Hay Mon Books

Hay Mon Books

Share

ကလေးများအတွက် အဘိဓာန်၊ ကာတွန်း၊ ရုပ်ပြ၊ ပုံပြင်၊ သုတစာအုပ်များ

Photos from Hay Mon Books's post 30/10/2024

ကာတွန်းသန်းကြွယ်၏ ကာတွန်းများ (၄)

ကြောင်ဖြူမယ်နှင့် တေဇတို့အတွက် ဇာတ်လမ်းများ
ရောင်းဈေး ၁၈၀၀ ကျပ်
***

မိပျင်းလေး မပိုးဖြူနှင့် တေဇတို့အတွက် ဇာတ်လမ်းများ
ရောင်းဈေး ၂၇၀၀ ကျပ်

စာမျက်နှာ ၈၄ မျက်နှာ
၁၆ x ၂၁ စင်တီမီတာ
(မဂ္ဂဇင်းစာအုပ်အရွယ်)

ယခင် တေဇရုပ်စုံတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ ကာတွန်းဆရာကြီး ဦးသန်းကြွယ်ရဲ့ ကာတွန်းဇာတ်လမ်းတွေကို စုစည်းပြီး စာမျက်နှာ ၈၄ ပါ စာအုပ်ပါးလေးတွေ အနေနဲ့ ပြန်လည် ထုတ်ဝေထားပါတယ်။

******
စာအုပ်မှာယူလိုလျှင် messenger မှတဆင့်
အမည်နှင့် လိပ်စာပေးပြီး မှာယူနိုင်ပါသည်။

http://m.me/haymonbooks

Photos from Hay Mon Books's post 13/10/2024

ကင်းထောက်လူငယ် လက်စွဲစာအုပ်

ကင်းထောက်တွေ သာမကာ ကျောင်းသားလူငယ်တိုင်း သိထားသင့်တဲ့ အကြောင်းအရာတွေ၊ ရှိထားသင့်တဲ့ စွမ်းရည်တွေကို လေ့လာနိုင်မဲ့ စာအုပ်ဖြစ်ပါတယ်။

ငလျင်၊ မုန်တိုင်း၊ ရေဘေး စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ၊ မီးလောင်၊ ကားတိုက်၊ ရေနစ် စတဲ့ အရေးပေါ် အခြေအနေတွေ ကြုံလာတဲ့အခါမှာ ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကြိုတင်ပြင်ဆင်ထားရမဲ့ ပစ္စည်တွေ၊ လုပ်ဆောင်ရမဲ့ လုပ်ငန်းတွေ၊ အသက်ဆက်လက် ရှင်သန်နိုင်အောင် ဆောင်ရွက်ရမဲ့ နည်းလမ်းတွေ၊ အခြေခံ ရှေးဦးပြုစုနည်းတွေကို ရောင်စုံ သရုပ်ဖော်ပုံတွေနဲ့ ရှင်းလင်း ဖော်ပြပေးထားပါတယ်။ လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကိုလဲ တစ်ဆင့်ချင်း ရှင်းပြပေးထားပါတယ်။

ကျောင်းသားတိုင်း၊ လူငယ်တိုင်း၊ အိမ်တိုင်း၊ စာကြည့်တိုက်တိုင်း ဆောင်ထားသင့်တဲ့ စာအုပ်ဖြစ်ပါတယ်။
ရောင်စုံ စာမျက်နှာ ၁၃၂ ပါပြီး ရောင်းဈေး ၈၀၀၀ ကျပ်ပါ။

******
စာအုပ်မှာယူလိုလျှင် messenger မှတဆင့်
အမည်နှင့် လိပ်စာပေးပြီး မှာယူနိုင်ပါသည်။

http://m.me/haymonbooks

Photos from Hay Mon Books's post 07/06/2024

“ကလေးတွေ ဖတ်ဖို့ ကမ္ဘာအကြောင်းနှင့် မြေပုံစာအုပ်များ”

မိမိတို့ ဘယ်နေရာမှာ နေတယ်၊ အခြားနေရာကို ဘယ်လိုဘယ်ပုံသွားကြောင်း သိဖို့ မြေပုံဟာ လိုတာပေါ့။
ကမ္ဘာကြီးက ဘယ်လိုပုံစံနဲ့ ဘာကြောင့်ဖြစ်လာရလဲဆိုတာကို သိဖို့၊ ကမ္ဘာမြေကြီးရဲ့သဘာဝစနစ်နဲ့ လူ့အဖွဲ့စည်း ဘယ်လိုအကျိူးသက်ရောက်မှုရှိတယ်ဆိုတာကို နားလည်ဖို့ ကမ္ဘာကြီးအကြောင်းသိထားဖို့ လိုတာပေါ့။
မြေပုံ အခြေခံသဘော၊ ကမ္ဘာကြီး ဖွဲ့စည်းပုံ၊ ကမ္ဘာမြေသမိုင်းကြောင်း၊ ပြောင်းလဲပုံ၊ နေထိုင်ကြတဲ့ လူတွေအပါအဝင် ကမ္ဘာပေါ်ရှိ တိုက်ကြီးတွေနဲ့ နိုင်ငံတွေ၊ အထင်ကရနေရာတွေ၊ ထူးခြားတဲ့ ဒေသနဲ့ သိမှတ်စရာ အချက်အလက်တွေ၊ အကြောင်းအရာတွေကို ရှာဖွေလေ့လာနိုင်မယ့် စာအုပ်လေးတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

📌စာအုပ်မှာယူလိုပါ messenger မှတဆင့် အမည်နှင့် လိပ်စာပေးပြီး မှာယူနိုင်ပါတယ်။
http://m.me/haymonbooks


& Atlas

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Pinlon Road, North Dagon
Yangon
11421