Hsu Pyae Pharmacy

Hsu Pyae Pharmacy

Share

အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာ?

02/10/2023

သူတို့ကလေးနှစ်ယောက်မွေးလိမ့်မယ်
ပထမကလေးက သမီး 👧
ဒုတိယကလေးက သား 👦
ငါထင်တာမှန်တယ်ဆို မှာ စျေးလာဝယ်ကြ 😜✌️

14/09/2023

သွားဆေးပညာအကြောင်း 🙏🙏🙏

ပုံမှန် သွားနှုတ်လိုက်လို့ ခံတွင်းကင်ဆာ ဖြစ်နိုင်ပါသလား?

✍️မဂ်လာပါခင်ဗျ
✍️အခု တစ်ခါ ဖော်ပြပေးမဲ့အကြောင်းအရာလေးကတော့ အများစု အထင်အမြင်မှားနေကြတဲ့ အကြောင်းအရာ တစ်ခုဖြစ်တဲ့ သွားနှုတ်ရင်ခံတွင်းကင်ဆာ ဖြစ်နိုင်လားဆိုတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်
✍️ပထမဆုံး ရှင်းပြရမှာတော့ခံတွင်းကင်ဆာ
ဖြစ်စေရတဲ့အကြောင်းအရင်းတွေကို အရင်သိထားဖို့လိုအပ်ပါတယ်
✍️ခံတွင်းကင်ဆာကို ဖြစ်စေရတဲ့အကြောင်း
တရားတွေဟာ တစ်ခုထဲမဟုတ်ပဲ အကြောင်းမျိုးမျိုးစုံပြီးမှ ဖြစ်ပေါ်လာတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်
✍️ဘယ်လိုအကြောင်းအရာတွေဟာ ခံတွင်း
ကငိဆာ ဖြစ်စေရသလဲဆိုရင်
✍️ အဓိက ဖြစ်ရတဲ့ အကြောင်းရင်းတွေ ပြောရမယ်ဆိုရင်

နံပါတ် (၁) ကတော့ To***co ပါ
To***co ကို (၂) မျိုးအသံုးပြုကြပါတယ်
ကွမ်းစားခြင်း နဲ့ ဆေးလိပ်သောက်ခြင်း နှစ်ခုဖြစ်ပါတယ်

ပထမဆံုး ကွမ်းစားတာ နဲ့ပတ်သတ်ပြီးပြောရရင် ကွမ်းရွက် ကွမ်းသီး ဆေး ထံုး ဒါတွေ တစ်ခုမှ မကာင်းပါဘူး
ကွမ်းသီးမှာပါတဲ့ Arecolin ဆိုတဲ့ ဓါတ်ဟာ fibroblasts နဲ့ collagen ဓါတ်တွေပွါးတာလံှုံဆော်တာကြောင့် ပါးစောင်မှာ ရှိတဲ့အမြှေးပါးတွေ (oral mucosa) တွေ ထူလာပြီး
ပါးစပ်ဟမရတဲ့ပြသနာ Oral Submucous fibrosis ဖြစ်လာစေနိုင်တယ်

ထံုးဆိုရင် ပါးစောင်တွေကို ပေါက်ပြဲစေပြီးအန္တရယ်ရှိတဲ့ ပစ္စည်းတွေကို
အသားတွင်းကို စိမ့်ဝင်စေနိုင်တာကြောင့် ဆိုးကျိုးရှိပါတယ်

နောက်တစ်ခုကတော့ ဆေးရွက်ကြီးပေါ့ ဆေးရွက်ကြီးမှာပါတဲ့ Polycyclic Aeromatic hydrocarbon (PAH) လို့ ခေါ်တဲ့ ဓါတ်ဟာ ခံတွင်းကင်ဆာကို ဖြစ်စေနိုငိတယ်

ဒါကြောင့် ကွမ်းစားတာဟာ ခံတွင်းကင်ဆာ ဖြစ်စေတဲ့အကြောင်းတွေထဲက အဓိက အဖြစ်အများဆံုးအကြောင်းလို့တောင် ပြောလို့ရပါတယ်

နောက် ထပ်အကြောင်းကတော့ အရက်သောက်တာပေါ့
အရက်ကတော့ ခံတွင်းကင်ဆာ ဖြစ်ပွါးမှုကို အားပေးအားမြှောက်ပြုပေးတဲ့ အရာ တစ်ခုလို့ ဆိုလို့ရပါတယ်
ကွမ်းလည်းစားမယ် အရက်လဲသောက်မယ်ဆိုရင် ခံတွင်းကင်ဆာ ဖြစ်ပွါးမှုနှုန်း (၂) ဆလောက်ပို မြင့်တယ်လို့ သုသေသန စာတမ်းတွေက ဆိုထားပါတယ်

နောက်ခံတွင်းကင်ဆာ ကို ဖြစ်စေရတဲ့ အကြောင်းတွေထဲမှာ ရောဂါပိုးတွေကိုလဲမေ့ထားလို့မရပါဘူး

ရောဂါပိုးတွေကို အုပ်စုခွဲပြောရရင်( Bacteria) virus Fungus ဆိုပြီး ခွဲပြောပြပါမယ်
Bacteria အုပ်စုတွေထဲကပြောရရင် Syphilis လို့ခေါ်တဲ့ ကာလသားရောဂါပိုးခံစားနေရတဲ့သူတွေမှာ ခံတွင်းကင်ဆာ ဖြစ်နိုင်ချေ များပါတယ်

နောက် ဗိုင်းရပ်စ် ( Virus ) ပိုးတွေထဲကဆိုရင်

Herpes Simplex virus 1
Human Herpes Virus 6/8
Human Papilloma Virus 16/18
Ebstein Barr Virus

ဒီ Virus တွေဟာ ခံတွင်းကင်ဆာ ဖြစ်စေနိုင်တဲ့ Virus ပိုးတွေဖြစ်ပါတယ်

နောက်တစ်ခုကတော့ Fungal infection လို့ ခေါ်တဲ့ မိှုရောဂါပိုး ဆိုရင် Candida Albicans ပိုးဟာ ခံတွင်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်

နောက် ခံတွင်းကင်ဆာကို အဖြစ်များရတဲ့ အကြောင်းရင်းတွေခံတွင်းထဲမှာခဏခဏထိခိုက်မှုဖြစ်တာတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်
ဥပမာပြောရင် သွားအချွန်အတက်တွေ ပဲ့ပြီ းချွန်နေသော သွားတု တွေ အံကပ်တွေ ဒါတွေနဲ့ ခဏခဏထိခိုက်မိနေတယ်ဆိုရင် အနာမကျကိတာတွေဖြစ်ပြီးကင်ဆာ အဆင့်ကိုရောက်နိုင်ပါတယ်

နောက်ခံတွင်းကင်ဆာ ဖြစ်စေရတဲ့အကြောင်းရင်းတွေကတော့ ကင်ဆာ မျိုးရိုး ရှိသူတွေ အာဟာရချို့တဲ့တာတွေ ဟော်မုန်းမညီမျှတာတွေ ခုခံအားစနစ် ပံုမှန်မဟုတ်တာတွေ နေရောင်ခြည် အထိများတာတွေ
ဒါတွေကလည်း ခံတွင်းကင်ဆာ ဖြစ်ပွါးမှုတွေရဲ့ အကြောင်းရင်းတွေဖြစ်ပါတယ်
✍️အထက်ပါ အကြောင်းအရာတွေဟာ ခံတွင်းကင်ဆာ ဖြစ်စေရတဲ့အကြောင်းအရင်းတွေဖြစ်ပါတယ်
✍️ဒါဆို ရင် သွားနှုတ်လိုက်လို့ ကင်ဆာ ဖြစ်လာရတဲ့ အကြောင်းအရာတွေဟာ အမှန်မဟုတ်ပါဘူး
✍️အရင် ထဲက မိမိ မှာ ခံတွင်းကငိဆာ အစပျိုးနေတာဟာ ရောဂါ အစပျိုးနေချိန်မို့ သိသာမှုမရှိပဲ ငုံလျှိုးနေတာပါ
✍️အာ့အချိန်မှာ သွားနှုတ်ခြင်း ဆိုတဲ့ လှုံဆော်မှု
တစ်ခု ပေးလိုက်တဲ့အတွက်ကြောင့် နဂို ရှိရင်းစွဲ ကင်ဆာ ရောဂါဟာ ပိုဆိုးပြီး ကင်ဆာ အနာအဖြစ်သို့ပြောင်းလဲလာရခြင်းဖြစ်ပါတယ်

💪နောက်ဆုံး နိဂုံးချုပ်ရရင် ပုံမှန် သွားနှုတ်ခြင်းဟာ ခံတွင်းကင်ဆာ ဖြစ်စေတယ်ဆိုတာ မဟုတ်ပါ မိမိ မှာ ကင်ဆာ ရောဂါ အစပျိုးနေချိန်မှာ
Stimulus သဘောအနေနဲ့ လှုံ့ဆော်လိုက်လို့သာ
ခံတွင်းကင်ဆာ အဆင့်သို့ ရောက်ရှိလာတာဖြစ်ပါတယ်

အားလုံး အသိမမှားကြပဲ ကျန်းမာရေး ဗဟုသုတ များတိုးပွါးကြပါစေ

မေတ္တာဖြင့်

ဒေါက်တာ အောင်သူထွန်း

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No(95), Baho Road, Near BRB Bus Stop, 3 Ward Yangon
Yangon
11041