Best View optical

Best View optical

Share

အကောင်းဆူံသော် မြင်ကွင်းအတွက် best view ရှိတယ်

Photos from Best View optical's post 03/10/2022
18/07/2022

မျက်စိခြောက်သွေ့သူများအတွက်
သိကောင်းစရာ။ အပိုင်း(၂)
--------------------------------
ကုသနည်းတွေကို ယေဘူယျလေ့လာရာမှာ -
ကိုယ်တိုင်ကုသရတဲ့အပိုင်း (Home Treatment)
မျက်စိဆရာဝန်များမှ ဆေးပေး
ကုသရတဲ့အပိုင်း (Medication Treatment)
ဆေးခန်းတွင် ကုသရတဲ့အပိုင်း (in-office procedures)
ဆိုပြီး ခွဲခြားလေ့လာလို့ရပါတယ်လို့
စာဖတ်ပရိသတ်တွေကို ပြောပြခဲ့ပြီးပါပြီ။

အပိုင်း(၂) မှာ ကိုယ်တိုင်ကုသရတဲ့အပိုင်း
(Home Treatment)
အကြောင်းလေး ပြောသွားပါ့မယ်။
ကိုယ်တိုင်ကုသရတဲ့အပိုင်း (Home Treatment)
လို့ပြောတဲ့နေရာမှာ ကိုယ်တိုင်ပြုလုပ်ရမဲ့အပိုင်းလို့လည်း
မှတ်လို့ရပါတယ်။
ကိုယ်တိုင်ပြုလုပ်ရမဲ့အပိုင်းမှာ ဘာတွေပါဝင်လဲဆိုရင်-
၁) အာရုံစိုက်ကြည့်တဲ့အချိန်တိုင်း မျက်တောင်ခတ်ဖို့
မမေ့ပါနဲ့။ မျက်တောင်ခတ်ခြင်းသည် မျက်ရည်လွှာ
အသစ်တဖန် ပြန်ဖြစ်အောင် လုပ်ဆောင်ပေးလို့ပါ။
၂) မျက်စိလေးတွေကို ရေနွေးဝတ် အုပ်ပေးပါ။
အပူအုပ်ခြင်းသည် မျက်ဆီဂလင်းတွေမှာ ပိတ်ဆို့နေတဲ့
အဆီတွေကို ပျော်စေပါတယ်။ ထိုအဆီတွေ ခဲနေပါက
မျက်ရည်အငွေ့ပျံမှုကို မြန်စေပါတယ်။
၃) မျက်စိလေးတွေကို သန့်ရှင်းအောင်ထားပါ။
နေ့စဉ် မျက်တောင် မျက်ခမ်းတွေကို
တစ်နေ့ ၂ကြိမ် သန့်ပေးပါ။
ကိုယ့်မှာ မျက်စိခြောက်နေပြီဆိုရင်
လိုင်နာရောင်ခြယ်တွေ မသုံးပါနဲ့တော့။
၄) မျက်ကပ်မှန်သုံးသူများသည်
မျက်စိခြောက်သွေ့မှုနှင့် မျက်ကြည်လွှာကို
ထိခိုက်ပျက်စီးစေတာမို့ နှစ်ရှည်လချီ
တပ်ဆင် အသုံးပြုတာမျိုးရှောင်ပါ။
တကယ်လို့ မျက်စိခြောက်နေပြီဆိုရင်
မျက်ကပ်မှန်တွေ မသုံးပါနှင့်။
မျက်ကပ်မှန်ချွတ်မရတာမျိုးအထိ
ဖြစ်တတ်ပါတယ်။
၅) ဆရာဝန်ပေးလိုက်တဲ့ မျက်စဉ်းတွေကို
သေချာခတ်ပါ။
၆) ဆိုင်ကယ်စီးရင် မျက်စိထဲလေတွေ
မဝင်အောင် မှန်ကာပါတဲ့ဉီးထုပ်ဆောင်းပါ။
၇) ဆေးလိပ်ဖြတ်ပါ။
၈) မျက်စိခြောက်သွေ့မှုကို ခံစားနေရရင်
ဖုန် ၊ လေ ၊ မီးခိုးငွေ့ ၊ အမှုန်အမွှားတွေကို
ရှောင်ပါ။
၉) ပူလွန်း ၊ အေးလွန်းတဲ့နေရာ ရှောင်ပါ။
၁၀) နေကာမျက်မှန်တပ်ပါ။
နေကာဆိုရာမှာ ဈေးပေါတာတွေက မျက်စိအတွက်
ပြည့်ပြည့်ဝဝ ထိရောက်စွာ မကာကွယ်ပေးပါ။
၁၁) ရေများများသောက်ပါ။
၁၂) ကားမောင်းသူများ အဲကွန်းလေကို
မျက်စိထဲမဝင်မိပါစေနဲ့။
၁၃) မိဘများ ကလေးတွေအိပ်သည့်အခါ
မျက်စိလုံးဝပိတ်ရဲ့လား ကြည့်ပါ။
နည်းနည်းဟနေပါက မျက်ခွံမှာ ပြသနာရှိလို့ပါ။
မျက်စိဆရာဝန်နဲ့ အမြန်ပြသင့်ပါတယ်။
-------------------------------------
နောက်ရက်ထပ်ဆက်မယ်နော်။

-------------------------------------------
နောက်ရက်ထပ်ဆက်မယ်။
Credit

17/07/2022

မျက်စိခြောက်သွေ့သူများအတွက်
သိကောင်းစရာ။ အပိုင်း(၁)
--------------------------------
စာဖတ်ပရိသတ်တို့ရေ...
ယနေ့ အိုင်တီခေတ်ကြီးမှာ
ကလေး လူငယ် လူကြီးမရွေး
ဖုန်းလေးတွေ ကွန်ပျူတာတွေ
အသုံးပြုနေကြတယ်လို့ပြောရင်
၁၀၀ ရာခိုင်နှုန်း မှန်ပါတယ်လို့
ပြန်ဖြေရမှာပါ။

ဒီကြားထဲ ဂိမ်းလေးတွေ ဆော့လိုက်
facebook လေးတွေ ဖွင့်ဖတ်လိုက်နဲ့
တစ်နေ့လုံး မျက်စိလေးတွေကို
အနားမပေး အသုံးပြုကြတယ်။

ဒီလိုနဲ့ ရက်ဆက်အသုံးပြုလာပြီးနောက်
မျက်စိလေးမှာ ပါဝါတွေ ဖြစ်လာပြီး
အမြင်မှုန်လာပြန်တယ်။
ကြာလာတော့ မျက်စိခြောက်လာပြန်ရောပေါ့...
စာရေးသူအနေနဲ့ အခုရေးပေးသွားတာက
အိုင်တီပစ္စည်းတွေကြောင့်
မျက်စိခြောက်တဲ့အကြောင်းပေါ့နော်။
အခြား ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေ အများကြီး
ရှိပါသေးတယ်...

ကိုယ့်မှာ မျက်စိခြောက်နေပြီဆိုပါစို့...
အောက်ပါအကြောင်းအရာလေးတွေကို
သိထားသင့်ပါတယ်။

How can I permanently treat dry eyes?
မျက်စိခြောက်သွေ့ခြင်းကို အပြီးတိုင် ဘယ်လိုကုသမလဲ?

Currently, there is no permanent cure for dry eye disease. However, a number of options can help maintain moisture in the eyes. These can reduce symptoms and protect vision.
လက်ရှိအချိန်မှာတော့ မျက်စိခြောက်ရောဂါအတွက်
ရာသက်ပန် ပျောက်ကင်းအောင် ကုသလို့ မရသေးပါ။
သို့ပေမဲ့ ကုသနည်းများစွာသည် မျက်လုံးအတွင်း
အစိုဓာတ်ကိုတော့ ထိန်းသိမ်းပေးနိုင်ရန်
အထောက်အကူပေးပါတယ်။
ဒါတွေက ခံစားရတဲ့ဝေဒနာလက္ခဏာတွေကို
လျော့နည်းစေပြီး အမြင်အာရုံကို
ကာကွယ်ပေးပါတယ်။

တကယ်လို့ မျက်စိခြောက်သွေ့တဲ့ရောဂါကို
ခံစားနေရပြီဆိုရင် ရောဂါ အဆင့်ပေါ် မူတည်ပြီး
ကုသရပါတယ်။ မျက်ဆီဂလင်းတွေ ယိုယွင်းလာ
ပြီးနောက် မျက်စိခြောက်လာရင် မျက်ဆီဂလင်းတွေ
ပျက်စီးနေမှုအဆင့်အပေါ်လည်း မူတည်ပြီး
ကုသရပါတယ်။

ကုသနည်းတွေကို ယေဘူယျလေ့လာရာမှာ -
ကိုယ်တိုင်ကုသရတဲ့အပိုင်း (Home Treatment)
မျက်စိဆရာဝန်များမှ ဆေးပေး
ကုသရတဲ့အပိုင်း (Medication Treatment)
ဆေးခန်းတွင် ကုသရတဲ့အပိုင်း (in-office procedures)
ဆိုပြီး ခွဲခြားလေ့လာလို့ရပါတယ်။
----------------------------------
မနက်ဖြန် ထပ်ဆက်မယ်နော်။
Credit to Author Khaing
Admin Team

Photos from Best View optical's post 14/06/2022

မတပ် ဒီဇိုင်းအသစ်လေးတွေရောက်ပါပြီရှင်

05/06/2022

မျက်စိပါဝါကျချင်သူတွေအတွက် ဆောင်ရန်ရှောင်ရန်များ

မျက်စိပါဝါချနည်းက ကိုယ်တိုင်သိပ်သိချင်တဲ့ မေးခွန်းတစ်ခုဖြစ်ခဲ့ဖူးပါတယ်။ Online မှာလဲ အမေးများတယ်။

မျက်စိသဘောက စနစ်တကျမျက်စိပါဝါမချတတ်ရင် (ဒါမှမဟုတ်) လုပ်နည်းမမှန်ရင် ပါဝါပိုတက်လာတတ်ပါတယ်။ အမှန်ကတော့ စာရေးသူကိုယ်တိုင်လဲစာရေးပြီးနောက်ပိုင်း (အထူးသဖြင့် ၀တ္ထုရေးပြီးနောက်ပိုင်း) မှာ မျက်စိပါဝါ သိသိသာသာတက်လာခဲ့ပါတယ်။ ဒါကြောင့် ပါဝါတက်နေသူတွေကိုကျစေချင်တဲ့စေတနာရှိခဲ့ပါတယ်။

တကယ်တော့ မျက်စိပါဝါကျဖို့ဆိုတာ တော်တော်ခက်ခဲတယ်။ လူငယ်အများစုကအဝေးမှုန်သမားတွေဖြစ်ကြတယ်။ ဂိမ်း၊ တီဗွီ၊ ကွန်ပျူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ အကျိုးဆက်ဆိုလဲမမှားပါ။ ဒီဘက်ခေတ်မှာ Online နဲ့ Facebook ကိုအလွန်အကျွံခေတ်စားလာတာလဲ မီးလောင်ရာလေပင့်ဆိုသလို ပိုဆိုးလာစေပါတယ်။

အထူးသဖြင့်ဖုန်းနဲ့စာကြည့်တာ မျက်စိကိုပိုထိခိုက်စေတယ်။ အခုဒီဆောင်းပါးမှာ မျက်စိပါဝါကျစေဖို့သာမက ရှောင်ရန်အချက်တွေကိုပါ တစ်ခါတည်းပြောပြသွားမှာဖြစ်ပါတယ်။

မျက်စိပါဝါချချင်ရင် မျက်စိကို ကောင်းကောင်းအနားပေးဖို့လိုပါတယ်။ ဖုန်း၊ ကွန်ပျူတာ၊ တီဗွီ Screen တွေကထွက်တဲ့ အလင်းစူးစူးတွေကို ကြည့်လို့မရပါဘူး။ ကွန်ပျူတာ၊ ဖုန်းအကြည့်များသူတွေအနေနဲ့ Brightness (အလင်း) ကို တတ်နိုင်သမျှလျှော့ချဖို့လိုပါတယ်။ အလင်းစူးစူးတွေက မျက်စိကြွက်သားကို ပိုကျုံ့စေတာကြောင့် ပါဝါတက်လာတတ်တယ်။ တချို့ Online စာမျက်နှာတွေမှာ နေကသိုဏ်းရှုဖို့ပြောနေတာမျိုးရှိတယ်။ တကယ်က နေရောင်အပါအ၀င် ဘယ်အလင်းစူးစူးကိုမှ စိုက်ကြည့်တာမျိုး မလုပ်သင့်ပါဘူး။ အဲဒီလိုပြုလုပ်ခြင်းဟာ အတွင်းတိမ် (Cataract) ဖြစ်စေရုံမက Macular Degeneration လို့ခေါ်တဲ့ မျက်စိအမြင်အာရုံကို တဖြည်းဖြည်းပျက်စီးစေနိုင်ပါတယ်။ အပြင်သွားတဲ့အခါလဲ UVA and UVB Rays 99% နဲ့100% ကြားကာကွယ်တဲ့ နေကာမျက်မှန်မျိုးတပ်ထားရပါမယ်။

အိပ်ရေးမ၀တာကလဲ မျက်စိကိုထိခိုက်စေတဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်အိပ်ချိန်ကောင်းကောင်းပေးဖို့လိုပါတယ်။ နောက်တစ်ခုက စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးမှုက ဇီ၀ကမ္မပြောင်းလဲစေရုံသာမက မျက်စိကြွက်သားကိုတင်းစေပြီး ပါဝါတက်လာစေပါတယ်။ စိတ်ရောမျက်စိကိုရော အနားပေးပါ။ မျက်စိသဘောကဆယ်မိနစ်တစ်ခါအနားပေးရပါတယ်။ ဒီနေရာမှာ မျက်စိအထူးကု Arun Sethi ပြောတဲ့အကြံပြုချက်က သိပ်ကောင်းပါတယ်။ ဒီနေ့ခေတ်လူငယ်တွေဟာ ကွန်ပျူတာ၊ ဖုန်းစတဲ့လျှပ်စစ်ပစ္စည်းတွေ၊ အလုပ်တွေကြားကရုန်းမထွက်နိုင်ကြဘူးတဲ့။ အဲ့ဒီအတွက် အကောင်းဆုံးအကြံပေးချင်တာက တစ်ခုတည်းပါ။ မျက်စိအာရုံစိုက်ရတဲ့အလုပ်မျိုးမှာ ခေါင်းငုံ့၊ ခေါင်းမော့လေ့ကျင့်ခန်း အကြိမ်နှစ်ဆယ်လောက် လုပ်ပေးပါတဲ့။ ဒီလေ့ကျင့်ခန်းက မျက်စိနဲ့လည်ပင်းကိုသွေးလျှောက်အားကောင်းစေပြီး မျက်စိပါဝါချရာမှာ အထောက်အကူပြုပါတယ်။

မျက်စိအနားပေးတဲ့အခါ Rule of 20 ဆိုတဲ့ ဥပဒေသတစ်ခုရှိပါတယ်။ ဒီဥပဒေသအရ သင်ဟာ အာရုံစူးစိုက်ရတဲ့အရာတစ်ခုကို အချိန်ကြာကြည့်မယ်ဆိုရင် မိနစ်နှစ်ဆယ်ပြည့်တိုင်း ပေ ၂၀ ခန့်အကွာမှာရှိတဲ့ အရာ၀တ္ထုတစ်ခုခုကို စက္ကန့် ၂၀ ကြာကြည့်ပြီးအကြောဖြေရမှာဖြစ်ပါတယ်။ ဒီနည်းက အမြင်အာရုံကိုသိသိသာသာတိုးတက်လာစေပါတယ်။

နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ မျက်စိရေဓါတ်အားဖြည့်ဖို့ဖြစ်ပါတယ်။ ရေဓါတ်ခမ်းခြောက်မှုက မျက်စိခြောက်ကပ်တာ၊ မျက်စိဝါးတာဖြစ်နိုင်ပါတယ်။ အစိုဓါတ်ပြည့်ဝနေဖို့ ရေများများသေက်သင့်ပါတယ်။ ဒီနေရာမှာအများစုမှားယွင်းနေတာတစ်ခုကို ဖော်ပြပါရစေ။ မနက်အိပ်ရာထထချင်း မျက်နှာကိုအရင်ဆုံးသစ်တာ မျက်စိအတွက်လုံး၀မကောင်းပါဘူး။ တကယ်လုပ်သင့်တာက ပါးစပ်ထဲရေတစ်ငုံအရင်ငုံလိုက်၊ နောက်ပြီးမှမျက်စိကိုဖွင့်ပြီး ရေနဲ့ပက်ဖျန်းရမှာဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဟာ မျက်စိကိုအေးမြစေပါတယ်။ အအေးဓါတ်က တင်းရင်းနေတဲ့မျက်စိကြွက်သားကို ပြေလျော့စေတာမို့ မျက်စိပါဝါကျဆင်းလာနိုင်တယ်လို့ဆိုပါတယ်။ ဒီအလေ့အကျင့်မျိုးကို မနက်အိပ်ရာထတိုင်းလုပ်ဖို့လိုအပ်ပါတယ်။

မျက်စိပါဝါကျဖို့လေ့ကျင့်ခန်းတွေရှိပါတယ်။ Eye Relaxation Exercise လို့ခေါ်ပါတယ်။ အရင်ဆုံး မိမိလက်ဖဝါးနှစ်ဖက်ကို ပူလာအောင်အချင်းချင်းပွတ်ပါ။ ထို့နောက်မျက်စိကိုပိတ်ပြီး ပူလာတဲ့လက်ဖဝါးကို မျက်လုံးပေါ်ဖိတင်ထားပါ။ စိတ်ထဲက မျက်စိကြွက်သားတွေလျော့နေပြီလို့ကိုယ့်ဘာသာသဘောထားပါ။ ဒီလေ့ကျင့်ခန်းမျိုးက အချိန်မပေးနိုင်ဘူးဆိုတဲ့ IT သမားတွေ၊ ကွန်ပျူတာရှေ့နာရီပေါင်းများစွာထိုင်နေသူတွေအတွက်အလွန်ကောင်းပါတယ်။ စာရေးတဲ့အခါစာရေးသူကိုယ်တိုင် ထိုသို့အလေ့အကျင့်လုပ်ထားပါတယ်။

မျက်မှန်သမားတွေတကယ်လုပ်ရမယ့် လေ့ကျင့်ခန်းက အခုမှပြောမှာပါ။ လေ့ကျင့်ခန်းကသိပ်မခက်ပါဘူး။ မျက်စိကိုအထက်အောက်၊ ဘယ်ညာကစားပေးရမှာဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ဖို့အရင်ဆုံးမျက်စိကို အပေါ်လှန်ကြည့်ပါ။ ပြီးရင် နာရီလက်တံလည်သကဲ့သို့ စက်ဝိုင်းပုံဖြည်းဖြည်းချင်းလှည့်ပြီးကစားပေးပါ။ ၁၀ ကြိမ်ရအောင်အရင်လုပ်ပါ။ ပြီးရင်အပေါ်ကိုကြည့်ပြီး နာရီလက်တံပြောင်းပြန်လားရာအတိုင်း မျက်စိကိုလှည့်ကစားပါ။ ၁၀ ကြိမ်ပဲလုပ်ရမှာဖြစ်ပါတယ်။ ပါဝါသိပ်မတက်သေးသူတွေအနေနဲ့မျက်မှန်တစ်ချိန်လုံးတပ်မထားသင့်ပါ။ သဘာ၀အမြင်ကိုလဲ အားကိုးသင့်ပါတယ်။ အဲ့ဒီအချက်ကမျက်မှန်ပါဝါသမားတွေ မကြာခဏမေးလေ့ရှိတဲ့ မျက်မှန်အမြဲတပ်ထားရမှာလားမေးခွန်းအတွက် အဖြေလဲဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်ရံ မျက်မှန်ချွတ်ထားသင့်ပါတယ်။

ဆက်ပြောရမှာက အစားအသောက်ရွေးချယ်မှုပါ။ မျက်စိထဲအာဟာရဓါတ်ပြည့်၀ဖို့လိုပါတယ်။ Vitamin A, Vitamin C, Lutein နဲ့ Beta Carotene ကြွယ်၀တာတွေက မျက်စိအားကောင်းစေပါတယ်။ ငါးကြီးဆီ၊ သင်္ဘောသီး၊ ထောပါတ်၊ ဖရုံ၊ တရုတ်ဆီးသီး နဲ့ စပျစ်သီးများများစားပေးပါ။ ဝါတဲ့၊ နီတဲ့ သစ်သီးများများစားရမယ်။ မုန်လာဥနီထဲမှာ မျက်စိအားကောင်းစေတဲ့ Beta Carotene ဆိုတဲ့ဓါတ်ပါပါတယ်။ မုန်လာဥနီများများစားပါ။ ဖျော်ရည်လဲလုပ်သောက်နိုင်ပါတယ်။ အာနိသင်ကတော့ အစိမ်းလိုက်ဝါးစားတာလောက်ဘယ်အရာမှမကောင်းပါ။ အခွံမာသီးနဲ့ငါးအဆီမှာ Omega 3 ဆိုတဲ့ဓါတ်ပါပါတယ်။ Omega 3 ကအသက်အရွယ်ကြောင့်ဖြစ်တဲ့မျက်စိမှုန်တာအတွက် အလွန်ကောင်းပါတယ်။ ဘယ်ရီသီးတွေက သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ မျက်စိသွေးလျှောက်မှုက ပါဝါကျစေနိုင်ပါတယ်။ ပါဝါသမားတွေရှောင်ရမှာက ချိုတာတွေဖြစ်ပါတယ်။ သကြားဓါတ်က အမြင်လွှာကိုပိုမိုပျက်စီးစေပါတယ်။ ထို့ကြောင့်အဆာပြေမုန့်ပဲသရေစာ၊ ဆီကြော်စာ၊ အာလူးကြော်၊ ကွတ်ကီးအစရှိသည်များကို ရှောင်ပါ။ ဆေးလိပ်၊ အရက်ကိုလုံး၀မသောက်ပါနဲ့။

မျက်စိပါဝါကျစေတဲ့အိမ်သုံးနည်းကတော့ သခွားသီးကပ်ပေးတာဖြစ်ပါတယ်။ ညအိပ်ခါနီးတိုင်း ရေခဲသေတ္တာအတွင်းထည့်ထားတဲ့ သခွားသီးကိုပါးပါးလှီးပြီး မျက်လုံးပေါ်တင်အိပ်ပါ။ အေးတဲ့ဓါတ်က မျက်စိကြွက်သားပြေလျော့စေပြီးမနက်ပိုင်းအိပ်ရာထချိန်တွင် မျက်လုံးကိုကြည်လင်စေမှာ ဖြစ်ပါတယ်။ အနှစ်ချုပ်ဆိုရသော် မျက်စိအားကောင်းစေရန် အစားအသောက်အရွေးချယ်တတ်ရမှာဖြစ်ပြီး မျက်စိလေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ဖြစ်ပါတယ်။ အထူးသဖြင့် နေ့စဉ်ကြက်ဥတစ်လုံး၊ ချဉ်သောသစ်သီးတစ်မျိုးမျိုး (သံပုရာသီး၊ လိမ္မော်သီး၊ ရှောက်သီး)၊ မုန်လာဥနီတစ်တောင့်နှင့် စပျစ်သီးတစ်တွဲစားပေးခြင်းဟာ မျက်စိပါဝါကိုသိသိသာသာကျဆင်းလာတာတွေ့ရမှာဖြစ်ပါတယ်။

Credit :: ဒေါက်တာအေးမင်းထူး

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon