမ်းအား ကျဆင်းသွားမယ်။
ဒါဟာ အနာဂတ်မှာ ရေနံဈေးအရမ်းတက်လာရင် လျှော့ချပေးမယ့် "Supply Release Valve" (အပိုထုတ်ပေးမယ့် ထွက်ပေါက်)လို ဖြစ်လာမှာပါ။
#ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်ကို စီးဆင်းနေလဲ?
အခုချိန်မှာရင်းနှီးမြှုပ်နှံသူတွေကဒီဘက်ကို ဦးတည်နေကြတယ်:
- အမေရိကန်ဒေါ်လာ ကမ္ဘာ့အမာခံ ငွေကြေးအဖြစ် ဆက်ရှိနေတုန်းပဲ။
- US Treasuriesအသင့်အတင့်ရှိတဲ့ သက်တမ်းတွေကို ရွေးပြီးဝယ်နေကြတယ်။
- ရေနံနဲ့ စွမ်းအင်-ရေတိုအတွက်တော့ အားကောင်းနေတုန်းပဲ။
- ကနေဒါဒေါ်လာ, NOK ရေနံဈေးတက်တာကြောင့် အကျိုးအမြတ်ရနေတယ်။
- EUR ခိုင်မာတဲ့ မူဝါဒတွေကြောင့် ဆက်ပြီး အားကောင်းနေတယ်။
⚠️ရှောင်ရမယ့် အရာတွေကတော့
* တရုတ်နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေ။
* နယူးဇီလန်ဒေါ်လာ။
* ကုန်ထုတ်လုပ်မှုနဲ့ လေကြောင်းလိုင်း ရှယ်ယာတွေ။
* Crypto (ဒေါ်လာဈေးတက်ပြီး အတိုးနှုန်းတွေ မြင့်နေလို့ ငွေတွေ ပြန်ထွက်နေတယ်)။
အနှစ်ချုပ်ကြည့်ရင်
အမေရိကန်က အီရန်ကိုပဲ ဖိအားပေးနေတာ မဟုတ်ဘဲ ကမ္ဘာ့စွမ်းအင်စနစ်တစ်ခုလုံးကို ပြန်လည်ပြင်ဆင်နေတာ ဖြစ်ပါတယ်။
* အီရန်ကို ရေနံရောင်းမရအောင် လုပ်တယ်။
* တရုတ်ကို ရေနံဈေးပေါပေါ ဝယ်မရအောင် လုပ်တယ်။
* OPEC ရဲ့ ထိန်းချုပ်မှုကို လျှော့ချပစ်တယ်။
* UAE ကို လိုက်လျောညီထွေရှိတဲ့ ရေနံအရင်းအမြစ် ဖြစ်အောင်လုပ်တယ်။
* ဒေါ်လာနဲ့ အမေရိကန် ငွေတိုက်စာချုပ်တွေကို အချက်အချာအဖြစ် ဆက်ထားတယ်။
ဒါဟာ စစ်ပွဲတစ်ခုတည်းအကြောင်း မဟုတ်ဘဲ ကမ္ဘာ့စွမ်းအင်စနစ်သစ်ကို ပြန်လည်တည်ဆောက်နေတာပါ။
အခုလောလောဆယ်မှာတော့ ငွေအလုံးအရင်းဟာ ဒေါ်လာ၊ စွမ်းအင်နဲ့ ဘေးကင်းတဲ့ အရာတွေဆီ စီးဝင်နေပြီး၊ ရေနံဈေးကြီးတာကို ဒဏ်မခံနိုင်တဲ့ လုပ်ငန်းတွေနဲ့ တရုတ်ကို အားကိုးနေရတဲ့ ပိုင်ဆိုင်မှုတွေကိုတော့ လူတွေက ရှောင်နေကြပြီ ဖြစ်ပါတယ်။
ဒီမှာဗျာ၊ ၂၀၂၆ Bitcoin Conference မှာ Arthur Hayes ပြောသွားတဲ့ စိတ်ဝင်စားစရာ အချက်တွေ—
⚠️ Bitcoin ဟာ နည်းပညာစတော့ရှယ်ယာတွေ Nasdaqနဲ့အတူတူ တက်လိုက်ကျလိုက် ဖြစ်မယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ တကယ်တမ်း စစ်ပွဲတွေဖြစ်လာတဲ့အခါ Bitcoin က ပိုကြီးမားတဲ့ အချက်
တစ်ချက်ဖြစ်တဲ့ **စစ်ပွဲကြောင့်ဖြစ်တဲ့ ငွေကြေးဖောင်းပွမှု** အပေါ် စပြီးမူတည်လာတယ်။ နိုင်ငံတွေ စစ်တိုက်ပြီဆိုရင် စစ်စရိတ်အတွက် ပိုက်ဆံတွေအများကြီး လိုလာရော။ အဲ့ဒီတော့ အမြန်ဆုံးနည်းလမ်းက ပိုက်ဆံတွေ ရိုက်ထုတ်တာပဲ။ အဲ့ဒီအခါ ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာပြီး Bitcoin လို ပိုင်ဆိုင်မှုမျိုးက တန်ဖိုးတက်လာတတ်တယ်လို့ သူက ဆိုပါတယ်။
* လူတော်တော်များများက Kevin Warsh သာ Fed ဗဟိုဘဏ်မှာ အာဏာရလာရင် ပိုက်ဆံစီးဆင်းမှုကို လျှော့ချလိုက်မလားဆိုပြီး စိုးရိမ်နေကြတာ။ ဒါဟာ Bitcoin အတွက် မကောင်းဘူးလို့ ထင်ရပေမဲ့ Hayes ကတော့ အဲ့ဒါက နည်းပညာပိုင်းဆိုင်ရာ အပြောင်းအလဲလေးပဲ ဖြစ်မှာပါတဲ့။ ပိုက်ဆံတွေကို ဘဏ်စနစ်ထဲ ရွှေ့တာမျိုးပဲ လုပ်မှာမို့ စနစ်တစ်ခုလုံးမှာရှိတဲ့ ပိုက်ဆံပမာဏကတော့ အတူတူပဲ ရှိနေဦးမှာပါ။ ကြည့်ရတာတော့ ကျပ်တည်းသွားသလိုလိုနဲ့ တကယ်တမ်းတော့ ပိုက်ဆံက ရှိမြဲရှိနေမှာပဲလို့ သူက မြင်ပါတယ်။
အဓိကအချက်က အမေရိကန်အစိုးရပဲ။ သူတို့က စစ်စရိတ်နဲ့ တခြားအသုံးစရိတ်တွေအတွက် ပိုက်ဆံတွေ အများကြီး ဆက်ချေးနေရဦးမှာ။ အစိုးရက အသုံးစရိတ်တွေ အရမ်းသုံးနေသရွေ့တော့ Fed အနေနဲ့ ပိုက်ဆံစီးဆင်းမှုကို ပြင်းပြင်းထန်ထန် သွားပိတ်လို့မရဘူး (ပိတ်လိုက်ရင် စနစ်ကြီးတစ်ခုလုံး ပျက်သွားနိုင်လို့ပါ)။ အစိုးရ အကြွေးစာချုပ်တွေ ဆက်ထုတ်နိုင်အောင်လို့ Fed က စျေးကွက်ထဲမှာ ပိုက်ဆံစီးဆင်းမှု ကောင်းအောင် နောက်ကွယ်ကနေ ပံ့ပိုးပေးနေရဦးမှာပဲ ဖြစ်ပါတယ်။
အရင်လို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေက သိပ်မဝယ်ကြတော့ဘူး။ အဲ့ဒီတော့ အမေရိကန်ပြည်တွင်းက ဘဏ်တွေကပဲ ဝယ်ရတော့မယ်။ စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလိုက်တာကြောင့် ဘဏ်တွေက အစိုးရအကြွေးစာချုပ်တွေကို ပိုကိုင်ထားနိုင်လာသလို၊ ချေးငွေတွေလည်း ပိုထုတ်ပေးနိုင်လာတယ်။ စစ်ပွဲတွေ၊ AI နည်းပညာတွေနဲ့ စက်မှုလုပ်ငန်းတွေ တိုးချဲ့ဖို့အတွက် ချေးငွေလိုအပ်ချက်ကလည်း အရမ်းများနေတာလေ။ ဘဏ်တွေကလည်း အစိုးရကိုယ်တိုင်က ပြန်ဝယ်မယ့်သူ (ငွေရိုက်ထုတ်နိုင်တဲ့သူ) ဖြစ်နေတာဆိုတော့ ချေးပေးဖို့ ဝန်မလေးကြဘူးပေါ့။
ဘဏ်တွေက ချေးငွေတွေ ထုတ်ပေးတဲ့အခါ စနစ်ထဲမှာ **ငွေအသစ်တွေ** ဖန်တီးလိုက်သလို ဖြစ်သွားတာ။ ဒါဟာ ဗဟိုဘဏ်က ပိုက်ဆံရိုက်ထုတ်တာထက်တောင် ပိုပြီး အစွမ်းထက်နိုင်ပါသေးတယ်။ AI ကြောင့် အလုပ်အကိုင်တွေ လျော့သွားနိုင်တာမျိုး ရှိပေမဲ့၊ အသစ်ထွက်လာမယ့် ချေးငွေပမာဏက ပိုများနေတော့ စီးပွားရေးစနစ်က ဆက်ပြီး ကျယ်ပြန့်နေဦးမှာပဲ။ ပိုက်ဆံစီးဆင်းမှုများလာပြီဆိုရင် Bitcoin လို ပိုင်ဆိုင်မှုတွေရဲ့ စျေးနှုန်းကလည်း အလိုလို လိုက်တက်လာတော့မှာပဲ ဖြစ်ပါတယ်။
24/04/2026
🚢 အင်ဒိုနီးရှားက မလက္ကာရေလက်ကြားကို ဖြတ်တဲ့သင်္ဘောတွေဆီကနေ "ဖြတ်သန်းခ" ကောက်ဖို့ ကြံစည်နေပြီ!
ဒီရေလက်ကြားက ကမ္ဘာ့ကုန်သွယ်ရေးအတွက် တကယ့်ကို အသက်သွေးကြောပဲလေ။ တစ်နှစ်ကို သင်္ဘောအစီးရေ ၈၀,၀၀၀ ကျော် ဖြတ်သန်းနေတာ။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ သွင်းကုန်ရေနံ ၈၀%လောက်က ဒီလမ်းကြောင်းကိုပဲ သုံးနေရတာဆိုတော့ တော်တော်လေး အရေးပါတယ်လို့ ပြောလို့ရတယ်။
ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေအရ သင်္ဘောတွေဟာ ဘယ်နိုင်ငံရဲ့ တားဆီးမှုမှမရှိဘဲ လွတ်လပ်စွာ ဖြတ်သန်းခွင့်ရှိတယ်။ ဆိုလိုတာက ဘယ်နိုင်ငံကမှ သူတို့သဘောနဲ့သူတို့ ပိုက်ဆံကောက်လို့ မရဘူးပေါ့။ အဲဒီတော့ အင်ဒိုနီးရှားမှာ ဒါကို ကောက်ဖို့ တရားဝင်ဥပဒေကြောင်းအရ အခြေခိုင်ခိုင်လုံလုံ မရှိသေးဘူးဖြစ်နေတယ်။ဒါဆို ဥပဒေနဲ့မညီဘဲ ဘာလို့ ဒီလိုလုပ်ဖို့ ကြိုးစားနေတာလဲ?အင်အားကြီးနိုင်ငံတွေနဲ့ ဈေးဆစ်ချင်လို့၊နိုင်ငံတကာရေးရာမှာ အသာစီးရအောင် ဒီအချက်ကို အသုံးချချင်တာရယ်၊ပင်လယ်ပြင်လုံခြုံရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကုန်ကျစရိတ်တွေကို ကာမိအောင် တောင်းဆိုချင်တာရယ်၊ဒီလောက်သင်္ဘောတွေအများကြီး ဖြတ်နေတာပိုက်ဆံကောက်ရရင်တော့ အင်ဒိုနီးရှားအတွက် ရွှေတွင်းကြီးပဲပေါ့။
ဘယ်သူတွေက အပြင်းအထန် ကန့်ကွက်ကြမလဲ?
တရုတ်ကသူတို့ရဲ့ အဓိက အသက်ရှူပေါက်ဖြစ်တဲ့ ရေနံလမ်းကြောင်း ပိတ်သွားမှာ (ဒါမှမဟုတ်) ဈေးတက်သွားမှာကို လုံးဝ လက်ခံမှာမဟုတ်ဘူး။
ဂျပန်နဲ့ တောင်ကိုရီးယားလည်း ဒီလမ်းကြောင်းကိုပဲ အားကိုးနေရတာဆိုတော့ အထိနာမှာပဲ။အမေရိကန်ကပင်လယ်ပြင် လွတ်လပ်စွာ သွားလာခွင့်ကို ကာကွယ်ပေးပါတယ်ဆိုတဲ့ အမေရိကန်ကတော့ ဒါကို လုံးဝ သဘောတူမှာ မဟုတ်ဘူး။
ဟဲဟဲ... ကြည့်ရတာ နိုင်ငံတွေကတော့ "ပင်လယ်ပြင် စောင့်ရှောက်ရေး" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်စီ အကျိုးစီးပွားအတွက် ကစားပွဲစနေကြပြီ ထင်တယ်နော်! 😉
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11131