Kinetic Micro Technology
System Integrator and Value Added Re-seller (VAR) of ELV systems at Telecommunication and ICT industry.
14/10/2025
မီးခလုတ်တွေ ဘယ်လောက် အမြင့်မှာ တပ်မလဲ 😊
24/09/2025
Test your eyes. Check your IQ level. ✔️
22/09/2025
Ideology နဲ့ Mythology
Ideology (အတွေးအခေါ်သဘောတရား)နဲ့
Mythology (ဒဏ္ဍာရီ)တွေဟာ လူသားတွေရဲ့
ယုံကြည်မှုစနစ် (Belief system)တွေဖြစ်ပြီး
လူယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့
Nonmaterial culture ရဲ့အစိတ်ပိုင်းလေးတွေဖြစ်
ပါတယ်။
"မိမိတို့ဘယ်သူတွေလဲ" "ဘယ်ကလာခဲ့ကြတာလဲ။" "ဒီနေရာကို ဘယ်လိုရောက်နေကြတာလဲ။""ဘယ်ကိုသွားကြမှာလဲ" ဆိုတဲ့မေးခွန်းတွေကို လူသားတွေ စိတ်ဝင်စားကြပါတယ်။ ဒီမေးခွန်းတွေဖြေဖို့ လူအဖွဲ့အစည်းတိုင်းမှာ ဖန်တီးထားတဲ့ ဒဏ္ဍာရီတွေရှိပါတယ်။
ဥပမာ-BC-2900 လောက် မမ်ဖစ်(Memphis)မြို့တော်မှာနေတဲ့ ရှေးအီဂျစ်တွေက နတ်ဘုရား ပီတား (Ptah)ဟာသူ့နှုတ်မိန့်နဲ့ ကမ္ဘာကြီးကို ဖန်တီးခဲ့တာလိုယုံကြည်ကြပါတယ်။ တခြားအီဂျစ်တွေကတော့ နတ်ဘုရားအာ့တောင် (Atum)ဟာ သူကိုယ်သူ အရင်ဖန်တီးတယ်။ ပြီးမှအခြားနတ်ဘုရားတွေနဲ့ ကမ္ဘာကြီးဖန်တီးတာလို့ယုံကြည်ပါတယ်။ မပြည့်စုံသော်လည် ပထမဆုံးနတ်ဘုရားဘယ်ကစဖြစ်သလဲဆိုတဲ့ မေးခွန်းကိုအဖြေပေးပါတယ်။အာတောင်ဟာ Bisexual နတ်ဖြစ်ပြီး ကိုယ်တည်းအာသာဖြေမှုနဲ့ တခြားနတ်တွေနဲ့လူတွေကို ဖန်ဆင်းတာလို့ဆိုပါတယ်။
ဆူမာရီယန်တွေကတော့ စစချင်း အာလုံးရဲ့မိခင်ဟာ
ပင်လယ်နတ် နမ်မု (Nammu)ဖြစ်ပြီး တခြားနတ်တွေဟာ
နောက်မှပေါ်လာတာ။ သူတို့ဟာလည်း လူနဲ့တူတဲ့ လိင်မှုကိစ္စတွေ၊ ပဋိပက္ခတွေရှိတယ်၊ လူတွေကိုတော့ နောက်မှ
ဖန်ဆင်းတာ။ လုပ်သားနတ်ဟာ သူအလုပ်လုပ်ရတာပင်
ပမ်းလို့ ဆန့်ကျင်ပုံကန်ပြီး အလုပ်လုပ်ခိုင်းဖို့ လူသား
ကို ဖန်ဆင်းတာလို့ ယုံကြည်ကြပါတယ်။
ဖန်တီးရှင်နဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေဟာ အလွန်ကွဲ
ပြား များပြားပြီးရှုပ်ထွေးပါတယ်။ ခေတ်သစ်သိပ္ပံပညာ
ကတော့ သက်ရှိတွေပေါ်ပေါက်လာပုံဇစ်မြစ်ကို ပိုပြီး
ပြောနိုင်ပါတယ်။ ဒါပေမဲ့ သူအဖြေမပေးပဲထားတဲ့
မေးခွန်းတွေလည်းချန်ထားဆဲပါ။ ဥပမာ-Big Bang
သီအိုရီအရ ကျွန်ုပ်တို့သိတဲ့ စကြ်ာဝဠာရဲ့ ဖန်ဆင်း
ရှင်ဟာ Big Bang ကြီးပဲလို့ အသိများလာပါတယ်။
Big Bang ဆိုတာမဟာစကြ်ဝဠာကြီးကိုဖြစ်စေတဲ့
ပေါက်ကွဲမှုကြီးပါ။ဒါဆို ဒီ Big Bang ကြီးကိုရော
ဘယ်လိုဖန်တီးလဲ။ သူရဲ့ရုပ်ဝထ္ထုဇစ်မြစ်ကဘာလဲ။
တချို့သိပ္ပံပညာရှင်တွေကတော့ စကြ်ာဝဠာတွေ
အဆင့်ဆင့်ပြိုလဲမှုတွေကနေ ပေါက်ကွဲမှုတွေစဉ်ဆက်
မပြတ်ဖြစ်ပေါနေပြီး စကြ်ာဝဠာအသစ်တွေပေါ်ထွက်
နေတာလို့ဆိုပါတယ်။ ဒါဆို ဒီပေါက်ကွဲမှုတွေ ဘယ်
အချိန်ကစလဲ။ ဘယ်နေရာကစလဲ။ သိပ္ပံပညာရှင်တွေ
ကတော့စကြ်ာဝဠာကြီးဟာ လတ်တလောကျယ်ပြန့်
လာတာလို့ဆိုတယ်။ ဘယ်အထဲကို ကျယ်ပြန့်နေတာ
လဲ။ အမြဲကျယ်ပြန့်နေမှာလား။ အဆုံးမရှိခြင်းလား။
နထ္ထိဘာမှမရှိခြင်းလား။ ဒီဘာမှမရှိခြင်းဆိုတာကရော
ဘာကိုဆိုလိုပါသလဲ။
ပြောချင်တာက ခေတ်သစ်သိပ္ပံပညာပင်လျှင် စကြ်ာဝဠာ
ရဲ့မူလအစနဲ့ပတ်သက်လို့မဖြေနိုင်သေးပါ။ ဒီအဖြေမရှိ
သေးတဲ့မေးခွန်းတွေဟာ လူတွေကို တုန်လှုပ်သွားစေ
တယ်။ တစ်စိတ်တစ်ပိုင်း ခြိမ်းခြောက်မှုတွေ ဖြစ်စေ
တယ်။ အဲဒီမလုံမခြုံခံစားမှုတွေကနေ ဒဏ္ဍာရီဖန်တီးမှု
တွေကိုဖြစ်ပေါ်စေတယ်။
Ideologyဆိုတာတွေဟာလည်း အတွေးအခေါ်အယူ
အဆသဘောတရားတွေဖြစ်ပြီး ယုံကြည်မှုစနစ်တစ်
ခုပဲ။ ဒဏ္ဍာရီတွေက Ideology တွေထက်ပိုရှေးဆန်
တယ်။ Ideology တွေဟာ လူမှုလောက ဘယ်လိုဖြစ်
ပျက်အလုပ်လုပ်နေပုံတွေကို ရှင်းလင်းတဲ့ ယုံကြည်
မှုစနစ်တွေပဲ။ ကွန်မြူနစ်ဝါဒ၊ အရင်းရှင်ဝါဒ၊ ဖက်စစ်
ဝါဒ၊ ကက်သလစ်၊ ပရိုတက်စတင့် စတာတွေဟာ
Ideology တွေဖြစ်တယ်။ သင်ယုံကြည်တဲ့ ဘာသာ၊
နိုင်ငံရေးဝါဒတွေထဲမှာ ကွန်မြူနစ်ဝါဒတို့၊ ဖက်ဆစ်
ဝါဒတို့ထည့်သွင်းတာ ကြိုက်ကောင်းမှကြိုက်ပါလိမ့်
မယ်။ Ideologyမှာလည်းဖြစ်ရပ်မှန်အပြင် စိတ်ကူးယဉ်
ထိုးဇာတ်တွေပေါင်းစပ်ပါဝင်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင်တော့ ဒဏ္ဍာရီတွေ၊ အတွေးအခေါ်အယူအဆသဘောတရားတွေဟာ လူသားတွေဖန်တီးတဲ့ Nonmaterial cultureရဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။
(ကျွန်တော့်ရဲ့ လူမှုဗေဒပညာ စာအုပ်မှကောက်နှုတ်
ဖောပြချက်)
ဒေါက်တာမြင့်လွင်(စိတ်ပညာ)
09/08/2025
YITဆင်း အင်ဂျင်နီယာကြီးပေးသွားတဲ့ပညာ
(ချစ်လို့ပြောပြတာ ဆရာကွက်တေ)
++++++++++++++++++++++
Electronics လောကမှာ inductor လို့ခေါ်တဲ့
ပစ္စည်းလေးတွေရှိပါတယ်
Current Changes ဖြစ်ပေါ်တဲ့အခါ
ပြောင်းလဲမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ
reactance (X) ထွက်ပေါ်လေ့ရှိပါတယ်
ဒီလို ပြောင်းလဲမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိကြောင့်ပဲ
current စီးဆင်းမှုကို ဟန့်တားဆန့်ကျင်ရင်း
current lagging ဆိုတဲ့ စီးဆင်းမှုနှောင့်နှေးကြန့်ကြာခြင်း သဘောတရား ဖြစ်ပေါ်လာရတာပါပဲ
ဥပမာ ကျွန်တော်တို့ လူသားတွေဟာ ပုံမှန်ဝင်ငွေလေးနဲ့
ဘဝဟာ အဆင်ပြေပြေရပ်တည် လည်ပတ်နေနိုင်ချိန်မှာ
အဲ့ဒီ comfort zone လေးထဲမှာ သာယာကျေနပ်ကာ
နောက်ထပ် ပညာတွေကြိုးစားရှာဖွေဖို့
လက်ရှိအလုပ် အဆင်မပြေ မချောမွေ့တော့ရင်
Backup Plan အနေနဲ့ နောက်ထပ်အလုပ်အကိုင်တစ်ခုကို
ကြိုတင်ကြိုးစားတည်ဆောက်ထားဖို့
အား မထုတ်ချင်ကြပါဘူး
လက်ရှိလည်း သာယာနေတာကို ဘာလို့ ပင်ပင်ပန်းပန်းတွေ လိုက်လုပ်နေရဦးမှာလဲ....ဆိုပြီး
Comfort Zone ကနေ ရုန်းမထွက်ချင်ကြပါဘူး
ဒီလို ပြောင်းလဲ ရုန်းကန်ကြိုးစားရမှာကို မလိုလားတဲ့
ဆန့်ကျင်တဲ့
အဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်လေးကြောင့်(ဂုဏ်သတ္တိကြောင့်)ပဲ
သူများတွေ တိုးတက်ကြီးပွားနေကြချိန်မှာ
နောက်ကျန်နေခဲ့ကြရတာပါပဲ
Comfort Zone ကနေ ရုန်းမထွက်ချင်တဲ့အတွက်ကြောင့်
တစ်နည်းအားဖြင့် ပြောင်းလဲရမှာကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိကြောင့်
ကျွန်တော်တို့တွေ စီးပွားဖြစ်နောက်ကြနေကြတာပါ
ဒါဟာ ပြောင်းလဲမှုကို ဆန့်ကျင်လို့ နောက်ကျရတဲ့ သဘော
Inductor မှာ Current ပြောင်းလဲမှုကို ဆန့်ကျင်ရင်း
အစီး နောက်ကျရတဲ့ သဘော
Current Lagging ဆိုတာကို ခံစားနားလည်လို့ရဖို့ ဥပမာပေးတာပါ
Inductor တွေမှာ အဲ့ ကြောင့်
current changes ဖြစ်ပေါ်စဉ် အခိုက်အတန့်တိုင်းမှာ
ဖြစ်ပေါ်ပါတယ်
Resistor တွေမှာ သူ့ရဲ့ ကြောင့်
current အစီးခံရစဉ် ဖြစ်ပေါ်တာကိုကြတော့
လို့ခေါ်ပါတယ်
မတူပါဘူး
Voltage Across ဆိုတာက Inductor ရဲ့အစွန်းနှစ်ဖက်မှာ ခြားနားဖြစ်ပေါ်သော ဗို့အားဖြစ်ပြီး
Heat အနေနဲ့ ဆုံးရှုံးသွားစေမယ့် ပါဝါမျိုး မဟုတ်ပါဘူး
Current ကို Magnetic Field အသွင်နဲ့ သိုလှောင်ရင်း ပေါ်လာတဲ့ ပါ
Voltage Drop ဆိုတာကတော့ resistor ရဲ့ အစွန်းနှစ်ဖက်မှာ ခြားနားဖြစ်ပေါ်သော ဗို့အား ပါပဲ
ဒါပေမယ့် ဒီဗို့အားနဲ့ ဖြတ်စီး current မြောက်လာဒ် ပါဝါဟာ ပါဝါပြုန်းတီးမှု
ဖြစ်ပါတယ်
ဒါကြောင့် ဆုံးရှုံးတဲ့ ကောင်ရဲ့ Voltage ကို drop လို့သုံးနှုန်းပြီး
သိုလှောင်တဲ့ ကောင်ရဲ့ Voltage ကို across လို့ပဲ သုံးထားတာပါ
👉Voltage across👈 ပမာဏက သူ့တန်ဖိုး
💥Inductance ပမာဏ
💥current changes တို့နဲ့ တိုက်ရိုက်အချိုးကျပြီး
👉Voltage Drop👈 ပမာဏက သူ့တန်ဖိုး
💥resistance ပမာဏ
💥current value တို့နဲ့ တိုက်ရိုက်အချိုးကျပါတယ်
Inductor ရဲ့ ဒီလိုပြောင်းလဲမှုကို ဆန့်ကျင်တဲ့ဂုဏ်သတ္တိကို အသုံးချပြီး
💥DC Circuit 💥တွေမှာ
Sudden Load တွေရဲ့
Current Spike တွေကို suppress လုပ်ဖို့ သုံးကြပါတယ်
💥AC Circuit 💥တွေမှာ
High Frequency တွေကို Filter လုပ်ဖို့
Block လုပ်ဖို့ သုံးပါတယ်
ြင့်တယ် ဆိုတာကလည်း
#ပြောင်းလဲမှုမြန်ဆန်တယ်ဆိုတဲ့ သဘောတရားတစ်မျိုးပါပဲ
High Frequency Driving စနစ်နဲ့မောင်းတဲ့
SMPS တွေမှာ
LC Filter
RC Filter
π Filter
T Filter ......စသဖြင့်
LPF (low pass filter)တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေကြတာ တွေ့ရမှာပါ
ဒါဟာ inductor ရဲ့ Current Changes ကို ခုခံတဲ့
Inductive reactance ကို အသုံးချထားတဲ့ ဆားကစ်တွေပါပဲ
AC ဆားကစ်တွေမှာ inductor ကို Frequency ပေါ်မူတည်ပြီး တန်ဖိုးပြောင်းတဲ့
variable resistor လို့ ကျွန်တော်ကတော့ အလွယ်မြင်ပါတယ်
အဲ့အမြင်က Filtering Circuit တွေမှာ
Cutoff Frequency တွေကို တွက်ချက်တဲ့အခါ
လွန်စွာမှ ခံစားရလွယ်ကူစေပါတယ်
Inductive Load တွေကို Triac တွေနဲ့ မောင်းတဲ့အခါ
startup time မှာဆွဲတဲ့ ရုတ်ခြည်းဆွဲငင်မှု
Surge Current တွေကို သက်သာစေဖို့ Smooth ဖြစ်စေဖို့
Load နဲ့ Series ဆက်သုံးလေ့ရှိပါတယ်
Industrial ဆားကစ်တွေမှာတော့ တစ်ခါတစ်ရံ ကွိုင်လို့ ခေါ်တတ်ပါသေးတယ်
ကွိုင် လို့ခေါ်ကြတာကတော့ လူသိများ တွင်ကျယ်ပါတယ်
ပြောမယ်ဆိုပြီး စရေးလိုက်တာက အခုမှ စပါမယ်😊😊
(လက်တန်းရေးတဲ့ post တွေက ဒီလိုပါပဲ ဟိုရောက်ဒီရောက်)
+++++++++++++++++++++
👇👇👇👇👇👇👇👇👇😔
AC မီးအဝင်ကို DC ပြောင်းတဲ့ နေရာမှာ
π Filter သုံးထားပြီး တန်ဖိုးတူ သုံးထားတဲ့(သုံးကိုသုံးရမှာ)
ပထမ Filter နဲ့
ဒုတိယ Filter တို့က နေရာချထားမှု အလှမ်းဝေးတာကြောင့်
ရုတ်တရက် မသိနိုင်တဲ့ အနေအထားမှာ
အဲ့ inductor လေးက လောင်ကျွမ်းသွားတာမို့
ပြုပြင်သူက ှတ်နဲ့ ပြန်ထည့်ထားတာပါ
အဲ့ resistor က ပြန် မီးခိုးထွက်လာတော့ မူရင်း ဆိုဒ်နဲ့ Watt ကွာတယ် အထင်နဲ့
အလုံးဆိုဒ် တူတာ ပြန်ထည့်လည်း မီးခိုးပြန်ထွက်လာတာပါပဲ
အာ့နဲ့ ပိုကြီး
watt များတဲ့ အလုံးကြီးကြီး လိုက်ရှာပြီးထည့်လည်း မရပါဘူး
ပူခြစ်ပြီး ကိုင်လို့တောင် မရပါဘူး
နည်းနည်းတော့ သံသယ စဖြစ်လာပါပြီ
မူရင်း Colour Code အရ တန်ဖိုးတူလည်း ထည့်တယ်
မူရင်း watt ထက်ပိုများတဲ့ အလုံးကြီးတာလည်း ထည့်တာတောင် မရဘူး....ဆိုတော့
သူ့ မူလ အလုံးသေးသေး resistor လေးက ကျတော့ ဘာလို့ မလောင်သွားဘဲ ခံနိုင်လဲပေါ့💫💫
ရှေ့ပိုင်းတွေ Overload ဖြစ်နေမနေလည်း တိုင်းကြည့် စမ်းကြည့်ရတာ မောလာပြီ
နောက်ဆုံး Theory အရတွေးမြင်သိရှိတဲ့အတိုင်း
ရှေ့ပိုင်း ထိလည်း ထိစေတော့
ဆိုပြီး #ဒဲ့ဆက်လိုက်တယ် ဝါယာကြိုးနဲ့
အဲ့တော့မှ ဆားကစ်က ကောင်းသွားတော့တယ်
1K နေရာ Jumper ကျော်ရတာ ဆိုတော့ ဘယ်လို ရင်ခုန်ရတယ်ဆိုတာ
စက်ဆရာတွေပဲ သိလိမ့်မယ်
ကိုယ့်အတွေးသာ တကယ်မှားခဲ့မယ်ဆိုရင်
ရှေ့ပိုင်းဆားကစ် တကယ် လစ်ပြီ
အဲ့တော့မှ ပညာသိ သိလိုက်ရတာက
Inductor နေရာမှာ resistor ကိုထည့်တော့
load ဆွဲတဲ့ အမ်ပီယာက voltage drop ကိုဖြစ်စေပြီး
အလုံးတော်တော် ကြီးကြီး watt များများရှာထည့်တာတောင် မခံနိုင်ဘူး
ဆိုလိုတာက ဆားကစ်ရဲ့ ပုံမှန် အမ်ပီယာကိုက resistor ဘာ watt ခံခံ
💥over rating💥 ဖြစ်နေတာ
သူ့ မူလ inductor ပြန်ထည့်လိုက်တော့ Filtering Process မှာ
Inductive reactance ကလည်း နည်းတော့
Voltage Across ကလည်း မသိသာဘူး
Resistor ထည့်လိုက်တော့ continuous current ကြောင့် ပေါ်လာတဲ့
Voltage drop ဟာ အတော်များတာမို့
Load ဆားကစ်နဲ့ Voltage Sharing ဖြစ်သွားပြီး
ဆားကစ်အလုပ်လုပ်ဖို့
ဗို့ကလည်း လောက်လောက်ငှငှ မရပြန်ဘူးပေါ့
အဓိက ပြဿနာက
ဘာမှားတာလည်း ဆိုတော့
Resistor ပုံစံ
💥ကာလာ ကုဒ်နဲ့ လာတဲ့ Inductor💥 ကို
သူ့ Code သူ့ တန်ဖိုးအတိုင်းပဲ
ပြန်ထည့်တာပဲ ဆိုပြီး
👉resistor ကြီး ပြန်ထည့်မိနေတာ😆😆
ဘယ်လိုမှ အဖြေရှာ မရ
နောက်တော့မှ သူ့ရဲ့အသွင်အပြင်က
Inductor ပဲဖြစ်မှာပါ ဆိုပြီး ရဲတင်းယူဆ
Risk ယူကြည့်မှပဲ အောင်မြင်သွားတော့တယ်
Resistor ယောင်ဆောင်ထားတဲ့ Inductor ဟာ
#ကျီးယောင်ဆောင်ထားတဲ့ဒေါင်း လိုပါပဲ
အဲ့မှာ အောင်မြင်သွားလို့ ဆိုပြီး ရိုက်ထားတဲ့ပုံ
စားပွဲပေါ်မှာ ပစ္စည်းလည်းရှုပ်
ခေါင်းလည်း ရှုပ်ပဲ...အတော်စားတဲ့သူ😓😓
Credit
#နေဝင်းဆားကစ်အမျိုးမျိုးပြုပြင်ရေးနှင့်သင်တန်းကျောင်း
Click here to claim your Sponsored Listing.
Our Story
System Integrator and Value Added Re-seller (VAR) of ELV systems at Telecommunication and ICT industry. Supplier and Installer of PABX, CCTV, Public Address Audio, Fire Alarm and Wi Fi Systems.
We Do Have Experiences and Clients in Installation and System Integration of ELV systems at health care industry ( Asia Royal Hospital, SSC Women Center, Pin Lon Hospital, Aung Yadanar Hospital), Hotel and Resort (Central Hotel at Yangon, Yangon Hotel at 8 Mile, Bay of Bengal Resort, Sunny Paradise Hotel at Ngwe Saung and Khine Chaung Thar Hotel), Shopping Center ( Market Place at City Mart, Junction 8) and Corporate Large Offices.
We, KMT Co., Ltd, are ELV system integrator with over 16 year experiences. Providing a truly professional installation and maintenance service for commercial clients and business users.
Category
Contact the business
Telephone
Website
Address
No. 16-B, Second Floor, Thingaha Road, Tarmwe Township
Yangon
11121
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 13:00 |