City Wide

City Wide

Share

AC and MEP Maintenance Services

Photos from City Wide's post 11/05/2022

Air-Con တစ်လုံးမအေးတော့ဘူးဆိုရင်အရင်ဆုံးကြည့်သင့်တာက Air-Con Remote မှာ Function တွေမှန်မမှန် အရင်စစ်ဆေးသင့်ပါတယ်။ တစ်ခါတစ်လေမှာ အမှတ်မထင် ထိမိတာ၊ဖိမိတာ မျိုးတို့ ကလေးတွေ ယူဆော့တာမျိုးတွေ ဖြစ်ခဲ့ရင် Air-Con ဖွင့်လိုက်ရင်မအေးတာမျိုးတွေ ကြုံရတက်ပါတယ်။ အကယ်လို့ Function တွေမှားနေခဲ့ရင်တောင် ပြန်ပြင်လို့ရအောင် ဒီပို့စ်လေးကိုဝေမျှပေးလိုက်ပါတယ်။
Air-Con Remote တွေမှာ အများအားဖြင့် Model အမြင့်ပိုင်းတွေဆို Mode ခြောက်မျိုးပါဝင်ပြီး Model အနိမ့်ပိုင်းတွေဆို Mode ငါးမျိုး သာပါဝင်ပြီး တစ်ချို့ အမျိုးအစားတွေဆို Mode သုံးမျိုးသာ ပါဝင်ကြပါတယ်။
ကျွန်တော်အခုပြောြပမယ့် Air-Con remote ကတော့ Mode ခုနှစ် မျိုးပါတဲ့ Remote Controller အကြောင်းပါ။
Timer Setting သည်မည်သည့် Remote တွင်မဆိုပါဝင်ပြီး Timer Setting အလုပ်လုပ်ပုံ ကိုလည်းဖြည့်စွက်ဖော်ြပထားပေးပါသည်။
*Cool Mode*
Cool mode ဆိုသည်မှာ air-con compressor ကိုဖွင့်ခြင်းနှင့် အခန်းထဲသို့ လေအေးရောက်ရှိစေရန် အသုံးပြုသော mode ဖြစ်ပါသည်။ အသုံးများသော mode ဖြစ်ပြီး ထို mode သည် အခန်းတွင်း လိုအပ်သော အပူချိန်ကိုချိန်ညှိနိုင်ပါသည်။ Fan Speed အားလည်း လိုအပ်သလိုချိန်ညှိ အသုံးပြုနိုင်ပါသည်။ Cool mode position ၌ outdoor fan motor, compressor နှင့် indoor fan motor ပါအားလုံးလည်ပတ်နေပါလိမ့်မည်။ Drain pipe သည်လည်းရေကျနေပေမည်။
*Fan Mode*
Fan mode ကို on လိုက်ပါက AC indoor unit ရှိ line flow fan ကိုသာလည်နေစေမည်ဖြစ်ပြီး outdoor unit compressor နှင့် outdoor unit fan motor လည်မည်မဟုတ်ပါ။ တနည်းအားဖြင့် fan mode အား on လိုက်ပါက Fan သာလျှင်လည်နေမည်ဖြစ်၍ cool mode ကဲ့သို့လေအေးများ indoor unit မှ ထွက်လာမည်မဟုတ်ပါ။ Fan speed အားလည်း လိုအပ်သလို အတင်အချ ပြုလုပ်နိုင်ပါသည်။ Drain Pipe တွင်ရေကျမည် မဟုတ်ပါ။
*Dry Mode*
Dry mode ကို စိုထိုင်းသော ပတ်ဝန်းကျင်ရှိသည့်အခြေအနေများ ဥပမာ မိုးတွင်းကဲ့သို့ ပတ်ဝန်းကျင်တွင် ရေခိုးရေငွေ့များ များပြားစွာ ရှိနေသော အချိန်များတွင် အသုံးပြုပါသည်။ အထူးသဖြင့် စိုစွတ်သောနေ့ဖြစ်သော်လည်း အလွန်ပူပြင်းလွန်းသည့်အခြေအနေများတွင် ဤ mode ကို အသုံးပြုသင့်ပါသည်။ Dry mode သည် အခန်းတွင်းရှိ စိုထိုင်းဆကို ဖယ်ရှားပြီး တစ်ချိန်တည်းမှာပင် Fan သည် အနှေး၊ အမြန်နှုန်းဖြင့် အမြဲတမ်း ပြောင်းလဲ လုပ်ဆောင်နေပါမည်။ AC ၏အတွင်းပိုင်း ရှိ စိုထိုင်းဆအာရုံခံ sensor သည်အခန်းအတွင်းရှိ စိုထိုင်းဆကို sensing ပြုလုပ်နေမည်ဖြစ်ပြီး အခန်းအတွင်း စိုထိုင်းဆများလာပါက compressor ကို ရပ်စေမည် ဖြစ်ပါသည်။ Indoor Evaporator Coil အား ပိုမိုခြောက်သွေ့စေပြီး အခန်းတွင်းရှိ ရေခိုးရေငွေ့များအား ဖယ်ရှားပေးပါမည်။ Drain pipe မှ ‌ရေကျနေပါမည်။
*Heat mode*
ဒီ mode မှာ air-con unit Refrigerant စီးဆင်းမှု ပြောင်းပြန်ဖြစ်သွားပါမည်။ ဆိုလိုသည်မှာ fan coil unit မှ လေအေးအစား ပူနွေးသောလေများထွက်လာပါမည်။ air-con outdoor unit တွင်မှု လေအေးများ ထုတ်ပေးမည် ဖြစ်သည်။ တစ်နည်းအားဖြင့် Fan coil unit သည် condenser အဖြစ် လုပ်ဆောင်၍ outdoor unit သည် evaporator အဖြစ် လုပ်ဆောင် ပေးမည် ဖြစ်ပါသည်။ Refrigeration cycle ၌ refrigerant flow ပြောင်းလဲ သွားပြီး High temperature နှင့် High pressure gas သည် compressor မှ ထွက်ထွက်ချင်း Evaporator coil အတွင်းသို့ တိုက်ရိုက် ဝင်စေပါမည်။ ၎င်း mode ကိုအလွန်အေးသော ဆောင်းတွင်း ကာလာ(မြန်မာနိုင်ငံမပါ :D) များတွင် သုံးပါသည်။
*Auto Mode*
Cool Mode နှင့် အလားတူပင်ဖြစ်ပါသည်။ ဤ mode သည် သတ်မှတ်ထားသော အပူချိန်ကို ရရှိရန် နှင့် ထို အပူချိန်ကို ထိန်းသိမ်းရန် လုပ်ဆောင်ပါသည်။ Auto mode တွင် Air-Con သည် compressor နှင့် Fan အမြန်နှုန်းကို လက်ရှိအခန်းအပူချိန်နှင့် အလိုအလျောက်ညှိပေးသည်။ Setting ပြုလုပ်ထားသောအပူချိန်ကို ရရှိသည်နှင့် တပြိုင်နက် compressor ကိုပိတ်ပြီးပန်ကာ၏အမြန်နှုန်းကိုလည်း AC မှအလိုအလျောက်ညှိပေးသည်။ အခန်းအတွင်း အပူချိန်သည် သတ်မှတ်ထားသောအပူချိန်မှ ပြောင်းလဲသွားသည်နှင့် တပြိုင်နက် compressor ကို ပြန်လည်စေပြီး indoor fan ကိုလည်း fan speed မြှင့်ကာလိုချင်သောအပူချိန်ကို Auto ထိန်းညှိပေးပါသည်။ Drain pipe ၌ရေကျနေပါမည်။
*Eco Mode*
ECO-Mode သည် လိုချင်သောအပူချိန်ကိုရရှိရန် စွမ်းအင်အနည်းဆုံး အသုံးပြု၍ compressor နှင့် ပန်ကာကို လည်စေခြင်းဖြစ်ပါသည်။ AC သည်သတ်မှတ်ထားသော အပူချိန်ရောက်သောအခါ compressor ကို ပိတ်ထားသော်လည်း ပန်ကာ၏ အမြန်နှုန်းကို အခန်းတွင်းအပူချိန်အလိုက် အနှေး အမြန် အလိုအလျောက် အလုပ်လုပ်နေပါမည်။ တနည်းအားဖြင့် Eco-mode သည် Setting temp ရောက်စေရန် energy ကို အနဲဆုံးအသုံးပြု၍ လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။ အခန်းအတွင်း လိုချင်သော Temperature ထက် 2 °C ခန့်မြှင့်၍ လည်ပတ်ပေးနေမည်ဖြစ်ပါသည်။
*Turbo Mode*
Turbo-mode သည် Eco mode နှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည်။ အချိန်တိုအတွင်း လိုချင်သောအပူချိန်ရရှိရန် Energy အများဆုံး အသုံးပြုလုပ်ဆောင်ပေးပါသည်။ ဒီ mode တွင် compressor နဲ့ Indoor fan သည် High speed ဖြင့်အပြည့်အဝလည်ပတ်ပါမည်။ Turbo mode သည်အချိန်အားဖြင့် မိနစ် ၂၀ ခန့်သာအသုံးပြုနိုင်ပါသည်။ ၎င်းသည်အလွန်ပူသောအချိန်များတွင် အသုံးပြုနိုင်ပြီး အချိန်တိုအတွင်း အခန်းတွင်း အပူချိန်ကို ချပေးနိုင်ပါမည်။
*Time setting*
Remote controller များ၌ပါဝင်သော Timer setting ကို မပြုလုပ်မှီ ဓာတ်ခဲအားကောင်း မကောင်း စစ်ဆေး၍ clock setting အားဦးစွာ နာရီတိုက်ပါ။ ပထမဆုံးအနေဖြင့် မိမိ Air-con အားစတင်လည်ပတ်လိုသောအချိန်ကို setting ပြုလုပ်ပါ။ ထို့နောက် On-timer ကိုနိပ်၍ နာရီ၊ မိနစ်များရိုက်ပါ။ Up or Down Key ဖြင့် နာရီ၊ မိနစ်များကို setting ပြုလုပ်နိုင်ပါသည်။ မိမိလိုချင်သော နာရီ၊ မိနစ်၌ စက်အားပိတ်စေလိုပါကလည်း off-timer ကိုနှိပ်ပြီး Up or Down Key ဖြင့် နာရီ၊ မိနစ်များကို setting ပြုလုပ်နိုင်ပါသည်။ ထို setting များကို အသုံးမပြုလိုတော့လျှင်လည်း Cancel ပြုလုပ်နိုင်၍ timer ကိုပိတ်ထားနိုင်ပါသည်။ အချို့စက်များသည် 12-hr timer ပြုလုပ်နိုင်၍ အချို့မှာ 24-hr Timer ပြုလုပ်နိုင်ပါသည်။
အ‌ပေါ်ကအ‌ကြောင်းအရာတွေးအားလုံးသည် Remote controller တွင် Mode ဘယ်လောက်ပါပါ Cool Mode, Dry Mode, Fan Mode အားလုံးသည် အတူတူပဲ ဖြစ်ပါသည်။

27/04/2022

🎈🎈🎈 # မိုးရာသီအထူးပရိုမိုးရှင်း 🎈🎈🎈
မိုးရာသီဆိုပေမယ့် မနက်အိပ်ရာထတိုင်း ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် ချွေးစီးတွေထွက်၊ ပူအိုက်စက်စက် ဖြစ်နေရပြီး နေ့တစ်နေ့ရဲ့အစမှာ ရုန်းကန်လှုပ်ရှားရတဲ့ သင့်ရဲ့ပင်ပန်းမှုတွေကို လျော့ကျစေဖို့ အရည်းသွေးကောင်းတဲ့ Air-Con များကို ကျွန်တော်တို့ City Wide မိသားစုမှ အထူးသက်သာတဲ့စျေးနှုန်းဖြင့်
ရောင်းချပေးနေပါြပီး။ ကျွန်တော်တို့ City Wide မှ Air-Con ဝယ်ယူရာတွင် မိမိတို့ကြိုက်နှစ်သက်ရာ Package ကို Promotion ကာလအတွင်း စျေးနှုန်းချိုသာစွာဖြင့်ရောင်းချတပ်ဆင်ပေးနေပါသည်။
Promotion Package
Package 1
Air-con (Split Type Unit) နှစ်လုံးဝယ်ယူခြင်းများအတွက်
- စက်၊ဆက်စပ်ပစ္စည်း နှင့် တပ်ဆင်ခအပြီးအစီး 3% အထူးလျော့စျေး
- စက်အသစ်ဝယ်ယူပြီး ထပ်စောင်းဝန်ဆောင်မှုအနေဖြင့် အခမဲ့ နှစ်ကြိမ်စစ်ဆေးပေးခြင်း၊ဆေးကြောပေးခြင်းများ ပြုလုပ်ပေးနေပါသည် (Gas ဖြည့်ခြင်းနှင့် စက်ပြုပြင်ခြင်းများမပါရှိပါ)
Package 2
Air-con (Split Type Unit) နှစ်လုံးဝယ်ယူခြင်းများအတွက်
- စက်၊ဆက်စပ်ပစ္စည်း နှင့် တပ်ဆင်ခအပြီးအစီး 3% အထူးလျော့စျေး
- စက်အသစ်ဝယ်ယူပြီး ထပ်စောင်းဝန်ဆောင်မှုအနေဖြင့် အခမဲ့ နှစ်ကြိမ်စစ်ဆေးပေးခြင်း၊ဆေးကြောပေးခြင်းများ ပြုလုပ်ပေးနေပါသည် (Gas ဖြည့်ခြင်းနှင့် စက်ပြုပြင်ခြင်းများမပါရှိပါ)
Package 3
Air-con (Split Type Unit) နှစ်လုံးဝယ်ယူခြင်းများအတွက်
- စက်၊ဆက်စပ်ပစ္စည်း နှင့် တပ်ဆင်ခအပြီးအစီး 3% အထူးလျော့စျေး
- စက်အသစ်ဝယ်ယူပြီး ထပ်စောင်းဝန်ဆောင်မှုအနေဖြင့် အခမဲ့ နှစ်ကြိမ်စစ်ဆေးပေးခြင်း၊ဆေးကြောပေးခြင်းများ ပြုလုပ်ပေးနေပါသည် (Gas ဖြည့်ခြင်းနှင့် စက်ပြုပြင်ခြင်းများမပါရှိပါ)

🔴🔴🔴 #ပရိုမိုးရှင်းကာလ 🔴🔴🔴
(25.4.2022) မှ (31.5.2022) အထိသာ
အချိန်အကန့်အသတ်နဲ့ဆိုတော့ အမြန်ဆုံးလာရောက် အားပေးကြဖို့ ကျွန်တော်တို့ City Wide မိသားစုကနေဖိတ် ခေါ်ပါရစေ။

Customer Services
# AirCon installation/inspection/servicing/repair
# Elecetrical cabling/inspection/repair
# Breaker & Main Panels installation/inspection/repair
# Plumbing & Sanitary pipes inspection/repair
# Water purifier’s installation/inspection
# Water pump installation/inspection
# Kitchen/Toilet exhaust servicing
# Earthing and LPS system installation
# Fire Protection and Fighting Systems inspection/repair

အထက်ပါဝန်ဆောင်မှုမျိုးစုံကို မိတ်ဆွေတို့ အဆင်ပြေတဲ့ ငွေသားနဲ့ပဲဖြစ်ဖြစ်၊ Banking နဲ့ပဲဖြစ်ဖြစ် ပေးချေဝယ်ယူလို့ရပါပီခင်ဗျာ၊ Banking ဖြင့် ငွေပေးချေလိုပါက % လုံးဝပေးစရာမလိုဘဲ 100% Banking ဖြင့်ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာ
Banking - (Yoma,KBZ,AYA)

ဝယ်ယူအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။🙏🙏🙏

========================

ှင့် အခြားဝန်ဆောင်မှုများအား စုံစမ်းမေးမြန်းလိုပါကဆက်သွယ်ဝယ်ယူရန်
☎️ 09 777990688, 09 400550868
Ground Floor, Building CL2, Cityloft, Star City,
Thanlyin Township, Yangon
Call Center: 8:00 AM – 6:00 PM (everyday)
Service Time: 8:30 AM – 5:30 PM (Monday to Friday)
We also coordinate important services outside office hours.

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Ground Floor, Building CL2, City Loft, Star City, Thanlyan Township
Yangon

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30