Lucky Thingaha Group

Lucky Thingaha Group

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lucky Thingaha Group, B (1) . Thura (1) Street, Tet Thit, Yangon.

16/04/2026

💦 နှစ်သစ်ဆုတောင်း 💦

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန် နှစ်သစ်ကူး အချိန် အခါသမယမှာ စီးပွားရေးလုပ်ငန်းရှင် များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ဘေးအန္တရာယ် ကင်း‌ဝေးကာ တစ်နှစ်တာကာလပတ်လုံး အပူပင်သောကတွေကင်းရှင်းပြီး စီးပွားရေးတွေ တိုးတက်အောင်မြင်ပါစေလို Lucky Thingaha Construction မှ ဆု‌တောင်းမေတ္တာ ပို့သအပ်ပါတယ် 🙏🏻💦

31/01/2024

plaster cracking🔎🔎🔎
နံရံအက်ကွဲခြင်းအကြောင်း
•••••••••••••••••••••••••••••

ချောသားနံရံပြင်တွေမှာ
PlasterCrack တွေဘယ်အချိန်မှာစပြီး
မြင်ရနိုင်မလည်းဆိုလျင်တော့
ဆေးပိုင်းအချောဝင် အိမ်အပ်ပြီးနောက်
နှစ်လနဲ့သုံးလအတွင်းမှာပေါ်လာနိုင်ပါတယ်
အိမ်အပ်ပြီးတစ်လလောက်အတွင်းမှာတော့
မပေါ်နိုင်သေးပါဘူး
နံရံပြင်အတွင်းပိုင်းမှာ အစိုဓာတ်(moisture)တွေ
ကျန်နေသေးတဲ့အတွက် မကွဲသေးတာပါ

တစ်လကျော်လောက်​ကြာပြီးတဲ့နောက်မှာတော့
ပြင်ပအပူချိန်ကြောင့်
နံရံအတွင်းပိုင်းအစိုဓာတ်တွေနည်းလာပြီး
နံရံပြင်ခြောက်သွေ့လာတဲ့အခါမှာတော့
Plaster Crack တွေစဖြစ်လာပါပြီ

Column crack / Beam crack တွေ
ဖြစ်ပေါ်လာခဲ့လျင် စိုးရိမ်နိုင်စရာရှိပေမယ့်
အပူအအေးမမျှလို့ / ရောစာတွေမသန့်လို့ဖြစ်
ပေါ်လာတဲ့
Plaster Crack တွေကတော့ သိပ်ပြီး
စိုးရိမ်လောက်စရာမရှိပါဘူး

(Structure fail ဖြစ်လို့ပေါ်လာတဲ့
Crack မျိုးဆိုရင်တော့စိုးရိမ်ရပါတယ်

Plaster crack တွေဘာကြောင့်ဖြစ်ပေါ်စေသလည်း
(1)အချောကိုင်ရန်ဖျော်စပ်တဲ့သဲအတွင်း
နှုန်း / အမှိုက် တွေရောပါနေခြင်း

(2)အချောကိုင်မည့်အုတ်ရိုးများအားသန့်ရှင်းရေးမ
လုပ်မိခြင်း

(3)ခြောက်သွေ့နေတဲ့အိုတ်ရိုးများအားရေမပေးပဲ
အချောကိုင်မိခြင်း

(4)Plaster အတွင်းရေမစစ်သေးတဲ့အချိန်ပျော့တွဲ
နေစဥ်အချိန်မှာပဲ
လက်ပွတ်စားအချောကိုင်မိခြင်း

(5)အုတ်စီရာတွင် Joint များမမိခြင်း

(6)Formwork အထပ်သားပြောင်ချောမှုကြောင့်
အဆီတက်နေတဲ့တိုင်တွေအား ဗြုတ်မရိုက်ပဲ
အချောကိုင်မိခြင်း

(7)ဘိလပ်မြေအတွင်း Chemical ပါဝင်မှုများပြား
နေခြင်း
5:2:5 class ကိုအချောကိုင်တဲ့နေရမှာမသုံးသင့်ပါ
4:2:5: class လောက်ကိုသာအသုံးပြုသင့်ပါတယ်

(8)အချောကိုင်ပြီးသားနံရံပြင်အား ရေမလောင်းမိ
ခြင်း
Current setting မလုပ်ခြင်း

(9)အချောကိုင်ပြီစနံရံအတွင်း စိုထိုင်းစရှိနေချိန်
ရေဓာတ်မကုန်သေးသည့်အချိန်
အပေါ်မှပတ်တီးရိုက်ဆေးသုတ်မိခြင်း
စတဲ့အချက်တစ်ချို့ကြောင့်
နံရံပြင်တွေမှာ plaster cracking တွေဖြစ်ပေါ်လာရ
ပါတယ်

အက်ကွဲကြောင်းသေးသေးလေးတစ်ခုလောက်တွေ
ရုံနဲ့
စိုးရိမ်စိတ်မဝင်မိကြဖို့ အသိပေးချင်ပါတယ်

မသိသေးတဲ့သူတွေအတွက်ဗဟုသုတဖြစ်အောင်
တင်ပေးရခြင်းပဲဖြစ်ပါတယ် ခဗျာ

to original uploader🙏🙏

🏠မိသားစုနွေးထွေးတဲ့🏠အိမ်လေးတစ်လုံးပိုင်ဆိုင်
နိုင်ကြပါစေ ခဗျာ🙏🙏🙏

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


B (1) . Thura (1) Street, Tet Thit
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00