K N O W L E D G E F O R U
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K N O W L E D G E F O R U, Writer, Yangon.
18/02/2024
" သတ်တိ "
လောကကြီးကို သတ္တိရှိတဲ့လူတွေ
ဦးဆောင်နေတာ သတ္တိမရှိတဲ့ကောင်တွေ အတွက်
နေရာမရှိဘူး ..
ဟောဒီသစ်သားပြားပေါ်ကို သံချောင်းနဲ့
ဒိုင်းခနဲရိုက်လိုက် သံချောင်းစိုက်ဝင်သွားမယ်
သစ်သားပြား သူထက်မာတဲ့ကောင်နဲ့တွေ့တော့
နေရာ ဖယ်ပေးလိုက်ရတယ်
အဲ့ဒီသံချောင်းကို ကျောက်တုံးပေါ်ရိုက်
သံချောင်းပဲကွေးသွားမယ်
ကျောက်တုံးက နေရာဖယ်မပေးဘူး
I'm sorry ပဲ ..
#အောင်သင်း
28/01/2024
" အတွေးမတူရင် အပြေးမတူဘူး "
__________________________
တစ်ခါတုန်းက တောလိုက်ခွေးတစ်ကောင်ဟာ
ယုန်တစ်ကောင်ကိုတွေ့လို့ အသည်းအသန်လိုက်တယ် ။
ယုန်ကလည်း ခွေးလိုက်မှန်းသိတော့ အစွမ်းကုန်ပြေးရှာတယ် ။
ကွေ့ပတ်ပြေးတယ်...။
နည်းလမ်းမျိုးစုံအောင် လှည့်ပက်လို့ပြေးတယ်...။
ဒီလိုနဲ့ ယုန်ဟာ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်တော့...
" ဟေ့ ခွေးကောင်.....
မင်း ငါ့ကို ဘယ်လိုလိုက်လိုက် မမိနိုင်ပါဘူး " လို့ လှမ်းပြောလိုက်တယ် ။ ခွေးက...
" ဘာဖြစ်လို့လဲ " လို့ ပြန်မေးတဲ့အခါ ယုန်ကဘာပြန်ပြောလဲဆိုတော့...
" မင်းက တစ်နပ်စာအတွက်လိုက်တယ်...
ငါက တစ်သက်စာအတွက် ပြေးရတာလေ...
အတွေးမတူတော့ အပြေးလည်း မတူဘူး " တဲ့။
ဒီလိုပါပဲ ။
လူတိုင်း စားဝတ်နေရေးအတွက် အလုပ်လုပ်ကြတယ်
ဒါပေမဲ့..မတူညီတာက....
တချို့က...
တစ်ရက်စာပြေလည်ဖို့ပဲ အလုပ်လုပ်တယ် ။
တချို့က.....
တစ်သက်စာပြေလည်ဖို့အတွက် အလုပ်လုပ်တယ် ။
ဘာပဲဖြစ်ဖြစ်...
ယုန်ကလေးတောင် တစ်သက်စာရှင်သန်ဖို့
ပြေးနိုင်ခဲ့သေးရင်......
ကိုယ်လည်း တစ်သက်စာပြေလည်ဖို့
အလုပ်တွေလုပ်နိုင်ရမယ်လေ ...
24/01/2024
အရင်ကဆင်းရဲလို့သနားခဲ့ကြတဲ့အီသီရိုပီးရားနိုင်ငံမြို့တော်
Addis Ababa 🇪🇹
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11211
Opening Hours
| Monday | 08:00 - 17:30 |
| Tuesday | 08:00 - 17:30 |
| Wednesday | 08:00 - 17:30 |
| Thursday | 08:00 - 17:30 |
| Friday | 08:00 - 17:30 |
| Saturday | 08:00 - 17:30 |
| Sunday | 08:00 - 17:30 |