Baby Boo Myanmar
အရည်အသွေးကောင်းမွန်သော ကလေးအဝတ်အထည်များကိုသာ ချိုသာသောစျေးနှုန်းဖြင့်ရောင်းချပေးပါသည်၊၊
28/05/2026
တရုတ်နိုင်ငံမှာ လူပြောများတဲ့ စကားတစ်ခုရှိပါတယ်…
“ငါတို့ အသက်ကြီးသွားတဲ့အခါ ကိုယ့်နားမှာ ရှိနေမှာက ပြုစုစောင့်ရှောက်ရေးဝန်ထမ်းတွေ ဒါမှမဟုတ် စက်ရုပ်တွေပဲ ဖြစ်ဖို့များတယ်။ အရည်အချင်းရှိတဲ့ ကလေးတွေကတော့ ကိုယ့်အနားမှာ ရှိနေမှာမဟုတ်ဘူး" တဲ့။
ဒါကြောင့် ကလေးမွေးတယ်ဆိုတာ အိုဇာတာ ကောင်းဖို့အတွက်တင်မဟုတ်သလို မျိုးရိုးဆက်ခံဖို့ ဒါမှမဟုတ် အိမ်မှာ ဆက်ခံမယ့် အမွေရှိလို့လည်း မဟုတ်ပါဘူး။ ဒါဆိုရင် ကလေးတစ်ယောက်ကို မွေးမြူရခြင်းရဲ့ အကောင်းဆုံး အဓိပ္ပာယ်က ဘာလဲဆိုရင်…
“သက်ရှိတစ်ခုရဲ့ ကြီးထွားလာမှုကို ကိုယ်တိုင် မြင်တွေ့ခွင့်ရပြီး ဘေးကနေ အဖော်ပြုပေးခွင့်ရခြင်း" ပဲ ဖြစ်ပါတယ်။
🩷မျှော်လင့်ချက်တွေနဲ့ မိခင်ဘဝ🩷
ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်တုန်းကတော့ "ဒီကလေးလေး ကျန်းမာပျော်ရွှင်ရင် ရပြီ" လို့ပဲ တွေးခဲ့တာ။ ဒါပေမဲ့ ကလေးမွေးလာပြီး ကြီးလာတော့ "ငါ့ကလေးလေးက ရုပ်ချောရင် ကောင်းမှာပဲ" လို့ ထပ်တွေးမိပြန်ရော။ ကလေး စကားပြောတတ်လာပြန်တော့လည်း "သူ ဉာဏ်ကောင်းရင် ကောင်းမှာပဲ" လို့ လိုချင်မိပြန်တယ်။ ကလေး ကျောပိုးအိတ်လေးလွယ်ပြီး ကျောင်းတက်ရတဲ့အခါကျတော့လည်း "ငါ့သားလေး (သမီးလေး) စာတော်တဲ့သူ ဖြစ်ပါ့မလား" ဆိုပြီး တွေးမိပြန်ရော။
ကျွန်မတို့တွေက ကလေးအပေါ်မှာ မျှော်လင့်ချက်တွေ၊ တောင်းဆိုမှုတွေ အများကြီး ရှိခဲ့ကြပေမယ့်၊ ကလေးကတော့ ကျွန်မတို့ကို သူ့ရဲ့မိဘအဖြစ် မျှော်လင့်ချက်မထားပဲရွေးချယ်ခဲ့တာပါ။
🩵ကောင်းကင်ဘုံက ကလေးငယ်များ🩵
စိတ်လှုပ်ရှားစရာ ပုံပြင်လေးတစ်ပုဒ် ရှိပါတယ်။
“ကလေးတွေဆိုတာ ကောင်းကင်ဘုံက နတ်သမီး/နတ်သားလေးတွေပေါ့။ သူတို့က ကောင်းကင်ပေါ်ကနေ အောက်ကမေမေတွေကို လှမ်းရှာကြတာ။ ပြီးတော့မှ ကိုယ်သဘောကျတဲ့ မေမေတစ်ယောက်ကို ရွေးချယ်လိုက်ကြတာ။ သူတို့က မေမေ ရုပ်ချောလား၊ ဉာဏ်ကောင်းလား၊ ပိုက်ဆံချမ်းသာလားဆိုတာတွေကို လုံးဝ မရွေးချယ်ခဲ့ကြဘူး” တဲ့။
အချိန်တွေ ကုန်ဆုံးသွားတဲ့အခါ…
မျက်စိတစ်မှိတ်အတွင်းမှာပဲ ကလေးက အရွယ်ရောက်သွားပါပြီ။ ငယ်ငယ်တုန်းကတော့ ကိုယ့်အပေါ် အရမ်းကပ်ပြီး ချစ်ခဲ့ပေမယ့် ကြီးလာတဲ့အခါ ကိုယ်က စကားတစ်ခွန်းပြောရင် သူက ပြန်တောင် မပြောချင်တော့ဘူး။ ကိုယ်က စကားစရှာပြီး လှမ်းပြောရင်တောင် ကိုယ့်ကို ခေတ်နောက်ကျလိုက်တာဆိုပြီး စကား ဆက်မပြောချင်ကြတော့ပါဘူး။
တကယ်တော့ ကိုယ့်နားမှာ ကလေးရှိနေမယ့် အချိန်ဆိုတာ အရမ်းကို တိုတောင်းလှပါတယ်။ ဒါကြောင့် ကလေးနဲ့အတူ ရှိနေပေးရမယ့် အချိန်တွေကို တန်ဖိုးထားပါ။ ကလေး ကြီးပြင်းလာမှုကို စောင့်ကြည့်ပေးရမယ့် အချိန်တွေကို နှမြောပါ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက လူငယ်တစ်ယောက် ဖြစ်သွားပြီး၊ ကျွန်မတို့ခေါင်းပေါ်မှာလည်း ဆံပင်ဖြူတွေ အပြည့် ဖြစ်နေပါလိမ့်မယ်။ အတိတ်ကို ပြန်လှည့်ကြည့်ပြီး လွမ်းစရာဆိုလို့အဲဒီ လှပတဲ့ အချိန်လေးတွေပဲ ကျန်ရှိတော့မှာပါ။
ဒါကြောင့် ကလေးတစ်ယောက်ကို မွေးမြူခြင်းရဲ့ အဓိပ္ပာယ်ဟာ”သက်ရှိတစ်ခုရဲ့ ကြီးထွားလာမှုကို ကိုယ်တိုင် မြင်တွေ့ခွင့်ရပြီး ဘေးကနေ အဖော်ပြုပေးခွင့်ရခြင်း" ပဲ ဖြစ်ပါတယ်။
#မျှဝေခြင်း
Credit:
14/07/2025
BKK made, C32 တံဆိပ် လက်ရှည်ဘီရှည်လေးပြန်ရောက်ပါပီ😍
📦⏰⏰
လက်ဝယ်ရောက်လာတာနဲ့ပေးရတဲ့စျေးနဲ့တန်လိုက်တာဆိုတဲ့ feeling vibe လေးကို ရရှိစေမှာ100%ပါပဲရှင့်။
👶👧
ကလေးတိုင်းကြိုက်ကြတာမို့ best sellerဖြစ်နေတော့ဝယ်ကိုဝယ်ထားသင့်တဲ့ Qualityမြင့်ပစ္စည်းလေးတမျိုးပါနော်။
#2နှစ်မှ14နှစ်ထိတော်ပါမယ်ရှင့်။ #ဆိုဒ်လေးတိုင်းပီးတော့မှာယူပေးဖို့ကိုတော့အကြံပြုပါရစေနော်😘။
🧼🧽🪣🧺ရေလျှော်ခံလို့ ရွဲခြင်း/အသီးထခြင်းမရှိ
ဒါ့အပြင် 🇹🇭 Thailand Madeဖြစ်တဲ့အတွက်Quality လုံးဝစိတ်ချလို့ရပါတယ်ရှင်😘။
✅✅📍📍📍လက္ကားစျေးလေးတွေနဲ့မို့ အရောင်အတိကျရွေးလို့မရပါဘူးရှင့်✅✅📍📍📍
၃၀/၅၀/၁၀၀ယူသူများ လက်ကားစျေး သီးသန့်ရှိပါတယ်ရှင်
S to Xl 3စုံဈေး1စုံ #19000/-Ks
5စုံဈေး 1စုံ #18500/-Ks
2xl 3စုံဈေး 1စုံ #20700/-Ks
5စုံဈေး 1စုံ #20200/-Ks
3xl 3စုံစျေး 1စုံ
5စုံစျေး 1စုံ
(S) ရင်အကျယ်12”/ခါးအရှည်15”ခွဲ/ဘီအရှည် 19“ခွဲ
(M) ရင်အကျယ်13"ခွဲ/ခါးအရှည်17”/ဘီရှည်22"
(L) ရင်အကျယ်14“/ခါးအရှည်18”/ဘီရှည်25“
(Xl) ရင်အကျယ်16”/ခါးအရှည်20”ခွဲဘီရှည်28”
(2Xl) ရင်အကျယ်17"ခွဲ/ခါးအရှည်22”/ဘီရှည်31“
(3Xl)ရင်အကျယ် 18”/ခါးအရှည်24” /ဘီအရှည်35”
3စုံအောက်ဆို 1စုံကို ိုပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon