Burma Academy

Burma Academy

Share

Burma Academy is a free and inclusive education platform founded by the students for the students

01/01/2026

✨တော်လှန်နှစ်သစ်အခါမယအတွက် ဘားမားအကယ်ဒမီရဲ့ ဆုမွန်လွှာ✨

၂၀၂၅ ခုနှစ်ကို ကုန်လွန်ပြီး‌ ၂၀၂၆ နှစ်သစ်ကို ရောက်ရှိလာခဲ့ပါပြီ။ တော်လှန်ရေးကာလ ၅ နှစ်ထဲကို ဝင်လာတဲ့အလျောက် ပိုပြီး အရှိန်အဟုန်ကောင်းလာတဲ့ တော်လှန်ရေးဆီကို ‌ဘားမားအကယ်ဒမီက ကျောင်းသူကျောင်းသားပြည်သူလူထုနဲ့အတူ ရှေးရှုချီတက်‌နေလျက် ရှိပါတယ်။

နှစ်သစ်မှာ တော်လှန်ရေးကို ဆက်လက်တွန်းအားပေးပြီး အရှေ့ကို ရွေ့နိုင်ဖို့နဲ့ အာဏာရှင်တွေ အမြန်ပြုတ်ကျ၊ အမြစ်ပြတ်နိုင်စေဖို့အတွက် အားလုံးမှာ တာဝန်ရှိနေဆဲပါပဲ။ အခုလက်ရှိအချိန်အထိ တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ၂၀၂၆ ခုနှစ်မှာလည်း ပိုမိုကောင်းမွန်တဲ့ ပညာရေးအကူအညီတွေ ပေးစွမ်းနိုင်ဖို့အတွက် ‌ဘားမားအကယ်ဒမီအနေနဲ့ ဆက်လက်ကြိုးစားနေလျက်ရှိပါတယ်။

၂၀၂၆ နှစ်သစ်မှာ ကျောင်းသူကျောင်းသား ဆရာဆရာမများနဲ့ တော်လှန်ပြည်သူတွေ ကိုယ်စိတ်ကျန်းမာပြီး ဆန္ဒရှိတဲ့ အသိပညာ၊ အတတ်ပညာတွေကို တတ်မြောက်ထူးချွန်ကြပါစေလို့ ဘားမားအကယ်ဒမီက‌ နှစ်သစ်အတွက် ဆုတောင်း‌ပေးလိုက်ပါတယ်။

Burma Academy ဟာ တော်လှန်ရေးအထောက်အကူပြု ပညာရေး Platform တစ်ခုဖြစ်ပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး သင်ကြားပေးနေတာကြောင့် Burma Academy က ပို့ချနေတဲ့ သင်ခန်းစာတွေ အကုန်လုံးဟာ အခမဲ့ ဖြစ်ပါတယ်။

08/08/2025

🔹 သမိုင်းဝင် “၈၈၈၈ အရေးတော်ပုံ” (၃၇) နှစ် တိုင်ခဲ့ပြီ။ ✊🏻

🔹 ၁၉၆၂ ခုနှစ်ကစပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အာဏာရှင်ဆန်ဆန် တစ်ပါတီစနစ်အုပ်ချုပ်မှုအောက်မှာ မြန်မာပြည်သူတွေဟာ အဘက်ဘက်ကနေ ကြပ်တည်းမှု၊ ဖိနှိပ်မှုတွေကို ၂၆ နှစ်တာ ခံစားခဲ့ရပြီးနောက်မှာတော့ ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှာ “ရှစ်လေးလုံး လူထုအုံကြွမှုကြီး” ပေါ်ပေါက်လာခဲ့ပါတယ်။

🔹 “၈၈၈၈ အရေးတော်ပုံ” မှာ မြန်မာပြည်သူလူထုအနေနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဦးနေဝင်းအစိုးရရဲ့ ဖိနှိပ်မှု၊ နှိပ်စက်မှု၊ ခြိမ်းခြောက်မှုတွေကို ကြံ့ကြံ့ခံတွန်းလှန်ပြီး ဒီမိုကရေစီစနစ်တစ်ခုကို ရရှိရေးအတွက် ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။ ထိုနေ့မှာပဲ စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်အကြမ်းဖက်မှုတွေကြောင့် အသက်ပေးခဲ့ရတဲ့ ဆန္ဒပြ ပြည်သူလူထုထောင်သောင်းမက ရှိခဲ့ပါတယ်။

🔹 စစ်အာဏာရှင်ကို အတူတကွ တညီတညွတ်တည်း တွန်းလှန်ဆန့်ကျင်ရေး ပြယုဂ်ဖြစ်တဲ့ “၈၈၈၈ အရေးတော်ပုံ” ဟာ ဒီနေ့ “၂၀၂၅ ခုနှစ် သြဂုတ်လ ၈ ရက်” မှာ “၃၇ နှစ်” တင်းတင်းပြည့်ခဲ့ပါပြီ။ စိတ်မကောင်းစွာနဲ့ပဲ ယခုအချိန်မှာလည်း အရှေ့က ​စစ်အာဏာရှင်တွေရဲ့ ခြေရာဆိုးကို ဆက်လက်နင်းနေတဲ့ စစ်မိစ္ဆာတွေကြောင့် မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့အတွက် အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ပြီး တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။

🔹 အားလုံးမျှော်လင့်နေကြတဲ့ အမှန်တကယ် လွတ်လပ်ပြီး ရောင်နီသာတဲ့ နေ့ရက်တွေဆီကို အမြန်ဆုံးရောက်ရှိနိုင်ဖို့ ယနေ့ကျရောက်တဲ့ “၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ” ကို အမှတ်ရရင်း မပြီးပြတ်သေးတဲ့ ဒီမိုကရေစီတိုက်ပွဲအတွက် ဘက်ပေါင်းစုံကနေ တတ်နိုင်သမျှ အင်တိုက်အားတိုက် တိုက်ပွဲဝင်ကြဖို့ကိုလည်း Burma Academy က တိုက်တွန်းလိုက်ရပါတယ်။



#8888

Photos from Federal Law Academy's post 25/06/2025

ဖိတ်ကြားလွှာ

(၄၉) နှစ်မြောက် ကျောင်းသားခေါင်းဆောင် အာဇာနည်သူရဲကောင်း ဆလိုင်းကိုတင်မောင်ဦး ကျဆုံးသည့် အောက်မေ့ဂုဏ်ပြုခြင်း အခမ်းအနား သို့ လူကြီးမင်းများအနေဖြင့် ကြွရောက်ဂုဏ်ပြုပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ရက်စွဲ။ ။ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်။
အချိန်။ ။ ပထမပိုင်းအစီအစဉ်။ ( နံနက် ၉ နာရီမှ ၁၀ နာရီအထိ)

ဒုတိယပိုင်းအစီအစဉ်။ ( နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ)

ဒုတိယပိုင်းအစီအစဉ်အား "“ယနေ့အချိန်တွင် ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး၏ တွေးခေါ်၊ ရပ်တည်၊ လှုပ်ရှား၊ စွမ်းဆောင်ခဲ့မှုများ အဘယ့်ကြောင့် ပြန်လည်နိုးကြား၊ ရှင်သန်လာဖို့ လိုအပ်သလဲ”
ဆိုသည့် ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဖက်ဒရယ်ဥပဒေအကယ်ဒမီနှင့် ဘားမားအကယ်ဒမီ

25/06/2025

ဖက်ဒရယ်ဥပဒေအကယ်ဒမီနှင့် ဘားမားအကယ်ဒမီတို့က စီစဉ်သည့် (၄၉) နှစ်မြောက် ဆလိုင်းတင်မောင်ဦးနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ

“ယနေ့အချိန်တွင် ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး၏ တွေးခေါ်၊ ရပ်တည်၊ လှုပ်ရှား၊ စွမ်းဆောင်ခဲ့မှုများ အဘယ့်ကြောင့် ပြန်လည်နိုးကြား၊ ရှင်သန်လာဖို့ လိုအပ်သလဲ”

ဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များ -

ဆရာဦးအောင်ထူး ( ၁၉၇၄ မျိုးဆက်ကျောင်းသား)
ဆရာ ဆလိုင်းကစ်ပ်ခိုလျန် (CNF ဥက္ကဋ္ဌဟောင်း)
မခင်နီ (ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်-ဗကသများအဖွဲ့ချုပ်)
မချောစုစံ (မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)
ဆလိုင်းထောင်းထောင်း (မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂ)

Moderator - နာင်းအိသီ (ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ်)

ဇွန်လ(၂၆)ရက်နေ့ မနက် (၁၀)နာရီမှ (၁၂)နာရီအထိ အွန်လိုင်းမှ တဆင့် ထုတ်လွင့်သွားမည်ဖြစ်ပြီး အောက်ပါ pageများတွင် ကြည့်ရှု့နိုင်ပါသည်။

- Federal Law Academy
- Burma Academy
- အိုးဝေ-Oway
- Than Lwin Khet
- Than Lwin Times
- CJ Platform
- The Mindat Post
- Zalen
- Khit Thit
- DVB
- Mazzima
- Burma VJ

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Address


No. 14, Inya Road
Yangon
11041

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00