Happy Trio
Tarot reader/ Life coach It is depend on size and types!
17/04/2026
“ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်း၊ နမိတ်ထွန်းတယ်” ဆိုတဲ့စကားကို ရှေးလူကြီးတွေပြောခဲ့တဲ့အတိုင်း နေ့စဉ်ဘဝမှာ ကောင်းသောစကားများပြောကြားခြင်းသည် ကောင်းသောအရာများကို သယ်ဆောင်လာပေးတာကို ကျွန်မဘဝမှာသေချာ လေ့လာသတိထားမိပါတယ်။ ဒါကြောင့် ကံသုံးပါးဖြစ်တဲ့ ( ကိုယ်၊ စိတ်၊ နှလုံး) ကိုကောင်းမွန်အောင်အတတ်နိုင်ဆုံးထိန်းသိမ်းဖြစ်တယ်။
တခါ စိတ်ပညာအရလည်း "နိမိတ်ကောင်းရင် ကောင်းတာဖြစ်မယ်" ဆိုပြီး ယုံကြည်မျှော်လင့်ထားတဲ့အခါ စိတ်က ကြည်လင်နေပါတယ်။ အဲဒီလို အကောင်းမြင်စိတ်ရှိတဲ့အခါ ဦးနှောက်ကလည်း ကောင်းတဲ့ အခွင့်အလမ်းတွေကို ပိုပြီး မြင်လွယ်၊ ဖမ်းဆုပ်လွယ်လာပါတယ်။ စိတ်ပညာမှာ ဒါကို ကိုယ်ယုံကြည်တဲ့အတိုင်း လက်တွေ့ဖြစ်လာခြင်း (Self-fulfilling prophecy) လို့လည်း သတ်မှတ်ကြပါတယ်။
ကိုယ့်ရဲ့ ကိုယ်၊ နှုတ်၊ စိတ်ကို ကောင်းအောင် အမြဲထိန်းသိမ်းထားသူဟာ ပတ်ဝန်းကျင်ကို အေးချမ်းမှုပေးနိုင်ပါတယ်။အပြင်ကလာတဲ့ အတိတ်နိမိတ်တွေအပေါ် ယုံကြည်မှုထားသလို၊ ကိုယ့်ရဲ့ အတွင်းစိတ်ကနေလည်း အကောင်းဆုံးသော အကြောင်းတရားတွေကို တည်ဆောက်နေခြင်းဖြင့် ပိုမိုတိုးတက်ကောင်းမွန်တဲ့ ဘဝတွေကိုပိုင်ဆိုင်ကြပါစေ ရှင်။
Happy Trio
နှစ်ဆန်း-၁ရက် ၊ ၁၃၈၈
16/04/2026
💦 ပျော်ရွှင်ချမ်းမြေ့ဖွယ် မြန်မာနှစ်သစ်ကူးအခါသမယလေး ဖြစ်ပါစေရှင် 💦
🌼 မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်မင်္ဂလာအခါသမယလေးမှာ Happy Trio ရဲ့ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
ချစ်ခြင်းဖြင့်...
Happy Trio
08/03/2026
International women day မှာ ကမ္ဘာကအသိအမှတ်ပြုလေးစားရတဲ့ အမျိုးသမီးကြီးကို သတိရမိသလို ကမ္ဘာပေါ်မှာ ကျား၊မဆိုတဲ့ gender ခွဲခြားပြီးဆက်ဆံမှုတွေမရှိဘဲ အခွင့်အရေးတန်းတူ သာတူညီမျှထားနိုင်ကြပါစေလို့ ဆုတောင်းရင်း …
အရည်အချင်းရှိသော၊ တန်ဖိုးမြင့်သော၊ အတွေးအခေါ် စိတ်သဘောထား မြင့်သော၊ ထူးချွန်ထက်မြက်သောအမျိုးသမီးတွေသာမကပဲ…
အမျိုးသမီးတိုင်း၊ မိန်းမတိုင်း ရသင့်သောအခွင့်အရေးများရကြပါစေ….
တန်ဖိုးထားဆက်ဆံတတ်သော ပတ်ဝန်းကျင်နဲ့ဆုံတွေ့နိုင်ပါစေ လို့….
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Soi Winittchai, Sutthisan
Yangon
10310