M A R V E L L O U S Translation

M A R V E L L O U S Translation

Share

Your Source of Marvelous Conversations.

22/05/2024

5 Signs that you have a Powerful Mind 🧠💡

Photos from M A R V E L L O U S Translation's post 14/02/2020

[Unicode]
Valentine’s Day နဲ့ ချောကလက် : အသည်းနှလုံးပုံ သမိုင်းတစ်စောင်

Valentine Day ရဲ့ မူလအစဟာ Valentine အမည်ရှိ ရှေးဦး ရောမသူတော်စင်နှစ်ပါးနဲ့ ဆက်စပ်နေပေမယ့် ချစ်ခြင်းမေတ္တာနဲ့ လုံးဝမပတ်သက်ပါဘူးတဲ့။ စိန့်ချစ်သူများနေ့ကို ချစ်ခြင်းမေတ္တာ ကိုယ်စားပြုအားလပ်ရက်အနေနဲ့ ပထမဆုံးအကြိမ် ဖော်ပြတာက Geoffrey Chaucer ရဲ့စာပေတွေမှာ၊ အထူးသဖြင့် ၁၃၈၂ ကဗျာ Parlement of Foules မှာပါ။ Chaucer ဟာ အချစ်ရဲ့ သဘောသဘာဝကို “Seynt Voantynes ​​နေ့မှာ.. ငှက်တိုင်းဟာ သူ့ရဲ့မိတ်ဖက်ကို ရွေးချယ်ဖို့ ဖြစ်တယ်”လို့ ဖော်ကျူးထားတယ်။ ရာစုနှစ်တွေကြာပြီးနောက်လူတွေဟာ သီချင်းတွေ၊ ကဗျာတွေ၊ နှင်းဆီပန်းတွေနဲ့ ကျင်းပခဲ့ပေမယ့် Valentine's Day ချောကလက်နဲ့ သကြားလုံးတွေကတော့ ဥရောပမှာ အဖိုးတန်ကုန်ကြမ်းတစ်ခု ဖြစ်နေသေးလို့ ရောယှက်တာမျိုး မရှိသေးပါဘူးတဲ့။

ဗစ်တိုးရီးယားဘုရင်မ အုပ်ချုပ်တဲ့ ၁၈၃၇ ခုနှစ်လောက်မှာ Valentine's Day ဟာ စီးပွားဖြစ် အလှည့်အပြောင်းတစ်ခုဖြစ်လာပြီး ဗစ်တိုးရီးယားပြည်သူတွေဟာ သူတို့တန်ဖိုးထားတဲ့သူတွေကို Cupid မြှားနတ်မောင် ခေါင်းစဉ်တပ် လက်ဆောင်တွေ၊ ကတ်တွေနဲ့ ကြဲချတဲ့အလေ့ ရှိခဲ့တယ်။ ၁၈၀၀ ပြည့်နှစ် နှောင်းပိုင်းမှာတော့ လူသိများတဲ့ ချောကလက်စားသူတချို့ဟာ ပိုပြီး နှစ်သက်ဖွယ်ကောင်းတဲ့ “ချောကလက်သောက်ခြင်း” ပုံစံကိုဖန်တီးဖို့အတွက် ကိုကိုးသီးတွေကနေ ကိုကိုးထောပတ် ထုတ်ယူတဲ့ လုပ်ငန်းမျိုး ပေါ်ထွက်လာခဲ့တယ်။ အဲဒီဖြစ်စဉ်ကြောင့် ကိုကိုးထောပတ်တွေ အရမ်းပေါများလာပြီး အဲဒီနောက်မှာ "ချောကလက်စားခြင်း" လို့ ပြောစမှတ်ပြုလာမယ့် ချောကလက်တုံးတွေ ပိုထုတ်လုပ်ဖို့ သုံးခဲ့ကြတယ်။

စျေးကွက်ရှာဖွေချဲ့ထွင်ကြတာတွေကြောင့် ချောကလက်တွေကို Cupids မြှားနတ်မောင်ပုံ နှင့် ချစ်စဖွယ့်မိန်းကလေးပုံနဲ့ အလှဆင်ထားတဲ့ အသည်းနှလုံးပုံစံသေတ္တာဗူးလေးတွေမှာ ထုပ်ပိုးလာကြတယ်။ အဲဒီအချိန်ကစပြီး Valentine Day မှာချောကလက်ပေးတဲ့အလေ့ဟာ အချစ်ငှက်လေးတွေကြား ချစ်ခြင်းမေတ္တာကိုယ်စားပြု လက်ဆောင်ပေးတဲ့ သဘောအနေနဲ့ နေရာတကာကို ပျံ့နှံ့လာခဲ့ပါတော့တယ်။

Happy Valentine's Day ပါ!

Photo & Ref : https://malleys.com

MARVELLOUS Translation မှ မှီးငြမ်းဘာသာပြန်ပါသည်။
MARVELLOUS Translation
Call 09250657599

[Zawgyi]
Valentine’s Day နဲ့ ချောကလက် : အသည်းနှလုံးပုံ သမိုင်းတစ်စောင်

Valentine Day ရဲ့ မူလအစဟာ Valentine အမည်ရှိ ရှေးဦး ရောမသူတော်စင်နှစ်ပါးနဲ့ ဆက်စပ်နေပေမယ့် ချစ်ခြင်းမေတ္တာနဲ့ လုံးဝမပတ်သက်ပါဘူးတဲ့။ စိန့်ချစ်သူများနေ့ကို ချစ်ခြင်းမေတ္တာ ကိုယ်စားပြုအားလပ်ရက်အနေနဲ့ ပထမဆုံးအကြိမ် ဖော်ပြတာက Geoffrey Chaucer ရဲ့စာပေတွေမှာ၊ အထူးသဖြင့် ၁၃၈၂ ကဗျာ Parlement of Foules မှာပါ။ Chaucer ဟာ အချစ်ရဲ့ သဘောသဘာဝကို “Seynt Voantynes နေ့မှာ.. ငှက်တိုင်းဟာ သူ့ရဲ့မိတ်ဖက်ကို ရွေးချယ်ဖို့ ဖြစ်တယ်”လို့ ဖော်ကျူးထားတယ်။ ရာစုနှစ်တွေကြာပြီးနောက်လူတွေဟာ သီချင်းတွေ၊ ကဗျာတွေ၊ နှင်းဆီပန်းတွေနဲ့ ကျင်းပခဲ့ပေမယ့် Valentine's Day ချောကလက်နဲ့ သကြားလုံးတွေကတော့ ဥရောပမှာ အဖိုးတန်ကုန်ကြမ်းတစ်ခု ဖြစ်နေသေးလို့ ရောယှက်တာမျိုး မရှိသေးပါဘူးတဲ့။

ဗစ်တိုးရီးယားဘုရင်မ အုပ်ချုပ်တဲ့ ၁၈၃၇ ခုနှစ်လောက်မှာ Valentine's Day ဟာ စီးပွားဖြစ် အလှည့်အပြောင်းတစ်ခုဖြစ်လာပြီး ဗစ်တိုးရီးယားပြည်သူတွေဟာ သူတို့တန်ဖိုးထားတဲ့သူတွေကို Cupid မြှားနတ်မောင် ခေါင်းစဉ်တပ် လက်ဆောင်တွေ၊ ကတ်တွေနဲ့ ကြဲချတဲ့အလေ့ ရှိခဲ့တယ်။ ၁၈၀၀ ပြည့်နှစ် နှောင်းပိုင်းမှာတော့ လူသိများတဲ့ ချောကလက်စားသူတချို့ဟာ ပိုပြီး နှစ်သက်ဖွယ်ကောင်းတဲ့ “ချောကလက်သောက်ခြင်း” ပုံစံကိုဖန်တီးဖို့အတွက် ကိုကိုးသီးတွေကနေ ကိုကိုးထောပတ် ထုတ်ယူတဲ့ လုပ်ငန်းမျိုး ပေါ်ထွက်လာခဲ့တယ်။ အဲဒီဖြစ်စဉ်ကြောင့် ကိုကိုးထောပတ်တွေ အရမ်းပေါများလာပြီး အဲဒီနောက်မှာ "ချောကလက်စားခြင်း" လို့ ပြောစမှတ်ပြုလာမယ့် ချောကလက်တုံးတွေ ပိုထုတ်လုပ်ဖို့ သုံးခဲ့ကြတယ်။

စျေးကွက်ရှာဖွေချဲ့ထွင်ကြတာတွေကြောင့် ချောကလက်တွေကို Cupids မြှားနတ်မောင်ပုံ နှင့် ချစ်စဖွယ့်မိန်းကလေးပုံနဲ့ အလှဆင်ထားတဲ့ အသည်းနှလုံးပုံစံသေတ္တာဗူးလေးတွေမှာ ထုပ်ပိုးလာကြတယ်။ အဲဒီအချိန်ကစပြီး Valentine Day မှာချောကလက်ပေးတဲ့အလေ့ဟာ အချစ်ငှက်လေးတွေကြား ချစ်ခြင်းမေတ္တာကိုယ်စားပြု လက်ဆောင်ပေးတဲ့ သဘောအနေနဲ့ နေရာတကာကို ပျံ့နှံ့လာခဲ့ပါတော့တယ်။

Happy Valentine's Day ပါ!

Photo & Ref : https://malleys.com

MARVELLOUS Translation မှ မှီးငြမ်းဘာသာပြန်ပါသည်။
MARVELLOUS Translation
Call 09250657599

13/02/2020

ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့မွေးနေ့တွေမှာ ဗိုလ်ချုပ် ဘာတွေ လုပ်နေခဲ့မယ် ထင်လဲဗျ?
Happy 105th Birthday.. General Aung San!
13 Feb 2020

29/01/2020

[Unicode]
မနေ့က တင်ထားတဲ့ မြန်မာဝါကျ ၂ ကြောင်းကို English လို တစ်ကြောင်းစီ ဆီလျှော်အောင် ဘာသာပြန်ပေးပါမယ်။

၁) ဆရာသည် ကောင်ကလေး၏ စာကြိုးစားခြင်းအကြောင်းကို မိခင်အား ပြောပြသည်။
(ဘာသာမပြန်ခင် မူလဘာသာစကားကို အသေအချာ ကျကျနန သိအောင် လုပ်ရပါမယ်။)
ဆရာသည် ကောင်ကလေး စာကြိုးစားရခြင်း၏ အကြောင်းရည်ရွယ်ချက်ကို မိခင်အား ပြောပြသည် လို့ အဓိပ္ပါယ်ရပါတယ်။
1) The teacher tells the mother why the boy is working hard.

၂) ဆရာသည် ကောင်ကလေး၏ စာကြိုးစားပုံကို မိခင်အား ပြောပြသည်။
ဆရာသည် ကောင်ကလေး မည်သို့မည်ပုံ စာကြိုးစားသည်ကို မိခင်အား ပြောပြသည် လို့ နားလည်ရပါမယ်။
The teacher tells the mother how the boy is working hard.

English sentences တွေမှာ
- tense က present simple ကို သုံးပါတယ်။
- ကျောင်းသားတစ်ယောက် စာကြိုးစားတာကို work hard လို့ သုံးလို့ရပါတယ်။
- hardly မဟုတ်ဘူးနော်။ hard (adjective) ရဲ့ adverb form ကလည်း hard ပဲ ဖြစ်ပါတယ်။
- the boy is working hard သုံးသွားတာကလည်း advanced level indirect speech မှာ အခုထိ မှန်နေသေး၊ လုပ်နေသေးတဲ့ အကြောင်းအရာကို past continous (was trying hard) အစား present continous (is trying hard) ကို သုံးလို့ ရပါတယ်။

https://www.facebook.com/105684024322631/posts/107707697453597/ ဒါက မနေ့က တင်ထားတဲ့ post ပါ။

အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

MARVELLOUS Translation
Call 09250657599
https://www.facebook.com/105684024322631

အကျိုးရှိမယ် ယုံကြည်ပါတယ်။

MARVELLOUS Translation
Call 09250657599
https://www.facebook.com/105684024322631

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon