27 Maths

27 Maths

Share

Singapore Maths and Olympiad Maths

Photos from 27 Maths's post 15/01/2026

မဂ်လာပါရှင်

ယခုပို့စ်သည် 2026 ခုနှစ်အတွက် ပထမဦးဆုံးသောပို့စ်ဖြစ်ပြီး “မဂ်လာအပေါင်းနဲ့ပြည့်စုံကြပါစေ”လို့ ထပ်မံနှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်

Secondary 1_Singapore Maths သင်တန်းကို ယခုပညာသင်နှစ် 2025-26 မှစတင်၍ မှာ စတင်သင်ကြားပေးနေပြီ ဖြစ်ပါတယ်။ နောက်နှစ်မှာလည်း Secondary 2 အတန်းကိုဖွင့်လှစ်ဖို့ လျာထားလျက်ရှိပါတယ်။

2025-26 ပညာသင်နှစ်အတွက် P1 to P4, Olympiad_Level1 and 2 သင်တန်းများကို October 2025, P5, P6, Sec1 and Olympiad_Level3 သင်တန်းများကို November 2025 တွင် စတင်ခဲ့ပြီး January 2026 အစပိုင်းတွင် Olympiad_Level3 မှအပ သင်တန်းအားလုံး ပထမဆုံးစာမေးပွဲကို ဖြေဆိုထားပြီး ဖြစ်ပါတယ်။

ကျောင်းစာမေးပွဲမေးခွန်းများတွင် သာမန်မျှသာခက်သောမေးခွန်းများနှင့် စဉ်းစားတွေးခေါ်မှု/အဆင့်များစွာပါသောမေးခွန်းများ (Challenging questions) ကို မျှတစွာမေးလေ့ရှိသော်လည်း မှာ တက်ရောက်သော ကလေးများအနေနှင့် Challenging question များကို များနိုင်သမျှများများ တွက်ဖူး၊ လေ့ကျင့်ဖူးသော အတွေ့အကြုံရစေရန်အတွက် အတန်းတွင်း၌သာမက စာမေးပွဲမေးခွန်းတွင် မေးခြင်းအပြင် ကလေးများအနေဖြင့် လေ့လာသင်ယူစရာရှိနေသေးတယ်ဟူသော အတွေးမျိုးတွေးမိပြီး ဘာသာရပ်အပေါ် မပေါ့ဆစေရန်အတွက် ရည်ရွယ်ကာ Challenging questions ကိုသာ မေးလေ့ရှိပါတယ်။

ရလဒ်အနေဖြင့် ရမှတ် ၈၀ ကျော်ရသောကလေး မရှိသလောက်နည်းပါးသော်လည်း ကျောင်းများမှစစ်သော စာမေးပွဲများတွင် ကောင်းမွန်စွာဖြေဆိုနိုင်ကြတာကို သိရှိရပါတယ်။

က စစ်သော မေးခွန်းများအတွက် အောင်မှတ်မသတ်မှတ်ထားသော်လည်း စုစုပေါင်းရမှတ် ၁၀၀ တွင် အမှတ် ၂၀ မှ ၅၀ အတွင်းရသော ကလေးများကို သာမန်အဆင့်၊ ၅၀ မှ ၇၀ အတွင်းရသော ကလေးများသည် ထူးချွန်အဆင့် (အဆိုပါကလေးများသည် စင်ကာပူနိုင်ငံအစိုးရကျောင်းတွင် ရမှတ် ၉၀ မှ ၁၀၀ အတွင်းရရှိခြင်း)နှင့် အမှတ် ၇၀ ကျော်သောကလေးများသည် သာလွန်ထူးချွန်အဆင့်ဟု သတ်မှတ်နိုင်သောကလေးများ ဖြစ်ကြပါတယ်။

မှာ အစဉ်တစိုက်တက်ရောက်လာသော ကလေးများနှင့်မိဘများအတွက် ထိုအချက်သည် မထူးဆန်းလှသော်လည်း ကျောင်းသားသစ်များနှင့် မိဘများအနေနဲ့ မိမိတို့ကလေး၏ရမှတ် နည်းနေခဲ့ပါလျှင် မစိုးရိမ်ကြပါရန် ယခုပို့စ်မှတဆင့်လည်း ထပ်မံ၍ အသိပေးတင်ပြပါရစေရှင်

“Practice Makes Perfect” နှင့် “Success is the Result of Effort” ဆိုသည်ကို လက်ခံကျင့်သုံးသလို ယနေ့ခေတ်ကလေးများအနေနဲ့ တက်ရောက်ရမည့် သင်တန်းများသည် ၃ ခုထက်မနည်းရှိနေတတ်တာကြောင့် စာသင်ချိန်အတွင်း များနိုင်သမျှများများ လေ့ကျင့်သင်ကြားနိုင်ရေးကို အဓိကထားပါတယ်။ ထို့အပြင် မည်သည့်မေးခွန်းမဆို စဉ်းစားဖြေရှင်းနိုင်ရုံသာမက အနည်းဆုံးသောအချိန်တစ်ခုအတွင်း တွက်ချက်ဖြေရှင်းနိုင်ရေးကိုလည်း ရည်ရွယ်တာကြောင့် စာသင်ခန်းအတွင်းမှာ စာရေးတာမြန်ဖို့အတွက်ကိုလည်း တပါတည်း လေ့ကျင့်ပေးလျက်ရှိပါတယ်။

‘မေးခွန်းကို နားလည်တယ်၊ ဖြေနိုင်တယ်၊ သို့သော် အချိန်မလောက်ပါ’ဆိုသော အကြောင်းပြချက်မျိုးမပေးပဲ ဘယ်လိုသောအခြေအနေဖြစ်ပါစေ လုပ်နိုင်ခဲ့တယ်ဆိုတာမျိုး ဖြစ်စေရန်အတွက်ပါ လေ့ကျင့်ပေးတာဖြစ်လို့ ကလေးများအနေနဲ့ အတန်းမှန်၊ အချိန်မှန်ပြီး ကြိုးစားမှုအပြင် မြန်ဆန်မှုပါ လိုအပ်မှာဖြစ်ပါတယ်။

မှာ P1 to P5၊ P2 to P5၊ P3 to Sec1 အထိ အစဉ်တစိုက်တက်ရောက်လျက်ရှိသော ကလေးများရှိပြီး အဆိုပါကလေးများအတွက်ဆိုလျှင် ရဲ့ သင်ကြားပုံကို အကျင့်ရနေပြီး ကျောင်းစာမေးပွဲများတွင် ရမှတ် ၉၀ ကျော်ရကြကြောင်း (စင်ကာပူနိုင်ငံတွင် ကျောင်းတက်ရောက်နေသော ကလေးများ) သိရှိရတဲ့အတွက် လွန်စွာဝမ်းသာဂုဏ်ယူရပါတယ်။ ယုံကြည်စွာအပ်နှံကြတဲ့ မိဘများကိုလည်း ချစ်ခင်စွာဖြင့် ကျေးဇူးတင်ရပါတယ်။

ပို့စ်နှင့်အတူ တွဲတင်ထားသောမေးခွန်းသည် Sec 1 ကလေးများ ဖြေဆိုခဲ့သော မေးခွန်းဖြစ်ပြီး Challenging ပိုမို ဖြစ်စေရန်အတွက် အချိန် ၁ နာရီသာ ပေးထားတာဖြစ်ပါတယ်။ ဖြေဆိုချိန် ၁၅ မိနစ် ပိုမိုပေးခဲ့ပါလျှင် ကလေးများအနေနဲ့ ပိုမိုဖြေနိုင်ကြမှာ ဖြစ်ပါတယ်။

Primary အတန်းများအတွက် Primary 1 သည် အဓိကကျပြီး Primary ထက်မြင့်သောအတန်းများအတွက် Secondary 1 သည် အခြေခံကျပြီး အရေးပါသောအခန်းကဏ္ဍမှာရှိနေတာကြောင့် ကျောင်းသားများအနေဖြင့် ဂရုပြုသင်ယူရမယ့်အတန်း ဖြစ်ပါတယ်။

တွင် P1 to P5 သင်တန်းများကို တစ်နှစ်လျှင် ၂ ကြိမ်ဖွင့်လှစ်တာဖြစ်ပြီး March 2026 တွင် Section B အဖြစ် သင်တန်းများဖွင့်လှစ်ရန် ရှိပါတယ်။ (Section B_Tue to Fri_5 to 8pm(MMT) အတွင်းမှ 1h 15min စာသင်ချိန် ၂ ချိန်)

မှာ မိမိတို့၏သားသမီးကို သချ်ာသင်တန်းတက်ရောက်စေရန် စိတ်ဝင်စားခြင်း၊ မေးမြန်းစုံစမ်းခြင်းနှင့် အပ်နှံခြင်းအတွက် ကျေးဇူးတင်ရှိပါတယ်။

အားလုံးအတွက် ကောင်းသောနေ့လေး ဖြစ်ကြပါစေရှင်…








@5:07pm on 15-Jan-2026 (Thursday)

Photos from 27 Maths's post 27/10/2025

မဂ်လာပါရှင်

ယနေ့ 27-Oct-2025 သည် page ကို စတင်ဖွင့်လှစ်အသုံးပြုခြင်း (၃)နှစ်ပြည့်မြောက်သောနေ့ ဖြစ်ပါတယ်။

(၃)နှစ်တာကာလအတွင်း မှာ သင်တန်းအပ်နှံတဲ့ မိဘများနဲ့ တက်ရောက်ခဲ့ကြတဲ့ ကျောင်းသား/သူများကို ကျေးဇူးတင်ရှိကြောင်း ဦးစွာတင်ပြအပ်ပါတယ်။

ရဲ့ ၃ နှစ်ပြည့်ကစ၍ Secondary အတန်းများထဲမှ Secondary1 ကို စတင်ဖို့ရှိပြီး နောက်နှစ်မှာ Secondary2 ကို ထပ်မံတိုးမြှင့်ဖွင့်ဖို့ လျာထားလျက်ရှိပါတယ်။

ရဲ့ ၃ နှစ်ပြည့်ကစ၍ Primary 4,5 and 6 အတန်းများနှင့် Olympiad Level 1 and 2 အတန်းများအတွက် Customised syllabus များကို ပြင်ဆင်ပြီး စတင်အသုံးပြုနေပြီဖြစ်သလို March လမှစတင်မယ့် အတန်းများမှာ Primary 1,2 and 3 အတွက် Customised syllabus များကို ပြင်ဆင်ပြီး စတင်အသုံးပြုရန်အတွက်ကိုလည်း လျာထားလျက်ရှိပါတယ်။

မှာ
# MOE ရဲ့ ပြောင်းလဲနေသော သင်ရိုးများနှင့်တန်းတူဖြစ်စေရန်အတွက် သက်ဆိုင်ရာအတန်းများမှာ သင်ရိုးကို လိုက်ပါပြောင်းလဲသင်ကြားပေးလျက်ရှိပါတယ်။

# ကလေးများရဲ့ နားလည်ကျွမ်းကျင်မှုကို ဆန်းစစ်ရန်အတွက် စာမေးပွဲများကို အနည်းဆုံး ၂ ကြိမ်မှ အများဆုံး ၅ သို့မဟုတ် ၆ ကြိမ်အထိ ဖြေဆိုစေရန် စီစဉ်ထားပါတယ်။

# သက်ဆိုင်ရာသင်ခန်းစာများကို သင်ဖူးရုံသာမကစေပဲ ကျွမ်းကျင်မှုရှိစေရန်အတွက်ရည်ရွယ်၍ Challenging Question များနှင့်အတူ Olympiad Maths and IQ Maths များကိုလည်း စာသင်ချိန်အတွင်း အလျဉ်းသင့်သလို သင်ကြားပေးလျက်ရှ်ပါတယ်။

# Classroom Language က English ဖြစ်တာကြောင့် မြန်မာမာနိုင်ငံသာမကပဲ နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြပြီး မြန်မာစကားအားနည်းသော ကလေးများအတွက် အဆင်ပြေစေသာ သင်တန်းများလည်း ဖြစ်ပါတယ်ရှင်

ရယ်လို့ စတင်တည်ရှိလာကတည်းကနေ ယနေ့အချိန်အထိ မှာ မိမိတို့၏သားသမီးကို သချ်ာသင်တန်းတက်ရောက်စေရန် စိတ်ဝင်စားခြင်း၊ မေးမြန်းစုံစမ်းခြင်းနှင့် အပ်နှံခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းပြောကြားပါရစေရှင်...

အားလုံးအတွက် ကောင်းသောနေ့လေးဖြစ်ပါစေ။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon