Foodie MYAT
အစားကောင်းစားရရင် ချစ်ရသူတွေကို သ?
ကျွန်မနာမည် ညိုမြပါရှင့်
တွေ့ရတာ ဝမ်းသာပါတယ်နော်😂😂
02/04/2025
အားအသင့်အတင့်မြေငလျင်
၂/၄/၂၀၂၅
ယနေ့ညပြန်မာစံတော်ချိန် ၁၀:၅၇ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီးတောင်ပိုင်းကမ်းလွန်၊ ဖျာပုံမြို့မှတောင်ဘက် ၅၃ မိုင်၊ ရန်ကုန်မြို့အနောက်တောင် ၁၀၃ မိုင်အကွာ အက်ဒမန်ပင်လယ်ကြမ်းပြင်အောက်အနက် ၆ မိုင်မှ မဂ္ဂနီကျု ၅.၁ အဆင့်မြေငလျင် လှုပ်ရှားသွားပါသည်။
03/02/2025
#လက်ပံပွင့်ချက်နည်း၊ ကြော်နည်း၊ ထောင်းနည်း
လက်ပံပွင့်တဲ့ရာသီတောင် ရောက်လာပြီနော်🌺
လက်ပံပွင့် ငရုပ်သီးထောင်း လေးနဲ့ဆို ထမင်း ၂ ပန်းကန်လောက်ကုန်တယ်🤤
လက်ပံပွင့် ပေါ်တဲ့ကာလမှာ ကောက်ပီး ပွင့်ဖက်လေးတွေခြွေ ဝတ်ဆံလေးတွေခြွေ ပီး ပုံထဲကအတိုင်း သင်ထား၊ ရေနွေးဆူဆူထဲ တရေလောက်ထည့်ပြုတ် အခြောက်လှန်း ပြီး ကြာရှည်သိမ်းဆည်း ထားလို့ရပါတယ်
#လက်ပံပွင့်ငြုပ်သီးထောင်း
-လက်ပံပွင့်ခြောက်လေးတွေကို မကျည်းသီးစိမ်းလေးနဲ့ ထည့်ပြုတ်ပါ
-ပီးရင် ဆည်ပြီး ငရုပ်ဆုံထဲမှာ နဲနဲထောင်းပါ ညက်ကျေနေအောင်မထောင်းပါဘူးနော်
-ပီးရင် ငပိဖုတ်လေး နည်းနည်း၊ ငရုပ်သီး၊ကြက်သွန်ဖြူ၊ဟင်းခက်မှုန့်၊ ကြက်သွန်နီ၊ဆီအနည်းငယ် နဲ့ နယ်ပါ
-ချဉ်ငံစပ် ချွဲချွဲလေးနဲ့ အရမ်းစားေကာင်းတဲ့ လက်ပံပွင့်ငရုပ်သီးထောင်းလေးရပါပီ🤤(ရေးရင်းစားချင်လာပီ)
#လက်ပံပွင့်ချက်
-လက်ပံပွင့်ချက် ကတော့ မိမိနှစ်သက်သလို အမျိုးမျိုး ချက်စားလို့ရပါတယ်
-ကျမကတော့ လက်ပံပွင့် ကို ငပိလေး ငရုပ်သီးလေးနဲ့ ခရမ်းသီးချက် တဲ့နည်းအတိုင်းချက်ပါတယ်
-မချက်ခင် မကျည်းသီးစိမ်းလေးနဲ့အရင်ပြုတ်ပီးမှချက်ပါတယ်
#လက်ပံပွင့်ကြော်
-သူကလည်း ကြွပ်ကြွပ်လေးနဲ့ အသားခြောက်ကြော်လေးလိုပဲ အရမ်းစားကောင်း
-တရေပြုတ်ပီးလှမ်းထားတဲ့ လက်ပံပွင့်ခြောက်လေးတေကို ကြော်ကာနီးမှာ တရေထပ်ပြုတ်ပါ
-ရေစစ်ထားပါ
-ရေစစ်ထားပီးရင် ဆား၊ချိုမှုန့် နဲ့နယ်ပီးတနေေလာက်ပြထားပါ
-ပီးရင် ဆီများများနဲ့ ထည့်ကြော်ပါ
-ကြက်သွန်ဖြူ ၊ငရုပ်သီး၊ပျဉ်းတော်သိမ် ကြော်ထားပီးရောမွှေလိုက်ပါ
-အရမ်းကိုစားကောင်းတဲ့ သဘာဝရဲ့ ဟင်းတခွက်ပါပဲ
#စားကောင်းကြပါစေ
02/02/2025
#ကောက်ကောက်ညွန့်ဟင်း
--------------------------
ကောက်ကောက်ညွန့်ဆိုတာက ကျေးလက်တွေမှာ အလေ့ကျပေါက်တဲ့ သဘာဝဟင်းသီးဟင်းရွက်တစ်မျိုးပါ။ အညွန့်ထိပ်မှာ ခရုပတ်ပုံအဝိုင်းလေး ရစ်နေ
တာကို အစွဲပြုပြီး ခေါ်လေသလားလို့ စဉ်းစားမိပါတယ်။ ရခိုင်ကျေးလက်တွေမှာတော့ ဟင်းရွက်တွေကို အများအားဖြင့် အရည်စပ်စပ်ကလေးနဲ့ လုံးပြီးချက်ရတဲ့ ဟင်းလှော် ပုံစံမျိုး ချက်လေ့ရှိကြပါတယ်။
ပါဝင်ပစ္စည်းများ
• ကောက်ကောက်ညွန့် - ၂ စည်း
• ငရုတ်သီးစိမ်း - ၁၅ တောင့်
• မျှင်ငါးပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပုစွန်ခြောက်မှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ဆား၊ နနွင်း - သင့်ရုံ
ပြုလုပ်နည်း
၁။ ကောက်ကောက်ညွန့်များကို အရင့် ပိုင်းများဖယ်ကာ သင့်တော်ရုံဖြတ်၊ ရေစင်စင်ဆေးကာ စစ်ထားပါ။
၂။ မျှင်ငါးပိကိုရေဖျော်ကာ ငရုတ်သီး စိမ်းတောင့်များကို ခပ်ကြမ်းကြမ်း ဖြတ်ကာ အသင့်ပြင်ထားပါ။
၃။ အားလုံးပြီးပါက ဒယ်အိုးတွင် အသင့်ပြင်ထားသည်များကိုထည့်ပြီး ပုစွန်ခြောက် မှုန့်၊ ဆား၊ နနွင်းဖြူးကာ အဖုံးအုပ်၍ မီးဖို၌တည်ပါ။
၄။ အရွက်များ နွမ်းလာပါက အဖုံးဖွင့်ကာ ရေသင့်ရုံထည့်၍ အနှံ့မွှေကာ ချက်ပါ။ အညွန့်ကလေးများ နူးလာပါက ရေစပ်စပ်ကလေးချန်ကာ မီးဖိုမှချပါ။ ပူပူ လောလော ချိုချိုစပ်စပ် ကောက်ကောက်ညွန့်ဟင်းလှော် ရခိုင်ချက်ကလေး
ရပါပြီ။
---------------------------
Credit - ဦးစံလွင်(ငါးဦးစီး)
Credit Photo
02/02/2025
ခိုတောင်မုန့်တီ ဟင်းရည်ထဲက ဇာတ်လိုက်မင်းသားကြီး
ပိတ်စွယ် (ရှင်မွှေးလွန်း၊ ဆီမီးတိုင်)
Typha angustifolia L.,
Family: Typhaceae
Local name : Shin mwe lon; Paik swe
English name : Reed mace lesser bulrush,
narrowleaf cattail or lesser reedmace
အခုလဟာ ပိတ်စွယ်လေးတွေကို စျေးမှာ ပေါပေါများ ၀ယ်လို့ရသော အချိန်ပါ။ ပိတ်စွယ် လို့လည်းခေါ်သလို တခါတရံ ရှင်မွှေးလွန်းလည်း ခေါ်ပါတယ်။ ရန်ကုန်ဖက်က ဂုံမင်း နဲ့မှားပြီး ခေါ်ကြပြန်တယ်။ ဒါပေမည့် တခြားစီပါ။ ဒီမုံရွာမှာ ပိတ်စွယ်ကို ဘယ်လို ချက်စားတယ်မသိရပေမည့် ပိတ်စွယ်မြင်တိုင်း မန္တလေးက " ခိုတောင်မုန့်တီ"ကို သတိရမိတယ်။ ခိုတောင်မုန့်တီ ဆိုတာ မင်းကွန်းအနီးမှာရှိတဲ့ ခိုတောင်ရွာက လာတဲ့ မုန့်တီဖြစ်တယ်။ ဆီနီ ဆီဝါ ငရုတ်သီးမှုန် ၊ ပဲမှုန် အနည်းငယ်၊ ရေနွေးဖြောထားသော ပဲပင်ပေါက်ပြုတ် ၊ ပဲသီးပြုတ်၊ မျှင်နေအောင်လှီးထားသော ဂေါ်ဖီထုတ်တွေကို ဇလုံကြီး တခုထဲမှာ လုံးကာ နယ်ပေးရင်း သုပ်ထားသည့်
မုန့်တီဖြစ်တယ်။ သာမာန် မုန့်တီလို ကိုယ်က နယ်ရတာမဟုတ်ဖူး၊ နယ်လိုက် အရသာ မြည်းလိုက်
အလုပ်များ နေသော မုန့်တီသယ် ဟန်က တမျိုးထူးလှတယ်၊ နယ်ပြီးသား ခိုတောင်မုန့်တီကို စိတ်ရှည်စွာနဲ့ စောင့်စားရတယ်။ ဘယာကြော် ပဲကပ်ကြော် နှင့် ငါးဖယ်တွေ နဲ့ရနိုင်ပြီး ဟင်းချိုကတော့ ပိတ်စွယ်ဟင်းရည်လေး နဲ့ဆိုရင် စားရတာ မြိန်လှပါတယ်။ အသား မပါဘဲ အရသာ ရှိလှသော ဒေသ ထွက် မုန့်တီ ပါ။ ခိုတောင်မုန့်တီကို ပိုမို အရသာ ရှိအောင် ပံ့ပိုးပေးတာကတော့ ပိတ်စွယ်ဟင်းချိုဖြစ်တယ်။ ဒီဟင်းချိုသာ မပါရင် ခိုတောင်မုန့်တီ လို့ မခေါ်နိုင်ပါဘူး၊
ခတ်စွေစွေစောင်းစောင်း လေးလှီးထားသော အဖြူရောင် ပိတ်စွယ်ဖတ်လေးတွေက ဟင်းရေ အပေါ်မှာ ပေါလော ပေါ်နေကြတယ်။ ပုဇွန်ခြောက်ဖတ်လေးတွေနဲ့လုပ်ထားသော ပိတ်စွယ် ဟင်းရေ ပူပူက ကို သောက်လိုက်ရင်ဘဲ သင်းပျံ့ပျံ့ရနံ့စူးရှရှ အရသာရ ပြီး မန်းဆန်သော အညာအရသာကို ခံစားရတယ် ။ ကျနော်ကတော့ စားပြီးသား မုန့်တီပုဂံ ထဲ ကို ပိတ်စွယ် ဟင်းချို လေး အဆစ်ထပ်တောင်းပြီး သောက်လိုက်ရမှ ကြေနပ်တယ်။ ပန်းကန်လည်း ဆေးပြီးသားဖြစ်တာပေါ့၊ ခိုတောင်မုန့်တီသည်လေးတွေက လမ်းဘေး အရိပ်အာဝါသ ကောင်းသောနေရာမှာရောင်းကြတယ်။ မန္တလေးသားမှန်ရင် ခိုတောင် ဘယ်နေရာရောင်းတယ်ဆိုတာ သိကြတယ် ၊ ရောက်အောင်သွားပြီးစားကြတယ်။
နောက်တမျိုးက ပိတ်စွယ်နုနုလေးတွေကို ကြာဇံဟင်းခါး ထဲထည့်ပြီးစားကြတယ်၊ မျိုခြောက်ပန်းခြာက် ကြက်သား နဲ့ ပိတ်စွယ်က လိုက်ဖက် လှ တယ်။ ပိတ်စွယ် နုနုလေးတွေကို ငရုတ်သီးစိမ်း ပုဇွန်ခြောက် နဲ့ ငပိလေးထည့် ဆီသတ်ပီး ကြော်စားကြတယ်။ တချို့ကတော့ ဆူးပုတ် ရွက်လေးနဲ့ ရောပြီး ကြော်စားကြတယ်။ ဒါလည်း တမျိုးအရသာရှိပြန်တယ်။ ပိတ်စွယ် ကို ကင်မွန်းချဉ် ၊ဒန့်သလွန် အသီးခြစ် ၊ အညာငြုပ်သီးနဲ့ အချဉ်ဟင်းချက်ပြီးလည်းစားကြတယ် (Ericmoon)၊ တချို့ကြတော့ မျှစ်ကြော်သလို ကြော်စားကြတယ်၊ မျှစ်နဲ့ မတည့်သူတွေအတွက် အကောင်းဆုံးအစားအစာပါဘဲ၊ ပိတ်စွယ်ကို အချဉ်တည်ထားပြီး ပိတ်စွယ်ချဉ် လုပ်ရောင်းတာလည်းရှိပါတယ်၊ တာရှည်အထားခံသော ဒေသ အစားအစာ တမျိုးဖြစ်တယ်။ ပိတ်စွယ်ကို ဆီဆား နဲ့ လုံး ကြိုက်တတ်ရင် ငါးပိနဲနဲထည့် မီးဖိုက ချကာနီး မန်ကျည်းသီး အမှည့်အရည်လေးနဲနဲလောင်ပြီး ဆီပြန်အောင်ထားချက်ရင် ဆွေမျိုးမေ့လောက်သော ဟင်းကိုရမှာပါ။
ပိတ်စွယ်အပင်ဆိုတာ ဘယ်လိုအပင်လည်း
ဒါဆို ပိတ်စွယ်ကို ဘယ်လို အပင်ကနေရတာလည်း၊ မေးစရာပါ၊ ပိတ်စွယ်ဟာ ဂုံမင်း အပင်လို မြေအောက်ပင်စည်ပါသော နှစ်ရှည်ခံ Perennial, rhizomatous herbs ပင်ပြော့ တမျိုးဖြစ်တယ်။ ဒါပေမည့် မျိုးရင်း မတူပါဘူး၊ ပိတ်စွယ်က Family: Typhaceae ( တိုက်ဖေးစီး) ထဲမှာပါသော အပင်တွေဖြစ်ပြီး ရေစပ်စပ်နေရာမျိုးမှာသာတွေ့ရတတ်တယ်။
ပိတ်စွယ် ၂ မျိုးရှိတယ် T. angustifolia နှင့် T. latifolia တို့ဖြစ်ကြတယ်။ T. latifolia က ရွက်ပြား ပိုကျယ်တယ်၊ ပန်းခိုင်မှာ အဖိုပွင့် အပိုင်း နဲ့ အမပွင့် အပိုင်း ၂ ခုက သိသိသာသာ ကွဲနေတယ်၊ ကျန်တာတွေက အတူတူပါဘဲ၊ T. angustifolia အပင်၏ မြေအောက်ပင်စည် rhizome တွေက အဖြူရောင် ဖြစ်ပြီး ထင်ရှားသော cataphylls နှင့် ဖုံး အုပ်ထားတယ်။ အရွက်များက ရွက်ထီး , နှစ်တန်းပြိုင် distichous, ရွက်စွယ်မဲ့ exstipulate, ရွက်ညှာ မရှိ sessile ဖြစ်တယ်။ ရွက်ပြား blades တွေက သေးသွယ်သော linear ပုံစံရှိကြတယ်။ အခြေမှာ ရွက်အိမ် ပါပြီး auriculate ပုံစံဖြစ်တယ်။
ပိတ်စွယ်ပင်မှာ အထင်ရှားဆုံးကတော့ အညိုရောင် ဆလင်ဒါပုံစံ ပန်းခိုင်ကြီးတွေ ဖြစ်တယ်။ July to December အထိဖူးပွင့်ကြတယ်။ အမြဲတန်း ထိပ်ကနေ ထွက်သော cylindrical spike ဆလင်ဒါပုံစံ စပိုက် ပန်းခိုင်ကြီးဖြစ်တယ်။ ပန်းခိုင်ကြီးမှာ လိင်မစုံသော ပန်းများသာပါတယ်၊ ပန်းခိုင် အဖျားဖက်မှာ အဖိုပွင့်များ staminate flowers ရှိနေပြီး အောက်ဖက်မှာ အမပွင့်များ pistillate flowers ရှိနေပါတယ်။ ပန်းလေးတွေက လိင်မစုံ ၂ ချမ်းညီ zygomorphic, ၃ အင်္ဂါဆ trimerous, အထက်တည်မ hypogynous, အညိုရောင်ဖြော့ဖြော့ အရောင် pale brown ရှိပါတယ်။ ပွင့်ရွက် ၃ ခု Perianth 3, ဇွန်းပုံစံ spathulate ရှိကြတယ်။ အဖိုပွင့်မှာ ၀တ်ဆံဖို stamens 2 or 3 ၂ ခု ၃ ခု ပါပြီး narrowly spathulate hairs များနဲ့ရောလို့နေတယ်။ အမပွင့်မှာ အမြင့် အစေ့အိမ် o***y superior, လွန်းပုံစံ fusiform, ဖြစ်ကာ တွဲလျားကျနေသော အစေ့လောင်း solitary pendulous ovule ဟာ အစေ့အိမ်ခန်းထဲမှာရျိတယ်။ အသီးတွေက လွန်းဆံပုံစံ fusiform, အညိုရောင် အမွှေးများ brown hairsနှင့် ဖုံးထားတယ်။ အသီးခွံ pericarp က membranous ပုံစံရှိကြတယ်။
ပိတ်စွယ်ပင်တွေက အပွားမြန်ပါတယ် ၊ မြေအောက်ပင်စည်ရှိတာကြောင့်လည်း တော်ရုံနံ့ မသေပါဘူး၊ တခါတလေ ကမ်းနဘေး တခုလုံး သူတို့ ချည့်သာဖြစ်သွားပါတယ်။ အညာက မုန့်တီကို သတိတရ ရှိလှတယ်.....
Kothet Naing Oo
Homalin College
11/05/2023
မိုခါမုန်တိုင်းကြီးကို အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေအချိန်ပြည့်နီးပါစောင့်ကြည့်ထောက်လှမ်းနေတာဖြစ်ပြီး ပိုမိုဆိုးရွားပြင်းထန်လာတာကို့တွေ့ရှိရပါတယ်
ယခု Cyclone Mocha
120kph, 983mb. ဖြစ်နေပါတယ် နောက် ၂၄နာရီအတွင်းမဖြစ်စေချင်တဲ့ Eye Feature မုန်းတိုင်းမျက်စိကိုမြင်ရတော့မှာဖြစ်ပြီး ကြိုတင်ခန့်မှန်းထားတဲ့ CAT3 မုန်တိုင်းအဆင့်ထက်တော်ကျော်လွန်ပြီး ရောက်ရှိသွားမှာကိုစိုးရိမ်မိပါတယ်
ဦးတည်ရာလမ်းကြောင်းကလည်းပြောင်းလည်းနိုင်တဲ့အလားအလာမတွေ့ရပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုတည့်တည့်ကြီးဦးတည်သွားနေလို့ ပို၍စိုးရိမ်မကင်းဖြစ်မိပါတယ်
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်ကြသူတွေအားလုံး ဘေးအန္တရာယ်ကင်းရာကိုကြိုတင်ရှောင်ရှားနိုင်ကြပါစေလို့ပဲဆုတောင်းမိပါတယ်
မင်းဂွတ်သီးလေးရဲ့စစ်မှန်တဲ့ဖြူစင်မေတ္တာတရားကြောင့်အားလုံးဘေးအန္တရာယ်ကင်းဝေးကြပါစေလို့ထပ်မံဆုတောင်းမေတ္တာပို့သအပ်တယ်
issued time
11/05/2023 7:45pm(MMT)
Su Su San မင်း ဂွတ် သီး
𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕 & 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓.
11/05/2023
ရခိုင်ဘက်ကအမျိုးတွေ အမြန်ပြောင်းရွှေ့ကြပါတော့
မိုခါမုန်တိုင်းသည် 14/05/2023 ရက်နေ့မှာ မုန်တိုင်းဗဟိုချက် စစ်တွေ ရသေ့တောင်းကြား မကျည်းချောင်းကနေပြီးဝင်ရောက်မှာဖြစ်ပါတယ် မုန်တိုင်းဝန်းမိုင်၅၀ ကျော်ရှိလို့
မြေငူကျွန်းစစ်တွေ ရသေ့တောင် ဘူးသီးတောင် မောင်းတော မြေပုံ ပုဏ္ဍားကျွန်းမြို့ မြောက်ဦးအထိအခိုက်အပျက်အစီးများနိုင်ပါတယ် မုန်တိုင်းဝင်ရောက်စဥ်
တစ်နာရီ မိုင် ၉၀မှ လေပြင်းတိုက်ချိန် ဆောင့်တိုက်လေ
၁၀၀မိုင်အထိတိုက်ခတ်နိုင်ပါတယ် ရေလှိုင်းအမြင့် ၃၂ပေ မှ ၃၆ပေအထိ ရှိနိုင်ပါတယ်
မိုးရေချိန် ၂၀၀မီလီမီတာမှ ၃၀၀မီလီမီတာအထိရွာသွန်းနိုင်လို့မိုးအလွန်ကြီးမှာဖြစ်ပါတယ် ဘေးကင်းရာ ကုန်းမြင့် လုံခြုံတဲ့နေရာဒေသများသို့ပြောင်းရွှေ့နေထိုင်ကြပါလို့အကြံပြုလိုက်ပါတယ်
issued time
11/05/2023 11:30am(MMT)
မင်း ဂွတ် သီး Su Su San
𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕 & 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓.
29/04/2022
ကဲ စားချင်တဲ့သူတွေလက်ထဲ အရောက်ပို့ 🥰🥰🥰
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon