SAY TA MAN High-Way Express
SAY TA MAN High-Way Express is the best transportation for our beloved customers.
24/02/2026
📞📞📞ကလင် ကလင် ကလင် တယ်လီဖုန်းလေး ဆက်လိုက်ချင်📞📞📞
ရန်ကုန်>> တောင်ငူလား🧐🧐
တောင်ငူ>>ရန်ကုန်လား😎😎
🤙🤙🤙ချစ်လှစွာသော ခရီးသည်များ တောင်ငူ-ရန်ကုန် ခရီးစဥ်ရဲ့ဘယ်နေရာကလိုက်ချင်ပါသလဲ🤗
🤙🤙🤙ခန့်မှန်းခြေ ဘယ်အချိန်လောက်ကြိုစောင့်နေရင် အဆင်ပြေမလဲ 🤔
🤙🤙🤙ဟုတ်ကဲ့ မဂ်လာပါ စေတမာန် High-Way Express မှ နွေးထွေးသော နှလုံးသားဝန်ဆောင်မှုများဖြင့် ကြိုဆိုပါရစေခင်ဗျာ🤗🤗
👉👉👉 စေတမာန် ရဲ့ ချစ်လှစွာသော ခရီးသည်များ တောင်ငူ-ရန်ကုန် ခရီးသွားလာရာလမ်းမှာ အစစအရာရာ ပိုမိုအဆင်ပြေစေဖို့ရာ 🚌🚌🚌ဂိတ်စက စီးစရာမလိုပဲ တောင်ငူ-ရန်ကုန်အမြန်လမ်းမှာ တတ်စီးလို့ရတဲ့ လမ်းဂိတ်ခွဲဖုန်းနံပါတ်လေးများကို ပြောပြပေးချင်ပါတယ် ခင်ဗျာ🤗🤗🤗
🤙မချို(ညောင်ကိုင်းကျောင်းရှေ့) 📞 09-250925541
🤙ကိုစည်သူ (၁၄၄/၃ဖာလုံ)📞09-250086588
🤙မိဘမေတ္တာ (138မိုင်)📞 09-428168638
🤙ကုလားလေး (99မိုင်)📞 09-250931881
🤙Ok (138မိုင်)📞 09-971917100
ရောက်နိုင်မဲ့ ခန့်မှန်းခြေအချိန်လား စျေးနှုန်းလား
စိတ်ကြိုက်စုံစမ်းမေးမြန်း အားပေးနိုင်ပါတယ်
ခင်ဗျ🤗🤗
🤙ခုလက်ရှိ
👉ရန်ကုန် မှ တောင်ငူ ကားထွက်ချိန်လေးတွေ ဆိုရင်ရောဗျာ
📞မနက်ဆို 6:30/8:30/10:00(ဒဲ့)/11:30
နေ့လည်ဆို 1:30 ဖြစ်ပီး
👉တောင်ငူ >>> ရန်ကုန်ဆိုရင်
မနက် 5:00(ဒဲ့)/6:30/7:30/8:00(ဒဲ့)/10:30 ပါခင်ဗျ
ရန်ကုန်ဂိတ်ဖုန်းနံပါတ်- 09-444700368/ 09-420780808/ 09-420943360
တောင်ငူဂိတ်ဖုန်းနံပါတ် 054-2825723/ 09-428208563
ရေနီဂိတ်ဖုန်းနံပါတ်- 09-775055600
🤙ခုလက်ရှိ
ရန်ကုန် တောင်ငူ ကားခလေးရောဗျာ
📞16,000 ပါခင်ဗျာ
🤙ချစ်လှစွာသော ခရီးသည်များ
စိတ်အေးချမ်း အဆင်ပြေ ချောမွေ့စွာဖြင့် ခရီးသွားလာနိုင်စေဖို့ SAY TA MAN High-Way Express မှ ချစ်ခြင်းများစွာဖြင့် နွေးထွေးစွာဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း သတင်းစကားလေးပါးလိုက်ပါရစေခင်ဗျာ🤗🤗
20/04/2023
🙏🏻စေတမန်Expressမိသားစုမှပထမအကြိမ်ကြီးမှူးကျင်းပသောရေဆွမ်းတရားစခန်းပွဲကြီး🙏🏻
***တောင်ငူမြို့ မိုးကုတ်ဝိပဿနာစွယ်တော်ဓမ္မရိပ်သာကျောင်းတိုက်အတွင်း ပုသိမ်မြို့(သဲအင်းဂူ)သက်တော်ရှည်ရေဆွမ်းဆရာတော်ကြီးဘဒ္ဒန္တဦးသီဟ ရေဆွမ်းအဓိဌာန် တရားစခန်းပွဲကြီးအား (27.4.2023 မှ 2.5.2023) ထိကျင်းပသွားမည်ဖြစ်ပါသဖြင့်တရားစခန်းဝင်ရောက်လိုသူယောဂီများ အနေဖြင့် (တောင်ငူမြို့စေတမန်ကားဂိတ်(သို့)ရန်ကုန်မြို့ စေတမန်ကားဂိတ်)များတွင် စာရင်းပေးသွင်းနိုင်ပါကြောင်း နိဗ္ဗာန်ကိုအကျိုးမျှော်၍ နှိုးဆော်ပေးအပ်ပါသည်။***
*တရားစခန်းဝင်ယောဂီများအနေ့ဖြင့် (26.4.2023 ညနေ 6.00pm )အရောက်ကြွရောက်ပေးကြပါရန်*
* Water fasting ပြုလုပ်ခြင်းအကျိုးကျေးဇူးများ*
1. Autophagy ကိုမြင့်တက်စေခြင်း
2. သွေးတိုးခြင်းကို လျော့ချစေခြင်း
3. Insulin နှင့် leptin sensitivity မြင့်တက်စေခြင်း
4. နာတာရှည် ရောဂါပေါင်းများစွာ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်ခြင်း
*Autophagyကိုမြှင့်တင်ခြင်း*
- Autophagy ဆိုတာ cell အဟောင်းတွေ cancer cellတွေကိုပြန်စားတဲ့ စနစ်တစ်ခုပါ autophagyက cellအသေတွေ cancer ဖြစ်စေနိုင်တဲ့ cell တွေကို ပြန်လည်စားသုံးတာကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ် အတွက် အရမ်းကိုအထောက်အကူပြုပါတယ်။
*သွေးတိုးခြင်းကိုလျော့ချခြင်း*
- လေ့လာတွေ့ရှိချက်တွေအရ water fasting လုပ်ခြင်းကြောင့် သွေးတိုးရောဂါ ရှိတဲ့သူတွေကို 120/80 mmHg ကိုရောက်စေပြီး သွေးမတိုးတော့ဘူးပေါ့ အစာရှောင်မယ်ဆိုရင်တောင် 140/90 mmHg ထိပဲအများဆူံးကျနိုင်ပါတယ်။
- ဘာအစာမှမစားရပဲ ရေတစ်မျိုးထဲသာသောက်ဖို့ဖြစ်ပါတယ်။ မည်သည့် ကယ်လိုရီမှ မထည့်ရတော့ပါဘူး အချိုရည်တောင် မသောက်ရပါဘူး။ သုည ကယ်လိုရီ အတိုင်းထားရမှာဖြစ်ပါတယ်၊ အဲ့ဒီ အစာဖြတ်လေ့ကျင်းခန်းကနေရရှိလာမည့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အများကြီးဖြစ်ပါတယ်၊ အစာဖြတ်လိုက်တော့ ခန္ဓာကိုယ်က energy ရှိဖို့အတွက် ကိုယ်တွင်းမှာ အာဟာရတွေကို လိုက်ရှာရပါတယ်၊ အာဟာရကိုမတွေ့တော့ ကိုယ်တွင်းကအဆီတွေကို လိုက်စားပါတယ်၊ အဆီတွေထဲမှာအောင်းနေတဲ့ အဆိပ်တွေဟာ လောင်ကျွမ်းခံရတဲ့အတွက် အဆီလဲကျပြီး အဆိပ်တွေလဲဖယ်ရှားခံရပါတယ် အဲ့ဒီအဆိပ်တွေကို ရေက ခန္ဓာကိုယ် အပြင်ဘက်ကို စွန့်ထုတ်ပေးလိူက်ပါတယ်။ ခန္ဓာကိုယ်မှာ အလိုလျောက်ပြုပြင်တဲ့ စနစ်ဆိုတာရှိပါတယ်အဲ့ဒီစနစ်က အစာဖြတ်ပေးလိုက်တာနဲ့ ပိုပြီးအလုပ်လုပ်နိုင်တယ် ရောဂါတွေကို ဆေးသောက်စရာမလိုပဲနဲ့ အလိုလျောက်ပြုပြင်တဲ့စနစ်က auto ကုသပေးသွားတာဖြစ်ပါတယ်။ ရောဂါတွေသူ့ဟာသူပျောက်သွားပါတယ်။အစာဖြတ်လိုက်တဲ့အခါမှာ စိတ်ပါပြောင်းသွားပါတယ်၊ အူတွေမှာအစာမရှိတော့ စိတ်ကြည်လာတယ်၊နေရထိုင်ရတာပေါ့ပါးလာတယ်၊ ဦးနှောက်ကစိတ်ကူးစိတ်သန်းကောင်းတွေ ထွက်ပေါ်လာတယ်။
-အစာဖြတ်ပြီးရေသောက်ကျင့်ရင် လူတွေက အားယုတ်တယ်လို့ ထင်နေကြလေ့ရှိပါတယ်၊ တကယ်တော့ အားမယုတ်တဲ့အပြင် အားပိုရှိသလိုခံစားရပါတယ်၊ ဘာကြောင့်လဲဆိုတော့ပေါ့ပါးလို့ပါ၊ ပေါ့ပါးတော့သွက်လက်လာတယ်၊ အခြားအကျိုးကျေးဇူးများစွာလဲရှိပါတယ်။
*အဲ့တာတွေကတော့🤗🤗🤗
1. ကိုယ်တွင်းရောင်ကိုင်းမှုကိုလျော့ချပေးခြင်း
2. အူလမ်းကြောင်း ကျန်းမာခြင်း
3. တစ်ကိုယ်လုံးငြိမ်အေးခြင်း
4. ဖြစ်ဆဲရောဂါများ ရပ်တန့်သွားခြင်း
5. သွေးတွင်း Insulin ပုံမှန်ဖြစ်လာခြင်း
6. ဆီးချိုသွေးချို ထိန်းလာခြင်း
7. အစာခြေစနစ်ကောင်းလာခြင်း
8. ကြွက်သားများသန်မာလာခြင်း
9. လည်ချောင်း ချွဲသလိပ်ရှင်း
10. အရိုးကျစ်လစ်ခြင်း
11. စိတ်ထားနူးညံ့လာခြင်း
12. အသားရည်လှပခြင်း
13. ကိုယ်လုံးကိုယ်ထည်အချိုးကျလာခြင်း
14. ခံတွင်း အနံအသက် ကင်းခြင်း စတဲ့အကျိုးကျေးဇူးများစွာ ရရှိလာမှာဖြစ်ပါတယ်။
တရားယောဂီသူတော်စင်အပေါင်းနှင့်ပုဂ္ဂိုလ်သတ္တဝါများအားလုံးကပ်ကြီး(၃)ပါးကျော်လွှားနိုင်ကြပါစေ🙏🏻🙏🏻🙏🏻
13/04/2023
မြန်မာနှစ်ကူးသကြန် အခါသမယမှသည်
ချစ်မိတ်ဆွေများအားလုံး ကျန်းမာပျော်ရွင်ကြပါ
စေကြောင်း 🤗🤗🤗စီးပွားရေးများလဲ ဒီရေအလား ကြီးပွားတိုးတတ်ကြပါစေကြောင်း🤘🤘🤘
စေတမာန် High-Way Express မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ🙏🙏🙏
" အထူးသတိပြုရန် ပန်ကြားချက် "
👉👉စေတမန်ကား ဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပြီး တန်ဆာပစ္စည်းများ ထုတ်ယူရာတွင်
အွန်လိုင်းမှ ( Kpay / Wave ) များဖြင့် လိမ်ညာငွေတောင်းခံမှူများ ဖြစ်ပေါ်နေပါသည်။ ကျနော်တို့
စေတမန်ဂိတ်အနေဖြင့် Online ငွေပေးချေမှု Service ကိုထားရှိခြင်းမရှိပါသဖြင့် ငွေများ
လွှဲပေးခြင်း လုံးဝ ( လုံးဝ) မပြုလုပ်ကြပါရန် ပန်ကြားအပ်ပါသည် ချစ်မိတ်ဆွေတို့ခင်ဗျာ..🙏🙏
👉👉 အကြောင်းအမျိူးမျိူးကြောင့် ငွေလွှဲပီး လိမ်ညာခံရပါက ကျနော်တို့ စေတမန် Express ကားဂိတ် အနေဖြင့် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါတယ်ခင်ဗျာ✍✍
ချစ်ခင်လေးစားစွာဖြင့်
SAY TA MAN High-Way Express
25/12/2022
ချစ်စွာသော SAY TA MAN High-Way Express ရဲ့
ဆွေသဟာများ Merry Christmas ပါဗျိုး🎶🎶🎶
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလျှက်ပါခင်ဗျာ🙏🙏🙏
#စေတမာန်
#ရန်ကုန်ဂိတ်
#တောင်ငူဂိတ်
Click here to claim your Sponsored Listing.
Category
Website
Address
Oakthar Street
Yangon
001525