MYT Delivery

MYT Delivery

Share

China Supplier and delivery service

20/09/2020

Delivery ပို့ချင်းနှင့် Covid 19😅😅😅

Crd - Thoe Htein

(Deli) "ဟယ်လို ... အစ်ကို​ရေ မှာထားတဲ့ပစ္စည်း​လေး လာပို့ချင်လို့ .. အစ်ကို့အိမ် လမ်းညွှန်​ပေးပါခင်ဗျ"

(နုပ်) "ညီ ဘယ်ဖက်က​နေလာမှာလဲ"

(Deli) "ကျွန်​တော် ဗလီထိပ်မီးပွိုင့်နားကခင်ဗျ"

(နုပ်) "အို​ကေ ... ဒါဆို ​ရှေ့ကိုဆက်လာလိုက် ... ​မြောင်းကြီး​ကျော်ရင် တရားရုံးရှိတဲ့လမ်းကို ဝင်လိုက် ... Lockdown ချထားတဲ့ တိုက်ကို ​ကျော်လာလိုက် ... ​ရှေ့လမ်းကျ ဘယ်ချိုး ... ​နောက်ထပ် Lockdown ကျ​နေတဲ့တိုက် ရှိတဲ့လမ်းကို မဝင်နဲ့ .. ​​ကျော်လိုက် ... နောက်တစ်လမ်းကိုလည်း မဝင်နဲ့ .. အဲဒီ့လမ်းလဲ Lockdown ကျ​နေတဲ့တိုက် ရှိတယ် ... ​နောက်တစ်လမ်းက အစ်ကို့လမ်း ... ​ကျော်မသွားနဲ့​နော် ... ​ကျော်သွားရင် ​နောက်လမ်း​တွေမှာလည်း Lockdown ကျ​နေတဲ့တိုက်​တွေရှိတယ် ..."

(Deli) "ဒါဆို အစ်ကို့လမ်းက Lockdown မရှိဘူး​ပေါ့​နော်"

(နုပ်) "အင်း ... ဝင်လာလိုက်​လေ ... လမ်းထိပ်က ဆွမ်း​လောင်းရုံ​ကျော်ရင် ဒုတိယတိုက် ... "

(Deli) 'အဲဒီ့တိုက်လားဟင်"

(နုပ်) "မဟုတ်ဘူး ... အဲဒီ့တိုက်က Lockdown ကျ​နေတာ ... အဲဒီ့တိုက် တစ်တိုက်​ကျော်က အစ်ကို့​နေရာပဲ ... 😏 ​​ကြောက်ပြီး ရထားလမ်းဖက်က ဝင်မလာနဲ့​နော် ... အဲဒီ့ဖက်ထိပ်မှာ Lockdown ကျ​နေတဲ့ တိုက်ရှိတယ် ..."

(Deli) "ဗျာ ... ဟုတ်ဟုတ် ... ခု မြန်မြန်လာမယ်​နော်"

(နုပ်) "​အေး​အေး ... ည ၈ နာရီမ​ကျော်​စေနဲ့"

(Deli) "ဗျာ ... ဘာလို့လဲ"

(နုပ်) "ည ၈ နာရီ သတင်းတက်ပြီးတာနဲ့ ဘာမှမ​သေချာ​တော့ဘူး ... ​တော်ကြာ မင်းပါ ပစ္စည်းမ​ရောင်းရဘဲ Lockdown ဖြစ်သွားမှာစိုးလို့"

(Deli) "ငင် 🥴🥴🥴"

(မှတ်ချက် ... ဟာသအမြင်သက်သက်ဖြင့်သာဖတ်ရှုပါရန် ... မွန်းကျပ်​နေ​သော စိတ်​တွေအတွက် ထွက်​ပေါက်အ​နေဖြင့် ...
Lockdown ပတ်လည်ဝိုင်း​နေတဲ့ ကိုယ်တို့ရဲ့ ရပ်ကွက်​လေး 🥴🥴🥴)

Photos from MYT Delivery's post 03/09/2020

Covid second wave နှင့် Delivery service

Delivery service ( အိမ်အရောက် ပစ္စည်းပို့ ဝန်ဆောင်မှု) ဟာ covid ကာလမှာ အလွန်တွင်ကျယ်လာပါတယ် အထူးသဖြင့် covid ဒုတိယလှိုင်းမှာ ပိုပြီးတွင်ကျယ်လာပါတယ်

တွင်ကျယ်လာမှုနဲ့အမျှ သုံးစွဲသူများလာသလို စိုးရိမ်သူတွေလဲရှိလာပါတယ်
ဘယ်လိုစိုးရိမ်မှုတွေရှိနေပြီလဲ 🤔🤔

အမေးအများဆုံးမေးခွန်းတွေနဲ့ ကာကွယ်မှုလေးတွေ တင်ပေးလိုက်ပါတယ်

- Delivery နဲ့ကရော ပိုးမကူးမှာ စိတ်ချရလား
- Delivery ပို့တဲ့လူကနေ ကူးရင်ရော
- ကူးနိုင်ခြေရှိရင်တော့ ကိုယ်တိုင်ပဲသွားဝယ်မှာ​ပေါ့
- လာပို့တယ့်သူကို အဖျားတိုင်းပြီးမှ ပစ္စည်းလက်ခံရမှာလား

ဒီ​ေမးခွန်​ေတွအတွက်ကတော့ ၂ ဦး ၂ ဖက်လုံးကာကွယ် ရမှာပါ

Delivery ပို့သူ Bike rider ပဲဖြစ်ဖြစ် ကားနဲ့ပို့သူပဲဖြစ်ဖြစ် covid prevention ကာကွယ်မှုတွေစနစ်တကျလိုက်နာရမှာပါ
အဖျားရှိနေရင် လုံးဝပို့လို့မရပါဘူး
ချောင်းဆိုးမောကျပ်နေရင် မရပါဘူး
Mask တပ် လက်ကို ပစ္စည်း သို့မဟုတ် အစားအသောက် မယူခင် နှင့် ပို့ပြီးမှာ စက္ကန့် ၂၀ ကြာအောင် ဆေးရမှာဖြစ်ပါတယ်
Face shield တပ်နိုင်ရင်ပိုကောင်းပါတယ်

Customer သုံးစွဲသူ မှာယူသူကလဲ ပစ္စည်းလက်ခံပြီး ငွေရှင်းပြီးရင် လက်ကို စက္ကန့် ၂၀ ဆေးရပါမယ်
လက်ခံရရှိသည့္အချိန်မှာ Mask တပ်ထားဖို့လိုပါမယ်

ဒါတွေ ၂ ဦး ၂ ဖက်လုပ်နိုင်ရင် ရောဂါကူးစက်မှာကာကွယ်နိုင်ပါတယ်

Delivery service အသုံးပြုခြင်းဟာ ကိုယ်တိုင်သွားရောက် ဝယ်ယူခြင်းထက် ပိုပြီး safe ဖြစ်ပါတယ် ( ချွင်းချက် - စနစ်ကျပြီး စည်းကမ်းလိုက်နာတယ့် delivery service ဖြစ်ရပါမယ်)

Contact ထိတွေ့ချိန် အရမ်းနဲတဲ့အတွက်
ရောဂါကူးဆက်နိုင်ခြေအရမ်းနည်းပါတယ်

Crowded area လူများတယ့်နေရာတွေ သွားစရာမလိုတဲ့ အတွက် ရောဂါကူးဆက်နိုင်ခြေအရမ်းနည်းပါတယ်

Delivery service သုံးစွဲခြင်းဖြင့် စိုးရိမ်ပူပန်မှုမရှိအောင် ကြိုတင်ကာကွယ်နိုင်အောင် Best and safe delivery service ကိုရွေးချယ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11221