YUMTO

YUMTO

Share

GOOD FOOD | GOOD MOOD

12/03/2025

ဝက်သားတုတ်ထို:လုပ်နည်း
**********************

၀က်သားတုတ်ထို: လုပ်နည်းမေးထားကြလို့
တင်ပေးလိုက်ပါတယ်။

တစ်ဦးနဲ့တစ်ဦးလုပ်နည်းတော့တူချင်မှတူပါမှာပါ။အချဉ်လုပ်နည်းပါရေးထားပါတယ်။

အလယ်မှာထည့်ထားတာကအရိုးပြုတ်ရည်ပါ။

၀က်ရိုးတွေကို
ကြက်သွန်ဖြူ ဂျင်း ဒါးပြားရိုက်
တရုတ်မဆလာ
ငရုတ်ကောင်းမှုန့်
ပဲငန်ပြာရည်အကြည်ရည် တို့နဲ့နူးနေအောင်ပြုတ်ထားတာပါ
တုတ်ထိုးနဲ့တွဲစားဖို့ဟင်းရည်ပါ။

၀က်သားတွေကိုသေချာသန့်စင်ပြီးတစ်ရည်ပြုတ်ထုတ်ပါတယ်
ပြီးမှရေပြန်စစ်ပြီး
ပဲငန်ပြာရည်အကြည်ရည် ပဲငန်ပြာရည်အနောက်ရည်
ဆား သကြား နာနတ်ပွင့် တရုတ်မဆလာ တို့နဲ့ရောနယ်ပြီး
တစ်နာရီလောက်နှပ်ထားလိုက်ပါ
ပြုတ်မယ့်အိုးထဲသကြားအညိုရောင်ထည့်ပြီးလှော်ပါ
သကြားရည်တွေညိုလာရင်
၀က်သားတွေထည့်ပါ
ကြက်သွန်ဖြူ ဒါးပြားရိုက်ထည့်ပါ
ဂျင်းကိုညက်ညက်ထောင်းပြီးအရည်ညှစ်ထည့်ပါ
အသားကထွက်တဲ့အရည်တွေခမ်းပြီး
အသားတွေရဲလာတဲ့ထိချက်ပါ
ပြီးမှရေထည့်ပြီး
နူးတဲ့ထိပြုတ်ပါတယ်။

📝အချဉ်ရည်
ငရုတ်ဆီနဲ့ဖျော်ပါတယ်
နှစ်သက်ရာငရုတ်ဆီနဲ့ဖျော်လို့ရပါတယ်
ငရုတ်ဆီထဲ
ထန်းလျက်ရည်ကျိုထည့်
မန်ကျည်းမှည့်ရည်ဖျော်ထည့်
ငန်ပြာရည် နဲ့ သကြားထည့်
ကြက်သွန်ဖြူ နဲ့ငရုတ်သီးစိမ်းထောင်းထည့်
သံပုရာရည် ညှစ်ထည့်ပြီး
ချိုချဉ်ငန်စပ် ဖျော်ပါတယ်။
ကိုခန့်ကြီး_မြန်မာထမင်းဆိုင်

ဝက်သားတုတ်ထိုးလုပ်နည်း
**********************

၀က်သားတုတ်ထိုး လုပ်နည်းမေးထားကြလို့
တင်ပေးလိုက်ပါတယ်။

တစ်ဦးနဲ့တစ်ဦးလုပ်နည်းတော့တူချင်မှတူပါမှာပါ။အချဉ်လုပ်နည်းပါရေးထားပါတယ်။

အလယ်မှာထည့်ထားတာကအရိုးပြုတ်ရည်ပါ။

၀က်ရိုးတွေကို
ကြက်သွန်ဖြူ ဂျင်း ဒါးပြားရိုက်
တရုတ်မဆလာ
ငရုတ်ကောင်းမှုန့်
ပဲငန်ပြာရည်အကြည်ရည် တို့နဲ့နူးနေအောင်ပြုတ်ထားတာပါ
တုတ်ထိုးနဲ့တွဲစားဖို့ဟင်းရည်ပါ။

၀က်သားတွေကိုသေချာသန့်စင်ပြီးတစ်ရည်ပြုတ်ထုတ်ပါတယ်
ပြီးမှရေပြန်စစ်ပြီး
ပဲငန်ပြာရည်အကြည်ရည် ပဲငန်ပြာရည်အနောက်ရည်
ဆား သကြား နာနတ်ပွင့် တရုတ်မဆလာ တို့နဲ့ရောနယ်ပြီး
တစ်နာရီလောက်နှပ်ထားလိုက်ပါ
ပြုတ်မယ့်အိုးထဲသကြားအညိုရောင်ထည့်ပြီးလှော်ပါ
သကြားရည်တွေညိုလာရင်
၀က်သားတွေထည့်ပါ
ကြက်သွန်ဖြူ ဒါးပြားရိုက်ထည့်ပါ
ဂျင်းကိုညက်ညက်ထောင်းပြီးအရည်ညှစ်ထည့်ပါ
အသားကထွက်တဲ့အရည်တွေခမ်းပြီး
အသားတွေရဲလာတဲ့ထိချက်ပါ
ပြီးမှရေထည့်ပြီး
နူးတဲ့ထိပြုတ်ပါတယ်။

📝အချဉ်ရည်
ငရုတ်ဆီနဲ့ဖျော်ပါတယ်
နှစ်သက်ရာငရုတ်ဆီနဲ့ဖျော်လို့ရပါတယ်
ငရုတ်ဆီထဲ
ထန်းလျက်ရည်ကျိုထည့်
မန်ကျည်းမှည့်ရည်ဖျော်ထည့်
ငန်ပြာရည် နဲ့ သကြားထည့်
ကြက်သွန်ဖြူ နဲ့ငရုတ်သီးစိမ်းထောင်းထည့်
သံပုရာရည် ညှစ်ထည့်ပြီး
ချိုချဉ်ငန်စပ် ဖျော်ပါတယ်။
ကိုခန့်ကြီး_မြန်မာထမင်းဆိုင်

#ဟင်းချက်နည်းမုန့်လုပ်နည်းအစုံ

08/03/2025

#ဖက်တီးမ သံပုရာသီးသုတ်နည်း

ပါဝင်ပစ္စည်း
၁။ သံပုသီးကိုအခွန်ခွာ ပြီး အနည်းငယ် ဓားနဲ့အရာပေးထားပါ။(အရသာဝင်အောင်လို့)
၂။ မျှင်ငါးပိဖုတ်ပြီးအရည် ပစ်ပစ်လေးဖျော်ထားပါ
၃။ ငရုတ်သီး အစပ်မှုန့်
၄။ ပုစွန်ခြောက်မှုန့်
၅။လျှက်ဆားမှုန့် (တချို့က ကြံချိုမှုန့်ထင်တာ မဟုတ်ဘူးတဲ့ရှင့် ဖက်တီးမ ကိုယ်တိုင်ပြောတာပါ)
သုတ်နည်း
သံပုရာသီး အလုံးလိုက်ကို ရက်ဆားမှုန့် ၊ ငရုတ်သီးအစပ်မှုန့်၊ ပုစွန်ခြောက်မှုန့်တို့ကိုအရင်ရောနယ်ပါ ၊
ပြီးရင် မျှင်ငါးပိ ဖုတ်ပြီးအရည်ဖျော်ထားတဲ့ ငါးပိရည်ထည့်နယ်ပါ အရမ်းကောင်းပါတယ်
အားလုံး တန်းစီစရာမလိုဘဲ ဖက်သီးမ သံပုရာသီးသုတ် စားနိုင်အောင် လုပ်စားကြည့်ကြည့်နော်😁

Credit Photo

Photos from YUMTO's post 03/03/2025

မြန်မာမုန့်ပြုလုပ်နည်း(၁၅)မျိုး 🍔🥞🌮🥙🥗🍣🍮

ပုံအောက်မှာလုပ်နည်းလေးတွေပါပါတယ်...💝

#ဟင်းချက်နည်းမုန့်လုပ်နည်းမျိုးစုံ

24/02/2025

#ဝက်သုံးထပ်သားပြုတ်ချဉ်ငံစပ်သုပ်
လုပ်ရလွယ်ကူပြီစားလို့အရမ်းကောင်းလို့သုပ်နည်းလေးဝေမျှပေးလိုက်ပါတယ်ရှင့်

ပါဝင်ပစ္စည်းများ
- ဝက်သားသုံထပ်သား 300 g
- ငရုတ်သီးစိမ်း/ အနီ 15 တောင့်
- ကြက်သွန်ဖြူ 5 မွှာ
- ကြက်သွန်မြိတ်/ နံနံပင် 1 ပင်စီ
- ထညှက်ကျိုရည် ထမင်းစားဇွန်း 3 ဇွန်း
- ပဲငံပြာရည်အကြည် 3 ဇွန်း
- ငါးငံပြာရည် ထမင်းစားဇွန်း 2ဇွန်း
- သံပုရာရည် ထမင်းစားဇွန်း 5 ဇွန်း
- အချိုမှုန့် ထမင်းစားဇွန်း 2/3

သုပ်နည်း

ဝက်သုံးထပ်သားသုပ်မဲ့လှီးပြီးပြုတ်ထားပါ ကြက်သွန်ဖြူ 2မွှာကိုပါးပါးလှီးထားပါ ကြက်သွန်မြိတ် နံနံပင် တို့ကိုလည်းပါးပါးလှီးထားပါ ငရုတ်သီး10တောင့်ကိုကြက်သွန်ဖြူ 3 မွှာနဲ့ရောပြီးမညှက်တညှက်ထောင်းထားပါ

ဇလုံထဲကိုထောင်းထားတဲ့ငရုတ်သီးကြက်သွန်ဖြူကိုထည့်ပါ ပဲငံပြာရည်အကြည် ထန်းညှက်ကျို ငါးငံပြာရည် သံပုရာရည် အချိုမှုန့်အားလုံးကိုဇွန်းနဲ့ရောသမမွှေပေးပါ ပြီးရင် ဝက်သုံးထပ်သားထည့်ပါ ကြက်သွန်မြိတ် နံနံပင်ပါထည့်ပြီးအားလုံးကိုနှံ့စပ်အောင်မွှေလိုက်ရင် ဝက်သုံးထပ်သားချဉ်ငံစပ်သုပ် လေးရပါပြီရှင်

ပန်းကန်ထဲကို လဲထည့်ပြီးရင် ကျန်တဲ့ လှီးထာတဲ့ငရုတ်သီးနဲ့ကြက်သွန်ဖြူကိုအပေါ်ကနေထည့်လိုက်ပါရှင့် သခွားသီး ဂေါ်ဖီထုပ် တို့နဲ့တွဲစားရင်အရမ်းလိုက်ဖက်ပါတယ်ရှင့်
Credit. Pan thee Lay

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon
11006