Doctor Smile
နေမကောင်းဖြစ်တဲ့အခါ အပြင်သွားစရာမလို့ပဲ
အိမ်မှာနေပြီးဆေးကုသလို့ရနေပါပြီ။
11/11/2025
အသက်ရွယ် နုငယ်သေးတဲ့ တစ်နှစ်ခွဲအရွယ် ကလေးတစ်ယောက်ဟာ လမ်းလျှောက်တတ်လာပြီ၊ စကားလေးတွေ စပြောလာပြီ၊ ပတ်ဝန်းကျင်ကို စူးစမ်းလာပြီဆိုတော့ မိဘတွေအနေနဲ့ ကလေးကို ဘာကျွေးရမလဲဆိုတာ စဉ်းစားရတာ ပိုလို့တောင် ခက်လာပါတယ်။ အထူးသဖြင့် လွယ်ကူပြီး အဆင်ပြေတဲ့ အစားအစာတွေကို ရွေးချယ်မိတတ်ကြပါတယ်။ ဒီလိုအချိန်မှာ ခေါက်ဆွဲခြောက်လို အစားအစာမျိုးကို ကလေးကို ကျွေးမိမလားဆိုတာ စဉ်းစားစရာပါပဲ။ တကယ်တော့ တစ်နှစ်ခွဲကလေးကို ခေါက်ဆွဲခြောက် မကျွေးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။
---
၁။ ခေါက်ဆွဲခြောက်မှာ အာဟာရဓာတ် နည်းပါးခြင်း ။
ခေါက်ဆွဲခြောက်ဟာ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တွေ နည်းပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်တဲ့ အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ ဒါ့အပြင် ခေါက်ဆွဲခြောက်မှာ ပါတဲ့ ဆား၊ အဆီနဲ့ ဓာတုပစ္စည်းတွေဟာ ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
၂။ ဆားပါဝင်မှု များပြားခြင်း။
ခေါက်ဆွဲခြောက်ထုပ်တွေမှာ ဆားပါဝင်မှု များပြားပါတယ်။ ကလေးငယ်တစ်ယောက်အတွက် တစ်နေ့တာ လိုအပ်တဲ့ ဆားပမာဏဟာ ၁ ဂရမ်ထက် နည်းပါတယ်။ ခေါက်ဆွဲခြောက်တစ်ထုပ်မှာပါတဲ့ ဆားပမာဏဟာ ကလေးရဲ့ တစ်နေ့တာ လိုအပ်ချက်ထက် ပိုနေတတ်ပါတယ်။ ဆားများလွန်းရင် ကလေးရဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပြီး နောက်ပိုင်းမှာ သွေးတိုးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။
၃။ ဓာတုပစ္စည်းများ ပါဝင်ခြင်း။
ခေါက်ဆွဲခြောက်တွေမှာ အရသာပိုရှိအောင်နဲ့ တာရှည်ခံအောင် လုပ်ဖို့အတွက် ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ ကလေးရဲ့ ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ အထူးသဖြင့် တစ်နှစ်ခွဲအရွယ် ကလေးတွေဟာ ခန္ဓာကိုယ်စနစ်တွေ ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် ဓာတုပစ္စည်းတွေကို ချေဖျက်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ကလေးတွေကို သဘာဝအစားအစာတွေကိုသာ ကျွေးသင့်ပါတယ်။
၄။ အစာခြေစနစ်ကို ထိခိုက်စေနိုင်ခြင်း။
ကလေးငယ်လေးတွေရဲ့ အစာခြေစနစ်ဟာ လူကြီးတွေလို မသန်မာနိုင်သေးပါဘူး ။ ခေါက်ဆွဲခြောက်လို အစားအစာမျိုးဟာ အစာခြေဖို့ ခက်ခဲပြီး ကလေးကို ဗိုက်အောင့်၊ ဗိုက်နာစေနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းချုပ်တာ၊ လေပွတာတွေလည်း ဖြစ်စေနိုင်ပါတယ်။
၅။ ကလေးရဲ့ အစားအသောက်
အလေ့အထကို ထိခိုက်စေခြင်း။
ခေါက်ဆွဲခြောက်လို အစားအစာမျိုးကို ကလေးကို ကျွေးမိရင် ကလေးက ဒီလိုအစားအစာမျိုးကို စွဲလမ်းသွားနိုင်ပါတယ်။ ဒါဟာ ကလေးရဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားချင်စိတ်ကို လျော့နည်းစေပြီး အာဟာရချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။
ဒီအချက်တွေ သိပြီဆိုရင်တော့ ကလေးငယ်လေးကို ခေါက်ဆွဲခြောက်လို တာရှည်ခံအစားအစာကို ကျွေးမယ့် အစား ဘာလေးတွေကျွေးသင့်လဲ ဆိုတာ ပြောပြပေးပါမယ် ။
ခေါက်ဆွဲခြောက်အစား အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးသင့်ပါတယ်။ ဥပမာ -
- ပရိုတင်းဓာတ် : ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ ကြက်ဥ
- Vitamin နှင့် သတ္တုဓာတ် : ဟင်းသီးဟင်းရွက်၊ အသီးအနှံ
-အမျှင်ဓာတ် : ဂျုံ၊ လူး၊ ပဲပိစပ်
ဒါ့အပြင် ကလေးကို လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ ကျွေးပြီး ရေများများ တိုက်ပေးသင့်ပါတယ်။
ကလေးကို အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပေးစေချင်ပါတယ်။ ဒါကြောင့် တာရှည်ခံ အစားစာတွေကို ရှောင်ပြီး လတ်ဆတ်တဲ့ အစားအစာတွေကို ရွေးချယ်ကျွေးမွေးကြပါစို့။
Doctor Smile ကျန်းမာရေး အသိပညာမျှဝေရာ group မှာ မေးထားတဲ့ မေးခွန်းလေးအတွက် အဖြေကို ဗဟုသုတရဖွယ် ရေးသားလိုက်ခြင်း ဖြစ်ပါတယ် ။
အခုလို ကျန်းမာရေး အမေးအဖြေ Group ဝင်ချင်တယ်ဆိုရင်
Page မှာ လာမေးလို့ရပါတယ်ခင်ဗျာ …
" Doctor Smile မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ "
Your Doctor - Your Smile
28/10/2025
☝️ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး ဆိုတဲ့ ဆိုရိုးလေးရှိတာ အားလုံးသိကြပါတယ်နော် …
ဒါအမှန်ပါပဲခင်ဗျာ …
❗️”ဆရာ ကျွန်တော် ဝမ်းအရမ်းချုပ်တတ်လို့ ဘာလုပ်ရမလဲ ? “
❗️”ဆရာ ကျွန်မ အာခံတွင်းနံ့ နံနေတယ် ဝမ်းလည်းချုပ်တယ် ဆရာ “
အခုရက်ပိုင်း ဒီမေးခွန်းလေးတွေ ကြားနေရလို့ ဒီကနေ အဖြေလေး ပေးလိုက်ပါရစေခင်ဗျာ ။ 💭
☝️ဝမ်းဘာလို့ချုပ်တတ်သလဲ ???
၁။ ကျွန်တော်တို့ရဲ့ စားသောက်
နေထိုင်မှုပုံစံတွေမှာ အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေ စားတာ နည်းလာတဲ့အခါ
၂။ ရေသောက်တာ နည်းလာတဲ့အခါ
၃။ အထိုင်များပြီး နေ့စဉ်လှုပ်ရှားမှု နည်းလာတဲ့အခါ
၄။ စိတ်ဖိစီးမှုများလာတဲ့အခါ
၅။ အူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်နေတဲ့အခါ
ဒီလိုအချိန်တွေမှာ ဝမ်းချုပ်တတ်ပါတယ် ခင်ဗျာ ။
☝️ဒါဆိုရင် ဘယ်လို ကာကွယ်ကုသကြရမလဲ ???
၁။ အမျှင်ဓာတ်များတဲ့ အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက် ၊အသီးအနှံ ၊ Prebiotic ကြွယ်ဝတဲ့ ဒိန်ချဉ် ၊ ကင်မ်ချီ စတဲ့ အစားအစာတွေ စားသုံးပေးပါ ။
၂။ အခုရက်ပိုင်း ဆောင်းရာသီ ရောက်လာလို့ အအေးလေးပိုလာတဲ့အခါ ကျွန်တော်တို့က ရေသောက်ဖို့ မေ့လာတတ်ကြတယ် ။ သတိထားပြီး ရေက်ု အနည်းဆုံး တစ်နေ့ နှစ်လီတာကနေ အများဆုံး လေးလီတာ သောက်ပေးပါ။
၃။ မနက်ခင်းပဲဖြစ်ဖြစ် ညခင်းပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေ အနည်းဆုံး မိနစ်၃၀ခန့် လုပ်ပေးပါ ။
၄။ စိတ်ဖိစီးမှုတွေ လျော့ကျအောင် တရားထိုင်တာ ၊ သီချင်းနားထောင်တာ စတဲ့ စိတ်ငြိမ်းချမ်းစေတာလေးတွေကို လုပ်ပေးပါ ။
၅။ အလွန်အမင်း ရက်ရှည်ဝမ်းချုပ်ရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ ဆေးကုသမှု ခံယူပါခင်ဗျာ ။
ဒီလောက်ဆိုရင်တော့ အခုရက်ပိုင်း အဖြစ်များနေတဲ့ ဝမ်းချုပ်ခြင်းအကြောင်း နဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ သိလောက်ပါပြီလို့ ယူဆပါတယ်ခင်ဗျာ ။
တခြား ဆွေးနွေးတိုင်ပင်ချင်တာလေးတွေ ရှိရင်လည်း Page နဲ့ ကျွန်တော်တို့ Doctor Smile Group မှာ မေးမြန်းစုံစမ်းလို့ ရပါတယ်ခင်ဗျာ ။
မိတ်ဆွေတို့အားလုံး ကျန်းမာ ချမ်းသာပြီး အသက်ရှည်ပျော်ရွှင်ကြပါစေခင်ဗျာ ။
“𝗗𝗼𝗰𝘁𝗼𝗿 𝗦𝗺𝗶𝗹𝗲 မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ "
𝗬𝗼𝘂𝗿 𝗗𝗼𝗰𝘁𝗼𝗿 - 𝗬𝗼𝘂𝗿 𝗦𝗺𝗶𝗹𝗲
#𝗱𝗼𝗰𝘁𝗼𝗿𝘀𝗺𝗶𝗹𝗲
#𝗱𝗼𝗰𝘁𝗼𝗿𝗵𝗼𝗺𝗲𝘃𝗶𝘀𝗶𝘁
#𝘁𝗲𝗹𝗲𝗰𝗼𝗻𝘀𝘂𝗹𝘁𝗮𝘁𝗶𝗼𝗻
#𝗵𝗼𝗺𝗲𝗵𝗲𝗮𝗹𝘁𝗵𝗰𝗮𝗿𝗲
17/10/2025
❗️အမျိုးသမီးတိုင်း သိထားသင့်သော ဓမ္မတာသွေးအရောင်များ ❗️
အမျိုးသမီးတိုင်း အပျိုဖော်ဝင်စကနေ သွေးမဆုံးခင်အချိန်ထိ လစဉ် ဓမ္မတာ (သို့) ရာသီ လာကြပါတယ် ။
ရာသီလာတဲ့အခါ သွေးအရောင်လေးတွေကနေတစ်ဆင့် ကိုယ့်ကျန်းမာရေးအခြေအနေကို စမ်းစစ်နိုင်ပါတယ် ။
အမေးများကြတဲ့ မေးခွန်းတစ်ခုလည်း ဖြစ်တာမို့ ရာသီသွေးအရောင်တွေအကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ ။
မိမိသိလိုတဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးတွေ မေးခွန်းလေးတွေ အတွက် ကျွန်တော်တို့ Doctor Smile group လေးလည်း join ထားနိုင်ပါတယ်ခင်ဗျာ ။
https://www.facebook.com/share/g/6pDZ8GQYzCJnL5jL/?mibextid=wwXIfr
မိတ်ဆွေတို့အားလုံး ကျန်းမာ ချမ်းသာပြီး အသက်ရှည်ပျော်ရွှင်ကြပါစေခင်ဗျာ ။
“𝗗𝗼𝗰𝘁𝗼𝗿 𝗦𝗺𝗶𝗹𝗲 မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ "
𝗬𝗼𝘂𝗿 𝗗𝗼𝗰𝘁𝗼𝗿 - 𝗬𝗼𝘂𝗿 𝗦𝗺𝗶𝗹𝗲
#𝗱𝗼𝗰𝘁𝗼𝗿𝘀𝗺𝗶𝗹𝗲
#𝗱𝗼𝗰𝘁𝗼𝗿𝗵𝗼𝗺𝗲𝘃𝗶𝘀𝗶𝘁
#𝘁𝗲𝗹𝗲𝗰𝗼𝗻𝘀𝘂𝗹𝘁𝗮𝘁𝗶𝗼𝗻
#𝗵𝗼𝗺𝗲𝗵𝗲𝗮𝗹𝘁𝗵𝗰𝗮𝗿𝗲
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon
11211
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |