Online Betting Tips

Online Betting Tips

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Online Betting Tips, Sport & recreation, 73 19th Street, Latha T/S, Myanmar, Burma (Myanmar), Yangon.

15/10/2020

ဂျူဗင်တပ်စ်မှာ အနာဂတ်မရေရာတဲ့ Dybala

လက်ရှိစီးရီးအေချန်ပီယံ ဂျူဗင်တပ်စ် အသင်းဟာ ဒီနှစ် တိုက်စစ်မှူးဟောင်း အဲဗာရိုမိုရာတာကို ပြန်လည် ခေါ်ယူခဲ့ သလို တောင်ပံတိုက်စစ်ကစားသမား ကူလူဆက်စကီးနဲ့ ချီယေဇာ တို့ကို ခေါ်ယူအားဖြည့်ခဲ့တာကြောင့် လက်ရှိ အသင်းရဲ့ တိုက်စစ်ကစားသမား Dybala က သူ့ရဲ့နေရာ ပျောက်ဆုံးလာနိုင်သလို အနာဂတ်အခြေအနေတွေလဲ မရေမရာ ဖြစ်လာပါတယ်။ အသက် ( ၂၆ ) နှစ်အရွယ်ရှိ အာဂျင်တီးနား ကစားသမား Dybala ဟာ ကြွက်သား
ဒဏ်ရာ နဲ့ ဝမ်းဗိုက်နာကျင်မှုတွေကြောင့် အသင်းရဲ့ စီးရီးအေ အဖွင့်ပွဲစဉ်တွေကို လွဲချော်ခဲ့ရပြီး ခေါ်ယူထားတဲ့ ကစားသမားအသစ်တွေ ခြေစွမ်းပြနေနိုင်မှုကြောင့် တိုက်စစ်မှာ ပုံမှန်နေရာ ရရှိဖို့ အာမခံချက်ပေးနိုင်ဖွယ်မရှိတဲ့
အတွက် Dybala အနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ကိစ္စကို ပြန်လည် ဆန်းစစ်နေပြီး အသင်းနဲ့လမ်းခွဲရဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

14/10/2020

ဘရာဇီးဂန္တဝင်ကစားသမားရော်နယ်ဒိုရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ နေမာ

​အင်္ဂါနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ
ဘရာဇီးအသင်းက ပီရူးအသင်းကို ၄-၂ နဲ့ အနိုင်ရရှိခဲ့ပြီး
အဲပွဲစဥ်မှာ နေမာက Hat Trick သွင်းယူခဲ့ပါတယ်။ ဘရာဇီး အသင်းရဲ့ ဂန္တဝင်ကစားသမား ရော်နယ်ဒိုရဲ့ ဂိုးသွင်း စံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ သမိုင်းတလျှောက် ဒုတိယဂိုးသွင်းအများဆုံးဖြစ်တဲ့ ရော်နယ်ဒိုရဲ့ ၉၈ ပွဲ ၆၂ ဂိုး စံချိန်ကို နေမာဟာ ၁၀၃ ပွဲ သွင်းဂိုး ၆၄ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပထမ သွင်းဂိုးအများဆုံး ကစားသမားဖြစ်တဲ့ ပီလီ ရဲ့ စံချိန်ကို မှီဖို့ ( ၁၇ ) ဂိုး လိုသေးတယ်လို့ သိရပါတယ်။

13/10/2020

အင်္ဂလန်အသင်းဟာ ဒိန်းမတ်အသင်းနဲ့ ပွဲစဉ်မှာ ချီဝဲလ် / ဂျော်ဒန်တို့၏ ဒဏ်ရာပြဿနာများကြောင့် ဟာရီကိန်းကို ပွဲဦးထွက်အသုံးပြုရဖွယ်ရှိပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က Wale နဲ့ ပွဲတွင် ဟာရီကိန်းကို အနားပေး ခဲ့သော်လည်း Belgium နဲ့ပွဲစဉ်တွင် လူစားလဲ အသုံးပြုခဲ့ ပါသည်။
ထို့ကြောင့် ယခုလရာသီအစတွင် စပါးအသင်းနှင့် ပွဲများ ဆက်တိုက် ကစားထားရမှုကြောင့် နိုင်ငံတကာပွဲ ( ၃ ) ပွဲ တွင် ဟာရီကိန်းကို အသုံးမပြုရန် ပြောထားသည့် စပါး နည်းပြ မော်ရင်ဟို နှင့် အင်္ဂလန် နည်းပြ ဆောက်ဂိတ် တို့ အကြား မကျေနပ်မှုများ ပြဿနာ များဖြစ်ပေါ်လာနိုင် သည်ဟု သတင်းများကဖော်ပြနေကြကြောင်း သိရသည်။

13/10/2020

မန်ယူမှာ စာချုပ်ကုန်ထိ ဆက်ရှိသွားမယ့် မာတာ

မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား မာတာ ဟာ
သူ့ကိုဆော်ဒီကလပ်အသင်းရဲ့ တစ်နှစ်လုပ်ခ ပေါင် ( ၂၀ ) သန်း ကမ်းလှမ်းမှုကို ပယ်ချကာ မန်ယူအသင်း မှာပဲ ဆက်နေသွားဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိမှာလဲ မာတာရဲ့ Agent ဖြစ်သူနဲ့ ဖခင်တို့ဟာ ဆော်ဒီအသင်းနဲ့ ဆွေးနွေးမှုများကို ရပ်ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း သတင်းဌာနများကဖော်ပြသွားပါတယ်။
မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပေမယ့် မန်ယူအသင်းမှာ ကစားရတာကို ပျော်ရွှင်နေသူဖြစ်ပြီး သူချုပ်ဆိုထားတဲ့ စာချုပ်အသစ်မှာလဲ လုပ်ခလစာကို အရင်ကထက် လျှော့ယူမှုတွေ ပြုလုပ်ထားကြောင်းလဲ သိရပါတယ်။

12/10/2020

2022 World Cup ဟာ သူ့ရဲ့နောက်ဆုံး ပြိုင်ပွဲလို့ ပြောလိုက်တဲ့ Ronaldo

ပေါ်တူဂီ ပရိတ်သတ်တွေဟာ Ronaldo ကို အသက် ( 40 ) အထိ ပေါ်တူဂီအသင်းအတွက် ကစားစေချင် ပေမယ့် သူကတော့ 2022 World Cup ပြိုင်ပွဲက နောက်ဆုံးပြိုင်ပွဲပါပဲလို့ ပြင်သစ်နဲ့ ကစားမယ့် Nations League မတိုင်မှီ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ Ronaldo ဟာ Ballon D' or ( 5 ) ကြိမ် ရရှိထားပြီး၊ Man U ၊ Real ၊ Juventus အသင်းတွေနဲ့ အတူတူ ဆုဖလားများစွာကို ရရှိထားပါတယ်။ 2016 Euro Cup နဲ့ 2019 Nations League Cup ပိုင်ဆိုင်ထားပြီး World Cup ကိုတော့ ရရှိထားခြင်း မရှိသေးပါဘူး

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Website

Address


73 19th Street, Latha T/S, Myanmar, Burma (Myanmar)
Yangon