DSS - Real Estate Service

DSS - Real Estate Service

Share

အိမ်ခြံမြေနှင့်‌ဆိုင်သော အစိုးရရုံ

09/03/2024

BOT မြေပေါ်ဆောကိတဲ့တိုက်ခန်းနဲ့ဂရန်မြေပေါ်ဆောက်တဲ့တိုက်ခန်းကွာခြားချက်

BOT-Build Operate Transfer,စနစ်နဲ့ဌားထားတဲ့မြေပေါ်မှာဆောက်တဲ့တိုက်ခန်းနဲ့ဂရန်မြေဘိုးဘွားပိုင်မြေပေါ်မှာဆောက်တဲ့တိုက်ခန်းတွေရဲ့ကွာခြားချက်ကိုနိူင်းယှဉ်ဖော်ပြပေးလိုက်ပါရစေ
ဘီအိုတီစနစ်နဲ့ဌားထားတဲ့မြေပေါ်မှာဆောက်တဲ့တိုက်ခန်းတွေကိုဝယ်ရင်
အစိုးရဆီကနေဘီအိုတီစနစ်နဲ့ဌားထားတယ်တိုက်ခန်းဆောက်တဲ့ကုမ္ပဏီကိုယ်တိုင်ကအစိုးရဆီကဌားထားရတော့ဌားထားတဲ့သက်တမ်းပြည့်ရင်ပြန်အပ်ရမှာပါ Build Operate Transfer ဖြစ်တာကြောင့်သက်တမ်းပြည့်ရင်အရှိအတိုင်းပြန်အပ်ရမှာဖြစ်ပါတယ်
ကွန်ဒိုမီနီယမ်တိုက်ခန်းဖြစ်လာရင်အခန်းဝယ်တဲ့သူကမြေကြီးပါရှယ်ယာပိုင်တဲ့သဘောဖြစ်လာတယ်လို့သိရပါတယ်မြန်မာန်ုင်ငံဆောက်လုပ်ရေးများအသင်းဥက္ကဌ U Htay Thar ကဘီအိုစီစနစ်ကနှစ်၅၀ဌားထားတယ်ထပ်တိုး Extension ကဆယ်နှစ်+ဆယ်နှစ်နဲ့နှစ်ပေါင်း ၇၀ သက်တမ်းပြီးရင်တော့ပြီးပြီပေါ့သက်တမ်းထပ်တိုးပေးဖို့ကတော့အဲဒီအချိန်မှာတိုင်းပြည်ကိုစီမံခန့်ခွဲနေတဲ့သူတွေရဲ့အဆုံးအဖြတ်ပေါ်မှာမူတည်ပါတယ်။
သူကနှစ်၇၀လောက်ဆိုရင်အဆောက်အအုံရဲ့သက်တမ်းကကုန်ပြီအဲဒီအဆောက်အအုံပေါ်မှာနေထိုင်တဲ့သူတွေကဘာပိုင်မလဲဆိုတာကတော့မပြောနိုင်ပါဘူး
ဝယ်တဲ့သူတွေကနှစ်၅၀-၇၀လောက်နေရရင်ကျေနပ်တယ်ဆိုရင်ဝယ်နိုင်တယ်
သက်တမ်းကျန်သေးရင်တောင်အဆောက်အအုံတွေကပြင်ကြမှာဘဲအဲဒီအချိန်ကျရင်တော့ပိုင်ဆိုင်မူရူပ်ထွေးနိုင်တယ်။

ဘိုးဘွားပိုင်မြေဂရန်မြေပေါ်မှာဆောက်တဲ့တိုက်ခန်းတွေကိုဝယ်ရင်
ကွန်ဒိုမီနီယမ်တိုက်ခန်းဖြစ်လာရင်အခန်းဝယ်တဲ့သူကမြေကြီးပါရှယ်ယာပိုင်တဲ့သဘောဖြစ်လာတာကြောင့်ဘိုးဘွားပိုင်မြေနဲ့ဂရန်မြေပေါ်မှာဆောက်ရင်အဲဒီမြေကြီးပါပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်ဂရန်သက်တမ်းကုန်သွားရင်လဲအစိုးရဆီမှာသက်တမ်းထပ်တိုးနိုင်မှာဖြစ်ပါတယ်တချို့ဆောက်လုပ်ရေးကုမ္ပဏီတွေကဘယ်ဥပဒေကိုမဆိုလိုက်နာပါမည်ဆိုတဲ့ခံဝန်ချက်နဲ့စာချုပ်ချုပ်ပေးတယ်အဲဒီလိုမျိုးဝယ်ရင်တော့ဝယ်တဲ့သူတွေမနစ်နာနိုင်ဘူးလို့သိရပါတယ်။

:ဥပဒေရေးရာ

08/01/2024

စာချုပ်ချုပ်ချင်လို့ပါ
စာချုပ်ဘယ်လိုရေးရမလဲဆရာ
ဘယ်အချက်တွေပါမှ ပြည့်စုံတာလဲ
ဖြေကြားပေးပါ။

အရောင်းအဝယ် စာချုပ်ချုပ်ဆိုရာတွင် ပါဝင်သင့်သည့် အဓိကအချက် (၁၀)ချက်

(၁) ပြည့်စုံတိကျသော စာချုပ်ခေါင်းစဉ် ရေးသားရန်

(၂) စာချုပ် ချုပ်ဆိုသည့် နေ့ရက်၊ လ၊ ခုနှစ်သက္ကရာဇ်တို့ကို မှန်ကန်စွာရေးသားရန်

(၃) စာချုပ်ပြုလုပ်ချုပ်ဆိုသည့်နေရာကို ရေးသားရန်

(၄) စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးသူများအားလုံး (သက်သေများအပါအဝင်) ၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ တို့ကိုပြည့်စုံမှန်ကန်စေရန် သက်ဆိုင်သူများအားလုံးကို ပြသစိစစ်အတည်ပြုပြီးမှ ရေးသားရန်

(၅) ရောင်းချသည့်တန်ဖိုးငွေ၊ စရန်ငွေ၊ ကျန်ငွေ စသည့်ငွေကြေးပမာဏများ ရေးသားရာတွင် ကိန်းဂဏန်းဖြင့်ရေးသားရမည့်အပြင်၊ (ကွင်းစ၊ ကွင်းပိတ်အတွင်း) စာသားဖြင့်ပါ ရေးသားဖေါ်ပြရန်

(၆) ငွေချေရန်နေ့ရက် စသည့် နေ့ရက်အချိန်ရွေးချယ်မှုကို လုပ်ငန်းဆောင်ရွက်ရန်နှင့် နှစ်ဦးနှစ်ဖက် အမှန်တကယ် အဆင်ပြေမည့်နေ့ရက်အချိန်ကာလကို သေချာစွာဆွေးနွေးရွေးချယ်သတ်မှတ်ပြီး တိကျစွာဖော်ပြရန်

(၇) စာချုပ်တွင်ပါဝင်ထည့်သွင်းချုပ်ဆိုမည့် ကမ်းလှမ်းချက်နှင့် သဘောတူညီချက်များ၊ လိုက်နာရန်ကတိဝန်ခံချက်များ၊ အပြန်အလှန်သဘောတူညီချက်များ၊ ဆောင်ရွက်ရန်တာဝန်များ၊ ပျက်ကွက်မှုများရှိပါက ပျက်ကွက်မှုအတွက်နစ်နာသူသို့ ဆောင်ရွက်ပေးရန်များ၊ ပျက်ကွက်မှုအတွက်နစ်နာသူသို့ ပေးရန်အကျိုးခံစားခွင့်များ စသည့်အချက်များကို ပြည့်စုံ တိကျ ခိုင်မာစွာ ရေးသားရန်

(၈) အရောင်းအဝယ်ပြုလုပ်သည့်ပစ္စည်းစာရင်း (အိမ်ခြံမြေ) နှင့် သက်ဆိုင်သည့်အချက်အလက်အပြည့်အစုံ (အလားလေးရပ်အပါအဝင်)တို့ကို ပြည့်စုံမှန်ကန်စွာရေးသားရန်

(၉) စာချုပ်ပါ အချက်များသည် ချုပ်ဆိုသည့်စာချုပ်ကိုပျက်ပြယ်စေသည့် အချက်များမပါစေရန်

(၁၀) စရန်ပေးသူ၊ စရန်လက်ခံသူ၊ ရောင်းသူ၊ ဝယ်သူ၊ သက်သေများ စသည့်စာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးမည့်သူများသည် စာချုပ်ပါ အကြောင်းအရာများအားလုံးကို
အသေးစိတ်စစ်ဆေးဖတ်ရှုကာ နားလည်လက်ခံသဘောတူမှသာလျှင် မိမိလက်မှတ်ရေးထိုးရမည့်နေရာတွင် စာချုပ် ချုပ်ဆို လက်မှတ်ရေးထိုး ၍ လက်ဝဲဘက်လက်မဖြင့်လက်ဗွေနှိပ်ရန်

Photos from DSS - Real Estate Service's post 02/01/2024

2024မှာ ထားသင့်သော wallpaper က "infinity sign" လေးဖြစ်ပါတယ်။

2+0+2+4= 8 ဂဏန်း ရတဲ့နှစ်တွေနဲ့ infinity သင်္ကေတလေးနဲ့က ဆက်စပ်မှုတွေ အများကြီးရှိပါတယ်။

phone တွေ၊ Tablet တွေ၊ computer တွေမှာ Wallpaper အဖြစ်အသုံးပြုနိုင်သလို၊infinity ပုံစံ လက်စွပ်၊ ဆွဲသီးလေးတွေ ဝတ်ဆင်နိုင်ပါတယ်။

ဒါအပြင် ပုံကို print ထုတ်ပြီး ပိုက်ဆံအိတ်ထဲလဲဆောင်ထားနိုင်ပါတယ်။

🍀 #ဆောင်ထားခြင်းဖြင့်ဘာတွေကံကောင်းစေသလဲ ?
ဆိုရင် wealth and prosperity, power, infinity, and karmic balance ဆိုတဲ့ ကောင်းခြင်းတွေကို ရရှိစေပါတယ်။

စည်းစိမ်ချမ်းသာတိုးခြင်း၊တန်ခိုးအာဏာရရှိခြင်း၊အနန္တ စွမ်းအင်နှင့် ကံတရားမျှတမှုဆိုတဲ့ ကောင်းခြင်းတွေရရှိစေပါတယ်။

#2024 မှာ ကံကောင်းခြင်းတွေ မိမိတို့အပေါ် အပြည့်အဝ သက်ရောက်နိုင်ပါစေ။
credit from #ဆရာငြိမ်းအေးလူ

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


North Dagon
Yangon