Aqua Diary

Aqua Diary

Share

Since 2020 ... 🕯🧼

Photos from Aqua Diary's post 02/06/2026

✨️ Paraffin Wax Candle ရဲ့ Eco Friendly မဖြစ်တဲ့နောက်ကွယ်က အနှစ်သာရ ✨️

🕯​ဖယောင်းတိုင်တစ်တိုင် မီးညှိလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့အလင်းရောင်ဟာ အခန်းတွင်းကို နွေးထွေးမှုတွေနဲ့ ပြည့်နှက်သွားစေသလို၊ စိတ်ရဲ့အေးချမ်းမှုကိုလည်း ခေါ်ဆောင်လာတတ်ပါတယ်။ Aquaတို့ မြတ်နိုးစွာ ဖန်တီးထားတဲ့ ဒီဖယောင်းတိုင်လေးတွေဟာလည်း အဲဒီလိုပဲ အသက်ဝင်နေကြပါတယ်။

🕯​ဒီလက်ရာလေးတွေရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ 'Paraffin Wax' အကြောင်းပြောရရင်... သူဟာ ရေနံစိမ်းကနေတစ်ဆင့် ရရှိလာတဲ့ ကုန်ကြမ်းတစ်ခုပါ။ သဘာဝအတိုင်း Eco-friendly မဖြစ်ဘူးလို့ ဆိုကြပေမဲ့လည်း၊ Paraffin Wax မှာ သူနဲ့ပဲ လိုက်ဖက်တဲ့ ထူးခြားတဲ့ အလှတရားတွေ ရှိနေပါတယ်။ Fully Refined ကိုသုံးရင်တော့ Candle, Cosmetic, Medical, Food တွေအတွက် စိတ်ချရတဲ့ Grade ပါ ။

​🕯Paraffin Wax ဟာ အရောင်ဆိုးရတာ အလွန်လွယ်ကူပြီး အရောင်တွေကို တောက်ပ၊ ကြည်လင်၊ ထင်ရှားနေစေပါတယ်။ ဒါကြောင့်ပဲ Aqua တို့ရဲ့ ပန်းပွင့်ဖယောင်းတိုင်လေးတွေ၊ ပန်းသီးလေးတွေနဲ့ အရောင်စုံ ဖယောင်းတိုင်လေးတွေဟာ ဒီလောက်အသက်ဝင်ပြီး လှနေရတာပါ။

🕯ဖယောင်းရဲ့ မာကျောမှုနဲ့ ပုံသွင်းနိုင်စွမ်းကြောင့် ဒီလိုအနုစိတ်တဲ့ ပန်းပွင့်ဖတ်လေးတွေ၊ ငါးရုပ်လေးတွေရဲ့ အသေးစိတ်အထိ ပုံဖော်နိုင်တာပါ။ လက်ရာတိုင်းမှာ အနုပညာရဲ့ အတိအကျဆုံး အလှတရားကို သူက ပေးစွမ်းနိုင်ပါတယ်။
​🕯Paraffin ဟာ ရနံ့ (Scent) ကို ထိန်းသိမ်းထားနိုင်စွမ်း အလွန်ကောင်းပါတယ်။ ဖယောင်းတိုင်ကို မီးညှိလိုက်တဲ့အခါ အနံ့လေးတွေက တစ်ခန်းလုံးကို တဖြည်းဖြည်းချင်း ပျံ့နှံ့သွားစေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။ သို့သော်လည်း Food Grade, Medical Grade ဖြစ်တဲ့ Fully Refined Paraffin Wax ကိုသုံးဖို့တော့ ပိုသင့်တော်ပါတယ်။

✨️🕯​အနုပညာဆိုတာ...
​ဟုတ်ပါတယ်... Eco-friendly ဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာဟာ အရေးကြီးတဲ့ ရွေးချယ်မှုတစ်ခုပါ။ ဒါပေမဲ့လည်း အနုပညာတစ်ခုကို ဖန်တီးသူတစ်ယောက်အနေနဲ့ ကုန်ကြမ်းပစ္စည်းတစ်ခုရဲ့ အကောင်းဆုံးအပိုင်းကို ယူပြီး၊ လက်ရာတစ်ခုအဖြစ် ပြောင်းလဲလိုက်တဲ့အခါမှာတော့ 'ဖန်တီးခြင်းရဲ့ တန်ဖိုး' ကို Aqua ခံစားရပါတယ်။🕯✨️

🕯​ဒီဖယောင်းတိုင်လေးတွေဟာ မီးညှိတဲ့အချိန်မှာ လှသလို၊ မီးမညှိဘဲ အလှပြထားတဲ့အချိန်မှာလည်း အလှဆင်ပစ္စည်းလေးတွေလို လှပနေမှာပါ(အခန်းအပူချိန်များရင်တော့ပုံပျက်ကွေးကောက်သွားတက်ပါတယ်🌡🌞🤯🥴)။ တစ်ခုချင်းစီကို စိတ်ရှည်လက်ရှည်နဲ့ ဖန်တီးထားတဲ့ Aqua ရဲ့ လက်ရာလေးတွေထဲကနေ... သင်တို့ရဲ့ နေ့ရက်တွေထဲကို နွေးထွေးမှုတွေ၊ လှပမှုတွေ အရောက်လှမ်းနိုင်ပါစေစိတ်ရင်းနဲ့ဆုတောင်းလိုက်ပါတယ်🕯

ချစ်တဲ့Aqua 🤍

16/05/2026

Aquaက မိုးတွေရွာရင်လေ🌧 Candleထွန်းချင်တယ်🕯ကော်ဖီသောက်ချင်တယ်☕️ ပြီးတော့ ခေါက်ဆွဲလည်းစားချင်သေးတယ်🍜

Aquaက Candle Art Online Class လေးဖွင့်ထားတယ် ... ဒီ Link လေးမှာ အသေးစိတ်လေ့လာပါရှင့်☺️🤍✨️https://www.facebook.com/share/p/18vs1zAKSK/

05/05/2026

ဘာကြီးတုန်းဆို Baking Candle 🕯 🧁✨️

Photos from Aqua Diary's post 30/04/2026

🕯Decoration Candles🕯

✨️ ဒီလို Candleလေးတွေက အလှထားဖို့ရယ် အလင်းရဖို့ရယ် ရည်ရွယ်ပါတယ် ✨️

🕯ဒီလိုပြောလိုက်ရင် Eco-Friendly မဖြစ်ဘူးဆိုတာကို ရိပ်စားမိမယ်လို့လည်းထင်ပါတယ် ... ဆိုတော့က ရနံ့လည်းထည့်ဖြစ်တာရှိသလိုမထည့်တာလည်းရှိတာပေါ့လေ ...

🕯အိမ်မှာ မိမိနှစ်သက်ရာနေရာလေးမှာ အလင်းလည်းရ ကြည့်လည်းလှပြီး အချိန်ကြာကြာအထွန်းခံတာမို့ မကြာခဏလုပ်ထားဖြစ်ပါတယ် ...

🕯ကိုယ့်စိတ်ကူးလေးနဲ့လုပ်ထားတဲ့ Handmade Candle လေးဆိုပြီးပီတိလည်းဖြစ်တာပေါ့ ...

🕯လက်ဆောင်ပေးလည်း ချစ်စရာလေးလေ နော်😃 ...

🪧အဲ့ဒီတော့ကိုယ်တိုင်လုပ်ကြည့်ဖို့စိတ်ကူးရလို့ သင်တန်းလေးစိတ်ဝင်စားရင် မေးမြန်းစုံစမ်းတက်လို့ရပါတယ် တစ်ခြားသောCandleလုပ်နည်းတွေနဲ့အတူစုံစုံလင်လင်သင်ပေးတဲ့သင်တန်းလေးရှိပါတယ် ...

📍Candle Art Online Class Link
https://www.facebook.com/share/p/1BrK15rLG6/

Aqua 🤍

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon