Student Rights Watch

Student Rights Watch

Share

ကျောင်းသားထုအခွင့်အရေး၊ ဒီမိုကရေစီပညာရေးနှင့် ဖိနှိပ်ခံပြည်သူလူထုဘက်မှ ရပ်တည်သည့် ဆောင်းပါးများ သတင်းများကို နေ့စဉ်တင်ဆက်နေပါသည်။

Photos from Student Rights Watch's post 06/02/2024

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်များ "နီတဲ့သွေးရက်သတ္တပတ်" လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေ

၂၀၂၄ ဖေဖော်ဝါရီ ၆၊ SRW

နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုကို ရန်ကုန်မြို့အနှံ့အပြားမှာ ဆက်လက်ပြုလုပ်နေတယ်လို့ ဗမာနိုင်လုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ လှုပ်ရှားမှုမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နဲ့ North Dagon Oppressed People's Strike Colition - (NDOPSC) တို့က ပူးပေါင်းလုပ်ဆောင်‌ခဲ့တာဖြစ်ပါတယ်။

Photos from Student Rights Watch's post 06/02/2024

တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ‌၆၊ SRW

နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ “နီတဲ့သွေရက်သတ္တပတ်" လှုပ်ရှားမှုကို တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖေဖေါ်ဝါရီလ ( ၆ ) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်

အဲ့ဒီလှုပ်ရှားမှုမှာ “စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့” ၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်၊ ဖိနှိပ်ခံကျောင်းသား ဒို့ကျောင်းသား၊ ကျောင်းသားထုသွေးစည်းညီညွတ်ကြ” ဆိုတဲ့ စာသားပါဘန်နာတွေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသများအဖွဲ့ချုပ်) က ထုတ်ပြန်ထားပါတယ်။

04/02/2024

အသံတိတ်သပိတ်မှာ ပါဝင်လို့ အင်းစိန် GTI က ကျောင်းသားတွေ ဖမ်းဆီးရိုက်နှက်ခံရ

ဇန်နဝါရီ ၄၊ SRW

ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းမှု သုံးနှစ်ပြည့် အသံတိတ်သပိတ်မှာ ပါဝင်လို့ဆိုပြီး အင်းစိန်မြို့နယ်၊ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း အင်းစိန် GTI က ကျောင်းသားတွေကို စစ်တပ်က ဝင်ရောက်ဖမ်းဆီး ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ကျောင်းဆင်းချိန်မှာ ဟိုက်လက်ကား ၄ စီး၊ စစ်သားအယောက် ၂၀ လောက်ဟာ ကျောင်းအတွင်းဝင်ရောက်ပြီး အဆောင်နေကျောင်းသားများကို ကျောင်းရှေ့ကို ခေါ်ထုတ်ကာ ပုံစံထိုင်ခိုင်းတာ၊ ဆဲဆိုတာ၊ ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ အင်းစိန် GTI ကျောင်းသားများသမဂ္ဂက ပြောပါတယ်။
“ကျောင်းပြီးသွားတဲ့ အချိန်၊ ၆ ခွဲ ၇ နာရီလောက်မှာ ဖြစ်မယ်။ စစ်ကားတွေဝင်လာတယ်၊ ကျောင်းသားတွေကို ဆဲဆိုပြီး အပြင်ထွက်ခါနီးအချိန်မှာခေါ်ပြီးတော့ ရိုက်နှက်ခံရတယ်၊ ရိုက်နှက် ထိုးကြိုတ်တယ်။" လို့ အင်းစိန် GTI ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုဟိန်းညီညီက အိုးဝေ ကို ပြောပါတယ်။
ဒါ့အပြင် လူမျိုးစုကျောင်းသားတွေကို စစ်သားတွေက လူမျိုးရေးခွဲခြားဆက်ဆံပြီး ရိုက်နှက် ဆဲဆိုတာတွေ လုပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
"တိုင်းရင်းသားကျောင်းသားတွေကို မှတ်ပုံတင်ကြည့်ပြီး ရိုက်နှက်၊ ဆဲဆိုတာတွေ လုပ်တယ်။”
ဒီဖြစ်စဉ်မှာ ကျောင်းရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ ဌာနမှူးတွေကိုယ်တိုင်က စစ်တပ်ကို စာပို့ တိုင်ကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းမှု သုံးနှစ်ပြည့် အသံတိတ်သပိတ်မှာ ပါဝင်ဖို့ ဘာသာရပ်အလိုက် ကျောင်းသားအချင်းချင်း လူမှုကွန်ရက် group chat များမှာ စည်းရုံးကြပြီး အဲဒီ group chat ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။
အဲ့လိုပေါက်ကြားခဲ့တာဟာ စစ်တပ်ရဲ့ သတင်းပေးတွေ ကျောင်းသားတွေအထဲ စိမ့်ဝင်နေတာဖြစ်တယ်လို့ ကိုဟိန်းညီညီက သုံးသပ်ပါတယ်။
“အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်နေရတဲ့ ကျောင်းသားတွေက စစ်အာဏာရှင်စနစ် ချေမှုန်းရေးကို စိတ်ထဲမှာ ရှိနေသေးတုန်းပဲ။ ဒါကို သူတို့အားပေးထောက်ခံတယ်၊ ဒီလိုမျိုး အဖြစ်ခံပြီး လုပ်တာက ကောင်းတဲ့ လုပ်ရက်ပဲ။ စစ်အာဏာရှင်စနစ်အောက်မှာမှ ကျောင်းသားသမဂ္ဂတွေက ပေါ်ပေါက်လာပြီး ဒီမိုကရေစီအရွှေ့လှုပ်ရှားမှုတွေ ဖြစ်ခဲ့တာပဲလေ။ စစ်ကောင်စီက ဒီလို ကျောင်းသားတွေ ကျောင်းမတက်တဲ့ ကိစ္စကို အသည်းအသန်ဝင်ရောက် နှိပ်စက်တာဟာ သူတို့ရဲ့ အရှုံးကို သူတို့မခံ မရပ်နိုင်ဖြစ်ပြီး လုပ်တဲ့ ပုံစံမျိုးပဲ။” လို့ ကိုဟိန်းညီညီက ပြောပါတယ်။
ကျောင်းသားသမဂ္ဂအများစုက စစ်ကောင်စီလက်အောက်က ပညာရေးကို သပိတ်မှောက်ဖို့ ဆော်ဩထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်နေရတဲ့ အင်းစိန် GTI ကျောင်းသားတချို့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတာပါ။
ဒီလို‌ ကျောင်းသားတွေ ကျောင်းရှေ့မှာ ရိုက်နှက်၊ နှိပ်စက်ခံနေရတာကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ ဝင်ရောက်တားမြစ်တာ၊ ဖြန်ဖြေတာမျိုး မရှိဘဲ နှုတ်ဆိတ်နေတယ်လို့လည်း သိရပါတယ်။
#ကျောင်းသား #စစ်တပ် #ရိုက်နှက် #ဖမ်းဆီး #အင်းစိန်GTI

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon