Taiwan EduLab by Aung

Taiwan EduLab by Aung

Share

ထိုင်ဝမ်၏ ရုပ်အချောဆုံး ပညာရေးအကြံပေး

24/03/2026

ထိုင်ဝမ်က ပညာသင်ဆုတွဆက်တိုက်ပေးနေတာပါနော် ၊ အခုလည်း 🎓 Taiwan Fellowship Scholarship လျှောက်ချိန်ရောက်ပြီ!

PhD Student/ Post-Doctoral/ Researcher / Lecturer တွေအတွက် အထူးအခွင့်အရေးတစ်ခုဖြစ်တဲ့ Taiwan Fellowship Scholarship ကို ယခုလျှောက်ထားနိုင်ပြီဖြစ်ပါတယ် ။✨

📌 ဒီ Scholarship က ဘာလဲလို့သိချင်တာတဲ့သူတွေအတွက်
ဒီ Program ဟာ Taiwan မှာ သွားပြီး ကိုယ့်ရဲ့ဘာသာရပ်နဲ့ ပတ်သက်တဲ့ Research (သုတေသန) လုပ်နိုင်ဖို့ အတွက် ပေးထားတဲ့ Scholarship တစ်ခုဖြစ်ပါတယ်။

👉 သာမန် ကျောင်းတက်တဲ့ Program မဟုတ်ဘဲ
👉 စာတမ်းရေး၊ သုတေသနလုပ်မယ့်သူများ ၊ PhD တက်ရောက်ပြီး Post Doctoral လမ်းကြောင်းသွားချင်တဲ့သူအတွက် အထူးသင့်တော်ပါတယ်။

📌 Scholarship မှာ ဘာတွေထောက်ပံ့ပေးမှာလဲ?
✈️ လေယာဉ်လက်မှတ်အသွားအပြန်
💰 လစဉ်ထောက်ပံ့ငွေ (NT$50,000 – 60,000)
🏫 Taiwan မှာ Research လုပ်နိုင်တဲ့ အခွင့်အရေး
🛡 Insurance ပါဝင်ပါတယ်

📚 ဘယ်သူတွေ လျှောက်လို့ရလဲ?
• PhD Student / Doctoral Candidate
• Professor / Lecturer
• Researcher / Post-doc
(လက်ရှိထိုင်ဝမ်မှာ နေနေတဲ့သူတော့လျှောက်လို့မရပါ)

📖 လျှောက်ထားသူများ ဒီ fields ထဲက သို့မဟုတ် ဒီ fields ကိုစိတ်ဝင်စားတဲ့သူဖြစ်ရပါမယ်
• Social Sciences
• Humanities
(Taiwan, China, Asia-Pacific ဆိုင်ရာ Research Topic များ)

⏳ Program Duration
3 လမှ 1 နှစ်အထိ

📌 Scholarship လျှောက်ထားရာမှာ
• Application Form
• Research Proposal (3 pages)
• Recommendation Letters 2 စောင်
ဒါတွေ လိုအပ်ပါတယ်။

Website Link:
https://taiwanfellowship.ncl.edu.tw/eng/index.aspx
အသေးစိတ်သိရှိလိုပါက Chat Box သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📩 အကယ်၍ကိုယ် က Language School နဲ့ 2026 June / September Intake အတွက် လျှောက်ထားချင်တဲ့သူဆိုရင်တော့ လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်ပြီး #အကိုအောင် (Taiwan EduLab by Aung) ဆီသို့ ပေးပို့နိုင်ပါသည်။ စာရွက်စာတမ်းအဆင်ပြေပါက ကျောင်းလျှောက်ပြီး ၁ ပတ်အတွင်း ကျောင်းခေါ်စာ (Admission Letter) ကိုလည်းရရှိနိုင်ပါတယ်နော် ။
📬 Facebook – fb.me/taiwanedulab
💬 Messenger – m.me/taiwanedulab
✨ Taiwan မှာ ပညာသင်ယူပြီး အနာဂတ်အခွင့်အလမ်းများကို ဖွင့်လှစ်လိုက်ပါ။

© Taiwan EduLab by Aung
24/03/2026

20/03/2026

🎉 Yangon Office Location 🎉

အားလုံးစောင့်မျှော်နေကြတဲ့ ရန်ကုန်ရုံးခန်းတည်နေရာကို အခု ပြောပြပေးလိုက်ပါပြီ ။
🏢 လိပ်စာကတော့
အမှတ် ၆၂ (A) ၊ အခန်း ၁၈, ၁၉ ၊ ၅ လွှာ ယောမင်းကြီးလမ်း ၊ ဒဂုံမြို့နယ် ၊ ရန်ကုန်

ထိုင်ဝမ်ကိုကျောင်းလျှောက်ဖို့ စုံစမ်းလိုသူများအတွက်
ယခုမှစပြီး ရုံးသို့ ကိုယ်တိုင်လာရောက် ဆွေးနွေးနိုင်ပါပြီ ✨

📞 ကျွန်တော်တို့ရဲ့ ရန်ကုန်ရုံးခန်းသစ်ကို ၄/၁မှာ စတင်အသုံးပြုမှာမို့ ရုံးကိုကိုယ်တိုင်လာရောက်စုံးစမ်းလိုပါက ဖုန်းဖြင့် ကြိုတင် booking ယူပေးပါရန် မမေ့ပါနဲ့နော် ။

ဖုန်းနဲ့ ဆက်သွယ်ချင်ရင်တော့ 095114499 ၊ Viber ဆိုရင် 09895489297

Quiz မှာ ပါဝင်ခဲ့ကြတဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
🎁 ဆုရရှိသူများကို မကြာမီ ကြေညာပေးသွားမှာဖြစ်ပါတယ် ။
📌 Page ကို follow လုပ်ထားပြီး update အသစ်များကို ဆက်လက်စောင့်မျှော်ပေးပါနော်!

အကိုအောင်
၂၀/၀၃/၂၀၂၆

24/08/2025

🇹🇼 ထိုင်ဝမ်မြန်မာရုံး (TECO Myanmar) မှာ ဗီဇာလျှောက်တင်ချိန် အင်တာဗျူးမှာ ဘယ်လိုပြင်ဆင်ထားရမလဲ?
*****************************************

ဗီဇာအင်တာဗျူးဖြေဖို့အတွက် စိတ်ပူနေလား? ဒါကို ကိုယ်တစ်ယောက်တည်း ခံစားနေရတာမဟုတ်ပါဘူး ၊ ကျောင်းသားအများစုလည်း ထိုနည်းတူ စိတ်ပူကြပါတယ် ။

ဒါက ချိစ်ဗီဇာကိုဘုရားဆွမ်းတော်ကပ်တိုင်းပြီးသွားတာမဟုတ်ဘဲ
နည်းလမ်းမှန်မှန်နဲ့ ကောင်းကောင်းပြင်ဆင်ထားမယ်ဆိုရင် ထိုင်ဝမ်သံရုံးကိုယုံကြည်မှုရှိရှိနဲ့ ဝင်သွားနိုင်ပြီး ကောင်းကောင်းဖြေနိုင်မှာပါ ။

အောက်ကမေးမယ့်မေးခွန်းတွေက အဓိကအားဖြင့် Language School သမားတွေကိုမေးတာပေမယ့် ကိုယ်က International Student သည်ဖြစ်စေ ၊ Overseas Chinese သည်ဖြစ်စေ ၊ အတူတူလောက်ပဲနော် ။

ဒါဆိုဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ?
အင်တာဗျူးမဖြေခင် -
1️⃣ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အပြည့်အစုံပြင်ဆင်ထားရပါမယ် ။
- နိုတြီပြန်ပြီးပြီလား ၊ MOFA ထုပြီးပြီလား ၊ မိတ္တူတွေစုံစုံလင်လင်ကူးထားလားအစရှိသည် ။

2️⃣ အင်တာဗျူးမှာ မေးနိုင်မယ့် မေးခွန်းတွေကို ကြိုတင်လေ့ကျင့်သွားပါ ။

3️⃣(*အ‌ရေးကြီး)
- Formal ဖြစ်ပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားကို ရွေးထားပါ —— first impression ကအရေးကြီးပါတယ် ။ TECO ကဝန်ထမ်းတွေက First Impression ကောင်းခဲ့ရင် ဗီဇာအတွက် ရနိုင်ချေလည်းများပါတယ်။

အင်တာဗျူးနေ့ရောက်တဲ့အချိန်မှာ ပြင်ဆင်ရမှာက -

✅ ပြောတဲ့အချိန်ကို အနည်းဆုံး ၃၀မိနစ်ကြိုရောက်ထားပါ ။

✅ အင်တာဗျူးမေးမယ့်သူကို ကောင်းကောင်းနှုတ်ဆက်ပါ ၊ eye contact တွေသေချာလုပ်ရပါမယ် ပြီးတော့ ရှင်းရှင်းလင်းလင်းပြောပါ ။

✅ တရုတ်လိုမေးရင် တရုတ်လိုပြန်ဖြေပေးပါ ၊ မရရင်လည်း ကိုယ်ကျွမ်းကျင်တဲ့ ဘာသာစကားနဲ့လည်းပြောလို့ရပါတယ် ။

✅ စိတ်အေးအေးထားပါ ၊ မေးခွန်းကိုနားမလည်ရင် ပြန်မေးဖို့မကြောက်ပါနဲ့ မေးခွန်းကိုသေချာစွာနားလည်ဖို့ ပြန်မေးရပါမယ် ။

အခု အပေါ်ကအရေးကြီးဆုံးအချက်ဖြစ်တဲ့ အင်တာဗျူးမေးခွန်းအတွက် သူဘာတွေမေးလေ့ရှိလဲဆိုတာ အသေးစိတ်ကြည့်ရအောင် ~

1. ထိုင်ဝမ်ကို အရင်ကရောက်ဖူးလား (Yes or No ပါပဲ)

2. အမျိုးရှိလား (Yes or No) or အသိမိတ်ဆွေရှိလား (တခါတလေ နာမည်မေးတတ်ပါတယ် )

3. မိဘတွေက ဘာအလုပ်လုပ်လဲ

4. မောင်နှမသားချင်းရှိလား (Yes or No) ရှိပါက ဘာတွေလုပ်နေကြလဲဆိုတာမေးတတ်ပါတယ် ။

5. တက်မှာကဘယ်ကျောင်းလဲ
(ကျောင်းနာမည်က သေသေချာချာသိဖို့ပါတယ် ၊ တရုတ်လိုဖြစ်နိုင်ရင်ပြောတာအကောင်းဆုံးပါပဲ)

6. ကျောင်းလျှောက်ဖို့ကို အပေါ်က အသိမိတ်တွေက ကူညီပေးတာလားလည်း တခါတလေမေးတတ်ပါတယ် ။

7. Language School ၊ ကောလိပ် ၊ တက္ကသိုလ် တို့ကိုတက်တဲ့လူဆိုရင် တက်ပြီးရင် ဘာဆက်လုပ်မှာလဲ ။

8. ထိုင်ဝမ်မှာကျောင်းတက်ရင်း အလုပ်လုပ်တာက တရာဝင်း ဖြစ်လား လို့မေးလာရင် ARC + Work Permit ရှိမှသာလျှင် လုပ်လို့ရကြောင်းပြောရန် ၊

Language School - ကြာချိန် ၅-၆လ
တက္ကသိုလ် - ကြာချိန် ၁-၂ လ

9. ကျောင်းကို ဘယ်လိုလျှောက်ခဲ့တာလဲ (အသိမိတ်ဆွေကတစ်ဆင့် လျှောက်တာတို့ဆို သူသိပ်မမေးတတ်ဘူး)
အကိုအောင့် Client တော်တော်များများကတော့ အကိုအောင်ကနေ ကျောင်းကို ညွှန်းပေးတာလို့တော့ပြောကြပေမယ့် အဲ့ဒီ အဖြေကိုအရမ်းအားမကိုးနဲ့နော် ဟိဟိ

10. တရုတ်စာလေ့လာတာ ဘယ်လောက်ရှိပြီလဲ
ကိုယ်တက်နေတဲ့ နှစ်/လ တို့ကို ပြောလိုက်ရုံပါပဲ

11. ကျောင်းလခကို ဘယ်လိုပေးမှာလဲ
အသိလွှဲပေးမယ် ၊ Bank Transfer အစရှိသည်

12. ကျောင်းတက်ဖို့ ဘယ်သူက ထောက်ပံ့ပေးတာလဲ
ထောက်ပံ့မယ့်သူကိုပဲ ပြောလိုက်ရုံပဲနော်

13. Show money ပမာဏ ဘယ်လောက်ရှိလဲ
Langage School - သိန်း ၃၀၀ (၃လစာ)
University - သိန်း ၂၀၀ (၃လစာ)
Overseas Chinese - မလို

14. အရင်က အလုပ်လုပ်ခဲ့ဖူးလား အခုရောလုပ်သလား ?
(yes/no ပဲဖြေရင်ရပါပြီ)
အလုပ်လုပ်ခဲ့ဖူးရင် ဘာအလုပ်လဲလို့ဆက်မေးပါတယ် ၊ တခါတလေ လစာဘယ်လောက်လဲ ၊ ဘယ်နှနှစ်လုပ်ခဲ့ဖူးလဲပါမေးပါတယ် ။

ဒါဆိုတော့
ဆိုတော့ ဒါတွေက အင်တာဗျူးမှာ မေးလေ့ရှိတဲ့မေးခွန်းတွေပါ ၊ ဒါတွေကို ဘယ်လိုယုံကြည်ချက်ရှိရှိနဲ့ဖြေမလဲဆိုတာ ကြိုတင်လေ့ကျင့်သွားပါ စကားပြောတဲ့အချိန်မှာလည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပါ ။

💡အင်တာဗျူးဖြေဖို့ကို မကြောက်ပါနဲ့ ဒါက ကိုယ်ဟာ ထိုင်ဝမ်မှာ ပညာသင်ဖို့ ထိုက်တန်တဲ့ ကျောင်းသားကောင်းတစ်ယောက်ဖြစ်ကြောင်း အတည်ပြုဖို့အတွက်ပါ

🎯 Wishing you success in your visa interview! A positive mindset and good preparation will always work in your favor.

-အကိုအောင်
၂၃/၀၈/၂၀၂၅

12/07/2025

အလုပ်ခေါ်စာ | AKOAUNG IS HIRING YOU ✨

Taiwan EduLab by Aung အတွက် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းအားခေါ်ယူလျက်ရှိပါသည် ။

1. Office Administration (Part-time Work from Home)
လစာ + ကော်မရှင် (Consultation+Service Fees)

**************
【ခံစားခွင့်များ】
✅ အရည်အချင်းနှင့် ကြိုးစားမှုပေါ်မူတည်ပြီး ၊ လစာတိုးရှိခြင်း ၊ ထောက်ပံ့ကြေးရှိခြင်းစသည် ။

**************
【လိုအပ်သော အရည်အချင်း】
✅ ပညာရေးနယ်ပယ်ပိုင်းတွင်ကျွမ်းကျင်သူ ၊ စိတ်ဝင်စားသူဖြစ်ခြင်း
✅ တရုတ်စာ TOCFL A2 or HSK 3 အထက်ရှိသူများအား ဦးစားပေးမည်
✅ လူမှုဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူ
✅ မြန်မာစာ​ ၊ English ၊ 中文 ကွန်ပျူတာ စာရိုက်ကျွမ်းကျင်သူ
✅ Wifi / Internet အမြဲတမ်းရှိကာ အချိန်မရွေး စာပြန်နိုင်ခြင်း

**************
【အလုပ်အကြောင်းအရာ】
✅ page စာပြန်ခြင်း
✅ ကျောင်းသားလက်ခံခြင်း
✅Consutlation Schedule ဆွဲခြင်း
✅ ကျောင်းသား Data ဖြည့်သွင်းခြင်း
✅ Weekly Report ရေးကာတင်ပြကာ လိုအပ်နိုင်သော Content အား Review ပေးခြင်း
**************
အလုပ်ချိန်မကန့်သတ်သော်လည်းပဲ ကျောင်းသူကျောင်းသားများမေးခွန်းများလာမေးမြန်းလာပါက ၁နာရီအတွင်းပြန်လည်ဖြေကြားနိုင်ရမည် ။

စိတ်ဝင်စားသူများ ကိုယ့်ရဲ့ အတွေ့အကြုံ အရည်အချင်းနဲ့ ကိုက်ညီတယ်ဆိုရင်တော့ အောက်ပါ Viber or [email protected] အား CV ပေးပို့ကာလျှောက်ထားနိုင်ပါတယ်။

အကိုအောင်
၁၂/၀၇/၂၀၂၅

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Address


62A, 5th Floor, Yawmingyi Road , Dagon Township
Yangon
11191