Bagan Management Institute
Raise Your Potential
22/05/2026
Netflix HR Strategy
===============
လစာလည်း အများကြီးပေးတယ်၊ ဒါပေမဲ့
စွမ်းဆောင်ရည်မပြည့်မီရင် ချက်ချင်းအလုပ်
ဖြုတ်ပစ်တဲ့ ကမ္ဘာကျော် Netflixရဲ့ HR Strategy က
စီးပွားရေးလောကမှာ စိတ်ဝင်စားစရာ အကောင်းဆုံး
ခေါင်းစဉ်တစ်ခုပါ။တခြားကုမ္ပဏီတွေလို ဝန်ထမ်း
စည်းမျဉ်းစာအုပ်အကြီးကြီးတွေ မထားဘဲ၊
တော်တဲ့သူတွေကိုပဲ စုစည်းပြီး အောင်မြင်မှုရအောင်
မောင်းနှင်နေတဲ့ Netflix ရဲ့ ထူးခြားဆန်းသစ်တဲ့ HR
ယဉ်ကျေးမှုအကြောင်း လေ့လာကြည့်ရအောင်။
Netflix HR မှာ အဓိက မဏ္ဍိုင် (၄) ခုရှိပါတယ်။
နံပါတ် ၁ ကတော့ Keep Only Our Highly Effective
People ပါ။The Keeper Test လို့လဲခေါ်ပါတယ်။
Netflix မှာ အလယ်အလတ် စွမ်းဆောင်ရည်ပဲ ရှိတဲ့
ဝန်ထမ်းမျိုး Adequate Performance ကို
သဘောမကျပါဘူး။ သူတို့က ဝန်ထမ်းတွေကို
မိသားစုလိုမျိုး မသတ်မှတ်ဘဲ အကောင်းဆုံး
ကစားသမားတွေချည်း စုထားတဲ့ Pro-Sports Team
ပရော်ဖက်ရှင်နယ် အားကစားအသင်း လို သတ်မှတ်
ပါတယ်။လူတော်တွေကိုပဲ ကုမ္ပဏီမှာ ထားပါတယ်။
နံပါတ် ၂ ကတော့ Freedom and Responsibility
လွတ်လပ်ခွင့်နှင့် တာဝန်ယူမှု အပြည့်အဝပေးပါတယ်။
Netflix မှာ ခွင့်ရက် Vacation Policy ဆိုတာ သီးသန့် မရှိ
ပါဘူး။ ဝန်ထမ်းတစ်ယောက်က ဘယ်နှရက် ခွင့်ယူယူ၊
ဘယ်အချိန် အလုပ်လုပ်လုပ် ကုမ္ပဏီက ဝင်မစွက်ဖက်ပါဘူး။
အဓိကက အလုပ်ရလဒ် (Result) ထွက်ဖို့ပဲ လိုပါတယ်။
ခရီးစရိတ်၊ ရုံးသုံးစရိတ်တွေ သုံးတဲ့အခါမှာလည်း အဆင့်ဆင့်
လက်မှတ်ထိုး ခွင့်ပြုချက်တောင်းစရာ မလိုပါဘူး။
စည်းကမ်းချက်က တစ်ခုတည်းပါပဲ။ Act in Netflix's
Best Interest" (Netflix အတွက် အကောင်းဆုံးဖြစ်မယ့်
အရာကိုပဲ လုပ်ခွင့်ပေးထားတာပါ။ လွတ်လပ်ခွင့်
အပြည့်ပေးထားသလို၊ အမှားအယွင်းရှိလာရင်လည်း
တာဝန်ယူမှု Responsibility အပြည့်ရှိရပါတယ်။
နံပါတ် ၃ ကတော့ Pay Top of Market ဈေးကွက်မှာ လစာ
အမြင့်ဆုံးပေးခြင်းပါ။လူတော်တွေကို ထိန်းသိမ်းထားဖို့
Retention အတွက် Netflix က လစာကို ကပ်စေးမနည်းပါဘူး။
ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ ရာထူးအလိုက် ဈေးကွက်မှာ
အမြင့်ဆုံးပေးနိုင်တဲ့ လစာ Top of Market ကို ပေးပါတယ်။
ဝန်ထမ်းတွေအနေနဲ့ တခြားကုမ္ပဏီတွေဆီက Offer တွေကို
သွားရောက် စုံစမ်းတာကိုတောင် Netflix က အားပေးပါတယ်။
ဘာလို့လဲဆိုတော့ ကိုယ့်ဝန်ထမ်းရဲ့ ပေါက်ဈေးကို သိမှ
ကုမ္ပဏီက လစာကို ထပ်တိုးပေးနိုင်မှာမို့လို့ပါ။
နောက်ဆုံးကတော့ Radical Candor ပါပဲ။ ပွင့်လင်းရိုးသားစွာ
ဝေဖန်ထောက်ပြခြင်း ပါ။Netflix ရဲ့ အလုပ်ပတ်ဝန်းကျင်မှာ
ကွယ်ရာမှာ အတင်းပြောခြင်းကို လုံးဝ လက်မခံပါဘူး။
အထက်လူကြီးပဲဖြစ်ဖြစ်၊ အောက်ဝန်ထမ်းပဲဖြစ်ဖြစ် အလုပ်နဲ့
ပတ်သက်ပြီး အဆင်မပြေတာရှိရင် မျက်နှာချင်းဆိုင်
ပွင့်ပွင့်လင်းလင်း ဖေးဖေးမမနဲ့ ဝေဖန်ထောက်ပြရတဲ့
Feedback Culture ရှိပါတယ်။ ဒါက တစ်ယောက်ကို
တစ်ယောက် တိုးတက်စေချင်တဲ့ စေတနာကြောင့် ဖြစ်ပြီး
အလုပ်တွေကို ပိုမိုမြန်ဆန်စေပါတယ်။
မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် HR တွေအတွက်
သင်ခန်းစာကတော့ Netflix ရဲ့ စနစ်ကို တစ်ထေရာတည်း
လိုက်လုပ်ဖို့က လက်တွေ့မှာ ခက်ခဲနိုင်ပေမဲ့ သူတို့ဆီကယူရမယ့်
အဓိက သင်ခန်းစာကတော့ ဝန်ထမ်းတွေကို စည်းကမ်းတွေနဲ့
ချုပ်နှောင်ထားတာထက်၊ မှန်ကန်တဲ့ လူတော်တွေကို ရွေးချယ်ပြီး
လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးခြင်းက ပိုမိုဆန်းသစ်တဲ့
ရလဒ်တွေကို ထွက်ပေါ်စေတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
💡 မိတ်ဆွေတို့လုပ်ငန်းနဲ့ ကိုက်ညီမယ့် ခေတ်မီ HR Strategy တွေ၊
လုပ်ငန်းခွင်ယဉ်ကျေးမှု Corporate Culture တွေ တည်ဆောက်ဖို့
အတွက် Bagan Consultancy Service က အမြဲတမ်း အကြံပေး
မျှဝေပေးဖို့ အသင့်ရှိနေပါတယ်။
22/05/2026
အင်တာဗျူးမေးခွန်းတွေကို ဖြေဆိုနိုင်မယ့် "STAR" Technique
အင်တာဗျူးခန်းထဲမှာ အလုပ်လုပ်ခဲ့တဲ့
သက်တမ်းတစ်လျှောက် အခက်ခဲဆုံးပြဿနာ
တစ်ခုကို ဘယ်လိုဖြေရှင်းခဲ့ဖူးလဲ?" ဒါမှမဟုတ် "
Team Member တွေကြား အမြင်မတူဘဲ
စိတ်ဝမ်းကွဲစရာကြုံလာရင် ဘယ်လိုစေ့စပ်ပေးမလဲ?"
ဆိုတဲ့ မေးခွန်းမျိုးတွေ မေးခံရရင် ဘယ်လိုဖြေရမလဲ
ဆိုတာ ယောင်ဝါးဝါးဖြစ်သွားတတ်ပါတယ်။
ဒီလို Behavioral Questions ဆိုတဲ့
အပြုအမူဆိုင်ရာမေးခွန်းတွေကို လိုရင်းတိုရှင်းနဲ့
Recruiter တွေ သဘောကျသွားအောင် စနစ်တကျ
ဖြေဆိုနိုင်မယ့် ကမ္ဘာ့စံနှုန်းမီ ပုံသေနည်းတစ်ခု ရှိပါတယ်။
အဲဒါကတော့ STAR Interview Technique ပဲ ဖြစ်ပါတယ်။
Nay Bagan (Talent Sourcing) ကနေပြီး
အလုပ်ရှာဖွေသူတိုင်း အင်တာဗျူးမှာ အမှတ်ပြည့်ရစေဖို့
STAR နည်းလမ်းအကြောင်းကို မျှဝေပေးလိုက်ပါတယ်။
STAR ဆိုတာ အဆင့် (၄) ဆင့်ရဲ့ အတိုကောက်စာလုံးဖြစ်ပြီး
အတွေ့အကြုံကို ဇာတ်ကြောင်းလှလှလေးဖြစ်အောင်
သီကုံးပေးမယ့် ပုံသေနည်း ဖြစ်ပါတယ်။ ပထမ S ကတော့
Situation ဆိုတဲ့ အခြေအနေကို ရှင်းပြဖို့လိုပါတယ်။
ကြုံတွေ့ခဲ့ရတဲ့ အခြေအနေ ဒါမှမဟုတ် ပြဿနာနောက်ခံကို
အကျဉ်းချုပ် စကားပျိုးပါ။ အချိန်ကုန် ၃၀ စက္ကန့်ခန့်သာ ပေးပါ။
ဒုတိယ T ကတော့ Task တာဝန်ဝတ္တရား နဲ့ပါတ်သပ်ပြီး
အဲဒီအခြေအနေမှာ ကိုယ့်အနေနဲ့ ဘာကို ဖြေရှင်းဖို့
တာဝန်ရှိလာသလဲဆိုတာကို ချပြပေးရပါမယ်။
တတိယ A - Action ဆိုတဲ့ လက်တွေ့လုပ်ဆောင်ချက် ကိုရှင်းလင်
ပြောပြပေးရမှာဖြစ်ပါတယ်။ ဒီပြဿနာကို ကိုယ်တိုင် ဘယ်လို
နည်းလမ်းတွေ၊ ဘယ်လို Skill တွေ သုံးပြီး ဖြေရှင်းခဲ့သလဲဆိုတာကို
အသေးစိတ် ရှင်းပြဖို့လိုပါတယ်။ ဒီအဆင့်က အရေးကြီးဆုံးဖြစ်ပြီး
ကိုယ်လုပ်ခဲ့တဲ့ အခန်းကဏ္ဍကိုပဲ အဓိကထားပြောပြပေးရမှာပါ။
နောက်ဆုံး R ကတော့ Result ဖြစ်ပြီးတော့ ထွက်ပေါ်လာတဲ့ ရလဒ်
ကိုယ့်ရဲ့ လုပ်ဆောင်ချက်ကြောင့် ဘယ်လို ကောင်းမွန်တဲ့ ရလဒ်တွေ
ထွက်ပေါ်လာသလဲဆိုတာကို ကိန်းဂဏန်းအချက်အလက်
Data တွေတင်ပြရင်းနဲ့ အဆုံးသတ်ရမှာပါ။
STAR နည်းလမ်းကို သုံးရာမှာ သတိပြုရမယ့်အချက်တွေကတော့
ကြိုတင်ပြင်ဆင်ရမှာဖြစ်ပြီးတော့ အင်တာဗျူးမသွားခင် ကိုယ့်ရဲ့
Career တစ်လျှောက် ကြုံခဲ့ရတဲ့ အောင်မြင်မှု၊ ကျရှုံးမှု၊ ပြဿနာ
ဖြေရှင်းမှု သာဓက ၃ ခု၊ ၄ ခုခန့်ကို STAR ပုံသေနည်းအတိုင်း
စိတ်ထဲမှာ ကြိုတင်စဉ်းစားထားပါ။လိုတိုရှင်းဖြစ်ပါစေ။
အခြေအနေ (Situation) ကိုပဲ အကြာကြီးမပြောပါနဲ့။ ကိုယ်တိုင်
ဘာလုပ်ခဲ့လဲ Action နဲ့ ဘာဖြစ်သွားလဲ Result ကိုပဲ Recruiter
တွေက ပိုစိတ်ဝင်စားကြပါတယ်။
အလုပ်ရှင်တွေက ကိုယ့်ရဲ့ အတိတ်က အပြုအမူကိုကြည့်ပြီး
ကိုယ့်ရဲ့ အနာဂတ်စွမ်းဆောင်ရည်ကို ခန့်မှန်းကြတာပါ။ STAR
Technique ကို ကျွမ်းကျင်စွာ အသုံးချနိုင်ခြင်းက ပြဿနာကို
စနစ်တကျ ဖြေရှင်းတတ်တဲ့ လူတော် တစ်ယောက်ဖြစ်ကြောင်း
သက်သေပြရာ ရောက်ပါတယ်။
ဒီလို နည်းစနစ်ကောင်းတွေကို အသုံးချပြီး အလုပ်အကိုင်
ကောင်းတွေကို ယုံကြည်မှုအပြည့်နဲ့ အရယူချင်တယ်ဆိုရင်တော့...
📩 **ယခုပဲ CV ကို Nay Bagan (Talent Sourcing) ဆီ ပေးပို့ထားလိုက်ပါနော်။
CV ပေးပို့ချင်တယ်ဆိုရင်တော့…………….
မကြာခင်ကရိုက်ကူးထားတဲ့ Passport ဓါတ်ပုံနဲ့
တကွ ကိုယ်ရေးအချက်အလက်တွေကို
[email protected],
သို့လည်းကောင်းNay Bagan, Page Chat Box
သို့လည်းကောင်း Viber No,09 4222 88 703,
သို့လည်းကောင်း CV ပေးပို့နိုင်ပါတယ်။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Room-306, Building-3, Aung Myay Tharsi 1st Street, Aung Myay Tharsi Housing, Kamaryut Township
Yangon