Luci Streaming

Luci Streaming

Share

Welcome to Luci Streaming

27/12/2023

အိပ်မက်တွေကဈေးကြီးတယ်🥹🥹🥹

Photos from Luci Streaming's post 14/07/2023

UC20K သုံးလိုက်ရဒယ် စိတ်ဓာတ်ပဲ🥹

Photos from Luci Streaming's post 01/02/2023

“ကြမ်းပါတော့မယ်ဆိုမှ အကြမ်းကိုမခံဘူး😢
Apex Legends Mobile ကို ဖျက်သိမ်းတော့မည့် EA”

ပြီးခဲ့တဲ့ နှစ် 2022 May 17 မှာ ထွက်ရှိခဲ့တဲ့ Apex Legends Mobile ဟာ တစ်နှစ်ပြည့်တော့မယ့် အချိန်မှာပဲ region တွေအကုန်လုံးကိုဖျက်သိမ်းတော့မယ်လို့သိရပါတယ်။ Apex Legends ရဲ့ Developer ဖြစ်တဲ့ Respawn entertainment ဟာ ထင်ထားသလောက်အောင်မြင်မှုမရရှိခြင်းနဲ့ High-Quility experience ကိုထိန်းသိမ်းနိုင်စွမ်းမရှိတော့တာ ကြောင့် တစ်နှစ်ပြည့်တော့မယ့် May လ 1 ရက်နေ့မှာပဲ game ကိုအပြီးတိုင် ဖျက်သိမ်းတော့မယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ Apex Legends Player တွေသိပ်မရှိဘူးဆိုပေမယ့် လက်ရှိဆော့နေတဲ့ player တွေအတွက်ကတော့ စိတ်မကောင်းစရာပါပဲ။

ဒါ့အပြင် ပိုဆိုးတာကတော့ ဂိမ်းထဲမှာ ဝယ်ထားတဲ့ Skin တွေ Item တွေ တကယ့် ပိုက်ဆံနဲ့ဝယ်ထားတဲ့ အရာတွေအားလုံးကို refund ပြန်လုပ်ပေးမှာမဟုတ်ဘူးလို့ EA ကပြောထားပါတယ်။ ဒါကတော့ တကယ်ကို Player တွေအတွက်နစ်နာစေပါတယ်။ ဒီဂိမ်းထဲမှာ တကယ်ကိုရင်းနှီးမြှုပ်နှံထားတဲ့ လူတွေအတွက်ကတော့ တော်တော်ဒေါသဖြစ်စရာပါပဲ။

ဒီ ဖျက်သိမ်းမယ့်ဆုံးဖြတ်ချက်ကိုတော့ Apex Legends ရဲ့ development partner တွေဖြစ်ကြတဲ့ Respawn နဲ့ Lightspeed & Quantum studios ကနှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။

နောက်ပိုင်းမှာတော့ Apex Legends ကို Mobile ပေါ်မှာ ပုံစံတစ်မျိုးနဲ့ပြန်လာနိုင်သေးပါတယ်။ EA ရဲ့ CEO Andrew Wilson နဲ့ development partner company တွေကတော့ ဂိမ်းရဲ့ လက်ရှိ Version ကို ဖျက်သိမ်းဖို့ ရွေးချယ်ခဲ့ကြတယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ Apex mobile နဲ့ ဆက်နွယ်မှုရှိတဲ့ ဂိမ်းတစ်ခုကို reimagine လုပ်သွားမယ်လို့သိရပါတယ်။ ဘယ်လိုပဲ ဆိုဆို ဒီ version နဲ့ ဂိမ်းကို mobile ပေါ်မှာဆော့ရတာကြိုက်နှစ်သက်တဲ့လူတွေအတွက်ကတော့ တကယ်ကို သတင်းဆိုးပါပဲ။

လက်ရှိမှာတော့ ဆော့တဲ့လူနည်းတယ်ဆိုပေမယ့် အချိန်နည်းနည်းလောက်ထပ်ပေးလိုက်ရင် နောက်ထပ်လာမယ့် Update တွေမှာတော့ Playerတွေများလာနိုင်ပါတယ်။ File size ကြီးလွန်းတာနဲ့ region တိုင်းမှာ available မဖြစ်တာက player နည်းသွားစေတဲ့ အချက်တွေ ဖြစ်နိုင်တယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။ ဘယ်လိုပဲ ဆိုဆို EA ကတော့ Mobile Version ကိုဖျက်သိမ်းတော့မှာဆိုတော့ တကယ်စိတ်မကောင်းစရာပါပဲ။

Apex Legends ဂိမ်းဟာ တခြား Platform တွေမှာတော့ အောင်မြင်မှုတော်တော်ရရှိခဲ့တယ်ဆိုပေမယ့် mobile version မှာတော့ထင်သလောက် အောင်မြင်မှုမရရှိခဲ့ပုံပါပဲ ။2022 မှာ Apple store နဲ့ Google Play Store တို့မှာ Game of the Year ဆုရရှိခဲ့တယ်ဆိုပေမယ့် Studio နဲ့ Company ဘက်က High-quality experience တွေကိုထိန်းသိမ်းထားဖို့မတတ်နိုင်တော့လို့ ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာလို့လဲသိရပါတယ်။

Ref: The Verge,indian express
Thant Hmue Thiha

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon