THURA THA WAH

THURA THA WAH

Share

အရေးအသားများ

Photos from THURA THA WAH's post 07/08/2025

𝐎𝐍 𝐓𝐇𝐈𝐒 𝐃𝐀𝐘: World Trade Center ပေါ်က လူစွန့်စားတစ်ဦး

၁၉၇၄၊ ဩဂတ်စ် ၇ ရက်မှာ အမေရိကန် World Trade Center ပေါ်က စွန့်စားမှုတစ်ခုက ကမ္ဘာကျော်သွားခဲ့တယ်။

ဒီစွန့်စားမှုကို လုပ်ခဲ့သူက Philippe Petit ဆိုတဲ့ ပြင်သစ်လူမျိုး ကြိုးတန်းလမ်းလျှောက်သူ ဖြစ်တယ်။ သူက World Trade Center ရဲ့ Twin Tower နှစ်ခုကြားမှာ ကြိုးတန်းလမ်းလျှောက်ပြခဲ့တာ။ ဒီမျှော်စင်တွေက မြေပြင်ကနေ အမြင့်ပေ ၁၃၅၀ လောက်ရှိပြီးတော့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးတွေထဲမှာပါတယ်။

ဒီလိုလုပ်နိုင်ဖို့အတွက် Petit နဲ့ သူ့ရဲ့အကူတွေက ညဘက်တွေမှာ မျှော်စင်ပေါ် ခိုးတက်ပြီး ဟိုဖက်နဲ့ ဒီဖက် Cable ဆွဲဖို့ လုပ်ခဲ့ကြတယ်။ သူတို့က ကြိုးကို မြားနဲ့ပစ်ပြီး တစ်ဖက်ကို လွှတ်ချပြီး ဆက်သွယ်တဲ့ နည်းစနစ်ကို သုံးခဲ့ကြတယ်။
အဲဒီနေ့မနက် ၇ နာရီလောက်မှာ Petit ရဲ့ စွန့်စားခန်း စပါတယ်။ Twin Tower နှစ်ခုကြား တန်းထားတဲ့ ၁ ပေလောက်ပဲ အကျယ်ရှိတဲ့ သံကြိုးပေါ်မှာ လမ်းစလျှောက်ပါတော့တယ်။ အဲဒီအချိန်မှာ လေတွေကလည်း တဟူးဟူးတိုက်နေတယ်။

Petit က အဲဒီကြိုးတန်းပေါ်မှာ ၄၅ မိနစ်ကြာအောင် နေခဲ့တာ။ ဒီအတိုင်းတောင် မဟုတ်ဘူးနော်။ အဲဒီကြိုးတန်းပေါ်မှာ လှဲပြလိုက်၊ ဒူးထောက်လိုက်၊ အမျိုးမျိုး လုပ်ပြတယ်။ အောက်မှာရှိတဲ့ လမ်းသွားလမ်းလာတွေ၊ သတင်းကြားလို့ ရောက်လာတဲ့ ရဲတွေအားလုံး အံ့ဩတကြီး ငေးကြည့်နေကြရတယ်။

Petit ရဲ့ စွန့်စားမှုကို ရဲတွေပါ သဘောကျနေပေမယ့် သူပြန်ဆင်းလာတဲ့ အချိန်မှတော့ တာဝန်အရ သူ့ကို ဖမ်းရတာပေါ့။ ပြီးတော့၊ Petit ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးတာတွေ လုပ်တယ်။ ပြီးတော့၊ တရားရုံးမှာ ဥပဒေနဲ့မညီဘဲ ခိုးဝင်မှုတွေ ဖျက်ဆီးမှုတွေနဲ့ စစ်ဆေးတယ်။

ဒါပေမဲ့၊ သူ့ရဲ့သတ္တိနဲ့ စွမ်းရည်ကို လေးစားတဲ့အနေနဲ့ Central Park မှာ အခမဲ့ဖျော်ဖြေဖို့နဲ့ ကလေးတွေအတွက် ကြိုးတန်းလမ်းလျှောက်တဲ့ သင်တန်းတစ်ခု ဖွင့်ပေးဖို့ဆိုတဲ့ ပြစ်ဒဏ်ကိုပဲ ချမှတ်ပေးလိုက်တယ်။

၂၀၀၈ ခုနှစ်မှာထွက်တဲ့ Man on Wire (2008) Documentary မှာ Petit ကိုယ်တိုင်ပါဝင်ပြီး ဒီအကြောင်းတွေကို ပြန်ပြောပြထားတယ်။ ဒီရုပ်ရှင်က Best Documentary Oscar Award လည်း ရခဲ့တယ်။

𝐒𝐨𝐮𝐫𝐜𝐞: 𝐇𝐢𝐬𝐭𝐨𝐫𝐲.𝐜𝐨𝐦

Photos from THURA THA WAH's post 28/07/2025

𝐎𝐍 𝐓𝐇𝐈𝐒 𝐃𝐀𝐘: စတာလင်ရဲ့ "တစ်လှမ်းမှ ပြန်မဆုတ်နဲ့" အမိန့်

၁၉၄၂ ဒုတိယကမ္ဘာစစ်ထဲမှာ ဟစ်တလာ ဦးဆောင်တဲ့ ဂျာမန်တပ်တွေ အရှိန်အဟုန် ကောင်းနေခဲ့တယ်။ ဂျာမန်တွေရဲ့ ရုရှားကုန်းပြင်မြင့် ထိုးစစ်ဆင်မှုက အောင်မြင်နေတယ်။ ဆိုဗီယက်တပ်မတော်က တဖြည်းဖြည်း ဆုတ်ခွာနေရပြီး အကြီးအကျယ် အထိနာနေပြီ။ မြို့ကြီးတွေ၊ နယ်မြေကြီးတွေ အလွယ်တကူ လက်လွှတ်ဆုံးရှုံးနေရတယ်။ စတာလင်ဂရက်နဲ့ ဗော်လ်ဂါမြစ်ဝှမ်းမှာရှိတဲ့ ရေနံချက်စက်ရုံတွေကို ဂျာမန်တပ်တွေ တဖြည်းဖြည်း နီးကပ်လာတယ်။

ဆိုဗီယက်စစ်သားတွေရဲ့ ဆုတ်ခွာမှုတွေ၊ စစ်မြေပြင်ကနေ စစ်သားတွေ ထွက်ပြေးတာ၊ အကြောင်းပြချက်မရှိဘဲ ပျောက်ဆုံးကုန်တာတွေ ပိုများလာတယ်။ စစ်ကိုအောင်နိုင်ရမယ်ဆိုတဲ့ ယုံကြည်မှုတွေ ယိမ်းယိုင်လာတယ်။ ဒီလိုသာ ဆက်ဖြစ်နေရင် ဆိုဗီယက်ပြည်ထောင်စု အညံ့ခံလိုက်ရမှာကို စတာလင်က စိုးရိမ်တယ်။ အထူးသဖြင့်၊ သူ့ရဲ့ခေါင်းဆောင်မှုနဲ့ အာဏာ ပျော့ညံ့တယ်လို့ အထင်ခံရမှာကို ကြောက်လာတယ်။

ဒါကြောင့်ပဲ၊ ၁၉၄၂ ဇူလိုင်လ ၂၈ မှာ ဆိုဗီယက်ယူနီယံရဲ့ ခေါင်းဆောင်၊ အာဏာရှင် စတာလင် (Joseph Stalin) က "Not one step backward" ဆိုတဲ့ အမိန့်နံပါတ် ၂၂၇ ကို ထုတ်ပြန်ခဲ့တယ်။ တစ်လှမ်းမှ နောက်ပြန်မဆုတ်ရဘူးပေါ့။ ဒီအမိန့်မှာ "အလဟဿ အကြောက်လွန်သူတွေနဲ့ စိတ်ဓာတ်ကျတဲ့သူတွေကို ချက်ချင်း ပစ်သတ်မယ်။ အထက်က ခွင့်ပြုချက်မရှိဘဲ တစ်လှမ်းမှ နောက်မဆုတ်ရ။ အထက်အမိန့်မရှိဘဲ နေရာကို စွန့်ခွာတဲ့ စစ်ခေါင်းဆောင်တွေက မိမိတိုင်းပြည်ကို သစ္စာဖောက်သူတွေဖြစ်တယ်” လို့ ဖော်ပြထားတယ်။

ရှေ့တန်းတပ်မကြီးတိုင်းက NKVD လက်အောက်ခံ စစ်မှုထမ်းဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ တားဆီးရေးတပ်ဖွဲ့တွေ ဖွဲ့စည်းရတယ်။ အဲဒီတပ်ဖွဲ့တွေက ရှေ့တန်းတပ်တွေရဲ့နောက်မှာ တပ်စွဲထားပြီး ရှေ့တန်းကနေ အမိန့်မရဘဲ နောက်ပြန်ဆုတ်တဲ့ တပ်သားတွေကို ပစ်သတ်ရတယ်။ ပစ်သတ်မခံရတဲ့ တပ်သားတွေကိုလည်း ပြစ်ဒဏ်ပေးတ့အနေနဲ့ တိုက်ပွဲအတွင်းမှာ မိုင်းရှင်းဖို့၊ ရှေ့ဆုံးကနေ တိုက်ပွဲဝင်ဖို့ တာဝန်တွေပေးတယ်။

ဒီအမိန့်ကြောင့် နောက်ပြန်ဆုတ်တဲ့ စစ်သားတွေ၊ ထွက်ပြေးတဲ့စစ်သားတွေ သိန်းနဲ့ချီပြီး သေဒဏ်ပေးခံရတာတွေ၊ ပြစ်ဒဏ်တပ်ကို အပို့ခံရတာတွေ ဖြစ်လာတယ်။ ပြစ်ဒဏ်တပ်ဖွဲ့ဝင်တွေရဲ့ သေနှုန်းက ၅၀ ရာခိုင်နှုန်းကျော်တဲ့အထိ မြင့်မားလာတယ်။ တဖက်မှာလည်း စစ်သားတွေအနေနဲ့ ရွေးခြယ်စရာမရှိတဲ့ အခြေအနေ ဖြစ်သွားတဲ့အွက် စတာလင်ဂရက်ကို ကာကွယ်တဲ့ နေရာမျိုးမှာ ရဲရဲရင့်ရင့်နဲ့ အသေခံပြီး တိုက်ခိုက်လာကြတယ်။

ဒီအမိန့်အပေါ်မှာ ထောက်ခံသူတွေရော၊ ဝေဖန်သူတွေရော အမြင်အမျိုးမျိုး ရှိခဲ့ကြတယ်။ ဒါကိုထောက်ခံတဲ့ သမိုင်းပညာရှင်တချို့က ဒီအမိန့်ကြောင့် ဆိုဗီယက်တပ်မတော်ရဲ့ စိတ်ဓာတ်ကို ပြန်မြှင့်တင်ပေးနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာ စတာလင်ဂရက်စစ်ပွဲနဲ့ ဒုတိယကမ္ဘာစစ်ကို အောင်နိုင်ဖို့ အဓိက အကြောင်းအရင်း ဖြစ်ခဲ့တယ်လို့ ပြောကြတယ်။

လူ့အခွင့်အရေးဆိုင်ရာ ဝေဖန်မှုတွေလည်း ရှိခဲ့တယ်။ ဒီအမိန့်က ကြမ်းတမ်းပြီး လူသားချင်း စာနာမှုကင်းမဲ့တဲ့ နည်းလမ်းဖြစ်တယ်။ အထူးသဖြင့် ကိုယ့်စစ်သားတွေကို ကိုယ့်တပ်မတော်ကပဲ ပြန်ပစ်သတ်တယ်ဆိုတာ လူ့အခွင့်အရေးနဲ့ စစ်ဥပဒေကို အပြင်းအထန် ချိုးဖောက်တာပဲလို့ ဝေဖန်ကြတယ်။ ဒီလိုကြမ်းတမ်းတဲ့ အရေးယူမှုတွေ မလုပ်ဘဲ တခြားနည်းလမ်းတွေနဲ့ စစ်တပ်ကို ခိုင်မာအောင် လုပ်နိုင်ရဲ့သားနဲ့ အသက်ပေါင်းများစွာကို အလဟဿ စတေးခဲ့တယ်လို့ ပြောကြတယ်။

စတာလင် ဒီအမိန့်ကို ထုတ်ခဲ့တဲ့ လုပ်ရပ်ကတော့ အခုအထိ အမြင်ပေါင်းများစွာနဲ့ ငြင်းခုံရတဲ့ သမိုင်းဝင် အဖြစ်အပျက်အနေနဲ့ ရှိနေတုန်းပါပဲ။

𝐒𝐨𝐮𝐫𝐜𝐞: 𝐇𝐢𝐬𝐭𝐨𝐫𝐲.𝐜𝐨𝐦

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon