Every Voice Matters

Every Voice Matters

Share

Drive to inclusion

16/10/2025

မသန်စွမ်းမှုများအပေါ် လက်ဆင့်ကမ်းလာသော မိရိုးဖလာပုံစံများ_၂ (Traditional Patterns of disabilities)

ငယ်ငယ်က ကျွန်မတို့အိမ်မှာ မသန်စွမ်းဦးလေးတစ်ယောက်ရှိတယ်။ သူရဲ့မသန်စွမ်းမှုက Cerebral Palsy လို့ခေါ်တဲ့ သူငယ်နာအကြောတင်း ဖြစ်တယ်။ သူငယ်နာအကြောတင်းရှိသူ ဖြစ်တဲ့အတွက်ကြောင့် လမ်းလျှောက်ရာမှာ ခန္ဓာကိုယ်ကို ဟန်ချက်ညီညီမထိန်းနိုင်ပါဘူး။ အိမ်မှာလူစုံတဲ့အခါ လူကြီးမိဘတွေက ကျွန်မမောင်လေး ကို ဦးလေး လမ်းလျှောက်တဲ့ပုံစံလုပ်ပြပါအုံး ဆိုရင် မောင်လေးက လက်နှစ်ဖက်ကို နောက်ပစ်၊ ခေါင်းကိုစောင်းငဲ့ထားပြီး ခြေထောက်တွေကို ထော့နဲ့ထော့နဲ့ ပုံစံ လုပ်ပြတိုင်း လူကြီးမိဘတွေက ရယ်ကြ၊ ဟာသလုပ်ကြလေ့ရှိတယ်…။

ဒီလိုဖြစ်စဉ်တွေနဲ့ဆင်တူမျိုး သင်တို့လည်းကြုံဖူးကြပါလိမ့်မယ်။ ဒါဟာ…ကိုယ်အင်္ဂါမသန်စွမ်းသူတွေအပေါ် လက်ဆင့်ကမ်းလာတဲ့ မိရိုးဖလာပုံစံ (Traditional Pattern) တွေပဲဖြစ်ပါတယ်။ ဒီလိုအပြုအမူမျိုးတွေဟာ ပတ်ဝန်းကျင်ကနေ လေ့လာသင်ယူနေတဲ့ ခလေးငယ်တွေရဲ့မသိစိတ်ထဲမှာ မသန်စွမ်းမှုဟာ လှောင်ပြောင်စရာ၊ ဟာသလုပ်စရာ အဖြစ်ရှုမြင်စေနိုင်ပြီး ကိုယ်နဲ့မတူညီတဲ့အခြေနေရှိတဲ့လူတွေအပေါ်ကို ခွဲခြားဆက်ဆံစိတ်တွေ ကိန်းသွားစေပါတယ်။

အရင်ခေတ်က ဟာသလူရွှင်တော်တွေရဲ့ ပျက်လုံးတော်တော်များများမှာ ကိုယ်အင်္ဂါမသန်စွမ်းသူတွေလို ပုံဖော်ပြီး ပုံစံအမျိုးမျိုးနဲ့ ဟာသ၊ ပျက်လုံး တွေအဖြစ်ဖျော်ဖြေတင်ဆက်ကြရင် ပွဲကြည့်ပရိတ်သတ်တွေက တဟားဟား နဲ့ ရယ်မောပွဲကျ လေ့ရှိကြပါတယ်။ ရုပ်ရှင်တွေမှာဆိုရင်လည်း မသန်စွမ်းမှုပုံစံအမျိုးမျိုးကို ပုံဖော်ပြီး ဟာသကားတွေ ရိုက်ခဲ့ကြတာလည်း ဒု နဲ့ ဒေး ပါပဲ။ အခု နောက်ပိုင်း internet, social media တွေ ခေတ်စားလာတဲ့ အချိန်မှာလည်း ဆယ်လီဆိုသူတွေဟာ မသန်စွမ်းမှုပုံစံမျိုးစုံ ကို သရုပ်ဆောင်ကြပြီး like, followers တွေရှာကြပြန်ပါတယ်။ ခေတ်အဆက်ဆက်က မသန်စွမ်းမှုအပေါ် ရှု့မြင်ပုံတွေ (Disability Len) တွေဟာ တိုးတက်နေပါတယ်ဆိုတဲ့ အခုလိုအချိန်အခါမျိုးမှာတောင် လွဲမှားနေဆဲပါပဲ။ ဒီအလွဲအမှားတွေဟာ ကျွန်မ တို့ကို ပတ်ဝန်းကျင်က သင်ပေးလိုက်တဲ့ လက်ဆင့်ကမ်းအတွေးအခေါ်အယူအဆတွေရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နေပါတယ်။

လူ့အခွင့်အရေး လို့ တဆာဆာ အော်နေကြတဲ့ ဒီနေ့ခေတ်ကြီးမှာ ကျွန်မတို့ မသန်စွမ်းသူတွေအတွက် “လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်ရပ်တည်နိုင်ရေး” သည်လည်း မေ့ထားလို့မရတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ Everyone is unique ပါ။ လူ လူ ချင်း မတူကြပါဘူး။ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ မတူကြသလို သန်စွမ်းမှု၊ မသန်စွမ်းမှု စတဲ့ ဖြစ်တည်ပုံခြင်းလည်းမတူကြပြန်ပါဘူး။ ကွဲပြားခြားနားခြင်းဟာ အခြေနေတစ်ခုပါ။ လှောင်ရယ်စရာ တစ်ခုမဟုတ်ပါဘူး။ သင့်ရဲ့လက်ဖဝါးတစ်ဖက်ကို ဖြန့်ကြည့်လိုက်ပါ။ သင့်လက်ချောင်းလေးတွေဟာ တစ်ချောင်းနဲ့ တစ်ချောင်းမတူညီတာတွေ့ရပါလိမ့်မယ်။ ဒါဟာ သဘာဝပါပဲ။ ဒါဟာ ပုံမှန်အခြေအနေတစ်ခုပါပဲ။ ဒီလိုဆို ကျွန်မတို့ မသန်စွမ်းသူတွေဟာလည်း လူ့ပတ်ဝန်းကျင်မှာ မတူညီကြတဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ဖြစ်တည်နေကြခြင်းသာ ဖြစ်တယ်လို့ ကျွန်မတို့ရဲ့ ရှု့ထောင့်အမြင်တွေကို ပြောင်းလိုက်ကြမယ်ဆိုရင်….လူအချင်းချင်း ခွဲခြားဆက်ဆံမှုကင်းတဲ့ ပိုကောင်းတဲ့ လူ့ဘောင်အဖွဲ့အစည်း တစ်ခု ဖြစ်လာမှာ အသေအချာပါပဲရှင်…။
#မသန်စွမ်း #မသန်စွမ်းသူ #ကိုယ်အင်္ဂါမသန်စွမ်း #မသန်စွမ်းမှုအမြင်များ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon