WindowView
Knowledge through READING Cash on delivery or prepaid system
နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့တို့ ဆေးခါးကြီးတိုက်တဲ့ကိစ္စတို့ဘာတို့အကြောင်း နားထောင်မိဖတ်မိတော့ စဉ်းစားမိတာလေးပါ။
ဆင်းရဲတဲ့နိုင်ငံကို ဖွံဖြိုးတိုးတက်ဖို့ကူညီတဲ့အခါ မလိုတဲ့ကုန်ကျစရိတ်တွေလျှေ့ာချဖို့ မလိုတဲ့ဌာနဆိုင်ရာတွေဖျက်သိမ်း၊ ဝန်ထမ်းလစာတွေလျှော့ချဖို့ ဝန်ထမ်းဦးရေတွေလျှော့ ၊ အခြေခံနဲ့ မဖြစ်မနေလိုအပ်တဲ့နေရာမှာသာ နိုင်ငံရဲ့အသုံးစားရိတ်ကို သုံးစေပြီး ချွေတာစုဆောင်းစီစစ်တဲ့နည်းနဲ့ နိုင်ငံကိုပြန်လည်ထူထောင်လာအောင် လုပ်တယ်ပေါ့။
အဲဒီနည်းကို အရမ်းကြိုက်တယ်။
ကြိုက်လွန်းလို့ အဲဒီနည်းကို ပြည်သူတစ်ဦးချင်းစီမှာများ စနစ်တကျ ကိုင်တွယ်ပေးနိုင်မယ်ဆို ဘယ်လောက်များကောင်းမလဲလို့မြင်မိတယ်။
ဥပမာ.. အရင်ခေတ်က( ခေတ်ကောင်းတုန်းကပေါ့လေ..)
ကျန်းမာရေးဌာနမှာ FOC စနစ် ကျင့်သုံးတော့ ဆေးတွေအလကားရတယ်။ ဆင်းရဲချမ်းသာမရွေးနော် အလကားရတာ။ ကိုယ်တွေနိုင်ငံမှာ ဆင်းရဲချမ်းသာမရွေး ဆိုတဲ့စကားလုံးကြီးက အရမ်း hot ဖြစ်တာ။ တန်းတူသဘောထားတယ်ဆိုတဲ့သဘောပေါ့။
အဲမှာဆင်းရဲတဲ့ သူရော ချမ်းသာတဲ့သူရောဟာ ဆေးတွေအလကားရနေကြတော့ အချိန်တန်တော့ ဆေးက ကုန်ရော။ ပဒေသာပင်လို တစ်ခုကုန်တစ်ခု မထွက်လာဘူးလေ။ ဆေးတွေထပ်ချပေးရရော။ ကျန်းမာရေးဘက်ဂျက်ဟာ ဆေးအလကားပေးနေရတာနဲ့တင် အမောဆိုက်ကုန်ရော။ ကျန်တဲ့ ဖွံဖြိုးတိုးတက်မှုအတွက်ဘာမှ မလုပ်နိုင်တော့ဘူး။ လုပ်နိုင်ရင်တောင် အားမစိုက်နိုင်တော့ဘူး ဖြစ်ကုန်ရော။
အဲလိုမျိုးဖြစ်သင့်ရဲ့လားပေါ့။
ချမ်းသာတဲ့သူကဆေးဝယ်နိုင်တယ်။ ဆင်းရဲတဲ့သူပဲပေးသင့်တယ်ပေါ့နော်။
အဲတော့ချမ်းသာတဲ့သူအချို့က ကျနော်ကျမတို့က ဆင်းရဲပါတယ် ဖြစ်ကုန်ရော။ ရေရှည်သောက်နေရတဲ့ဆေးမို့၊ ဆေးကဈေးကြီးလို့၊ တခြားဘယ်နေရာမှာ ပိုက်ဆံကုန်နေတာမို့ စတဲ့အကြောင်းပြချက်မျိုးစုံ ပြောကြပြန်တယ်။ ပြည်သူဟာ တန်းတူဖြစ်ရမယ် ဘာညာ ဖြစ်ကုန်တယ်။
ဆေးဖိုးအတွက် ပိုက်ဆံမသုံးချင်ဘဲ တခြားဇိမ်ခံတဲ့နေရာ၊ ခရီးသွားတဲ့နေရာ၊ အဝတ်အစား အသုံးအဆောင် စတာတွေမှာ ပိုက်ဆံကိုသုံးကြတယ်။ ကျန်းမာရေးစရိတ်ဟာ ရပိုင်ခွင့်လိုမျိုး ဖြစ်သွားတယ်ပေါ့။
အဲဒါကြောင့် ဘယ်လိုလူမျိုးတွေကို FOC ရပိုင်ခွင့်တွေ ပေးသင့်လဲ ဆိုတဲ့ စနစ်တစ်တစ်ခု ပေါ်စေချင်တယ်။
FOC စနစ်ကို ရချင်တဲ့သူဟာ FOC စနစ် ပေးကိုပေးရမယ့် membership သဘောမျိုး ဝင်ရမယ်ပေါ့။ Member ဝင်ပြီးသွားတာနဲ့ ရန်ပုံငွေစီစစ် စောင့်ကြည့်တာလဲ ခံရမယ်။ မလိုတဲ့နေရာတွေမှာဖြုန်းနေလား(ဥပမာ ဘီယာ အရက်တွေ၊ ဆေးလိပ်သောက်တာတွေမှာ ပိုက်ဆံသုံးနေတာမျိုး..)၊ လောင်းကစားလုပ်တာ၊ 1D 2D 3D ထိုးနေတာမျိုး လုပ်နေလား၊ အပျော်ခရီးတွေထွက်နေလား၊ Day- out Night- outတွေ မကြာခဏထွက်နေလား၊ Branded ပစ္စည်းတွေဝယ်နေလား စတာတွေအထိ လိုက်ကြည့်ပြီး စည်းကမ်းချက်တွေချမှတ်မယ် အခြေခံလိုအပ်တဲ့ စားဝတ်နေရေး ကျန်းမာရေးကို အစိုးရက ဖြည့်စည်းပေးသင့်တာပေး အလုပ်အကိုင်အခွင့်အလမ်းရှာပေးတာပေး လုပ်စေချင်တယ်။
ဒါက FOC ချပေးတာကို အခြေခံတဲ့အတွေး။
အဲတုန်းက အတွေးကိုပြောတာ။ တခြားအရာတွေ စဉ်းစားစရာမလိုခင်တုန်းကအတွေး😁။
အဲဒီအတွေးကို system ကောင်းတစ်ခုအဖြစ်အသက်သွင်းရင် ကောင်းမှာပဲပေါ့။
အဲတွေလုပ်လိုက်ရင် FOC ကိစ္စတင်ပြေလည်ယုံမကဘူး ကျူးစရာမလိုဘဲ ကျူးနေတဲ့သူတွေ ၊ တောင်းစရာမလိုဘဲ တောင်းနေတဲ့သူတွေ စသဖြင့် ဆင်းရဲစရာမလိုဘဲ ဆင်းရဲနေကြတာတွေ အထိုက်အသင့်ရော့သွားမယ်ထင်တယ်🙄🙄
အခုအချိန်မှာ စနစ်ကောင်းကောင်းတစ်ခုကိုအိပ်မက်မက်နေတာလဲ ရူးနေလို့နေမှာပဲရယ်😁😁
13.12.2022
1:00 pm
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11181