Lily In The Valley

Lily In The Valley

Share

•တူတူ ပိုလှကြမယ်နော် • 🤍

28/05/2026

You are your home .

ကိုယ့်အတွက် အိမ်နဲ့တူတယ် လို့ခံစားရတဲ့ သူကို လိုက်ရှာရင်း၊
ကိုယ့်အတွက် အိမ်ပါလို့ သတ်မှတ်ခဲ့တဲ့သူ ဆုံးရှုံးသွားလို့ ခံစားရင်း၊ကိုယ့်အတွက် အိမ်လိုသဘောထားရတဲ့သူ ကိုယ့်ကိုယ်အမြဲချစ်နေဖို့ ကြိုးစားနေရင်းနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် မေ့နေခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ကြပြီလဲနော်။

ဘယ်တော့မှ မပျောက်ပျက်သွားမယ့်
ဘယ်တော့မှ မထားသွားမဲ့
ဘယ်တော့မှ မပြောင်းလဲတဲ့ တကယ်အိမ်အစစ်ဟာ ကိုယ်ကိုယ်တိုင်ပဲ မဟုတ်လား။

ဒါကြောင့် ကိုယ့်ရဲ့ passion,ကိုယ့်ရဲ့ ဝါသနာ,ကိုယ့်ရဲ့goals တွေဆီ သွားနိုင်ပြီး ကိုယ်နှစ်သက်ရာတွေကို ကိုယ့်ရဲ့ စိတ်ခံစားချက်အတိုင်း ပျော်ပျော်ရွင်ရွင်လုပ်နေဖို့ပါပဲ။ဒါမှ ငိုရလည်း သက်သာမယ် ခံစားရလည်း လျော့မယ်မဟုတ်လား။
နွေးထွေးမှု စိတ်လုံခြုံမှုတွေပေးတဲ့ အိမ်လိုလူဟာ ကိုယ့်အတွက်တော့ ကိုယ်ကိုယ်တိုင်ပါပဲ။
Please Don’t ever forget that you’re your home.

အချစ်တွေနဲ့ရေးတဲ့စာဖြစ်လို့ အမှားတွေပါရင် နားလည်ပေးကြပါဦးနော်။

Photos from Lily In The Valley's post 27/05/2026

You need to try this underrated hair mask ASAP!
ဒီhair maskကအရမ်း underrated နော်
တော်တော်လေးသဘောကျလို့လာရေးဖြစ်တာ
ဆံပင်ဖွာတဲ့သူတွေအတွက်အဓိက 🎀
(no AD no PR JUST MY HUSBAND WALLET)

ပထမဆုံးကတော့အရမ်းကောင်းတယ် ဒါလေးကို review ရေးတာမတွေ့မိဘူး
အဲ့တာကြောင့်ကျမသေချာရေးပါမယ်
သူကလေလျှော်ပြီးရင် လျှော်ပီးပီးချင်း ပျော့အိဖက်တာမဟုတ်ဘူးနော်

ဆံပင်ရှင်းသွားတာလုံးဝပီးရင်ဝပ်သွားတာ
ကျမရဲ့ပြသာနာကလျှော်ပီးရင် ဆံပင်ရှုပ်တာ
အဲ့တာကိုမှခြောက်အောင်လုပ်ရင်ညှိပြီးကျွတ်တာသူကအဲ့ပြသာနာကိုတော်တော်လေးရှင်းပေးနိုင်တယ် နောက်နေ့အိပ်ရာထလာရင်တော့ ဆံပင်လေးကလေ သွက်သွက်ကလေးနဲ့ အိအိလေးဖြစ်နေတာအဲ့တာနောက် သုံးလေးရက်ထိပဲ

Hair maskဆိုဗောက်သမားတွေကကြောက်ရတယ်လေ ကျမကိုယ်တိုင်ရောပဲBut သူကနိုးပါ အဲ့ပြသာနာတော့ရေဆေးချရလည်းလွယ်တယ်
Frizzy hair ဖြစ်တာတွေအတွက် အရမ်းသက်သာတယ် ဒါကျမအကြိုက်ဆုံးအချက်ပဲ
Localမှာအဲ့တာသက်သာတဲ့hair maskရှိတာတော်တော်လေးလည်းသဘောကျစရာကောင်းတယ်
နောက်ထပ်ကသူ့အနံ့ပဲရေခဲမုန့်အနံ့လေး လူတိုင်းခံနိုင်တဲ့အနံ့နီးပါးပေါ့

ကျမတော့ကြိုက်တဲ့အထဲပါတယ် သူ့အနံ့ကလေလျှော်ပြီးနှစ်ရက်လောက်အထိစွဲကျန်နေတာ အရမ်းပါတော် ကျမအရမ်းကြိုက်လို့ကိုလာရေးတာ ဆံပင်တိုတဲ့လူတွေအတွက်တော့သူ့ဘူးလေကခံပါတယ် ဆံပင်ရှည်ရင်တော့ တလနှစ်ဘူရတော့ဆောင်သင့်တယ် ဆောင်ရလည်းစျေးကတအားတန်တယ်
ဆံပင်ရှည်ထားမယ်ဆို တကယ်ဆောင်ထားသင့်သောပါ 100/10 ပဲ 🍨🍦
စျေးကော result ကောတကယ်စိတ်အကျေနပ်ဆုံးပဲ

Price - Shampoo 16000 MMK
Hair Mask -16500 MMK

TikTok made this happen 🥹💕 Thank you, lovely customer 🥰

^တူတူပိုလှကြမယ်နော်^

Photos from Lily In The Valley's post 19/05/2026

တို့အဖွဲ့ရဲ့ ၅နှစ်ပြည့် အမှတ်တရ ခရီးစဉ်ပါရှင်။
ဒီနှစ် ကမ်းခြေ ပို့မယ် နောက်နှစ် တောင်ပေါ်မြို့လေး ပို့မယ်လို့ ပြောတော့ ဆိုင်က ညီမလေး တစ်ယောက်က ဒါဆို နောက်တစ်နှစ်ကြ ဘန်ကောက် ပို့ပေးမှာလားဟင် မမိုးတဲ့ 😆🤍 တကယ်ပါ အားလုံးကို ဘန်ကောက်ပို့ပေးနိုင်ချင်တာရှင်။

ဒီ team လေးကို ယုံကြည်ချစ်ခင်ပေးကြတဲ့ တစ်ဦးတစ်ယောက်ဆီကိုလည်း ကျေးဇူးပါ…

^တူတူပိုလှကြမယ်နော်^

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon