HTOO MYAT Health-Care
Vaccination Services
07/09/2022
ကိုဗစ်ရောဂါပြန်လည်ဖြစ်ပွားနေပါသဖြင့်
ရောဂါမဖြစ်စေရန်
#လက်ဆေးပါ
်ပါ
#တဦးနဲ့တဦးခပ်ခွာခွာနေပါ
#ကိုဗစ်ကာကွယ်ဆေးကိုမပျက်မကွက်ထိုးနှံကြပါ
HTOO MYAT Health-Care Services Medical & health
17/07/2022
ခုရက်ပိုင်းအတွင်း အဖြစ်များလာတဲ့
#သွေးလွန်တုပ်ကွေး
ကလေးများနှင့်သွေးလွန်တုပ်ကွေးအန္တရာယ်
❗️သွေးလွန်တုပ်ကွေး အနှစ် ချုပ်
သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )
ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်
၁. အော့ အန် ခြင်း
၂. အရေပြား ပေါ် တွင် အဖိန့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကိရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေးဖြူဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကေါ်ဖီနှစ် အရောင်အန်ခြင်း
⚠️အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်
❗️အန္တရာယ် လ က္ခဏာ များ
၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး pcv တက်လာ ခြင်း
❗️ဆေးရုံတက်သင့် သော လူနာများ
၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ
#သွေးလွန်တုပ်ကွေး #သွေးလန့်ခြင်းလက္ခဏာများ
(𝐃𝐞𝐧𝐠𝐮𝐞 𝐒𝐡𝐨𝐜𝐤 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞)
👉ခန္ဓာကိုယ်အတွင်း သွေးယိုစီးသည့်အတွက်ကြောင့် ကော်ဖီမှုန့်ရောင်၊ အညိုရောင် အဖတ်အမျှင်လေးများပါသော အရည်များအန်ခြင်း၊ ဝမ်းမည်းမည်း သွားခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း
👉ခန္ဓာကိုယ်ရှိ အရေပြားပေါ်တွင် ထိခိုက်သကဲ့သို့၊ သွေးခြေဥသကဲ့သို့ အနီကွက်များပေါ်လာခြင်း
👉ကိုယ်အပူချိန် ရုတ်တရက်ကျဆင်းသွားခြင်း ( များသောအားဖြင့် စဖျားသည့်နေ့မှ (၃)ရက်မြောက်တွင် ဖြစ်တတ်ပါသည်။)
👉ရုတ်တရက် ဗိုက်အောင့်လာခြင်း
👉ဂနာမငြိမ်ဖြစ်ခြင်း (သို့) အရမ်းမှိန်းလာခြင်း
👉ဆီး မသွားခြင်း
👉ခြေဖျား လက်ဖျားများ အလွန်အမင်း အေးစက်ခြင်း
သွေးလန့်လျှင် မှိန်းနေပြီး တကိုယ်လုံး အေးစက်လာခြင်း
👉သွေးပေါင်အလွန်ကျဆင်းခြင်း၊ နောက်ဆုံးတွင် တိုင်းတာ၍ မရသည့် အခြေအနေဖြစ်ခြင်း၊ အပေါ်သွေး၊ အောက်သွေးခြားနားချက်သည် 20mmHg (သို့) ထို့ထက်နည်းခြင်း
👉အစာ/ ရေ မဝင်နိုင်လောက်အောင် အဆက်မပြတ်အန်ခြင်း စသည်တို့ဖြစ်ပါသည်။
‼️‼️မိဘများ အထူးသတိပြုရန်‼️‼️
⚠️ကလေး အစား နှင့် အရည် မဝင်လျှင်၊ဗိုက်အောင့်လျှင်၊အဖျားကျ ပြီး တကိုယ်လုံးအေးစက်နေသော်လည်း မလန်းလျှင် မှိန်းနေလျှင်၊ဆီးမသွားနိုင်လျှင်၊တောက်လျှောက်အန်နေလျှင်၊
⚠️ကိုယ်ပူချိန် မကျဘဲ 102'F နှင့်အထက်မှာ ရှိနေလျှင်၊ တက်လျှင်
⚠️ နှာခေါင်းသွေးယိုလျှင် ၊သွားဖုံးသွေးယိုလျှင်၊ ကတ္တရာစီးရောင် ဝမ်းမည်းမည်းသွားလျှင်၊ဆီးထဲသွေးပါလျှင်၊ခန္ဓာကိုယ်တွင်အနီစက်များထွက်လျှင်၊အညိုအမဲကွက်များပေါ်လျှင်
🔰ချက်ချင်း တတ်ကျွမ်းနားလည်သော ဆရာဝန် / ကလေးအထူးကု ဆရာဝန်နှင့် ပြသရန် ဆေးရုံ ဆေးခန်းသို့ သွားရပါမည်။🔰
⛔️သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ⛔️
👉နေ့ခင်းဘက်ကလေးအိပ်ရင်ခြင်မကိုက်အောင်ခြင်ထောင်ထောင်သိပ်ပါ
👉ခြင်မပေါက်ပွားအောင် ရေလှောင်ကန်တွေကိုအဖုံးဖုံးအုပ်ပါ၊ပိုလောက်လန်းတွေ့လျင် ရေကိုလှယ်ပစ်ပါ
👉အိမ်ပတ်ဝန်းကျင်တွင် ခြင်မခိုအောင်းနိုင်အောင် ခြုံများ၊ တာယာကန်များ၊မိုးရေတင်နိုင်သောရေခွက် အိုးခွက်ဟောင်းများကိုစနစ်တကျ စွန့်ပစ်သန့်ရှင်းရေးလုပ်ပါ
👉ဘုရားပန်းအိုးများကိုနေ့စဥ်လဲလှယ် ပေးပါ (ပိုးလောက်လန်း ပေါက်ပွားမှုကိုမရှိစေရန်)
👉ပိုးလောက်လန်းကင်းစင် မှသာ သွေးလွန်တုပ်ကွေးဖြစ်စေသောခြင် ကင်းစင်မည် ဖြစ်ပါသည်။
Reference: Prof Dr Saw Win, WHO Myanmar, happylifeonlineclinic
သားသားမီးမီးတို့သွေးလွန်တုပ်ကွေးအန္တရာယ်မှကင်းဝေးကြပါစေ။
credit....
17/07/2022
အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ ကိုဗစ် ၁၉ မျိုးကွဲသစ် ဘီအေ ၅ က အဆိုးဆုံးမျိုးကွဲအဖြစ် အမေရိကန်ဆေးပညာရှင် သတ်မှတ်
အမေရိကန်ဆေးပညာရှင် ဒေါက်တာ အဲရစ် တိုပေါလ်က ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ ၅ ဟာ အရင်မျိုးကွဲတွေထက် လူတွေကို ပိုမိုကြာရှည်စွာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာစေနိုင်တယ်လို့ ယူဆထားပါတယ်။ အဲဒီမျိုးကွဲသစ်ကို အခုအချိန်အထိတွေ့မြင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးမျိုးကွဲအဖြစ် ဒေါက်တာ အဲရစ်က အမည်တပ်ထားပါတယ်။
သူ့ကို ဒီမျိုးကွဲသစ်ရဲ့ပြင်းထန်တဲ့ ခုခံအားနဲ့ ကူးစက်နိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ ဘီအေ ၅ မျိုးကွဲက ဆဲလ်အတွင်းထဲ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်စွမ်းရှိပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတဲ့၊ ဆေးရုံတက်ရောက်မှုနှုန်းများစေတဲ့ ကိုဗစ် ၁၉ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတယ်လို့ ဒေါက်တာအဲရစ်ရဲ့သုတေသနပြုချက်တွေက ဆိုပါတယ်။
ဒေါက်တာ အဲရစ်က ဘီအေ ၅ မျိုးကွဲဟာ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတဲ့အပေါ် စိုးရိမ်နေပေမဲ့ ဘီအေ ၅ မျိုးကွဲက ပိုမိုပြင်းထန်စေတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်မလားဆိုတာ ပြောပြဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။
သေသေချာချာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒယ်တာလို ဆဲလ်ကူးစက်မှုလက္ခဏာရပ်တွေတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ ဒေါက်တာ အဲရစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။
Ref: Ladbible "Doctor Says Latest Covid-19 Strain BA.5 Is The 'Worst Variant We Have Seen So Far' "
WL ( ရိုးရာလေး )
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Insein
Yangon