Aquarius Men Collection

Aquarius Men Collection

Share

အမျိုးသားတိုင်းလိုအပ်ချက်များစုဝေ?

Photos from Aquarius Men Collection's post 22/05/2022

ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်ရှင့်🙏🙏
အားလုံးပဲဂရုစိုက်ကြပါနော်

Monkeypox ရောဂါ
=============
လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းကရေးမလို့။ သိတယ်မလား? အသုံးမကျလူ့ဗာလတွေက သူတို့မသိသေးတဲ့သတင်းဦးဦးဖျားဖျားဆိုရင် ဘန်းမယ်ချည်းပဲ။

Social media အလုပ်ကိုလုပ်ပြီး ကျန်းမာရေးအသိပညာပေးနေတဲ့၊ community အကျိုးကိုဆောင်ရွက်နေသူတွေကိုဘန်းတာလောက် ပညာမဲ့တာမရှိဘူး။ အဲ့ဒီရမ်းသန်းဘန်းတာတွေကြောင့် မရေးသေးပဲစောင့်နေရတာ။

▪️Monkeypox ကဘယ်လိုဖြစ်တာလဲ❓

Monkeypox က smallpox ရေကျောက်အမျိုးအနွယ်ဝင်ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ မျောက်တွေမှာစတွေ့လို့ monkeypox လို့ခေါ်တာဖြစ်တယ်။

WHO ရဲ့အဆိုအရ ၁၉၇၀ ကစပြီး အာဖရိက (၁၁) နိုင်ငံရှိလူတွေမှာတွေ့ရပါတယ်။ ၁၉၉၆-၉၇ မှာ DRC ကွန်ဂိုနိုင်ငံမှာကူးစက်ပြန့်နှံ့ဖူးတယ်။

https://www.who.int/news-room/fact-sheets/detail/monkeypox

#အခုဖြစ်ရတဲ့အကြောင်းရင်းတစ်ခုကဒီလို။ ၁၉၈၀ လောက်က smallpox ရေကျောက်ကာကွယ်ဆေးတွေထိုးကြတယ်။ အခုနောက်ပိုင်းမှာ အဲ့လိုထိုးမှုနည်းလာလို့ ရောဂါအဖြစ်များလာတာလို့ UCLA မှ ပါမောက္ခ Anne Rimoin ကဆိုတယ်။

▪️အခုဘယ်နိုင်ငံတွေမှာတွေ့နေလဲ❓

အခု အမေရိကန်၊ စပိန်၊ ပေါ်တူဂီ၊ ယူကေနဲ့အခြားနိုင်ငံတွေမှာ တွေ့ရပါတယ်။ အမေရိကန်မှာ မေလ ၁၈ ရက်နေ့က ကနေဒါကပြန်လာတဲ့သူဆီမှာတွေ့တယ်။

ယူကေမှာ မေလ ၁၈ ရက်နေ့အထိ (၉) ယောက်တွေ့ထားတယ်။ မေလ ၆ ရက်နေ့မှာ နိုင်ဂျီးရီးယားကပြန်လာသူဆီမှာတွေ့တယ်။

ပေါ်တူဂီမှာ မေလ ၁၉ ရက်နေ့အထိ (၁၄) ယောက်မှာတွေ့ထားပြီး အယောက် (၂၀) မှာသံသယရှိနေတယ်။

စပိန်မှာလည်း ၂၃ ယောက်ကို သံသယရှိထားတယ်။

ယူကေကရော ပေါ်တူဂီက ကျန်းမာရေးအာဏာပိုင်တွေ သတိပေးထားတာက အဓိကတွေ့သူတွေဟာ ယောက်ျားချင်းလိင်ဆက်ဆံတဲ့ လိင်တူချစ်သူနဲ့ bisexual တွေမှာတွေ့ရတယ်လို့ သတိပေးထားတယ်။

▪️အခုစိုးရိမ်ရသလား❓

မစိုးရိမ်ရပါ။ monkeypox ဟာအခုကပ်လို ဖြစ်လာမှာမဟုတ်ပါ။ ကူးစက်သူအရေအတွက်နည်းပါတယ်။

monkeypox ဟာဖြစ်ခဲတဲ့ရောဂါမျိုးပါ။ များသောအားဖြင့်ရောဂါမပြင်းထန်ပါဘူး။

သို့သော်ကူးစက်နိုင်တာရယ်၊ ကူးစက်ခဲ့ရင်အန္တရာယ်ရှိတာမို့ သတိတော့ထားရပါမယ်။

မကာမကွယ်နဲ့ သတင်းပါမပို့ပဲထားရင် ရောဂါကူးစက်မှုပိုမို့ပြန့်နှံ့မှာကို စိုးရိမ်ရတယ်။

အဓိကရောဂါနှစ်မျိုး (၂) စားရှိတယ်။ Congo strain ကွန်ဂိုကရောဂါအမျိုးအစားက ပိုပြင်းထန်တယ်။ အဖိတ်အစဉ်နှုန်း (၁၀) ရာခိုင်နှုန်းအထိရှိတယ်။

West African အနောက်အာဖရိကအမျိုးအစားက အဖိတ်အစဉ် (၁) ရာနှုန်းပဲရှိတယ်။ ယူကေမှာဖြစ်နေတာ အဲ့ဒီအနောက်အာဖရိကမျိုး။

▪️ဘယ်လိုကူးစက်တာလဲ❓

အဓိက monkeypox ဗိုင်းရပ်စ်ပိုးကိုသယ်ဆောင်သူဟာ ကြွက်ဖြစ်တယ်။ မသန့်တဲ့အစားအစာစားမိတာ၊ တိရိစ္ဆာန်အကုတ်ခံရတာ၊ တိရိစ္ဆာန်အကိုက်ခံရတာတွေကနေဖြစ်တတ်တယ်။

လူလူချင်း အသက်ရှုလမ်းကြောင်းအရည်တွေထိတွေ့ရာကနေ၊ အရေပြားထိခိုက်ဒဏ်ရာကနေထိတွေ့မိပြီးလည်း ကူးစက်တတ်တယ်။

▪️ရောဂါလက္ခဏာတွေကဘာလဲ❓

ခေါင်းပြင်းပြင်းထန်ထန်ကိုက်တာ၊ ကိုယ်ပူတက်တာ၊ ခါးနာတာ၊ အကျိတ်တွေရောင်ယမ်းတာ၊ ကြွက်သားတွေနာကျင်တာ၊ အရေပြားမှာအနီကွက်တွေထကာ အဖုအပိမ့်တွေထွက်တာတွေဖြစ်မယ်။

ဖျားနာမှုက (၂) ပတ် (၃) ပတ်လောက်ကြာနိုင်တယ်။

https://www.cdc.gov/poxvirus/monkeypox/outbreak/us-outbreaks.html

အခုအချိန်အထိက မစိုးရိမ်ရသေးပေမယ့် အားလုံးသိထားရအောင်ရေးသားလိုက်ပါတယ်။


20-May-2022

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Muditar Housing(Thamine)
Yangon