Babytime

Babytime

Share

ကလေးပစ္စည်းရောင်းဝယ်ရေး

24/04/2026
23/04/2026

Babyလေး ဗိုက်ဝဖို့ကမေမေရဲ့တာဝန်ဆို
Baby လေး ကောင်းစွာအိပ်စက်နိင်ဖို့ Babytime
Babytime page ရဲ့တာဝန်ပါရှင့်

Quality ကောင်းပြီး ဈေးနုန်းသင့်တင့်တဲ့

Gely Type Diaper လေး

တာဝန်ယူမှု တာဝန်ခံမှုဖြင့် ရောင်း‌ချပေးနေပါပြီးရှင့

Diaper က နေ့စဉ်သုံးပစ္စည်းဖြစ်တာမို့ ကုန်မှ မှာတာထပ် မကုန်ခင် နည်းနည်းကြိုမှာပေးဖို့ မေတ္တာရပ်ခံပါရစေရှင်..

ကြိုက်တဲ့ဆိုဒ်ယူ 22000 နဲ့

#တစ်ဦးလျှင်၃ထုတ်သာရောင်းပေးမည်

S - 50 ပါ
4 - 8 kg lb

M - 50 ပါ
6-11kg / 13-24lb

L - 50ပါ
9-14kg / 19-30lb

XL - 50 ပါ
17-27kg / 26-35lb

XXL - 50 ပါ
15-25kg / 33-55lb

# # 25kg + 50ပါ

4xl 50 ပါ

ရန်ကုန်ကပါရှင့်

09773838068

19/04/2026

မေမေတို့အတွက် ဆေးရုံသွားတဲ့အခါနဲ့ မီးဖွားပြီးစမှာ လိုအပ်မယ့် ပစ္စည်းတွေကို အချက်အလက်တွေအရရော၊ အထွေထွေလိုအပ်ချက်အရပါ အောက်ပါအတိုင်း စုစည်းပေးလိုက်ပါတယ်ခင်ဗျာ။

၁။ အဝတ်အထည်နှင့် သက်သောင့်သက်သာပစ္စည်းများ
ပေါ့ပါးသောအင်္ကျီများ: ရှေ့ကနေ ကြယ်သီးတပ်လို့ရတဲ့ အင်္ကျီမျိုးဆိုရင် ကလေးနို့တိုက်ရတာ ပိုလွယ်ကူစေပါတယ်။
နို့တိုက်ဘရာစီယာ (Nursing Bra): နို့တိုက်ရလွယ်ကူစေဖို့ အထူးပြုလုပ်ထားတာမျိုး အနည်းဆုံး (၂) ထည်ခန့်။
အတွင်းခံဘောင်းဘီများ: ဝမ်းဗိုက်ကို သက်သောင့်သက်သာဖြစ်စေမယ့် ခါးမြင့်ဘောင်းဘီ ဒါမှမဟုတ် တစ်ခါသုံးအတွင်းခံများ။
ခြေအိတ်နှင့် အနွေးထည်: မီးဖွားခန်းထဲမှာရော၊ မီးဖွားပြီးချိန်မှာပါ ကိုယ်လက်အေးစက်မနေစေဖို့ လိုအပ်ပါတယ်။
လမ်းလျှောက်ဖိနပ်: ဆေးရုံထဲမှာ ဟိုဟိုဒီဒီ သွားလာတဲ့အခါ စီးရလွယ်တဲ့ အောက်ပြားဖိနပ် (Slipper)။

၂။ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေး
မီးဖွားပြီးသုံး ဂွမ်းထုပ် (Sanitary Pads): မီးဖွားပြီးစမှာ သွေးဆင်းတတ်လို့ အရွယ်အစားကြီးပြီး စုပ်ယူမှုအားကောင်းတဲ့ ကပ်ခွာဂွမ်းထုပ်များ။
နို့ရည်ခံဂွမ်းပြား (Breast Pads): နို့ရည်တွေ လျှံထွက်ပြီး အင်္ကျီပေကျံတာမျိုး မဖြစ်စေဖို့ပါ။
တစ်ကိုယ်ရေသုံးပစ္စည်းများ: သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဘီး၊ ခေါင်းစည်းကြိုး နှင့် မျက်နှာသုတ်ပုဝါ။
အသားပတ်တီး/Lip Balm: ဆေးရုံမှာ လေအေးပေးစက်ကြောင့် နှုတ်ခမ်း ဒါမှမဟုတ် အသားအရေ ခြောက်သွေ့တာမျိုးအတွက်ပါ။

၃။ အထွေထွေ လိုအပ်ချက်များ
စာရွက်စာတမ်းများ: မှတ်ပုံတင်၊ ဆေးစစ်ချက်မှတ်တမ်းများ၊ ဆေးရုံစာအုပ်။
ဖုန်းနှင့် အားသွင်းကြိုး: Power Bank ပါရင် ပိုအဆင်ပြေပါတယ်။
စားစရာ: ခွန်အားဖြစ်စေမယ့် အားဖြည့်မုန့်များ၊ သကြားလုံး သို့မဟုတ် သစ်သီးခြောက်များ။

၄။ မီးဖွားပြီး အိမ်ပြန်ရောက်ရင် လိုအပ်မယ့်အရာများ
ဗိုက်စည်း: ဗိုက်ပြန်ကျစေဖို့နဲ့ ခါးနာတာ သက်သာစေဖို့ ဗိုက်စည်း (Abdominal Binder) လိုအပ်နိုင်ပါတယ်။

သံဓာတ်နှင့် အားဆေးများ: ဆရာဝန်ညွှန်ကြားတဲ့ အားဆေးတွေကို ပုံမှန်သောက်ဖို့ လိုပါတယ်။

ဒီပစ္စည်းလေးတွေကို မီးဖွားဖို့ ရက်သတ္တပတ်အနည်းငယ် အလိုကတည်းက အိတ်တစ်လုံးထဲ အဆင်သင့်ထည့်ထားမယ်ဆိုရင် အရေးပေါ်ဆေးရုံသွားရတဲ့အခါ ပိုပြီးစိတ်အေးရပါတယ်ရှင့်

#ကလေးမိဘတွေသေချာဖတ်ပေးကြပါရှင့်

18/04/2026

#ကလေးမိဘတွေသေချာဖတ်ပေးကြပါရှင့်
ကိုယ့်ကလေး တွေ ကို သေချာ ကြည့်ကြပါ ရှင့် အခုနလေးတင် ကျမတို့ဘေးအိမ် လူမနေတဲ့ တိုက်အ‌ေရှ့မှာ ကားအမိုး လာဖြုတ် ထားတာ တခု ရှိတယ် အဲ့ ကအမိုး ရဲ့ လက်ကိုင် ကွင်းလေး တွေ မှာ ကလေးတယောက်က ဆွဲကြိုးချတိုင်း
ဆော့တယ်တဲ့ ဆော့တဲ့ ကလေးက အသက် 12 အရွယ်
ကျမ ကို ဆော့နေတဲ့ ကလေးအသေးလေးတွေ က လာပြောတယ် ကျမ က အဲ့ဆွဲကြိုးချ‌ေနတဲ့ ကလေးက အမြဲ အဲ့လို စေ ာက်ကမြင်း‌‌ေကြာထတတ်တဲ့ ကလေးမို့ အိမ်ထဲ မှာ ထမင်းစားရင်း နဲ့ ပဲ လှမ်းလှမ်းအော်နေတာ ထမကြည့်ဖြစ်ဘူး စ နေတယ်ပဲ ထင်နေတာ အဲ့ အချိန်က‌ေလးတွေ က ငါတို့ကြောက်လာပြီနော် မ စ နဲ့ ဆိုပြီး အော်လိုက် ကိုယ့်လာတိုင်လိုက် နဲ့ ကျမ အမျိုးသားက ထမင်းစားနေရင်းစိတ်ဆိုးပြီး ထအော်ဖို့ အထွက် အဲ့ ကလေး က ကြိုးမှာ မှောက်ရက်တန်းလန်း နဲ့ ဆန့်ငင် ဆန့်ငင် ဖြစ်နေပြီ သေးတွေ ထွက် မျက်နှာ က ခရမ်းသီးရောင်ဖြစ်ပြီး အမြုတ်တွေ ပါထွက်နေပြီ အဲ့အချိန် ကျမ အမျိုးသား က အော်ပြီး ဟဲ့ယောင် င ါးလို း မသား မဆော့ကောင်းတာဆိုပြီး အသံပြာနဲ့အော်နေတော့ ကျမလည်းပြေးထွက်တော့ အဲ့ကလေး ကအသက်မရှိနေတော့ဘူး ကျမယောကျားက သူ့ဆွဲထုတ် ပြီး ရင်ဘတ် ဖိနေတာ မရသေးဘူးအဲ့အချိန်
ပြာပြီး အမြုတ်တွေ ထွက် နေပြီ ကျမနဲ့ ကျမယောကျား လက်ထဲ အဲ့ကလေး သေပါပြီ ဆိုပြီ ကျမ ငယ်သံ ပါအောင် အကူအညီ တောင်းတော့ လမ်းထဲ က လူတွေ ထွက်လာပြီ ရင်ဘက်ထပ် ဖိပြီး လုပ်တော့မှ အဲ့ကလေး အသက် ပြန်ရှူလာတယ် ကျမ ဖြင့် အဲ့ကလေး သေပါပြီ ဆိုပြီး ငယ်သံတောင်ပါတယ် အော်နေတာ ရင်တွေ တုန်နေတာအခုထိပဲ ထမင်းတောင်ဆက်မစားနိုင် ဘူး
ကျမတို့ ထွက်ကြည့်တာမြန်လို့ပေါ့ရှင့် မဟုတ်ရင် နောက် စက္ကန့် လောက်ဆို အဲ့ကလေး တကယ် ‌ေ သ ပါတယ်
အဲ့ဒါကြော င့် ကိုယ့်ကလေးငယ်တွေ ကို အမြဲ မျက်ခြေမပျက်ကြည့် ကြပါနော် အိမ်တွေ မှာ ကြိုးကွင်းတွေ ရှိနေရင် သေချာ သိမ်းထ‌ားကြပါရှင့်

မူရင်း post ပိုင်ရှင် Crd ပေးပါတယ်ရှင့်
မေမေတွေ့ သတိထားရအောင်ပါရှင့်

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon