Code Hub

Code Hub

Share

Photos from Code Hub's post 05/04/2026

ကျောင်းသားကျောင်းသူတွေ အတွက်ကော AI ကို လေ့လာချင်သူတွေ အတွက်ကော အခမဲ့ လေ့လာနိုင်မဲ့ Resources တွေကို sharing ပြုလုပ်ပေးထားပါတယ်။

Title တွေကို browser မှာ ရိုက်ပြီး အလွယ်တကူ ရှာဖွေနိုင်သလို comment မှာ link တွေ စီထားပေးပါတယ်။

codehub အတန်းတွေရဲ့ thingyan promo ကလဲ 5 ရက်ပဲ ကျန်ပါတော့မယ်။ ဒါကြောင့် ဝယ်ယူမဲ့သူများ လက်မနှေးကြပါနဲ့။

codehub ရဲ့ အတန်းတွေကို လေ့လာကြည့်ရှုရန်
https://www.codehubmm.com/courses

03/04/2026

AI (Artificial Intelligence) နယ်ပယ်ကို စတင်လေ့လာချင်တဲ့ သူတွေအတွက် အရမ်းကောင်းတဲ့ Microsoft ရဲ့ အခမဲ့ Program တစ်ခုကို မျှဝေပေးလိုက်ပါတယ်။

​ဒီ Program လေးက "AI For Beginners" လို့ခေါ်ပြီး Microsoft ကနေ Open-source အနေနဲ့ တင်ပေးထားတဲ့ 12-Week, 24-Lesson Curriculum တစ်ခုဖြစ်ပါတယ်။

​ဒီ Course မှာ ဘာတွေလေ့လာရမလဲ?
​AI ရဲ့ အခြေခံ သဘောတရားများ : AI ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့ အခြေခံတွေကို နားလည်လွယ်အောင် ရှင်းပြပေးထားပါတယ်။

​Deep Learning & Neural Networks: TensorFlow နဲ့ PyTorch Framework တွေကို အသုံးပြုပြီး လက်တွေ့ရေးသားနည်းတွေ ပါဝင်ပါတယ်။

​Computer Vision (CV): ပုံတွေ၊ Video တွေကို AI ကဘယ်လို Process လုပ်လဲဆိုတဲ့ အပိုင်းတွေကို လေ့လာရပါမယ်။

​Natural Language Processing (NLP): စာသားတွေ၊ စကားပြောတွေကို AI က နားလည်အောင် ဘယ်လိုတည်ဆောက်လဲဆိုတာတွေ ပါဝင်ပါတယ်။

​အဓိက ကတော့ Beginner တွေအတွက် သီးသန့်ရည်ရွယ်ပြီး ပြင်ဆင်ပေးထားတဲ့ Curriculum ဖြစ်လို့ လေ့လာရတာ လွယ်ကူရှင်းလင်းပါတယ်။ ကိုယ်တိုင် လက်တွေ့လိုက်လုပ်ကြည့်လို့ရတဲ့ Code တွေ၊ ပရောဂျက်လေးတွေလည်း ပါဝင်တာမို့ ပိုပြီး ထိရောက်ပါတယ်။

​အောက်က Link ကနေတဆင့် အခမဲ့ ဝင်ရောက်လေ့လာနိုင်ပါတယ်။

​🔗 Link: https://microsoft.github.io/AI-For-Beginners/

28/03/2026

မင်္ဂလာပါ အားလုံးပဲ...
codehub youtube channel ကနေ ရှေ့ဆက်ပြီး ဘယ်လို Video အသစ်တွေ၊ Course အသစ်တွေ ထပ်တင်ပေးစေချင်လဲဆိုတာနဲ့ ပတ်သက်ပြီး အားလုံးရဲ့ အကြံပြုချက်လေးတွေ သိချင်လို့ပါ။

အရင်တင်ခဲ့တဲ့ Tutorial တွေအပေါ် အမြင်တွေ၊ နောက်ထပ် အသစ်ထပ်ပြီး လေ့လာချင်တဲ့ အကြောင်းအရာတွေကို အောက်က Google Form လေးမှာ အချိန်ခဏလေးပေးပြီး ဝင်ရောက်ဖြေကြားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

Survey ဖြေရန်
https://forms.gle/DtywDbd4jW2cL6F46

Channel ပိုကောင်းလာဖို့နဲ့ community အတွက် ပိုအကျိုးရှိမယ့် Content တွေ ဖန်တီးနိုင်ဖို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။ အမြဲတမ်း အားပေးနေတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

17/03/2026

React JS Free Course

ဒီလထဲမှာလာမဲ့ ကျွန်တော်နဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ သင်ကြားပေးထားတဲ့ React JS Crash Course ကို YouTube Channel မှာ အခမဲ့ လေ့လာနိုင်ပါပြီ။

Free Crash Course ဆိုပေမဲ့ codehub ရဲ့ ထုံးစံအတိုင်းရှယ်သင်ပေးထားတာမို့ module 5 ခု နဲ့ project တစ်ခု ပါဝင်ပြီး သင်ခန်းစာ ကြာချိန်စုစုပေါင်း 6 နာရီ ဝန်းကျင်ရှိပါမယ်။

သင်ခန်းစာလေ့လာရန်
https://youtu.be/g6Oh4WXACVg

လိုအပ်တဲ့ resources တွေ Group Link တွေအကုန်လုံးက video description မှာ အကုန်တင်ထားပေးပါတယ်ဗျ။ လိုအပ်တာများရှိရင် Telegram Community မှာ ပြောကြားနိုင်ပါတယ်။

Support Program for Boss Coder :3

ဒီသင်ခန်းစာရဖို့ ကျွန်တော်အနေနဲ့ အချိန်တစ်ခုပေးပြီး သင်ကြားပေးထားတာမို့ နောက်ထပ် ဒီလို အခမဲ့ အတန်းတွေ များများပြုလုပ်ပေးနိုင်ဖို့ မြန်မာငွေ 5000 ကျပ်ကနေစတင်ပြီး tea ဖိုး support လုပ်ပေးလို့ရပါတယ်။ (supporter တွေအတွက်လဲ နောက်ပိုင်း သက်သက် အစီအစဉ်လေးတချို့ လုပ်ပေးဖို့ရှိပါတယ်။) ဒါကြောင့် website ကနေ support လုပ်ပေးတဲ့ အခါမှာ login ဝင်ပြီးမှ support လုပ်ပေးကြပါ။

ငွေကြေးအရ supporting မပြုနိုင်သူများကလဲ like & share & subscribe ဒါလေးတွေနဲ့ supporting ပြုလုပ်ပေးနိုင်ပါတယ်။

တခြားသော web development အတန်းတွေ အတွက် official website ကနေ တဆင့်လေ့လာနိုင်ပါတယ်။

official website
https://www.codehubmm.com/

Thanks to all the coders for being a part of us.

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Insein Road
Yangon
11011