Health Wiki
ချစ်ရတဲ့သူတွေနဲ့ ကျန်းမာပျော်ရွှင် https://m.youtube.com/channel/UC-2YZgpuWL1hPJDoN91pEpw
😖 ဝမ်းမခိုင်ခြင်း
👉🏻ဝမ်းသွားချင်တဲ့အချိန်၊ လေလည်လိုက်တဲ့အချိန်တွေမှာ လေနဲ့အတူ ဝမ်းထွက်သွားတဲ့ အခြေအနေမျိုးကို ကြုံဖူးခဲ့ရင်တော့ သင်ဟာ ဝမ်းမခိုင်ခြင်းကို ခံစားနေရတာပဲ ဖြစ်ပါတယ်။
💁🏼♀️ လူအများစုကတော့ ဝမ်းလျှောတဲ့အချိန်အခါမျိုးမှသာ ဝမ်းမခိုင်ကြပေမယ့် တစ်ချို့တွေကတော့ နှစ်ရှည်လများစွာ ဝမ်းမခိုင်ခြင်းကို ခံစားနေရတဲ့သူတွေလည်း ရှိပါတယ်။
🙋🏼♀️ ဝမ်းလျှောခြင်းသာလျှင် မဟုတ်ဘဲ ဝမ်းချုပ်ခြင်း၊ လေပွခြင်း စတဲ့လက္ခဏာတွေနဲ့လည်း ပူးတွဲ ခံစားရတတ်ပါတယ်။
🧑⚕️ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့...
၁။ စအိုအဝနားရှိ ကြွက်သားများပျက်စီးခြင်း (ကလေးမွေးဖွားခြင်း၊ မွေးလမ်းကြောင်းချဲ့ရခြင်း၊ ညှပ်ဆွဲမွေးရခြင်း)
၂။ စအိုတစ်ဝိုက်ရှိ အာရုံကြောများ ပျက်စီးခြင်း (ကလေးမွေးဖွားခြင်း၊ အချိန်ကြာမြင့်စွာ ဝမ်းညှစ်ခြင်း၊ အာရုံကြောမကြီး ထိခိုက်မိထားခြင်း၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါရှိခြင်း)
၃။ ဝမ်းချုပ်သော အလေ့အထရှိခြင်း
၄။ ဝမ်းလျှောခြင်း
၅။ လိပ်ခေါင်းရောဂါရှိခြင်း
၆။ စအိုလမ်းကြောင်းအား ခွဲစိတ်ကုသမှုခံယူထားခြင်း၊ ဓာတ်ရောင်ခြည်ကုသမှု ခံယူထားခြင်း.... စတဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။
ဝမ်းမခိုင်ခြင်းကို အသက်အရွယ်မရွေး ခံစားရနိုင်ပေမယ့် အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းတွေက ပို၍ခံစားရတတ်ပါတယ်။
💁🏼♀️ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ....
●စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းများ
●စအိုတစ်ဝိုက်ရှိ အရေပြား နာခြင်း၊ ယားယံခြင်း၊ အနာဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
💁🏻♀️ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့....
●ဝမ်းမချုပ်အောင် နေပါ။ (လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ အမျှင်ဓာတ်ပါဝင်သော အစားအစာများ များများစားပါ။ ရေများများသောက်ပါ။ )
●အိမ်သာတွင် အချိန်ကြာမြင့်စွာ ဝမ်းညှစ်ခြင်းမှ ရှောင်ကြဥ်ပါ။
👩🏻⚕️ဝမ်းမခိုင်ခြင်းကို နှစ်ရှည်လများစွာခံစားနေရပါက အကြောင်းအရင်းကို ကုသနိုင်ဖို့ မိမိနီးစပ်ရာ ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးကုသပါ။
#ဝမ်းမခိုင်ခြင်း
#ဝမ်းမလုံခြင်း
09/07/2021
Click here to claim your Sponsored Listing.
Category
Contact the practice
Address
Myanmagonyi
Yangon