SM Plants Collection

SM Plants Collection

Share

catusတွေဘွန်ဇိုင်းတွေအပြင် မိမိတို့လိ?

Photos from SM Plants Collection's post 12/08/2021

3 layers mask 😷😷😷
50ခုပါ တစ်ထုပ် 1000 ks
94 mask 😷😷😷
10ခုပါ တစ်ထုပ် 1400ks
Baby mask
50ခုပါ တစ်ထုပ် 1400ks
Baby 94 mask
10ခုပါ တစ်ထုပ် 1500ks
လိုသလောက်ရမယ်နော်
ရန်ကုန်မြို့ နယ် အလိုက် deliveryအပ်ပေးပါ့မယ်နော်
ဝယ်ယူ အားပေးနိုင်ပါတယ်ရှင့်
📞📞📞09250159121(or) cb

Photos from SM Plants Collection's post 18/03/2021

အပင်ချစ်သူများသိထားသင့်သည့်
အကြောင်းအရာ *********

ခရီးရက်ရှည်သွားရမှာကြောင့်လား?
ကိစ္စကြီးငယ်ရှိလို့ အိမ်ပိတ်ထားခဲ့ရမှာ
ကြောင့်လား?
အဲ့လိုဆို စိုက်ပျိုးထားတဲ့အပင်တွေအ
တွက် စိတ်ပူပမ်နေရပြီဟုတ်?
ကျနော်ကတော့ ခရီးရက်ရှည်သွားရ
တော့မယ်ဆို ရေငတ်ဒါဏ်မခံနိုင်တဲ့အပင်
တွေကိုဒီလိုလုပ်ဆောင်ပြီး ထားခဲ့ပါတယ်
ရေဇလားခပ်ကြီးကြီးတွေကို ရေတစ်
ဝက်ခန့်ဖြည့်ပြီး အပင်အိုးတွေစီထည့်ကာ
အလင်းရောင်ရမည့်နေရာလေးမှာထား
ပေးခဲ့ပါတယ် နေရောင်တိုက်ရိုက်အချိန်
ကြာ ကျတဲ့နေရာမဟုတ်ပါ အလင်း
ရောင် ကျသောနေရာမျိုးကိုပြောခြင်းပါ
အာ့လိုထားပေးခြင်းဖြင့် အပင်များကို
အနည်းဆုံး 10ရက်ခန့် ရေငတ်ဒါဏ်မှ
ကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာ့ ပုံထဲမှာ
ပြသပေးထားသလိုတွေလည်း လုပ်
ဆောင်ပေးလို့ရပါတယ် မိမိအဆင်ပြေ
သောပုံစံ အသုံးပြုလုပ်ဆောင်ပေးနိုင်ကြ
ပါတယ် **********************

" စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်ပါ "
Justin Aung Htike
( Life & Plants )

*** Photo credit to owner ***

Photos from SM Plants Collection's post 04/02/2021

စိတ်ကူးယဉ်ဆန်ဆန် လှပလွန်းပြီး ညဘက်မှာသာ ပွင့်တဲ့ ပန်းပင်လေးများ

ညဘက်မှာပွင့်တဲ့ ပန်းတွေဟာ ပိုလှတယ်လို့ ပြောတတ်ကြပါတယ်။ တကယ်လည်း ညဘက်မှာ ပွင့်တဲ့ပန်းတွေဟာ ဒဏ္ဌာရီဆန်ဆန်လှပပြီး တကယ့်ကို မွေးပျံ့တဲ့ ရနံ့ကိုပေးပါတယ်။ သင့်အိမ်ရဲ့ ပန်းခြံလေးထဲမှာ ပုံပြင်ဆန်တဲ့ ဒီလို ညဘက်မှပွင့်တဲ့ ပန်းလေးတွေကို စိုက်ပျိုးကြည့်သင့်ပါတယ်။ ဒီပန်းလေးတွေက သင့်ကို စိတ်ကူးယဉ်ကမ္ဘာထဲကို ခေါ်ဆောင်သွားပေးမှာပါ။ ဒါပေမယ့်လို့ တစ်ချို့ပန်းလေးတွေက ရာသီဥတုနေရာဒေသကို လိုက်ပြီး ရှားပါးတဲ့အပင်လေးတွေဖြစ်တာမို့ ဗဟုသုတအဖြစ် သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

Mock Orange
Mock Orange လို့ခေါ်တဲ့ ဒီပန်းလေးကတော့ အပွင့်ဖြူဖြူလေးတွေပွင့်ပြီး အနံ့ပြင်းတဲ့ ပန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ သူ့ရဲ့အနံ့ကြောင့် လိပ်ပြာတွေနဲ့ တစ်ခြား အင်းဆက်ကောင်လေးတွေကို ဆွဲဆောင်စေပါတယ်။ အဖြူရောင် ပွင့်ဖတ်လေးတွေထဲမှာ အဝါရောင် ဝတ်ဆံလေးတွေနဲ့ အရမ်းကိုလှတဲ့ ပန်းဖြစ်ပြီး Idaho ပြည်နယ်ရဲ့ state flower အဖြစ်သတ်မှတ်ထားတဲ့ ပန်းဖြစ်ပါတယ်။

Moonflower
အရမ်းကို ပုံပြင်ဆန်တဲ့ ဒီပန်းလေးတွေကတော့ မြန်မာနိုင်ငံမှာလည်း တွေ့ရတဲ့ ပန်းမျိုးဖြစ်ပါတယ်။ နေ့တစ်နေ့ရဲ့ အဆုံးသတ်မှာသာ ပွင့်လန်းလေ့ရှိကြတဲ့ ဒီပန်းလေးတွေဖြစ်ပြီး သူတို့ရဲ့ ပန်းပွင့်ချိန်ဟာ သင့်ကို အံ့သြမှင်သက်သွားစေနိုင်လောက်အောင် လှပလွန်းပါတယ်။

ပဒုမ္မာကြာပန်း
ပဒုမ္မာကြာပန်းကိုတော့ လူတိုင်းမြင်ဖူးကြမယ် ထင်ပါတယ်။ ဒီပဒုမ္မကြာပန်းဟာ ညအချိန်မှာသာ ပွင့်လန်းလေ့ရှိပြီး သင်းပျံကြင်လင်တဲ့အနံ့လေးကို ပေးပါတယ်။ သူတို့ရဲ့ ပန်းပွင့်ချိန်ဟာလည်း အရမ်းကို လှပလွန်းပါတယ်တဲ့။

ဇီဇဝါ
စံပယ်ပန်းရဲ့ မျိုးနွယ်ဝင်ဖြစ်တဲ့ ဇီဇဝါပန်းတွေဟာလည်း ညဘက်မှသာ ပွင့်တဲ့ပန်းတစ်မျိုးပါ။ သူ့ရဲ့ အနံ့လေးကကို ဆွဲဆောင်မှုရှိပြီး ဒီပန်းကို Indonesia နဲ့ Philippines ရဲ့ national flower ဖြစ်ပါတယ်။

Easter – Lily Cactus
Cactus တစ်မျိုးဖြစ်တဲ့ Easter – Lily Cactus ပန်းဟာလည်း ညမှာသာ ပွင့်တဲ့ပန်းဖြစ်ပြီးတော့ ပန်းပွင့်ချိန်ကိုတော့ အချိန်တစ်ခုအထိ စ်ိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းရပါတယ်။ အချိန်ကြာမှပွင့်တဲ့ပန်းဖြစ်လို့ အစွမ်းကုန်လည်း လှပလွန်းတဲ့ ပန်းဖြစ်ပါတယ်။ အရမ်းကို ဆွဲဆောင်မှုရှိတဲ့ ပန်းဖြစ်တာမို့ သင့်ကို စိတ်ကျေနပ်မှု အပြည့်အဝပေးစေမှာ ဖြစ်ပါတယ်။

Bleeding Heart
Bleeding Heart လို့နာမည်ပေးထားတဲ့ ဒီပန်းလေးဟာ ပန်းရောင်အသည်းပုံလေးလို ပုံစံမျိုးဖြစ်ပါတယ်။ ထူးခြားပြီး လှပလွန်းတဲ့ ပန်းဖြစ်ပြီးတော့ တွေ့ရခဲတဲ့ ပန်းတစ်မျိုးဖြစ်ပါတယ်။

Credit original source.
-pyay

03/02/2021

🎄🎄🎄ခြင်ပြေးပင် or
ခြင်မလာပင် 🎄

(မင်မင်တို့ ပန်းပင်ရောင်းတာလေးတွေနားထားပေမယ့် အပင် အကြောင်းသိစရာလေးတွေတော့ တင်ပေးမယ်နော်)

🍈 သံပုရာအနံ့ရှိပါမယ် ☺️ အပင်တုလေးလား ထင်မှတ်ရအောင် အမြဲအပင်က
စိမ်းစိုတောက်ပနေတတ်ပါတယ်
အရေပြားပေါ်လိမ်းရင်လည်း ခြင်ဒဏ်က
ကာကွယ်နိုင်ပါတယ်နော်
leaf shine မသုံးဘဲ အရွက်လေးတွေက
အရောင်ရွှဲတောက်နေပါတယ်
သဘာဝ ခြင်မလာစေတဲ့အပင်ပါ
အဲ့အပင်ရဲ့ ၁၀ ပေ ပတ်လည်
ခြင်မလာစေပါဘူးတဲ့ ရှင် 😊😊

#ခြင်ပြေးပင်
prickly ash/
/
lime/

Botanical name: Zanthoxylum fagara

🌿Wild lime ခြင်ပြေးပင်က ချက်ပြုတ်ရာမှာ
သုံးတဲ့ သံပုရာမျိုးနွယ်မျိုးနှင့် အခြား လိမ္မော်နှင့်သံပုရာသီးစတဲ့ အပင်မျိုးနွယ်ဖြစ်ပါတယ်။
Wild lime is a cousin of culinary limes and other citrus fruit.

🌿 ခြင်ပြေးပင်ရဲ့ အပွင့်နဲ့ အရွက်တွေချေ
လိုက်ရင် သံပုရာအနံ့လိုမျိုးရပါတယ်။
Wild lime flowers and crushed leaves smell like lime.

🌿အစေ့ကို ငရုတ်ကောင်းစေ့အစားထိုးသုံးနိုင်ပြီး,
အရွက်နဲ့ အခေါက်ကိုအမူန့်အဖြစ်ကြိတ်ပြီး
ဟင်းခတ်အမွှေးအကြိုင်လုပ်လို့ရပါတယ်။
The ground-up seeds are used as a pepper substitute whilst the leaves and bark can be ground into a powder and used as a bitter spice.

🌿 Zanthoxylum ဆိုတာ အဝါရောင်လို့
အဓိပ္ပါယ်ရတဲ့ ဂရိဘာသာစကား xanthos နှင့် သစ်သားလို့အဓိပ္ပါယ်ရတဲ့ xylon ဆိုတဲ့ စကားကဆင်းသက်လာပါတယ်။
Zanthoxylum အမျိုးအနွယ်တွေရဲ့
အမြစ်ကလုပ်တဲ့ အဝါရောင်ဆိုးဆေးကို
ဖော်ညွှန်းတာပါ။

🌿 The genus Zanthoxylum comes from the Greek xanthos, or “yellow,” and xylon, or “wood.”
It refers to a yellow dye made from the roots of some Zanthoxylum species.

🌿မြေ : စိုစွတ်တာနေ ခြောက်သွေ့တဲ့မြေ,
ရေဆင်းကောင်းတဲ့ သဲမြေ, နူန်းဆန်တဲ့မြေ ,
ထုံးဆန်တဲ့မြေတွေမှာလည်းရပါတယ်။
�Soil: Moist to very dry, well-drained sandy, loamy or calcareous soils

🌿အလင်းရောင်
နေအပူချိန် တစ်နေကုန် သို့မဟုတ်
တစ်ရက်လျှင် 3-6 နာရီကြား
နေ့တစ်ဝက်လောက်နေရလည်းရပါတယ်။
Light: Full sun to partial shade

အပင်က နေ့တစ်ဝက် အလင်းရောင်ရလည်း
နေနိုင်ပေမယ့်, တစ်နေ့တာလုံး အလင်းရောင်ရရင်
ပိုပြီးကြီးထွားပြီး, အပွင့်ပွင့်နိုင်ပါတယ်။
The plant can tolerate partial shade, but when grown in full sun, it produces a fuller crown and many more blooms.

🌿အပင်ပွားခြင်း:
အစေ့ကနေ အပင်ပွားနိုင်ပါတယ်။
Propagation: Seed
original post.

Want your hotel to be the top-listed Hotel in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Myayadanar
Yangon

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00