STEP Computer Training Center

STEP Computer Training Center

Share

Computer Training Center

Photos from STEP Computer Training Center's post 21/02/2020

ကွန်ပျူတာနှင့် ပတ်သက်ပြီး အကူအညီ
လိုအပ်သူများအတွက်
+++++++++++++++++++++++++++++++++++
STEP Computer Training Center ကို သတိရပါ...
==================================
>>>ဤပို့စ်ကို တဆင့် တဆင့် များများ ရှယ်ပေးခြင်းဖြင့်
မျှဝေ လက်ဆင့်ကမ်းပေးနိုင်ပါသည်။

Photos from STEP Computer Training Center's post 26/01/2020
Photos 18/01/2020
Photos from STEP Computer Training Center's post 15/01/2020

Windows 32 bit နဲ့ 64 bit ကွာခြားချက်
===========================

Windows, Macintosh, Linux စတဲ့ Computer OS (operating system) တွေမှာ 32 bit နဲ့ 64 bit ဆိုပြီး အမျိုးအစား နှစ်မျိုး ရှိပါတယ်။ တစ်ကယ်တော့ 32 bit တို့ 64 bit တို့ဆိုတာ computer ရဲ့ CPU (central processing unit) က အချက်အလက်တွေကို ဘယ်လို ကိုင်တွယ်သလဲဆိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ 64 bit OS တွေက RAM (Random Access Memory) များများကို ကိုင်တွယ် ဖြေရှင်းနိုင်ပြီးတော့ 32 bit ထက်ပို စွမ်းဆောင်ရည် မြင့်ပါတယ်။
ဒါဆိုရင် ရှိသမျှ computer တွေအားလုံး 64 bit တင်လိုက်ရတော့မလား?
အဲလိုလည်း မဟုတ်ပါဘူး။ စွမ်းဆောင်ရည် ပိုမြင်တဲ့ 64 bit ကို တင်မယ်ဆိုရင် 64 bit ကို မောင်းနှင်ပေးနိုင်တဲ့ CPU နဲ့မှ ဖြစ်ပါမယ်။ မရှားပေမယ့် စက်တိုင်းမှာ 64 bit run လို့မရပါဘူး။ ဒါကြောင့် 64 bit မမောင်းနှင်နိုင်တဲ့ computer မှာ 64 bit မတင်သင့်ပါဘူး။

ဒါဆို 64 bit မောင်းနှင်နိုင်တဲ့စက် ဟုတ်/မဟုတ် ဘယ်လိုစစ်မလဲ?
၁။ ဘာနည်းပညာမှ မလိုဘဲ စစ်ဆေးနည်းကတော့ ဆိုင်တွေမှာ စဝယ်ဝယ်ချင်း တင်ထားတဲ့ OS version ကိုအသုံးပြုတာ အကောင်းဆုံးပါပဲ။ ဝယ်တုန်းက 32 bit တင်ထားတယ်ဆိုရင် ပြန်တင်တဲ့အခါမှာလည်း 32 bit တင်ပါ။ ဝယ်တုန်းက 64 bit တင်ထားရင် ပြန်တင်တဲ့အခါ 64 bit ပဲတင်ပါ။
၂။ “မဟုတ်သေးပါဘူး၊ နည်းပညာကျကျ သိချင်တာ” ဆိုရင်တော့ အလွယ်နညး် တစ်ခုကတော့ ကိုယ့်ရဲ့ Windows မှာ (Mac, Linux မရပါ) SecurAble ဆိုတဲ့ software လေးတစ်ခုတင်ပြီး စစ်ကြည့်လို့ရပါတယ်။ Download လုပ်ရတာလည်း file size မကြီးပါဘူး။ Download လုပ်ပြီး run လိုက်တဲ့အခါ

32 Maximum Bit Length
ဒီလိုပေါ်ရင် 32 bit အထိပဲ တင်လို့ရပါမယ်။
64 Maximum Bit
Length
ဒီလိုပေါ်ရင်တော့ 64 bit windows တင်လို့ရပါတယ်။
၃။ ဒီ tool download လုပ်ဖို့ အဆင်မပြေဘူးဆိုရင်တော့ Control panel ကိုသွားပါ။ View by မှာ Small icons ကို ရွေးပြီး Performance Information and Tools ကို နှိပ်ပါ။ အောက်ကပုံမှာကြည့်ပါ။



Windows control panel
ပေါ်လာတဲ့ထဲမှာမှ View and print detailed performance and system information ဆိုတာကို နှိပ်ပါ။


ပုံမှာပြထားတဲ့အတိုင်း 64-bit capable မှာ Yes လို့ ပေါ်ရင် 64 bit တင်လို့ရပါတယ်။ 64 bit တင်ထားပြီးသားဆိုရင် 64bit capable နေရာမှာ ဘာမှပေါ်မှာ မဟုတ်ပါဘူး။ ဒီလောက်ဆိုရင် 32 bit နဲ့ 64 bit ကွာခြားချက်လေးတွေ အကြမ်းဖျင်းတော့ သိသွားပါပြီ။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11231

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00