Galaxy Kids Center

Galaxy Kids Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Galaxy Kids Center, School, Yangon.

29/03/2023

ဒီနေ့ကတော့ Teacher Minnie နဲ့အတူတူ ကိုယ့်ကိုယ်ကိုမိတ်ဆက်ဖို့ လေ့လာကြည့်ရအောင်နော်။
တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်စကားပြောတဲ့အခါ လိုအပ်တဲ့အခြေခံအချက်လေးတွေမို့ အခု Video လေးက သားသားမီးမီးလေးတွေသာမက ကျောင်းတက် အလုပ်ဝင်နေတဲ့ ကိုကိုမမတွေအထိ အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင့်

27/03/2023

ဒီတစ်ခါမှာတော့ Galaxy Kids ကဖွင့်လှစ်တဲ့ English 4 Skills for Kids သင်တန်းမှာ Level 1 ရဲ့ Teacher Htoo Myat က ကလေးငယ်လေးတွေကို စာသင်ကြားပြသပေးမဲ့ နမူနာပုံစံလေးကို ပြင်ဆင်ပေးထားပါတယ် 🌼
Teacher နဲ့အတူတူ Zoo ကို အလည်သွားကြရအောင်ရှင် 🥰

23/03/2023

💭 𝗚𝗮𝗹𝗮𝘅𝘆 𝗞𝗶𝗱𝘀 𝗖𝗲𝗻𝘁𝗲𝗿 ရဲ့
(𝟰)လပိုင်းမှာဖွင့်လှစ်မဲ့ 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝟰 𝗦𝗸𝗶𝗹𝗹𝘀 𝗳𝗼𝗿 𝗞𝗶𝗱𝘀 အတန်းကို ဘာကြောင့် တက်သင့်တာလဲ 💭?

💭 ဖေဖေမေမေတို့ရဲ့ ရင်သွေးငယ်လေး👦👧တွေအတွက် နွေရာသီအားလပ်ရက်မှာ အကျိုးရှိရှိဖြတ်သန်းနိုင်ဖို့ English စာသင်တန်းများစွာဖွင့်လှစ်သင်ကြားပေးနေတဲ့ Galaxy Kids Center ရဲ့ နွေရာသီသင်တန်းလေးနဲ့မိတ်ဆက်ပေးပါရစေ✨

💭 Galaxy Kids Center က အသစ်ဖွင့်လှစ်လိုက်တဲ့ English 4 Skills for Kids သင်တန်းလေးဟာ သားသားမီးမီးလေးတို့ရဲ့ English Language 🇬🇧 စွမ်းရည်မြင့်မားလာဖို့အပြင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာ ပြောပြပေးမယ်နော်…။

▫️ဒီသင်တန်းလေးကို သက်ဆိုင်ရာ Level အလိုက် English စာ🇬🇧 ကျွမ်းကျင်ပိုင်နိုင်တဲ့ ဆရာ ဆရာမတွေကိုယ်တိုင် 👨‍🏫👩‍🏫 သားသားမီးမီးတို့အတွက် အခြေခံအကျဆုံးကစပြီး ထိထိရောက်ရောက်သင်ကြားပေးမဲ့အတန်းဖြစ်တာမို့ သင့်ကလေးငယ်တွေကို ဘာသာစကားတစ်ခုနဲ့အခြေခံကျကျမိတ်ဆက်‌ေပးနိုင်တဲ့ သင်တန်းဖြစ်ပါတယ်☺️

▫️English စာကို သင်ကြားတဲ့အခါမှာ စာပေသင်ကြားခြင်းထက် ဘာသာစကားတစ်ခုကို ပျော်ပျော်ရွှင်ရွှင်လေ့လာ‌နိုင်စေဖို့ရည်ရွယ်ထားတာမို့ 📝 ကလေးငယ်တွေအတွက် ဗဟုသုတတွေအများကြီး ရရှိစေနိုင်ပါတယ်။

▫️ဒါ့အပြင် သင်ခန်းစာသင်ရိုးသာမက 👀 ကလေးငယ်များစိတ်လက်ပေါ့ပါးပြီး ပေါင်းသင်းဆက်ဆံမှုတိုးတက်‌စေဖို့ ပျော်ရွှင်စရာ activity တွေ🎊ကိုပါ အကျိုးရှိရှိထည့်သွင်းထားပါသေးတယ်။

▫️ဒီလို အကျိုးကျေးဇူးတွေအများကြီးရရှိစေနိုင်ဖို့ ရည်ရွယ်ထားတဲ့ Galaxy Kids Center ရဲ့ English 4 Skills သင်တန်းလေးက မကြာမီဖွင့်လှစ်တော့မှာမို့ သင့်ကလေးငယ်ရဲ့ အမှန်တကယ် သိသာထင်ရှားတဲ့ result ကောင်းတွေနဲ့ တိုးတက်မှုတွေအတွက် ☺️ အခုပဲ Page Messenger မှာ ဆက်သွယ်ပြီး စာရင်းသွင်းလိုက်ပါတော့နော်…🙆

Photos from Galaxy Kids Center's post 13/03/2023

မေမေတို့ရဲ့ သားသားမီးမီးေတွအတွက် နွေရာသီ အင်္ဂလိပ်စာသင်တန်း ဖွင့်ပြီနော်🧒👧💫

နွေရာသီအားလပ်ရက်မှာ လူကြီးမင်းတို့ရဲ့ သားသားမီးမီးလေးတွေရဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့အတွက် Galaxy Kids Center ရဲ့ English Four Skills Class လေးနဲ့ မိတ်ဆက်ပေးပါရစေ။🥳

⭐️⭐️English Classes တွေအများကြီးဖွင့်လှစ်သင်ကြားနေတဲ့ Galaxy Academic Center ကနေ ထပ်မံဖွင့်လှစ်လိုက်တဲ့ Galaxy Kids Center မှာတော့ သားသားမီးမီးတို့ရဲ့ သင်ကြားမှုသင်ယူမှုစွမ်းရည်နဲ့ Critical Thinking တိုးတက်လာစေနိုင်ဖို့ အဓိကထားတဲ့ သင်တန်းတွေ ပုံမှန်ဖွင့်လှစ်ပေးမှာဘဲဖြစ်ပါတယ်။

⭐️⭐️လူကြီးမင်းတို့ရဲ့သားသားမီးမီးလေးတွေအတွက် နွေရာသီအားလပ်ရက်ကို အကျိုးရှိရှိဖြတ်သန်းစေနိုင်ဖို့ အခုဖွင့်လှစ်လိုက်တဲ့ English Four Skills Class လေးအကြောင်း အသေးစိတ်ပြောပြပေးမယ်နော်။

⭐️⭐️သင်တန်းကာလကတော့ ၂လဖြစ်ပြီး ၄လပိုင်း ၄ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။
အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး ကြာသပတေးနေ့တွေရဲ့ ညနေ ၆နာရီမှ ၈နာရီအထိ သင်တန်းချိန်သတ်မှတ်ထားပါတယ်။

⭐️⭐️အသက် ၇နှစ်မှ ၁၄ နှစ်အထိသားသားမီးမီးတွေ တက်ရောက်နိုင်ပါတယ်။

⭐️⭐️သင်တန်းကို Zoom Application မှတဆင့် Live သင်ပေးမဲ့အပြင် သားသားမီးမီးတစ်ဦးချင်းစီအလိုက် သေချာလေ့ကျင့်နိုင်စေဖို့ အတန်းတစ်တန်းကို ၁၀ ယောက်ခန့်သာ လက်ခံသင်ကြားပေးမှာမို့ သားသားမီးမီးလေးတို့အတွက် အကျိုးရှိစေမှာ အသေအချာပါပဲ။

သင်တန်းကြေးလေးကတော့ တစ်လကို ၂၅၀၀၀ကျပ်နှုန်းနဲ့ ၅၀၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး Early Bird Promotion အနေနဲ့ March 31 ရက်မတိုင်မီ အပ်နှံပါက 10% Discount ရရှိမှာပါ။ 🥳

ဘယ်လို Teacher တွေဆီက လေ့လာသင်ယူရမှာလဲ ❓

အင်္ဂလိပ်စာသင်ကြားမှုကို ကျွမ်းကျင်ပိုင်နိုင်ပြီး ထူးချွန်ထက်မြက်တဲ့သားသားမီးမီးလေးတွေအများကြီးပျိုးထောင်ပေးနေကြတဲ့
👉Tr Htoo Myat, Tr Myat, Tr Hnin Oo Wut Yi, Tr Minnie နဲ့ Tr Cho တို့က Class တစ်ခုချင်းစီမှာ စနစ်တကျ သင်ကြားပေးမဲ့အပြင် သားသားမီးမီးတို့ အဆင်ပြေချောမွေ့စွာ စာသင်ကြားနိုင်ရေးအတွက် အတန်းတိုင်းမှာ Class Admin Teacher တွေပါ ထားရှိပေးဦးမှာပါ။

ဘာလို့ ဒီသင်တန်းကို သားသားမီးမီးတို့ တက်ရောက်သင့်တာလဲ ❓

✅ ဒီ Class လေးကို " Oxford's Let's Go " စာအုပ်နဲ့အဓိကသင်ကြားပေးမှာဖြစ်ပြီး အမှန်တကယ်အကျိုးရှိရှိလေ့လာသင်ကြားနိုင်ဖို့ရည်ရွယ်တာမို့ သားသားမီးမီးတို့ရဲ့ English Language ကျွမ်းကျင်မှုအလိုက် Level (၅)ခုတောင်ခွဲပြီး သင်ကြားပေးမှာပါ။ 🌟
✅️ သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စာတိုးတက်မှုကို Report and Discussion လုပ်ပေးမယ့် မိဘ၊ဆရာ Orientation နှင့် Monthly Report များကိုပါ Teacher နှင့် Class Manager များမှပြုလုပ်ပေးသွားမှာပါ။
✅ သားသားမီးမီးလေးတွေရဲ့ စိတ်လက်ကျန်းမာပျော်ရွှင်မှုနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းရည်ကိုပါ တိုးတက်မြင့်မားလာစေဖို့ကိုပါ ရည်ရွယ်တဲ့အတွက် သင်ခန်းစာသင်ရိုးတွေအပြင် ပျော်ရွှင်စရာ Activities လေးတွေကိုပါ စီစဉ်ပေးဦးမှာပါ။ 🌟
✅ ဒါတင်မကသေးဘူးနော်။
English စာကို ဘာသာစကားတစ်ခုအနေနဲ့ တတ်ကျွမ်းယဉ်ပါးနေဖို့ ဖန်တီးပေးထားတဲ့ Galaxy Conversation Club ကိုပါ သင်တန်းတက်ရောက်တဲ့ သားသားမီးမီးတိုင်း အခမဲ့ ဝင်ခွင့်ရရှိဦးမှာပါ။ 🌟

Level ၅ခုမှာ ကိုက်ညီတဲ့ Level မှာ အံဝင်ခွင်ကျသင်ကြားနိုင်ဖို့အတွက် Level Test ဖြေဆိုရမှာဖြစ်တာမို့
ကိုယ့်ရဲ့ သားသားမီးမီးလေးတွေက ဘယ် Level နဲ့ ကိုက်ညီမှုရှိမလဲဆိုတာကို သေချာဆန်းစစ်နိုင်ဖို့အတွက် Page Messenger မှာ အခုပဲမေးမြန်းပြီး သင့်တော်တဲ့ သင်တန်းကို အပ်နှံနိုင်ပါပြီ။ 🥰

လူကြီးမင်းတို့ရဲ့သားသားမီးမီးလေးတွေအတွက် အကျိုးကျေးဇူးတွေအများကြီးယူဆောင်လာပေးနိုင်တဲ့ Galaxy Kids English 4 Skills သင်တန်းလေးကို လူဦးရေကန့်သတ်ထားတာမို့ အမြန်ဆုံးစုံစမ်းပြီး လာရောက်အပ်နှံမှ စိတ်ချရမယ်နော်။ 😍😍

Your Kids, Our Hearts🌟🌟

Contact Us:
Email: [email protected]
Phone: 09755272305, 09791109033

Category

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Galaxy Kids Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.